ကြက်သွန်ဖြူက မြန်မာဟင်းလျာတွေမှာ မပါမဖြစ်တဲ့ ပါဝင်ပစ္စည်းပါပဲ။ ကြက်သွန်ဖြူရဲ့ ကောင်းကျိုးတွေကို သင်သိတဲ့အခါ သိပ်ကို အံ့သြသွားမှာပါ။

၁။ ဆွဲဆောင်မှု ပိုရှိလာခြင်း

© Depositphotos

ဟုတ်ပါတယ်။ ကြက်သွန်ဖြူကို စားတဲ့ အမျိုးသားတွေက ဆွဲဆောင်မှု ပိုရှိပါတယ်။ ဒါပေမယ့် ကြက်သွန်ဖြူရဲ့အနံ့ကို ဆိုးတယ်လို့ လူတွေက သတ်မှတ်ထားကြပါတယ်။ အမျိုးသားတွေက အမျိုးသမီးတစ်ယောက်နဲ့ မချိန်းတွေ့ခင် ၁၂ နာရီအလိုကတည်းက ကြက်သွန်ဖြူ ၂ မွှာကို ကြိုစားထားသင့်ကြောင့် လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။ ကြက်သွန်ဖြူစားပြီးတဲ့အခါ အမျိုးသားတွေရဲ့ ကိုယ်သင်းနံ့က ပြောင်းလဲသွားလို့ပါ။

၂။ ကိုယ်ခံအားကောင်းလာခြင်း

© Depositphotos

အအေးမိတာတွေ၊ ဗိုင်းရပ်စ်ပိုးတွေရဲ့ရန်ကနေ ကြက်သွန်ဖြူက ကာကွယ်ပေးပါတယ်။ အေးတဲ့ရာသီဥတုမှာ ကြက်သွန်ဖြူကိုပုံမှန်စားပေးသင့်ကြောင်း ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။ ကြက်သွန်ဖြူမှာ ဗီတာမင်တွေ၊ အကျိုးပြုတဲ့အဆီတွေ၊ အမိုင်နိုအက်ဆစ်တွေပါပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူမှာရှိတဲ့ allicin က ဘက်တီးရီးယားနဲ့ မှိုတွေကို သတ်ပေးပါတယ်။

၃။ သွေးဖိအားကို တည်ငြိမ်စေခြင်း

© Depositphotos

သင်က သွေးတိုးတတ်သူဆိုရင် အစားအစာတွေထဲမှာ ကြက်သွန်ဖြူကို ထည့်စားသင့်ပါတယ်။ ကြက်သွန်ဖြူက သွေးကြောတွေကို ကျယ်စေပြီး သွေးလွှတ်ကြောဖိအားတွေကို လျော့စေပါတယ်။ သွေးတိုးတတ်သူတွေက တစ်နေ့ကို ကြက်သွန်ဖြူ ၄ မွှာစားသင့်ပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူက သွေးထဲက မကောင်းတဲ့ ကိုလက်စထရောကို ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ လျော့စေပါတယ်။

၄။ မှတ်ဥာဏ်တိုးတက်စေခြင်း

ကြက်သွန်ဖြူက ဦးနှောက်မှတ်ဥာဏ် ယိုယွင်းလာတာကို ကာကွယ်ပေးပါတယ်။ ကြက်သွန်ဖြူကို ပုံမှန်စားတဲ့ သက်ကြီးရွယ်အိုတွေက အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ချေ နည်းသွားပါတယ်။ ကြက်သွန်ဖြူကို ပုံမှန်စားတဲ့ ငယ်ရွယ်သူတွေကလည်း ဦးနှောက်မှတ်ဥာဏ်တိုးတက်လာပါတယ်။

၅။ ခံနိုင်ရည်အားကောင်းလာခြင်း

© Depositphotos

ကြက်သွန်ဖြူက နှလုံးနဲ့ကြွက်သားတွေ အားကောင်းလာအောင် ပြုလုပ်ပေးပါတယ်။ ရှေးရှေးတုန်းက ဂရိမှာ အိုလံပစ်အားကစားသမားတွေကို ကြက်သွန်ဖြူကျွေးခဲ့ကြပါတယ်။ ကြက်သွန်ဖြူစားတဲ့ အားကစားသမားတွေက ပိုပြီး အပင်ပန်းခံနိုင်တာကို တွေ့ရပါတယ်။

၆။ ဆံပင်နှင့် အသားအရေကောင်းလာခြင်း

© Depositphotos

ကြက်သွန်ဖြူက ဆံပင်ကို အရှည်မြန်စေပြီး ပိုပြီးလည်း ထူလာစေပါတယ်။ ဒီလိုရလဒ် ရလာဖို့အတွက် ကြက်သွန်ဖြူကို ဦးရေပြားအထိရောက်အောင် လိမ်းရမှာပါ။ အခုဆိုရင် အနံ့မပါတဲ့ ကြက်သွန်ဖြူ ဆံပင်လိမ်းဆီတွေ ထွက်နေပါပြီ။ အသားအရေမှာ သဘာဝကော်လဂျင်တွေ ထုတ်လုပ်ဖို့အတွက် ကြက်သွန်ဖြူကို တစ်နေ့ ၂ မွှာခန့်စားသင့်ပါတယ်။ ကြက်သွန်ဖြူကို ပုံမှန်စားတဲ့အခါ နေရောင်ထိရင်တောင် အသားအရေက မခြောက်သွေ့တော့ပါဘူး။

၇။ သွားကိုက်သက်သာစေခြင်း

© Depositphotos

ကြက်သွန်ဖြူက ဘက်တီးယားနဲ့မှိုတွေကို တိုက်ဖျက်ပေးတာကြောင့် ခံတွင်းကျန်းမာရေးအတွက်လည်း သင့်တော်ပါတယ်။ သွားအခေါင်းပေါက်ဖြစ်တာကိုလည်း ကာကွယ်ပေးပါတယ်။

၈။ ခန္ဓါကိုယ် ပိန်သွယ်လာခြင်း

© Depositphotos

ကြက်သွန်ဖြူက ကိုယ်အလေးချိန် ထပ်မတက်လာအောင် ထိန်းပေးနိုင်ပါတယ်။ ခန္ဓါကိုယ်ထဲက ပိုလျှံနေတဲ့ ကယ်လိုရီတွေကိုလည်း လောင်ကျွမ်းပေးပါသေးတယ်။ အဲဒါကြောင့် ပိန်သွယ်ချင်သူတွေအတွက်တော့ ကြက်သွန်ဖြူက အန္တရာယ်ကင်းတဲ့ ဆေးပါပဲ။

Bonus

© Depositphotos

- ဆရာဝန်တွေက ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေကို ကြက်သွန်ဖြူအများကြီးစားဖို့ မတိုက်တွန်းပါဘူး။ အသက် ၇ နှစ်အောက်ကလေးတွေကလည်း သတ်မှတ်ထားတဲ့ ပမာဏကိုသာ စားသင့်ပါတယ်။

- ခွဲစိပ်မှုခံယူမယ့်သူက နှစ်ပတ်အလိုကတည်းက ကြက်သွန်ဖြူကို မစားသင့်တော့ပါဘူး။

- ကြက်သွန်ဖြူက မတည့်တဲ့သူတွေအတွက် အရေပြားပေါ် တင်လိုက်ရင် အပူလောင်ဒဏ်ရာတွေလို ဖြစ်လာတတ်ပါတယ်။

- ကြက်သွန်ဖြူက ကြောင်တွေ၊ ခွေးတွေအတွက် အဆိပ်ဖြစ်စေပါတယ်။ (အထူးသဖြင့် ဂျပန်နိုင်ငံက Akita နှင့် Shiba ခွေးအမျိုးအစား)

Zombie (Lovemedia)

For Zawgyi

သင့္ကို အံ့ၾသသြားေစမယ့္ ၾကက္သြန္ျဖဴရဲ႕ေကာင္းက်ိဳး (၈)မ်ိဳး

ၾကက္သြန္ျဖဴက ျမန္မာဟင္းလ်ာေတြမွာ မပါမျဖစ္တဲ့ ပါဝင္ပစၥည္းပါပဲ။ ၾကက္သြန္ျဖဴရဲ႕ ေကာင္းက်ိဳးေတြကို သင္သိတဲ့အခါ သိပ္ကို အံ့ၾသသြားမွာပါ။

၁။ ဆြဲေဆာင္မႈ ပိုရွိလာျခင္း

ဟုတ္ပါတယ္။ ၾကက္သြန္ျဖဴကို စားတဲ့ အမ်ိဳးသားေတြက ဆြဲေဆာင္မႈ ပိုရွိပါတယ္။ ဒါေပမယ့္ ၾကက္သြန္ျဖဴရဲ႕အနံ႔ကို ဆိုးတယ္လို႔ လူေတြက သတ္မွတ္ထားၾကပါတယ္။ အမ်ိဳးသားေတြက အမ်ိဳးသမီးတစ္ေယာက္နဲ႔ မခ်ိန္းေတြ႕ခင္ ၁၂ နာရီအလိုကတည္းက ၾကက္သြန္ျဖဴ ၂ မႊာကို ႀကိဳစားထားသင့္ေၾကာင့္ ေလ့လာမႈတစ္ခုမွာ ေဖာ္ျပထားပါတယ္။ ၾကက္သြန္ျဖဴစားၿပီးတဲ့အခါ အမ်ိဳးသားေတြရဲ႕ ကိုယ္သင္းနံ႔က ေျပာင္းလဲသြားလို႔ပါ။

၂။ ကိုယ္ခံအားေကာင္းလာျခင္း

အေအးမိတာေတြ၊ ဗိုင္းရပ္စ္ပိုးေတြရဲ႕ရန္ကေန ၾကက္သြန္ျဖဴက ကာကြယ္ေပးပါတယ္။ ေအးတဲ့ရာသီဥတုမွာ ၾကက္သြန္ျဖဴကိုပုံမွန္စားေပးသင့္ေၾကာင္း ကြၽမ္းက်င္ပညာရွင္ေတြက ဆိုပါတယ္။ ၾကက္သြန္ျဖဴမွာ ဗီတာမင္ေတြ၊ အက်ိဳးျပဳတဲ့အဆီေတြ၊ အမိုင္ႏိုအက္ဆစ္ေတြပါပါတယ္။ ဒါ့အျပင္ ၾကက္သြန္ျဖဴမွာရွိတဲ့ allicin က ဘက္တီးရီးယားနဲ႔ မႈိေတြကို သတ္ေပးပါတယ္။

၃။ ေသြးဖိအားကို တည္ၿငိမ္ေစျခင္း

သင္က ေသြးတိုးတတ္သူဆိုရင္ အစားအစာေတြထဲမွာ ၾကက္သြန္ျဖဴကို ထည့္စားသင့္ပါတယ္။ ၾကက္သြန္ျဖဴက ေသြးေၾကာေတြကို က်ယ္ေစၿပီး ေသြးလႊတ္ေၾကာဖိအားေတြကို ေလ်ာ့ေစပါတယ္။ ေသြးတိုးတတ္သူေတြက တစ္ေန႔ကို ၾကက္သြန္ျဖဴ ၄ မႊာစားသင့္ပါတယ္။ ဒါ့အျပင္ ၾကက္သြန္ျဖဴက ေသြးထဲက မေကာင္းတဲ့ ကိုလက္စထေရာကို ၁၀ ရာခိုင္ႏႈန္းကေန ၁၅ ရာခိုင္ႏႈန္းအထိ ေလ်ာ့ေစပါတယ္။

၄။ မွတ္ဥာဏ္တိုးတက္ေစျခင္း

ၾကက္သြန္ျဖဴက ဦးေႏွာက္မွတ္ဥာဏ္ ယိုယြင္းလာတာကို ကာကြယ္ေပးပါတယ္။ ၾကက္သြန္ျဖဴကို ပုံမွန္စားတဲ့ သက္ႀကီး႐ြယ္အိုေတြက အယ္လ္ဇိုင္းမားေရာဂါ ျဖစ္ႏိုင္ေခ် နည္းသြားပါတယ္။ ၾကက္သြန္ျဖဴကို ပုံမွန္စားတဲ့ ငယ္႐ြယ္သူေတြကလည္း ဦးေႏွာက္မွတ္ဥာဏ္တိုးတက္လာပါတယ္။

၅။ ခံႏိုင္ရည္အားေကာင္းလာျခင္း

ၾကက္သြန္ျဖဴက ႏွလုံးနဲ႔ႂကြက္သားေတြ အားေကာင္းလာေအာင္ ျပဳလုပ္ေပးပါတယ္။ ေရွးေရွးတုန္းက ဂရိမွာ အိုလံပစ္အားကစားသမားေတြကို ၾကက္သြန္ျဖဴေကြၽးခဲ့ၾကပါတယ္။ ၾကက္သြန္ျဖဴစားတဲ့ အားကစားသမားေတြက ပိုၿပီး အပင္ပန္းခံႏိုင္တာကို ေတြ႕ရပါတယ္။

၆။ ဆံပင္ႏွင့္ အသားအေရေကာင္းလာျခင္း

ၾကက္သြန္ျဖဴက ဆံပင္ကို အရွည္ျမန္ေစၿပီး ပိုၿပီးလည္း ထူလာေစပါတယ္။ ဒီလိုရလဒ္ ရလာဖို႔အတြက္ ၾကက္သြန္ျဖဴကို ဦးေရျပားအထိေရာက္ေအာင္ လိမ္းရမွာပါ။ အခုဆိုရင္ အနံ႔မပါတဲ့ ၾကက္သြန္ျဖဴ ဆံပင္လိမ္းဆီေတြ ထြက္ေနပါၿပီ။ အသားအေရမွာ သဘာဝေကာ္လဂ်င္ေတြ ထုတ္လုပ္ဖို႔အတြက္ ၾကက္သြန္ျဖဴကို တစ္ေန႔ ၂ မႊာခန္႔စားသင့္ပါတယ္။ ၾကက္သြန္ျဖဴကို ပုံမွန္စားတဲ့အခါ ေနေရာင္ထိရင္ေတာင္ အသားအေရက မေျခာက္ေသြ႕ေတာ့ပါဘူး။

၇။ သြားကိုက္သက္သာေစျခင္း

ၾကက္သြန္ျဖဴက ဘက္တီးယားနဲ႔မႈိေတြကို တိုက္ဖ်က္ေပးတာေၾကာင့္ ခံတြင္းက်န္းမာေရးအတြက္လည္း သင့္ေတာ္ပါတယ္။ သြားအေခါင္းေပါက္ျဖစ္တာကိုလည္း ကာကြယ္ေပးပါတယ္။

၈။ ခႏၶါကိုယ္ ပိန္သြယ္လာျခင္း

ၾကက္သြန္ျဖဴက ကိုယ္အေလးခ်ိန္ ထပ္မတက္လာေအာင္ ထိန္းေပးႏိုင္ပါတယ္။ ခႏၶါကိုယ္ထဲက ပိုလွ်ံေနတဲ့ ကယ္လိုရီေတြကိုလည္း ေလာင္ကြၽမ္းေပးပါေသးတယ္။ အဲဒါေၾကာင့္ ပိန္သြယ္ခ်င္သူေတြအတြက္ေတာ့ ၾကက္သြန္ျဖဴက အႏၲရာယ္ကင္းတဲ့ ေဆးပါပဲ။

Bonus

- ဆရာဝန္ေတြက ကိုယ္ဝန္ေဆာင္မိခင္ေတြ၊ ႏို႔တိုက္မိခင္ေတြကို ၾကက္သြန္ျဖဴအမ်ားႀကီးစားဖို႔ မတိုက္တြန္းပါဘူး။ အသက္ ၇ ႏွစ္ေအာက္ကေလးေတြကလည္း သတ္မွတ္ထားတဲ့ ပမာဏကိုသာ စားသင့္ပါတယ္။

- ခြဲစိပ္မႈခံယူမယ့္သူက ႏွစ္ပတ္အလိုကတည္းက ၾကက္သြန္ျဖဴကို မစားသင့္ေတာ့ပါဘူး။

- ၾကက္သြန္ျဖဴက မတည့္တဲ့သူေတြအတြက္ အေရျပားေပၚ တင္လိုက္ရင္ အပူေလာင္ဒဏ္ရာေတြလို ျဖစ္လာတတ္ပါတယ္။

- ၾကက္သြန္ျဖဴက ေၾကာင္ေတြ၊ ေခြးေတြအတြက္ အဆိပ္ျဖစ္ေစပါတယ္။ (အထူးသျဖင့္ ဂ်ပန္ႏိုင္ငံက Akita ႏွင့္ Shiba ေခြးအမ်ိဳးအစား)

Zombie (Lovemedia)