အသက်အရွယ်နဲ့မလိုက်အောင် နုပျိုနေသူတွေက တကယ်ကို ကုသိုလ်ကံကောင်းကြတာပါ။ ရှိရင်းစွဲအသက်ထက် နုပျိုနေရတဲ့အကြောင်းရင်းများစွာရှိပါတယ်။ စိတ်ဖိစီးမှုကင်းခြင်း၊ ငွေကြေးပြည့်စုံခြင်း၊ စားသောက်မှုနေထိုင်မှုပုံစံ၊ ဥာဏ်ရည်ဥာဏ်သွေး စတဲ့အချက်တွေကြောင့် ရှိရင်းစွဲအသက်ထက်ကို နုပျိုနေကြတာပါ။ နုပျိုတဲ့သူတွေအတွက် ဝမ်းသာစရာသတင်းကတော့ ရုပ်နုပျိုခြင်း ဥာဏ်ကောင်းတဲ့ လက္ခဏာတစ်ခု ဆိုတာပါပဲ။

© AXELLE/Bauergriffin.com/EAST NEWS, © IMDB

ဒီလေ့လာမှုကို​​တော့ ၁၉၅၇ မှာ ပထမဆုံးစတင်ခဲ့တာပါ။ ၁၉၉၂ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အထိ သုတေသနပညာရှင်တွေက အထက်တန်း ကျောင်းသူကျောင်းသားတွေရဲ့ IQ ကို စမ်းသပ်ပြီး သူတို့ရဲ့စိတ်သက်ကို မေးမြန်းခဲ့ကြပါတယ်။ ရလဒ်ကတော့ ဥာဏ်ရည်မြင့်မားသူတွေက ရှိရင်းစွဲအသက်ထက် ပိုပြီး နုပျိုနေတာပါပဲ။

© face to face/FaceToFace/REPORTER/EAST NEWS, © Instagram/Sipa USA/EAST NEWS

စိတ်ထောင်းလို့ ကိုယ်ကြေဆိုတဲ့ စကားပုံအတိုင်း စိတ်က ခန္ဓါကိုယ်အပေါ် သက်ရောက်မှု ရှိစေပါတယ်။ ဥာဏ်ရည်မြင့်တဲ့လူတွေက ပွင့်ပွင့်လင်းလင်းနေတတ်ကြပါတယ်။ ဥာဏ်ရည်မြင့်သူတွေက စူးစမ်းရှာဖွေလိုစိတ် ထက်သန်ပြီး အသစ်အသစ်တွေကို လေ့လာလိုကြပါတယ်။ တက်တက်ကြွကြွနဲ့ အသစ်အဆန်းတွေကို ရှာဖွေလိုတာကြောင့် ခရီးသွားရတာကိုလည်း နှစ်သက်ကြပါတယ်။

© face to face/FaceToFace/REPORTER/EAST NEWS, © face to face/FaceToFace/REPORTER/EAST NEWS

ရုပ်ရည်နုပျိုခြင်းက အစားအသောက်နဲ့လည်း သက်ဆိုင်ပါသေးတယ်။ နေထိုင်စားသောက်မှု ပုံစံမမှန်ကန်တဲ့အခါမှာလည်း ရုပ်ရည်က ရှိရင်းစွဲအသက်ထက်ကြီးနေဦးမှာပါ။ ဥာဏ်ကောင်းတဲ့သူတွေက နေထိုင်စားသောက်မှုပုံစံမှားတဲ့အခါ ရလာမယ့်ရလဒ်တွေကို တစ်ခါတည်းထည့်စဥ်းစားကြပါတယ်။

© ANGELA WEISS/AFP/East News, © Evan Agostini/Invision/AP/EAST NEWS

ကောင်းမွန်တဲ့ပညာရေးရရှိလာတဲ့အခါ အလုပ်ကောင်းကောင်းရပြီး ဝင်ငွေလည်း ကောင်းလာမှာပါ။ အဲဒါကြောင့် ကျန်းမာရေးနဲ့ပတ်သက်ပြီး ပိုဂရုစိုက်လာနိုင်ပါတယ်။ အလှအပပစ္စည်းတွေ၊ skincare ပစ္စည်းတွေကို သုံးခြင်းက နှစ်အနည်းငယ်မှာ မသိသာပေမယ့် နှစ်များစွာကြာတဲ့အခါမှာတော့ သိသာလာမှာပါ။

© Gilbert Flores /Broadimage/Broad Image/EAST NEWS, © Instagram/Sipa USA/EAST NEWS

စိတ်ဖိစီးမှုဆိုတာက နုပျိုခြင်းရဲ့ရန်သူပါပဲ။ ဥာဏ်ကောင်းတဲ့သူတွေက ပြဿနာတွေကို ထိန်းချုပ်ဖြေရှင်းနိုင်စွမ်းရှိကြပါတယ်။ အသက်ကြီးလာရင်ကြုံတွေ့လာရမယ့် စိန်ခေါ်မှုတွေအတွက်လည်း ကြိုတင်ပြင်ဆင်ထားနိုင်တာကြောင့် ပြောင်းလဲမှုတွေကိုလည်း ခံနိုင်ရည်ရှိပါတယ်။ ရှိရင်းစွဲအသက်ထက် နုပျိုနေဖို့ကတော့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပြီး အကောင်းမြင်စိတ် ထားတတ်ဖို့က အဓိကပါပဲ။

© 0000001/Reporter/EAST NEWS

Zombie (Lovemedia)

For Zawgyi

ရွိရင္းစြဲအသက္ထက္ ႏုပ်ိဳသူမ်ားဟာ ဥာဏ္ေကာင္းသူမ်ားျဖစ္

အသက္အ႐ြယ္နဲ႔မလိုက္ေအာင္ ႏုပ်ိဳေနသူေတြက တကယ္ကို ကုသိုလ္ကံေကာင္းၾကတာပါ။ ရွိရင္းစြဲအသက္ထက္ ႏုပ်ိဳေနရတဲ့အေၾကာင္းရင္းမ်ားစြာရွိပါတယ္။ စိတ္ဖိစီးမႈကင္းျခင္း၊ ေငြေၾကးျပည့္စုံျခင္း၊ စားေသာက္မႈေနထိုင္မႈပုံစံ၊ ဥာဏ္ရည္ဥာဏ္ေသြး စတဲ့အခ်က္ေတြေၾကာင့္ ရွိရင္းစြဲအသက္ထက္ကို ႏုပ်ိဳေနၾကတာပါ။ ႏုပ်ိဳတဲ့သူေတြအတြက္ ဝမ္းသာစရာသတင္းကေတာ့ ႐ုပ္ႏုပ်ိဳျခင္း ဥာဏ္ေကာင္းတဲ့လကၡဏာတစ္ခုဆိုတာပါပဲ။

ဒီေလ့လာမႈကို​​ေတာ့ ၁၉၅၇ မွာ ပထမဆုံးစတင္ခဲ့တာပါ။ ၁၉၉၂ ခုႏွစ္ကေန ၁၉၉၃ ခုႏွစ္အထိ သုေတသနပညာရွင္ေတြက အထက္တန္း ေက်ာင္းသူေက်ာင္းသားေတြရဲ႕ IQ ကို စမ္းသပ္ၿပီး သူတို႔ရဲ႕စိတ္သက္ကို ေမးျမန္းခဲ့ၾကပါတယ္။ ရလဒ္ကေတာ့ ဥာဏ္ရည္ျမင့္မားသူေတြက ရွိရင္းစြဲအသက္ထက္ ပိုၿပီး ႏုပ်ိဳေနတာပါပဲ။

စိတ္ေထာင္းလို႔ ကိုယ္ေၾကဆိုတဲ့ စကားပုံအတိုင္း စိတ္က ခႏၶါကိုယ္အေပၚ သက္ေရာက္မႈ ရွိေစပါတယ္။ ဥာဏ္ရည္ျမင့္တဲ့လူေတြက ပြင့္ပြင့္လင္းလင္းေနတတ္ၾကပါတယ္။ ဥာဏ္ရည္ျမင့္သူေတြက စူးစမ္းရွာေဖြလိုစိတ္ ထက္သန္ၿပီး အသစ္အသစ္ေတြကို ေလ့လာလိုၾကပါတယ္။ တက္တက္ႂကြႂကြနဲ႔ အသစ္အဆန္းေတြကို ရွာေဖြလိုတာေၾကာင့္ ခရီးသြားရတာကိုလည္း ႏွစ္သက္ၾကပါတယ္။

႐ုပ္ရည္ႏုပ်ိဳျခင္းက အစားအေသာက္နဲ႔လည္း သက္ဆိုင္ပါေသးတယ္။ ေနထိုင္စားေသာက္မႈ ပုံစံမမွန္ကန္တဲ့အခါမွာလည္း ႐ုပ္ရည္က ရွိရင္းစြဲအသက္ထက္ႀကီးေနဦးမွာပါ။ ဥာဏ္ေကာင္းတဲ့သူေတြက ေနထိုင္စားေသာက္မႈပုံစံမွားတဲ့အခါ ရလာမယ့္ရလဒ္ေတြကို တစ္ခါတည္းထည့္စဥ္းစားၾကပါတယ္။

ေကာင္းမြန္တဲ့ပညာေရးရရွိလာတဲ့အခါ အလုပ္ေကာင္းေကာင္းရၿပီး ဝင္ေငြလည္း ေကာင္းလာမွာပါ။ အဲဒါေၾကာင့္ က်န္းမာေရးနဲ႔ပတ္သက္ၿပီး ပိုဂ႐ုစိုက္လာႏိုင္ပါတယ္။ အလွအပပစၥည္းေတြ၊ skincare ပစၥည္းေတြကို သုံးျခင္းက ႏွစ္အနည္းငယ္မွာ မသိသာေပမယ့္ ႏွစ္မ်ားစြာၾကာတဲ့အခါမွာေတာ့ သိသာလာမွာပါ။

စိတ္ဖိစီးမႈဆိုတာက ႏုပ်ိဳျခင္းရဲ႕ရန္သူပါပဲ။ ဥာဏ္ေကာင္းတဲ့သူေတြက ျပႆနာေတြကို ထိန္းခ်ဳပ္ေျဖရွင္းႏိုင္စြမ္းရွိၾကပါတယ္။ အသက္ႀကီးလာရင္ႀကဳံေတြ႕လာရမယ့္ စိန္ေခၚမႈေတြအတြက္လည္း ႀကိဳတင္ျပင္ဆင္ထားႏိုင္တာေၾကာင့္ ေျပာင္းလဲမႈေတြကိုလည္း ခံႏိုင္ရည္ရွိပါတယ္။ ရွိရင္းစြဲအသက္ထက္ ႏုပ်ိဳေနဖို႔ကေတာ့ ဘဝကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျဖတ္သန္းၿပီး အေကာင္းျမင္စိတ္ ထားတတ္ဖို႔က အဓိကပါပဲ။

Zombie (Lovemedia)