တရုတ်-ဖိလစ်ပိုင်လူမျိုး မော်ဒယ် Janica Nan Floresca နဲ့ ဖိလစ်ပိုင်အကဖွဲ့တစ်ခုက သူမရဲ့ချစ်သူ Franco Hernandez တို့ဟာ ငယ်ရွယ်ကြပြီး တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြပါတယ်။ 2017 ခုနှစ် နိုဝင်ဘာလမှာ ကံဆိုးမှုကြီးက သူတို့နှစ်ယောက်ဆီ ရောက်လာပါတယ်။

သူတို့နှစ်ယောက် စီးလာတဲ့လှေကို ပြင်းထန်တဲ့လှိုင်းလုံးကြီးက ရိုက်ခတ်လိုက်တဲ့အခါ လှေမှောက်သွားပါတယ်။ သူတို့နှစ်ယောက်လုံး ရေမကူးတတ်ကြပါဘူး။ Janica က လှေသမားကို ဖက်တွယ်ထားပြီး Franco က Janica ကို ဖက်တွယ်ထားပါတယ်။ နောက်ထပ်ပြင်းထန်တဲ့ လှိုင်းလုံးကြီးတွေက Franco ကို ဆွဲခေါ်သွားပါတယ်။

ကယ်ဆယ်ရေးတွေက Franco ကို တွေ့တဲ့အခါ Franco သတိလစ်နေပါပြီ။ ဝမ်းနည်းစရာကောင်းတာကတော့ Franco တစ်ယောက် ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူကွယ်လွန်ချိန်မှာတော့ အသက် 26 နှစ်ပဲ ရှိပါသေးတယ်။ တစ်နှစ်ကျော်ကြာတဲ့အထိ Janica က Franco ကို ချစ်နေတုန်းပါပဲ။ အဲဒါကြောင့် Instagram မှာ သူတို့နှစ်ယောက်ရဲ့ပုံလေးတွေကို Janica က အမြဲတင်ပါတယ်။

သူမရဲ့ post တွေမှာ ရင်ဖွင့်ထားတာတွေကို ကြည့်ခြင်းဖြင့် Franco ကို တမ်းတနေတုန်းဆိုတာ ပေါ်လွင်ပါတယ်။ Janica တင်တဲ့ post တွေမှာ Franco ကို သတိရတဲ့အကြောင်းတွေ၊ ဘုရားသခင်ကို တိုင်တည်ထားတာတွေနဲ့ပဲ ပြည့်နှက်နေပါတယ်။ ပြီးတော့ သူတို့နှစ်ယောက်ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ အခိုက်အတန့်လေးတွေမှာ ရိုက်ထားတဲဘ snapshot လေးတွေကိုလည်း တင်ထားပါသေးတယ်။

Franco ကွယ်လွန်သွားပေမယ့် Janicaက Francoရဲ့ မိသားစုနဲ့ အဆက်အသွယ်ရှိတဲ့ အကြောင်းတွေ၊ Franco ရဲ့အုတ်ဂူဆီ အမြဲသွားတဲ့ အကြောင်းတွေကို Instagram မှာ တွေ့နိုင်ပါတယ်။ Janica က Franco ကို အမြဲသတိရနေစေဖို့ တက်တူးတွေလည်း အများကြီးထိုးထားပါသေးတယ်။

Franco ရဲ့နောက်ဆုံးမွေးနေ့တုန်းက Janicaက Adidas Ultraboots ဖိနပ်တစ်ရံလက်ဆောင်ပေးတဲ့ video ကိုလည်း တင်ထားပါသေးတယ်။ Janica ရဲ့ အချစ်တွေက အချိန်တွေကြာလည်း မပျောက်ပျက်သွားပါဘူး ။

Janica တင်ထားခဲ့တဲ့ နောက်ဆုံး post မှာ Francoကို သတိရနေသေးကြောင်းကို တွေ့ရမှာပါ။ တချို့တွေကတော့ comment တွေမှာ Franco အသက်ရှင်နေသေးသလိုတောင် ခံစားရကြောင်း မှတ်ချက်ပေးထားကြ ပါသေးတယ်။

Zombie (LoveMedia)

Ref - WorldofBuzz

For Zawgyi

ႏွစ္ႏွစ္ေက်ာ္က ေသသြားတဲ့ခ်စ္သူကို သတိတရ ပုံေလးေတြ တင္ေနေသးတဲ့ အမ်ိဳးသမီး

တ႐ုတ္-ဖိလစ္ပိုင္လူမ်ိဳး ေမာ္ဒယ္ Janica Nan Floresca နဲ႔ ဖိလစ္ပိုင္အကဖြဲ႕တစ္ခုက သူမရဲ႕ခ်စ္သူ Franco Hernandez တို႔ဟာ ငယ္႐ြယ္ၾကၿပီး တစ္ေယာက္ကို တစ္ေယာက္ အရမ္းခ်စ္ၾကပါတယ္။ 2017 ခုႏွစ္ ႏိုဝင္ဘာလမွာ ကံဆိုးမႈႀကီးက သူတို႔ႏွစ္ေယာက္ဆီ ေရာက္လာပါတယ္။

သူတို႔ႏွစ္ေယာက္ စီးလာတဲ့ေလွကို ျပင္းထန္တဲ့လႈိင္းလုံးႀကီးက ႐ိုက္ခတ္လိုက္တဲ့အခါ ေလွေမွာက္သြားပါတယ္။ သူတို႔ႏွစ္ေယာက္လုံး ေရမကူးတတ္ၾကပါဘူး။ Janica က ေလွသမားကို ဖက္တြယ္ထားၿပီး Franco က Janica ကို ဖက္တြယ္ထားပါတယ္။ ေနာက္ထပ္ျပင္းထန္တဲ့ လႈိင္းလုံးႀကီးေတြက Franco ကို ဆြဲေခၚသြားပါတယ္။

ကယ္ဆယ္ေရးေတြက Franco ကို ေတြ႕တဲ့အခါ Franco သတိလစ္ေနပါၿပီ။ ဝမ္းနည္းစရာေကာင္းတာကေတာ့ Franco တစ္ေယာက္ ေဆး႐ုံမွာ ကြယ္လြန္သြားခဲ့ပါတယ္။ သူကြယ္လြန္ခ်ိန္မွာေတာ့ အသက္ 26 ႏွစ္ပဲ ရွိပါေသးတယ္။ တစ္ႏွစ္ေက်ာ္ၾကာတဲ့အထိ Janica က Franco ကို ခ်စ္ေနတုန္းပါပဲ။ အဲဒါေၾကာင့္ Instagram မွာ သူတို႔ႏွစ္ေယာက္ရဲ႕ပုံေလးေတြကို Janica က အၿမဲတင္ပါတယ္။

သူမရဲ႕ post ေတြမွာ ရင္ဖြင့္ထားတာေတြကို ၾကည့္ျခင္းျဖင့္ Franco ကို တမ္းတေနတုန္းဆိုတာ ေပၚလြင္ပါတယ္။ Janica တင္တဲ့ post ေတြမွာ Franco ကို သတိရတဲ့အေၾကာင္းေတြ၊ ဘုရားသခင္ကို တိုင္တည္ထားတာေတြနဲ႔ပဲ ျပည့္ႏွက္ေနပါတယ္။ ၿပီးေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ အခိုက္အတန႔္ေလးေတြမွာ ႐ိုက္ထားတဲဘ snapshot ေလးေတြကိုလည္း တင္ထားပါေသးတယ္။

Franco ကြယ္လြန္သြားေပမယ့္ Janicaက Francoရဲ႕ မိသားစုနဲ႔ အဆက္အသြယ္ရွိတဲ့ အေၾကာင္းေတြ၊ Franco ရဲ႕အုတ္ဂူဆီ အၿမဲသြားတဲ့ အေၾကာင္းေတြကို Instagram မွာ ေတြ႕ႏိုင္ပါတယ္။ Janica က Franco ကို အၿမဲသတိရေနေစဖို႔ တက္တူးေတြလည္း အမ်ားႀကီးထိုးထားပါေသးတယ္။

Franco ရဲ႕ေနာက္ဆုံးေမြးေန႔တုန္းက Janicaက Adidas Ultraboots ဖိနပ္တစ္ရံလက္ေဆာင္ေပးတဲ့ video ကိုလည္း တင္ထားပါေသးတယ္။ Janica ရဲ႕ အခ်စ္ေတြက အခ်ိန္ေတြၾကာလည္း မေပ်ာက္ပ်က္သြားပါဘူး ။

Janica တင္ထားခဲ့တဲ့ ေနာက္ဆုံး post မွာ Francoကို သတိရေနေသးေၾကာင္းကို ေတြ႕ရမွာပါ။ တခ်ိဳ႕ေတြကေတာ့ comment ေတြမွာ Franco အသက္ရွင္ေနေသးသလိုေတာင္ ခံစားရေၾကာင္း မွတ္ခ်က္ေပးထားၾက ပါေသးတယ္။

Zombie (LoveMedia)

Ref - WorldofBuzz