သေဆုံးမှု အမြင့်မားဆုံး ရောဂါတွေထဲမှာ လေဖြတ်ခြင်းက တတိယနေရာမှာ ရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောပါတယ်။ လေဖြတ်တော့မယ်ဆိုရင် ခန္ဓါကိုယ်မှာ လက္ခဏာတွေ ပြလာတတ်ပါတယ်။

ဦးနှောက်သွေးကြောပေါက်လို့ လေဖြတ်ခြင်းနဲ့ ဦးနှောက်သွေးကြောအတွင်း သွေးခဲလို့ လေဖြတ်ခြင်းဆိုပြီး ဆရာဝန်တွေက လေဖြတ်ရောဂါကို နှစ်မျိုးခွဲပြပါတယ်။

© depositphotos

ဦးနှောက်သွေးကြောအတွင်း သွေးခဲလို့ လေဖြတ်ခြင်းဟာ ရောဂါလက္ခဏာ ထင်ထင်ရှားရှားမပြလို့ လွယ်လွယ်နဲ့ သတိမထားမိကြပါဘူး။ ကိန်းဂဏန်းတွေအရ လေဖြတ်သူ ၈၀% ဟာ ဦးနှောက်သွေးကြောအတွင်း သွေးခဲလို့လေဖြတ်တာ ဖြစ်ပါတယ်။

© depositphotos

ဦးနှောက်သွေးကြောအတွင်း သွေးခဲလို့ လေဖြတ်တဲ့လူနာ ၃၇%ဟာ သေဆုံးပြီး ၃၁%က အရေးပေါ်ကုသမှုကို ချက်ချင်းလိုအပ်ပါတယ်။၂၀%ကတော့ အကူအညီမပါဘဲ လမ်းမလျှောက်နိုင်ကြတော့ပါဘူး။

ဦးနှောက်သွေးကြောအတွင်း သွေးခဲလို့ လေဖြတ်ခြင်းဟာ သွေးအလွန်တိုးပြီး ခေါင်းကိုက်လာပါတယ်။ လေဖြတ်နေစဉ်မှာ လက်တစ်ဖက်နဲ့ခြေတစ်ဖက်က လှုပ်မရတော့ပါဘူး။ နားလည်း မကြားနိုင်တော့သလို စကားလည်း မပြောနိုင်တော့ပါဘူး။

© depositphotos

တချို့တွေမှာတော့ စိတ်အာရုံချောက်ချားပြီး ထင်ယောင်ထင်မှားတွေ ဖြစ်လာတတ်ပါတယ်။ တစ်ခါတရံမှာ သွေးတွေက ဘေးပတ်လည်က သွေးပြန်ကြောနဲ့ သွေးလွှတ်ကြောတွေဆီ စီးဆင်းသွားပါတယ်။ အဲဒီအခါ သွေးကြောတွေကြီးလာပြီး ခေါင်းကိုက်လာပါတယ်။ ဒါပေမယ့် အာရုံကြောအဖွဲ့အစည်းက ပြန်ကောင်းလာဖို့ အချိန်များစွာ ယူရပါတယ်။

© depositphotos

တစ်ခါတလေမှာတော့ အာရုံကြောအဖွဲ့အစည်းရဲ့ လုပ်ငန်းတွေက လုံးဝ ပျောက်သွားတတ်ပါတယ်။ မပြင်းထန်တဲ့ လေဖြတ်ခြင်းမှာ မနေ့က အဖြစ်အပျက်တွေ၊ လွန်ခဲ့တဲ့ဆယ်နှစ်က အဖြစ်အပျက်တွေ မေ့ကောင်းမေ့နိူင်ပါတယ်။ ပြင်းထန်တဲ့ လေဖြတ်ခြင်းတွေမှာတော့ မစားနိုင်၊ မလှုပ်နိုင်၊ ဘာကိုမှ မမှတ်မိနိုင်တော့ပါဘူး။

ဦးနှောက်သွေးကြောအတွင်း သွေးခဲလို့ လေဖြတ်ခြင်းရဲ့ လက္ခဏာများ

- မျက်နှာက ရုတ်တရက် ထုံလာခြင်း၊ အထူးသဖြင့် ခြေနှင့်လက်များ ထုံလာခြင်း

- စကားမပြောနိုင်ခြင်း

- အမြင်အာရုံနှင့်ပတ်သက်ပြီး အဆင်မပြေဖြစ်လာခြင်း

- လမ်းလျှောက်ရာတွင် ခက်ခဲလာခြင်း၊ မူးဝေလာခြင်း၊ ခန္ဓါကိုယ်ဟန်ချက် မညီခြင်း

- ရုတ်တရက် အပြင်းအထန် ခေါင်းကိုက်လာခြင်း

© depositphotos

လေဖြတ်ခြင်း နှစ်မျိုးမှာလည်း ရောဂါလက္ခဏာတွေက ကွဲပြားနိုင်ပါတယ်။ လေဖြတ်ခြင်းကို ကုသမှုလွဲမှားရင် လူနာက သေနိုင်ပါတယ်။ အဲဒါကြောင့် လေဖြတ်တော့မယ့် လက္ခဏာတွေ ပြလာရင် ဆရာဝန်နဲ့ အမြန်ပြဖို့ အလွန့်အလွန် အရေးကြီးပါတယ်။

Zombie (LoveMedia)

For Zawgyi

ေလျဖတ္ေတာ့မယ္ဆိုရင္ ခႏၶာကိုယ္မွာ ျပလာတတ္တဲ့ လကၡဏာမ်ား

ေသဆုံးမႈ အျမင့္မားဆုံး ေရာဂါေတြထဲမွာ ေလျဖတ္ျခင္းက တတိယေနရာမွာ ရွိေၾကာင္း ကမာၻ႔က်န္းမာေရး အဖြဲ႕ႀကီးက ေျပာပါတယ္။ ေလျဖတ္ေတာ့မယ္ဆိုရင္ ခႏၶါကိုယ္မွာ လကၡဏာေတြ ျပလာတတ္ပါတယ္။

ဦးေႏွာက္ေသြးေၾကာေပါက္လို႔ ေလျဖတ္ျခင္းနဲ႔ ဦးေႏွာက္ေသြးေၾကာအတြင္း ေသြးခဲလို႔ ေလျဖတ္ျခင္းဆိုၿပီး ဆရာဝန္ေတြက ေလျဖတ္ေရာဂါကို ႏွစ္မ်ိဳးခြဲျပပါတယ္။

ဦးေႏွာက္ေသြးေၾကာအတြင္း ေသြးခဲလို႔ ေလျဖတ္ျခင္းဟာ ေရာဂါလကၡဏာ ထင္ထင္ရွားရွားမျပလို႔ လြယ္လြယ္နဲ႔ သတိမထားမိၾကပါဘူး။ ကိန္းဂဏန္းေတြအရ ေလျဖတ္သူ ၈၀% ဟာ ဦးေႏွာက္ေသြးေၾကာအတြင္း ေသြးခဲလို႔ေလျဖတ္တာ ျဖစ္ပါတယ္။

ဦးေႏွာက္ေသြးေၾကာအတြင္း ေသြးခဲလို႔ ေလျဖတ္တဲ့လူနာ ၃၇%ဟာ ေသဆုံးၿပီး ၃၁%က အေရးေပၚကုသမႈကို ခ်က္ခ်င္းလိုအပ္ပါတယ္။၂၀%ကေတာ့ အကူအညီမပါဘဲ လမ္းမေလွ်ာက္ႏိုင္ၾကေတာ့ပါဘူး။

ဦးေႏွာက္ေသြးေၾကာအတြင္း ေသြးခဲလို႔ ေလျဖတ္ျခင္းဟာ ေသြးအလြန္တိုးၿပီး ေခါင္းကိုက္လာပါတယ္။ ေလျဖတ္ေနစဥ္မွာ လက္တစ္ဖက္နဲ႔ေျခတစ္ဖက္က လႈပ္မရေတာ့ပါဘူး။ နားလည္း မၾကားႏိုင္ေတာ့သလို စကားလည္း မေျပာႏိုင္ေတာ့ပါဘူး။

တခ်ိဳ႕ေတြမွာေတာ့ စိတ္အာ႐ုံေခ်ာက္ခ်ားၿပီး ထင္ေယာင္ထင္မွားေတြ ျဖစ္လာတတ္ပါတယ္။ တစ္ခါတရံမွာ ေသြးေတြက ေဘးပတ္လည္က ေသြးျပန္ေၾကာနဲ႔ ေသြးလႊတ္ေၾကာေတြဆီ စီးဆင္းသြားပါတယ္။ အဲဒီအခါ ေသြးေၾကာေတြႀကီးလာၿပီး ေခါင္းကိုက္လာပါတယ္။ ဒါေပမယ့္ အာ႐ုံေၾကာအဖြဲ႕အစည္းက ျပန္ေကာင္းလာဖို႔ အခ်ိန္မ်ားစြာ ယူရပါတယ္။

တစ္ခါတေလမွာေတာ့ အာ႐ုံေၾကာအဖြဲ႕အစည္းရဲ႕ လုပ္ငန္းေတြက လုံးဝ ေပ်ာက္သြားတတ္ပါတယ္။ မျပင္းထန္တဲ့ ေလျဖတ္ျခင္းမွာ မေန႔က အျဖစ္အပ်က္ေတြ၊ လြန္ခဲ့တဲ့ဆယ္ႏွစ္က အျဖစ္အပ်က္ေတြ ေမ့ေကာင္းေမ့ႏိူင္ပါတယ္။ ျပင္းထန္တဲ့ ေလျဖတ္ျခင္းေတြမွာေတာ့ မစားႏိုင္၊ မလႈပ္ႏိုင္၊ ဘာကိုမွ မမွတ္မိႏိုင္ေတာ့ပါဘူး။

ဦးေႏွာက္ေသြးေၾကာအတြင္း ေသြးခဲလို႔ ေလျဖတ္ျခင္းရဲ႕ လကၡဏာမ်ား

- မ်က္ႏွာက ႐ုတ္တရက္ ထုံလာျခင္း၊ အထူးသျဖင့္ ေျခႏွင့္လက္မ်ား ထုံလာျခင္း

- စကားမေျပာႏိုင္ျခင္း

- အျမင္အာ႐ုံႏွင့္ပတ္သက္ၿပီး အဆင္မေျပျဖစ္လာျခင္း

- လမ္းေလွ်ာက္ရာတြင္ ခက္ခဲလာျခင္း၊ မူးေဝလာျခင္း၊ ခႏၶါကိုယ္ဟန္ခ်က္ မညီျခင္း

- ႐ုတ္တရက္ အျပင္းအထန္ ေခါင္းကိုက္လာျခင္း

ေလျဖတ္ျခင္း ႏွစ္မ်ိဳးမွာလည္း ေရာဂါလကၡဏာေတြက ကြဲျပားႏိုင္ပါတယ္။ ေလျဖတ္ျခင္းကို ကုသမႈလြဲမွားရင္ လူနာက ေသႏိုင္ပါတယ္။ အဲဒါေၾကာင့္ ေလျဖတ္ေတာ့မယ့္ လကၡဏာေတြ ျပလာရင္ ဆရာဝန္နဲ႔ အျမန္ျပဖို႔ အလြန႔္အလြန္ အေရးႀကီးပါတယ္။

Zombie (LoveMedia)