တကယ်ကို ရက်စက်တဲ့ trend တစ်ခုကတော့ တရုတ်နိုင်ငံမှာ လူကြိုက်များနေပါတယ်။ အဲဒါကတော့ တိရစ္ဆာန်အရှင်တွေကို အိတ်သေးသေးလေးထဲမှာ ထည့်ပြီး သော့ချိတ်လုပ်တာပါ။ အဲဒီသော့ချိတ်ကိုလည်း လက်ဆောင်အဖြစ် ပေးကြပါသေးတယ်။

တရုတ်နိုင်ငံက အချို့လူတွေက လိပ်နဲ့ငါးအရှင်တွေကို သယ်နေကြတယ်လို့ တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောနေကြပါတယ်။ လိပ်နဲ့ငါးအရှင်တွေကို ပလက်စတစ်အိတ် သေးသေးလေးထဲမှာ ထည့်ပိတ်ထားတာပါ။ အဲဒီ ပလက်စတစ်အိတ် သေးလေးထဲမှာ ရေအနည်းငယ်၊ အောက်ဆီဂျင်နဲ့၊ အစာနည်းနည်းပါးပါး ပါဝင်ပါတယ်။ လိပ်နဲ့ငါးက အဲဒီအာဟာရနဲ့ အသက်ဆက်ရှင် ရပါတယ်။

Credit photo

ဒီလိုမျိုး အိတ်သေးသေးလေးထဲမှာ တိရစ္ဆာန်ကို ထည့်ထားတာက တကယ်ကို လူမဆန် ရက်စက်တာပါ။ ဒါပေမယ့် ဒီလိုသော့ချိတ်ကို အသုံးပြုသူတွေကတော့ ဒီအပြုအမူကို ရက်စက်တယ်လို့ မထင်ဘဲ ဟာသတစ်ခုလိုသာ မြင်နေကြပါတယ်။

Credit photo

ငါးနဲ့လိပ်က အစားအစာအနည်းငယ်၊ ရေနဲ့အောက်ဆီဂျင်နည်းတာတောင် အသက်ရှင်သေးတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဘယ်လိုပဲပြောပြော ငါးနဲ့လိပ်ဟာ ဒီလိုပလက်စတစ်အိတ် သေးလေးထဲမှာ ၂ လကနေ ၃ လအထိပဲ အသက်ရှင်နိုင်တာပါ။

သူတို့ကို အသက်ရှင်စေချင်ရင်တော့ ပလက်စတစ်အိတ်ကို ဖောက်လိုက်မှ ရမှာပါ။ ဒါပေမယ့် ဘယ်သူကမှ ဒီလို တိရစ္ဆာန်လေးတွေကို ဂရုစိုက် မကြည့်ပါဘူး။ ငါးနဲ့လိပ်လေးတွေ သေသွားတဲ့အခါ လွှင်ွပစ်လိုက်ကြပါတယ်။

Credit photo

ထူးထူးဆန်းဆန်း သော့ချိတ်ရဲ့ဓါတ်ပုံတွေကို share ကြတာကြောင့် ဓါတ်ပုံတွေက ကမ္ဘာအနှံ့ ပျံ့နှံ့နေပါပြီ။ ဒီတိရစ္ဆာန်လေးတွေအပေါ် ရက်စက်မှုကို တရုတ်အာဏာပိုင်တွေက မတားမြစ်ပေးသေးဘူးလို့ ဆိုပါတယ်။ ဈေးသည်တွေက ဒီသော့ချိတ်လေးတွေကို မြေအောက်ဘူတာရုံ၊ လမ်းဘေးဈေးဆိုင်လေးတွေမှာ ထင်ထင်ပေါ်ပေါ်ကို ရောင်းနေကြပါတယ်။ လက်ဆောင်ပစ္စည်းအနေနဲ့ အတော်ကို အရောင်းသွက်ပါတယ်။

Credit photo

တရုတ်နိုင်ငံမှာ တိရစ္ဆာန်သေးသေးလေးတွေကို ကာကွယ်ပေးတဲ့ ဥပဒေမရှိပါဘူး။ တိရစ္ဆာန် စောင့်ရှောက်ရေးအသင်းရဲ့ ဒါရိုက်တာဖြစ်သူ Qin Xiaona ကတော့ ငါးနဲ့လိပ်ကို သော့ချိတ်အဖြစ်ရောင်းတာက တရုတ်နိုင်ငံမှာ တရားဝင်တယ်၊ တရုတ်မှာက တောရိုင်းတိရစ္ဆာန်တွေကိုသာ ကာကွယ်ပေးတဲ့ ဥပေဒေရှိတယ် လို့ပြောပါတယ်။

Credit photo

ဒီအပြုအမူက အလွန်ကို ရက်စက်ကြောင်း၊ ဒီလို သော့ချိတ်ထဲမှာ ငါးနဲ့လိပ်ကို အစာကျွေးလို့မရကြောင်း၊ ငါးနဲ့လိပ်အတွက် အောက်ဆီဂျင်မရကြောင်း၊ အောက်ဆီဂျင် လိုအပ်ကြောင်း PETA ရဲ့ ကိုယ်စားလှယ်က ပြောပါတယ်။ ဒီသော့ချိတ်လေးတွေရဲ့ ဈေးနှုန်းကတော့ 1.5 ဒေါ်လာပါ။ လူအများကတော့ ဒီလိုရက်စက်တဲ့ အပြုအမူကို ရှုံ့ချနေကြပါတယ်။

Zombie (lovemedia)

For Zawgyi

တိရိစာၦန္ေလးေတြကို ပလက္စတစ္အိတ္ထဲထည့္ၿပီး ေသာ့ခ်ိတ္လုပ္ေရာင္းတဲ့တ႐ုတ္ႏိုင္ငံ

တကယ္ကို ရက္စက္တဲ့ trend တစ္ခုကေတာ့ တ႐ုတ္ႏိုင္ငံမွာ လူႀကိဳက္မ်ားေနပါတယ္။ အဲဒါကေတာ့ တိရစာၦန္အရွင္ေတြကို အိတ္ေသးေသးေလးထဲမွာ ထည့္ၿပီး ေသာ့ခ်ိတ္လုပ္တာပါ။ အဲဒီေသာ့ခ်ိတ္ကိုလည္း လက္ေဆာင္အျဖစ္ ေပးၾကပါေသးတယ္။

တ႐ုတ္ႏိုင္ငံက အခ်ိဳ႕လူေတြက လိပ္နဲ႔ငါးအရွင္ေတြကို သယ္ေနၾကတယ္လို႔ တိရစာၦန္အခြင့္အေရး တက္ႂကြလႈပ္ရွားသူေတြက ေျပာေနၾကပါတယ္။

လိပ္နဲ႔ငါးအရွင္ေတြကို ပလက္စတစ္အိတ္ ေသးေသးေလးထဲမွာ ထည့္ပိတ္ထားတာပါ။ အဲဒီ ပလက္စတစ္အိတ္ ေသးေလးထဲမွာ ေရအနည္းငယ္၊ ေအာက္ဆီဂ်င္နဲ႔၊ အစာနည္းနည္းပါးပါး ပါဝင္ပါတယ္။ လိပ္နဲ႔ငါးက အဲဒီအာဟာရနဲ႔ အသက္ဆက္ရွင္ ရပါတယ္။ ဒီလိုမ်ိဳး အိတ္ေသးေသးေလးထဲမွာ တိရစာၦန္ကို ထည့္ထားတာက တကယ္ကို လူမဆန္ ရက္စက္တာပါ။ ဒါေပမယ့္ ဒီလိုေသာ့ခ်ိတ္ကို အသုံးျပဳသူေတြကေတာ့ ဒီအျပဳအမူကို ရက္စက္တယ္လို႔ မထင္ဘဲ ဟာသတစ္ခုလိုသာ ျမင္ေနၾကပါတယ္။

ငါးနဲ႔လိပ္က အစားအစာအနည္းငယ္၊ ေရနဲ႔ေအာက္ဆီဂ်င္နည္းတာေတာင္ အသက္ရွင္ေသးတယ္လို႔ ကြၽမ္းက်င္သူေတြက ေျပာပါတယ္။ ဘယ္လိုပဲေျပာေျပာ ငါးနဲ႔လိပ္ဟာ ဒီလိုပလက္စတစ္အိတ္ ေသးေလးထဲမွာ ၂ လကေန ၃ လအထိပဲ အသက္ရွင္ႏိုင္တာပါ။ သူတို႔ကို အသက္ရွင္ေစခ်င္ရင္ေတာ့ ပလက္စတစ္အိတ္ကို ေဖာက္လိုက္မွ ရမွာပါ။ ဒါေပမယ့္ ဘယ္သူကမွ ဒီလို တိရစာၦန္ေလးေတြကို ဂ႐ုစိုက္ မၾကည့္ပါဘူး။ ငါးနဲ႔လိပ္ေလးေတြ ေသသြားတဲ့အခါ လႊင္ြပစ္လိုက္ၾကပါတယ္။

ထူးထူးဆန္းဆန္း ေသာ့ခ်ိတ္ရဲ႕ဓါတ္ပုံေတြကို share ၾကတာေၾကာင့္ ဓါတ္ပုံေတြက ကမာၻအႏွံ႔ ပ်ံ႕ႏွံ႔ေနပါၿပီ။ ဒီတိရစာၦန္ေလးေတြအေပၚ ရက္စက္မႈကို တ႐ုတ္အာဏာပိုင္ေတြက မတားျမစ္ေပးေသးဘူးလို႔ ဆိုပါတယ္။ ေဈးသည္ေတြက ဒီေသာ့ခ်ိတ္ေလးေတြကို ေျမေအာက္ဘူတာ႐ုံ၊ လမ္းေဘးေဈးဆိုင္ေလးေတြမွာ ထင္ထင္ေပၚေပၚကို ေရာင္းေနၾကပါတယ္။ လက္ေဆာင္ပစၥည္းအေနနဲ႔ အေတာ္ကို အေရာင္းသြက္ပါတယ္။

တ႐ုတ္ႏိုင္ငံမွာ တိရစာၦန္ေသးေသးေလးေတြကို ကာကြယ္ေပးတဲ့ ဥပေဒမရွိပါဘူး။ တိရစာၦန္ ေစာင့္ေရွာက္ေရးအသင္းရဲ႕ ဒါ႐ိုက္တာျဖစ္သူ Qin Xiaona ကေတာ့ ငါးနဲ႔လိပ္ကို ေသာ့ခ်ိတ္အျဖစ္ေရာင္းတာက တ႐ုတ္ႏိုင္ငံမွာ တရားဝင္တယ္၊ တ႐ုတ္မွာက ေတာ႐ိုင္းတိရစာၦန္ေတြကိုသာ ကာကြယ္ေပးတဲ့ ဥေပေဒရွိတယ္ လို႔ေျပာပါတယ္။

ဒီအျပဳအမူက အလြန္ကို ရက္စက္ေၾကာင္း၊ ဒီလို ေသာ့ခ်ိတ္ထဲမွာ ငါးနဲ႔လိပ္ကို အစာေကြၽးလို႔မရေၾကာင္း၊ ငါးနဲ႔လိပ္အတြက္ ေအာက္ဆီဂ်င္မရေၾကာင္း၊ ေအာက္ဆီဂ်င္ လိုအပ္ေၾကာင္း PETA ရဲ႕ ကိုယ္စားလွယ္က ေျပာပါတယ္။ ဒီေသာ့ခ်ိတ္ေလးေတြရဲ႕ ေဈးႏႈန္းကေတာ့ 1.5 ေဒၚလာပါ။ လူအမ်ားကေတာ့ ဒီလိုရက္စက္တဲ့ အျပဳအမူကို ရႈံ႕ခ်ေနၾကပါတယ္။

Zombie (lovemedia)