ဆားဝက်ခြံကပ်ခွာတွေက အသုံးပြုရတာ လွယ်ကူတာကြောင့် လူကြိုက်များပါတယ်။ ဒါပေမယ့် သူ့မှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ သင်က ဆားဝက်ခြံကပ်ခွာကို အသုံးပြနေသူဆိုရင်၊ စတင်အသုံးပြုတော့မယ် ဆိုရင် ဒီအချက်လေးတွေကို မမေ့ပါနဲ့နော်။

၁။ ဆားဝက်ခြံကပ်ခွာက ဆားဝက်ခြံတွေဖြစ်မလာအောင် မကာကွယ်ပေးနိုင်ပါဘူး။

© smolprincess928 / reddit, © shutterstock.com

ဆားဝက်ခြံကပ်ခွာကို သုံးပြီးရင်လည်း နောက်ထပ်ဆားဝက်ခြံတွေ ထပ်ဖြစ်လာမှာပါ။ ဆားဝက်ခြံကပ်ခွာကို တစ်ပတ်မှာ တစ်ခါ၊ နှစ်ခါပဲ အသုံးပြုသင့်ကြောင်း အရေပြားဆရာဝန်တွေက အကြံပေးထားပါတယ်။

၂။ ဆားဝက်ခြံကပ်ခွာက အတွင်းပိုင်းအထိ မသန့်စင်စေပါဘူး။

© suspiciouscetacean / reddit, © shutterstock.com

အလွန်ကပ်နိုင်တဲ့ ဆားဝက်ခြံကပ်ခွာတွေက အပေါ်ယံအရေပြားက ဆဲလ်သေတွေကိုသာ ဖယ်ရှားပေးနိုင်ပြီး အညစ်အကြေးတွေက ချွေးပေါက်တွေထဲမှာ ကျန်နေဆဲပါပဲ။ အဲဒါကြောင့် ဆားဝက်ခြံတွေဖြစ်မလာအောင် သေချာသန့်စင်ပေးဖို့ လိုပါတယ်။

၃။ ဆားဝက်ခြံကပ်ခွာက အသားအရေကို ပျက်စီးစေပါတယ်။

© shutterstock.com

သင့်ရဲ့အသားအရေက နုပြီး ထိလွယ်ရှလွယ်ဆိုရင် ဆားဝက်ခြံကပ်ခွာက အသားအရေကို ပျက်စီးစေနိုင်ပါတယ်။ ဆားဝက်ခြံကပ်ခွာကို မသုံးခင်မှာ အသားအရေနဲ့ တည့်လားဆိုတာကို စမ်းသပ်ကြည့်ရင် ပိုကောင်းပါတယ်။

၄။ ဆားဝက်ခြံကပ်ခွာကို မသုံးခင်မှာ မျက်နှာကို မိနစ်၂၀ ခန့်ကြာ ရေနွေးငွေ့ခံပါ။

© shutterstock.com

ရေနွေးငွေ့က ချွေးပေါက်ထဲက အဆီတွေကို နည်းသွားအောင် ကူညီပေးနိုင်ပါတယ်။ အဲဒါကြောင့် ဆားဝက်ခြံကပ်ခွာကို အသုံးပြုတဲ့အခါ ပိုပြီးအကျိုးသက်ရောက်မှု ရှိစေမှာပါ။

၅။ ဆားဝက်ခြံကပ်ခွာကို ညှပ်ပါ။

ဆားဝက်ခြံကပ်ခွာရဲ့ ဘေးအစွန်းလေးတွေကို နှာခေါင်းအနေအထားတိုင်း ညှပ်ဖို့ beauty vlogger တွေက အကြံပေးထားပါတယ်။ အဲဒီအခါ ဆားဝက်ခြံတွေကိုလည်း မကျန်စေတော့ပါဘူး။

၆။ ဆားဝက်ခြံကပ်ခွာကပ်ပြီးရင် ရေခဲတုံးကို အသုံးပြုပါ။

© shutterstock.com

ဆားဝက်ခြံကပ်ခွာကို အသုံးပြုပြီးတဲ့အခါ ချွေးပေါက်တွေက ပိုကျယ်လာပါတယ်။ အဲဒါကြောင့် ဆားဝက်ခြံကပ်ခွာကို ကပ်ပြီးနောက် နှာခေါင်းကို ရေခဲတုံးနဲ့ ပွတ်ပေးတဲ့အခါ ချွေးပေါက်ကျယ်တာ သက်သာစေမှာပါ။ ရေခဲတုံးနဲ့မပွတ်ချင်ရင် မျက်နှာကို ရေအေးနဲ့ဆေးချလိုက်လို့ရပါတယ်။

Zombie (Lovemedia)

For Zawgyi

ဆားဝက္ၿခံကပ္ခြာကို မသုံးခင္မွာ မေမ့ထားသင့္တဲ့ အခ်က္ (၆) ခ်က္

ဆားဝက္ၿခံကပ္ခြာေတြက အသုံးျပဳရတာ လြယ္ကူတာေၾကာင့္ လူႀကိဳက္မ်ားပါတယ္။ ဒါေပမယ့္ သူ႔မွာလည္း ေဘးထြက္ဆိုးက်ိဳးေတြ ရွိပါတယ္။ သင္က ဆားဝက္ၿခံကပ္ခြာကို အသုံးျပေနသူဆိုရင္၊ စတင္အသုံးျပဳေတာ့မယ္ ဆိုရင္ ဒီအခ်က္ေလးေတြကို မေမ့ပါနဲ႔ေနာ္။

၁။ ဆားဝက္ၿခံကပ္ခြာက ဆားဝက္ၿခံေတြျဖစ္မလာေအာင္ မကာကြယ္ေပးႏိုင္ပါဘူး။

ဆားဝက္ၿခံကပ္ခြာကို သုံးၿပီးရင္လည္း ေနာက္ထပ္ဆားဝက္ၿခံေတြ ထပ္ျဖစ္လာမွာပါ။ ဆားဝက္ၿခံကပ္ခြာကို တစ္ပတ္မွာ တစ္ခါ၊ ႏွစ္ခါပဲ အသုံးျပဳသင့္ေၾကာင္း အေရျပားဆရာဝန္ေတြက အႀကံေပးထားပါတယ္။

၂။ ဆားဝက္ၿခံကပ္ခြာက အတြင္းပိုင္းအထိ မသန႔္စင္ေစပါဘူး။

အလြန္ကပ္ႏိုင္တဲ့ ဆားဝက္ၿခံကပ္ခြာေတြက အေပၚယံအေရျပားက ဆဲလ္ေသေတြကိုသာ ဖယ္ရွားေပးႏိုင္ၿပီး အညစ္အေၾကးေတြက ေခြၽးေပါက္ေတြထဲမွာ က်န္ေနဆဲပါပဲ။ အဲဒါေၾကာင့္ ဆားဝက္ၿခံေတြျဖစ္မလာေအာင္ ေသခ်ာသန႔္စင္ေပးဖို႔ လိုပါတယ္။

၃။ ဆားဝက္ၿခံကပ္ခြာက အသားအေရကို ပ်က္စီးေစပါတယ္။

သင့္ရဲ႕အသားအေရက ႏုၿပီး ထိလြယ္ရွလြယ္ဆိုရင္ ဆားဝက္ၿခံကပ္ခြာက အသားအေရကို ပ်က္စီးေစႏိုင္ပါတယ္။ ဆားဝက္ၿခံကပ္ခြာကို မသုံးခင္မွာ အသားအေရနဲ႔ တည့္လားဆိုတာကို စမ္းသပ္ၾကည့္ရင္ ပိုေကာင္းပါတယ္။

၄။ ဆားဝက္ၿခံကပ္ခြာကို မသုံးခင္မွာ မ်က္ႏွာကို မိနစ္၂၀ ခန႔္ၾကာ ေရေႏြးေငြ႕ခံပါ။

ေရေႏြးေငြ႕က ေခြၽးေပါက္ထဲက အဆီေတြကို နည္းသြားေအာင္ ကူညီေပးႏိုင္ပါတယ္။ အဲဒါေၾကာင့္ ဆားဝက္ၿခံကပ္ခြာကို အသုံးျပဳတဲ့အခါ ပိုၿပီးအက်ိဳးသက္ေရာက္မႈ ရွိေစမွာပါ။

၅။ ဆားဝက္ၿခံကပ္ခြာကို ညႇပ္ပါ။

ဆားဝက္ၿခံကပ္ခြာရဲ႕ ေဘးအစြန္းေလးေတြကို ႏွာေခါင္းအေနအထားတိုင္း ညႇပ္ဖို႔ beauty vlogger ေတြက အႀကံေပးထားပါတယ္။ အဲဒီအခါ ဆားဝက္ၿခံေတြကိုလည္း မက်န္ေစေတာ့ပါဘူး။

၆။ ဆားဝက္ၿခံကပ္ခြာကပ္ၿပီးရင္ ေရခဲတုံးကို အသုံးျပဳပါ။

ဆားဝက္ၿခံကပ္ခြာကို အသုံးျပဳၿပီးတဲ့အခါ ေခြၽးေပါက္ေတြက ပိုက်ယ္လာပါတယ္။ အဲဒါေၾကာင့္ ဆားဝက္ၿခံကပ္ခြာကို ကပ္ၿပီးေနာက္ ႏွာေခါင္းကို ေရခဲတုံးနဲ႔ ပြတ္ေပးတဲ့အခါ ေခြၽးေပါက္က်ယ္တာ သက္သာေစမွာပါ။ ေရခဲတုံးနဲ႔မပြတ္ခ်င္ရင္ မ်က္ႏွာကို ေရေအးနဲ႔ေဆးခ်လိုက္လို႔ရပါတယ္။

Zombie (Lovemedia)