လူတစ်ယောက်ဟာ Alcatraz ထောင်ကနေ ထွက်ပြေးလာပြီး နှစ်ပေါင်း ၅၀ ကြာမှာ ထောင်ထဲကို ပြန်သွားလိုကြောင်း စာတစ်စောင်ကို FBI ဆီ ပေးပို့ခဲ့ပါတယ်။ အခုတော့ Alcatraz ကျွန်းဟာ အမျိုးသားဥယျာဉ်တစ်ခု ဖြစ်နေပါပြီ။ အရင်ကတော့ အမေရိကန်နိုင်ငံရဲ့ အဆိုးရွားဆုံးမှုခင်းတွေဖြစ်တဲ့အခါ အပြစ်သားတွေကို Alcatraz ထောင်ကို ပို့ပါတယ်။

ထောင်သား ၃၆ ယောက် ထောင်ကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် ဘယ်သူမှ မအောင်မြင်ခဲ့ဘူးလို့ ထောင်က အခိုင်အမာပြောထားပါတယ်။ ထွက်ပြေးသူအချို့ကို ဖမ်းမိ၊ အချို့ကို သေနတ်နဲ့ပစ်၊ အချို့က ရေနစ်သေသွားပါတယ်။

ဒါပေမယ့် ၁၉၆၂ ခုနှစ်မှာတော့ ထောင်သား ၃ ယောက်က ထောင်ကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြပါတယ်။ Frank Morris နဲ့ ညီအစ်ကို ၂ ယောက်ဖြစ်တဲ့ John နဲ့ Clarence Anglin တို့ဟာ Alcatraz ထောင်ကနေ ထွက်ပြေးလွတ်မြောက်လာကြပါတယ်။ သူတို့သုံးယောက်က ဘဏ်ဓါးပြတိုက်မှုနဲ့ ကားခိုးမှုတွေကို ကျူးလွန်ခဲ့ကြတာပါ။

၁၉၆၂ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့မှာ သူတို့သုံးယောက်ဟာ ထောင်အခန်းနံရံတွေကိုဖောက်ပြီး လေဝင်လေထွက်ပေါက်ကနေတစ်ဆင့် ထွက်ပြေးခဲ့ကြပါတယ်။ ထွက်မပြေးခင်မှာ အစောင့်တွေကို လှည့်စားဖို့ အိပ်ယာပေါ်မှာ mâché dummies စက္ကူတွေနဲ့ လူပုံစံတွေ လုပ်ထားခဲ့ကြပါတယ်။ အဲဒီနောက် ခြံစည်းရိုးတွေနဲ့ ဖောင်ကိုလည်း လုပ်ခဲ့ပါသေးတယ်။

San Francisco ပင်လယ်အော်ရဲ့ အေးစက်နေတဲ့ ရေထဲကို သူတို့၃ယောက် ည ၁၀ နာရီအချိန်မှာ ခုန်ချခဲ့ကြပါတယ်။ FBI က သူတို့ကို ရှာမတွေ့ခဲ့ပါဘူး။ FBI က သူတို့ကို စုံစမ်းရှာဖွေခဲ့ပေမယ့် နောက်ဆုံးမှာတော့ San Francisco ပင်လယ်အော်ထဲမှာ ရေနစ်သေသွားကြပြီလို့ ကောက်ချက်ချလိုက်ပါတော့တယ်။ ဒါပေမယ့် သူတို့ရေနစ်သေသွားလား ဆိုတာတော့ သက်သေမရှိခဲ့ပါဘူး။

နှစ်ပေါင်း ၅၀ အကြာမှာတော့ FBI က ထူးဆန်းတဲ့စာတစ်စောင်ကို John Anglin ဆီကနေ လက်ခံရရှိခဲ့ပါတယ်။ စာထဲမှာ သူ့အစ်ကိုနဲ့ အဖော်တစ်ယောက်ဟာ ထောင်ဖောက်ပြေးရာမှာ အသက်ရှင်ခဲ့တယ်လို့ ရေးထားပါတယ်။

" ကျွန်တော့်နာမည်က John Anglin ပါ။ ၁၉၆၂ ခုနှစ်တုန်းက ကျွန်တော်ရယ်၊ ကျွန်တော့်အစ်ကို Clarence နဲ့ Frank Morris တို့ဟာ Alcatraz ထောင်ကနေ ထွက်ပြေးခဲ့ကြပါတယ်။ ကျွန်တော့်အသက် ၈၃ နှစ်ရှိပြီး ကျန်းမာရေး မကောင်းပါဘူး။ ကင်ဆာဖြစ်နေပါတယ်။ ကျွန်တော်တို့သုံးယောက် ထောင်ဖောက်ပြေးခဲ့ကြပါတယ်။

Frank က ၂၀၀၅ ခုနှစ် အောက်တိုဘာလမှာ ဆုံးသွားပါပြီ။ သူ့နာမည်ကို Alexandria လို့ ပြောင်းလိုက်ပါတယ်။ ကျွန်တော့်အစ်ကိုကတော့ ၂၀၁၁ ခုနှစ်တုန်းက ဆုံးသွားပါပြီ။ ဒီအကြောင်းကို TV မှာ ကြေညာပေးရင် ထောင်ကို တစ်နှစ်မပြည့်ခင်မှာ ရောက်အောင်လာမယ် လို့ ကတိပေးပါတယ်။ အဲဒီအခါ ဆေးကုသဖို့လည်း ရတာပေါ့။ ကျွန်တော်ဘယ်နေရာမှာ ရှိနေလဲဆိုတာကို စာပြန်ရေးပါ့မယ်။ ဒါ နောက်နေတာမဟုတ်ပါဘူး။ တကယ့်အမှန်တရားတွေပါပဲ"

San Francisco ရဲတွေက ဒီစာကို လွန်ခဲ့တဲ့ငါးနှစ်ကတည်းက ရခဲ့ပေမယ့် လူထုကို ချမပြခဲ့ပါဘူး။ စုံစမ်းရှာဖွေနေစဉ်မှာ Marshals နဲ့ FBI က မရေရာမသေချာတဲ့ လက်ရေးစာတစ်စောင်ကို တွေ့ခဲ့ပါတယ်။ ဒီစာက Anglin အမှန်တကယ်ရေးခဲ့တာဆိုရင် Anglin က အာဏာပိုင်တွေ ရှာမတွေ့သေးဘဲနဲ့ တောင်ကယ်လီဖိုးနီးယားပြည်နယ်၊ မြောက်ဒါကိုတာ၊ Seattle မှာ နေထိုင်နေဆဲဖြစ်မှာပါ။

Zombie (Lovemedia)

Source and photo - trendings

For Zawgyi

ေထာင္ကေန ထြက္ေျပးၿပီးမွ ေထာင္ထဲမွာေနခ်င္လို႔ FBI ကို စာပို႔ခဲ့တဲ့အမ်ိဳးသား

လူတစ္ေယာက္ဟာ Alcatraz ေထာင္ကေန ထြက္ေျပးလာၿပီး ႏွစ္ေပါင္း ၅၀ ၾကာမွာ ေထာင္ထဲကို ျပန္သြားလိုေၾကာင္း စာတစ္ေစာင္ကို FBI ဆီ ေပးပို႔ခဲ့ပါတယ္။ အခုေတာ့ Alcatraz ကြၽန္းဟာ အမ်ိဳးသားဥယ်ာဥ္တစ္ခု ျဖစ္ေနပါၿပီ။ အရင္ကေတာ့ အေမရိကန္ႏိုင္ငံရဲ႕ အဆိုး႐ြားဆုံးမႈခင္းေတြျဖစ္တဲ့အခါ အျပစ္သားေတြကို Alcatraz ေထာင္ကို ပို႔ပါတယ္။

ေထာင္သား ၃၆ ေယာက္ ေထာင္ကေန ထြက္ေျပးဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဘယ္သူမွ မေအာင္ျမင္ခဲ့ဘူးလို႔ ေထာင္က အခိုင္အမာေျပာထားပါတယ္။ ထြက္ေျပးသူအခ်ိဳ႕ကို ဖမ္းမိ၊ အခ်ိဳ႕ကို ေသနတ္နဲ႔ပစ္၊ အခ်ိဳ႕က ေရနစ္ေသသြားပါတယ္။

ဒါေပမယ့္ ၁၉၆၂ ခုႏွစ္မွာေတာ့ ေထာင္သား ၃ ေယာက္က ေထာင္ကေန ထြက္ေျပးဖို႔ ႀကိဳးစားခဲ့ၾကပါတယ္။ Frank Morris နဲ႔ ညီအစ္ကို ၂ေယာက္ျဖစ္တဲ့ John နဲ႔ Clarence Anglin တို႔ဟာ Alcatraz ေထာင္ကေန ထြက္ေျပးလြတ္ေျမာက္လာၾကပါတယ္။ သူတို႔သုံးေယာက္က ဘဏ္ဓါးျပတိုက္မႈနဲ႔ ကားခိုးမႈေတြကို က်ဴးလြန္ခဲ့ၾကတာပါ။

၁၉၆၂ ခုႏွစ္၊ ဇြန္လ ၁၁ ရက္ေန႔မွာ သူတို႔သုံးေယာက္ဟာ ေထာင္အခန္းနံရံေတြကိုေဖာက္ၿပီး ေလဝင္ေလထြက္ေပါက္ကေနတစ္ဆင့္ ထြက္ေျပးခဲ့ၾကပါတယ္။ ထြက္မေျပးခင္မွာ အေစာင့္ေတြကို လွည့္စားဖို႔ အိပ္ယာေပၚမွာ mâché dummies စကၠဴေတြနဲ႔ လူပုံစံေတြ လုပ္ထားခဲ့ၾကပါတယ္။ အဲဒီေနာက္ ၿခံစည္း႐ိုးေတြနဲ႔ ေဖာင္ကိုလည္း လုပ္ခဲ့ပါေသးတယ္။

San Francisco ပင္လယ္ေအာ္ရဲ႕ ေအးစက္ေနတဲ့ ေရထဲကို သူတို႔၃ေယာက္ ည ၁၀ နာရီအခ်ိန္မွာ ခုန္ခ်ခဲ့ၾကပါတယ္။ FBI က သူတို႔ကို ရွာမေတြ႕ခဲ့ပါဘူး။ FBI က သူတို႔ကို စုံစမ္းရွာေဖြခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ San Francisco ပင္လယ္ေအာ္ထဲမွာ ေရနစ္ေသသြားၾကၿပီလို႔ ေကာက္ခ်က္ခ်လိုက္ပါေတာ့တယ္။ ဒါေပမယ့္ သူတို႔ေရနစ္ေသသြားလား ဆိုတာေတာ့ သက္ေသမရွိခဲ့ပါဘူး။

ႏွစ္ေပါင္း ၅၀ အၾကာမွာေတာ့ FBI က ထူးဆန္းတဲ့စာတစ္ေစာင္ကို John Anglin ဆီကေန လက္ခံရရွိခဲ့ပါတယ္။ စာထဲမွာ သူ႔အစ္ကိုနဲ႔ အေဖာ္တစ္ေယာက္ဟာ ေထာင္ေဖာက္ေျပးရာမွာ အသက္ရွင္ခဲ့တယ္လို႔ ေရးထားပါတယ္။

" ကြၽန္ေတာ့္နာမည္က John Anglin ပါ။ ၁၉၆၂ ခုႏွစ္တုန္းက ကြၽန္ေတာ္ရယ္၊ ကြၽန္ေတာ့္အစ္ကို Clarence နဲ႔ Frank Morris တို႔ဟာ Alcatraz ေထာင္ကေန ထြက္ေျပးခဲ့ၾကပါတယ္။ ကြၽန္ေတာ့္အသက္ ၈၃ ႏွစ္ရွိၿပီး က်န္းမာေရး မေကာင္းပါဘူး။ ကင္ဆာျဖစ္ေနပါတယ္။ ကြၽန္ေတာ္တို႔သုံးေယာက္ ေထာင္ေဖာက္ေျပးခဲ့ၾကပါတယ္။

Frank က ၂၀၀၅ ခုႏွစ္ ေအာက္တိုဘာလမွာ ဆုံးသြားပါၿပီ။ သူ႔နာမည္ကို Alexandria လို႔ ေျပာင္းလိုက္ပါတယ္။ ကြၽန္ေတာ့္အစ္ကိုကေတာ့ ၂၀၁၁ ခုႏွစ္တုန္းက ဆုံးသြားပါၿပီ။ ဒီအေၾကာင္းကို TV မွာ ေၾကညာေပးရင္ ေထာင္ကို တစ္ႏွစ္မျပည့္ခင္မွာ ေရာက္ေအာင္လာမယ္ လို႔ ကတိေပးပါတယ္။ အဲဒီအခါ ေဆးကုသဖို႔လည္း ရတာေပါ့။ ကြၽန္ေတာ္ဘယ္ေနရာမွာ ရွိေနလဲဆိုတာကို စာျပန္ေရးပါ့မယ္။ ဒါ ေနာက္ေနတာမဟုတ္ပါဘူး။ တကယ့္အမွန္တရားေတြပါပဲ"

San Francisco ရဲေတြက ဒီစာကို လြန္ခဲ့တဲ့ငါးႏွစ္ကတည္းက ရခဲ့ေပမယ့္ လူထုကို ခ်မျပခဲ့ပါဘူး။ စုံစမ္းရွာေဖြေနစဥ္မွာ Marshals နဲ႔ FBI က မေရရာမေသခ်ာတဲ့ လက္ေရးစာတစ္ေစာင္ကို ေတြ႕ခဲ့ပါတယ္။ ဒီစာက Anglin အမွန္တကယ္ေရးခဲ့တာဆိုရင္ Anglin က အာဏာပိုင္ေတြ ရွာမေတြ႕ေသးဘဲနဲ႔ ေတာင္ကယ္လီဖိုးနီးယားျပည္နယ္၊ ေျမာက္ဒါကိုတာ၊ Seattle မွာ ေနထိုင္ေနဆဲျဖစ္မွာပါ။

Zombie (Lovemedia)

Source and photo - trendings