အလယ်ခေတ်တုန်းက အနောက်နိုင်ငံတွေမှာ သစ်ကြံပိုးခေါက်ကို ဇိမ်ခံအစားအသောက်လို့ သတ်မှတ်ထားခဲ့ကြပါတယ်။ အာရပ်လူမျိုးတွေက သစ်ကြံပိုးခေါက်ကို ချမ်းသာတဲ့လူတွေဆီကိုသာ ရောင်းချခဲ့ကြပါတယ်။ ယနေ့ခေတ်မှာတော့ သစ်ကြံပိုးခေါက်ကို မီးဖိုချောင်တိုင်းမှာ တွေ့မြင်နိုင်ပါပြီ။ သစ်ကြံပိုးခေါက်က အစားအစာတွေကို အရသာရှိစေရုံတင် မကပါဘူး။ အသားအရေကို အပြစ်အနာအဆာကင်းစေတဲ့အပြင် ကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။

၁။ ဝက်ခြံကို နည်းပါးစေခြင်း

© Depositphotos.com© Depositphotos.com

သစ်ကြံပိုးခေါက်က ဘက်တီးရီးယားနဲ့မှိုတွေကို သတ်ပေးပါတယ်။ ဝက်ခြံခဏခဏ ပေါက်တတ်သူဆိုရင်တော့ သစ်ကြံပိုးခေါက်ကို မမေ့သင့်ပါဘူးနော်။ သစ်ကြံပိုးခေါက်မှာ အင်တီအောက်ဆီးဒင့်တွေ များများပါတာကြောင့် အသားအရေရောင်ရမ်းတာ၊ ချွေးပေါက်ပိတ်တာတွေကို နည်းသွားစေပါတယ်။

၂။ အိုမင်းလာသည့် လက္ခဏာများကို ကာကွယ်ပေးခြင်း

© Depositphotos.com© Mae Mu / Unsplash

Free radical တွေကြောင့် မျက်နှာမှာ မှဲ့ခြောက်၊ အရေးအကြောင်း၊ အသားအရေမွဲခြောက်တာတွေ ဖြစ်လာပါတယ်။ သစ်ကြံပိုးခေါက်မှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့်တွေက ဆဲလ်ပျက်စီးတာတွေကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကော်လဂျင် ထုတ်လုပ်မှုကိုလည်း သစ်ကြံပိုးခေါက်က မြှင့်တင်ပေးတာကြောင့် အသားအရေတင်းတင်းရင်းရင်းနဲ့ လှချင်သူတွေအတွက် သစ်ကြံပိုးခေါက်က တကယ့်လက်ဆောင်ပါပဲ။

၃။ အသားအရေကို နူးညံ့စေခြင်း

© American Heritage Chocolate / Unsplash© Ansley Ventura / Unsplash

သစ်ကြံပိုးခေါက်က သွေးလည်ပတ်မှုကို ကောင်းမွန်စေတာကြောင့် အရေပြားထဲကို အောက်ဆီဂျင်ပိုရောက်ပါတယ်။ သူ့မှာပါဝင်တဲ့ ဓါတ်တွေအသားအရေကိုလည်း နူးညံ့အောင် ကူညီပေးပါတယ်။

၄။ ရောင်ရမ်းနာကျင်မှုများကို သက်သာစေခြင်း

© Shutterstock.com© Shutterstock.com

ခြေတွေ၊ လက်တွေ ရောင်ရမ်းနာကျင်တာက အတော်ကို နေရထိုင်ရ ခက်စေပါတယ်။ သစ်ကြံပိုးခေါက်က ခန္ဓါကိုယ် ရောင်ရမ်းနာကျင်တာတွေကို သက်သာစေတဲ့ ဂုဏ်သတ္တိရှိကြောင်း လေ့လာမှုတွေမှာ ဖော်ပြထားပါတယ်။

၅။ နှလုံးရောဂါဖြစ်နိုင်ချေကို နည်းစေခြင်း

© Depositphotos.com© Depositphotos.com

သစ်ကြံပိုးခေါက်ကို နေ့စဥ် အစားအစာတွေထဲမှာ ထည့်သွင်းစားတဲ့အခါ နှလုံးကျန်းမာရေးကို စောင့်ရှောက်ပြီးသားဖြစ်စေပါတယ်။ အဆီများတဲ့ကြွက်ဝတုတ်တွေကို အစာကျွေးတဲ့အခါ သစ်ကြံပိုးခေါက်ပုံမှန်ထည့်ကျွေးပြီး ၁၂ ပတ်အကြာမှာတော့ ကြွက်တွေ ကိုယ်အလေးချိန်ကျသွားကြောင်း လေ့လာချက်တစ်ခုမှ ဖော်ပြထားပါတယ်။ အဆီများတဲ့ အစားအစာတွေက နှလုံးရောဂါဖြစ်စေပါတယ်။ အဲဒါကြောင့် နှလုံးရောဂါကာကွယ်ဖို့ သစ်ကြံပိုးခေါက်က အထူးသင့်တော်ပါတယ်။

၆။ ကိုယ်အလေးချိန်ကျစေခြင်း

© Shutterstock.com© Depositphotos.com

သစ်ကြံပိုးခေါက်မှာ အမျှင်ဓါတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ဗိုက်ပြည့်နေသလိုလည်း ခံစားရပြီး ဗိုက်ခဏခဏ ဆာနေတာလည်း မဖြစ်စေတော့ပါဘူး။ ဇီဝကမ္မဖြစ်စဥ်ကိုလည်း မြှင့်တင်ပေးတာကြောင့် ဝိတ်ချချင်သူတွေက သစ်ကြံခေါက်ဖျော်ရည်ကို သောက်ပေးသင့်ပါတယ်။

၇။ မှတ်ဥာဏ်တိုးတက်စေခြင်း

© Depositphotos.com© Kjartan Einarsson / Unsplash

မှတ်ဥာဏ်အားနည်းတာ၊ ခဏခဏမေ့တတ်တာတွေကို သစ်ကြံပိုးခေါက်က ပြန်လည်အားကောင်းစေပါတယ်။ မှတ်ဥာဏ်နဲ့ဆက်စပ်နေတဲ့ ဦးနှောက်ရဲ့အစိတ်အပိုင်းကို သစ်ကြံပိုးခေါက်က လှုံ့ဆော်ပေးပါတယ်။ အယ်ဇိုင်းမားရောဂါနဲ့ ပါကစ်ဆန်ရောဂါရဲ့ အချို့လက္ခဏာတွေကို သစ်ကြံပိုးခေါက်က လျော့ပါးစေမှာပါ။

Zombie (Lovemedia)

For Zawgyi

သစ္ႀကံပိုးေခါက္ကို ပုံမွန္စားေပးသင့္တဲ့ အဓိကအေၾကာင္းအရင္း (၇)ခ်က္

အလယ္ေခတ္တုန္းက အေနာက္ႏိုင္ငံေတြမွာ သစ္ႀကံပိုးေခါက္ကို ဇိမ္ခံအစားအေသာက္လို႔ သတ္မွတ္ထားခဲ့ၾကပါတယ္။ အာရပ္လူမ်ိဳးေတြက သစ္ႀကံပိုးေခါက္ကို ခ်မ္းသာတဲ့လူေတြဆီကိုသာ ေရာင္းခ်ခဲ့ၾကပါတယ္။ ယေန႔ေခတ္မွာေတာ့ သစ္ႀကံပိုးေခါက္ကို မီးဖိုေခ်ာင္တိုင္းမွာ ေတြ႕ျမင္ႏိုင္ပါၿပီ။ သစ္ႀကံပိုးေခါက္က အစားအစာေတြကို အရသာရွိေစ႐ုံတင္ မကပါဘူး။ အသားအေရကို အျပစ္အနာအဆာကင္းေစတဲ့အျပင္ က်န္းမာေရးကိုလည္း ေကာင္းေစပါတယ္။

၁။ ဝက္ၿခံကို နည္းပါးေစျခင္း

သစ္ႀကံပိုးေခါက္က ဘက္တီးရီးယားနဲ႔မႈိေတြကို သတ္ေပးပါတယ္။ ဝက္ၿခံခဏခဏ ေပါက္တတ္သူဆိုရင္ေတာ့ သစ္ႀကံပိုးေခါက္ကို မေမ့သင့္ပါဘူးေနာ္။ သစ္ႀကံပိုးေခါက္မွာ အင္တီေအာက္ဆီးဒင့္ေတြ မ်ားမ်ားပါတာေၾကာင့္ အသားအေရေရာင္ရမ္းတာ၊ ေခြၽးေပါက္ပိတ္တာေတြကို နည္းသြားေစပါတယ္။

၂။ အိုမင္းလာသည့္ လကၡဏာမ်ားကို ကာကြယ္ေပးျခင္း

Free radical ေတြေၾကာင့္ မ်က္ႏွာမွာ မွဲ႔ေျခာက္၊ အေရးအေၾကာင္း၊ အသားအေရမြဲေျခာက္တာေတြ ျဖစ္လာပါတယ္။ သစ္ႀကံပိုးေခါက္မွာ ပါဝင္တဲ့ အင္တီေအာက္ဆီးဒင့္ေတြက ဆဲလ္ပ်က္စီးတာေတြကို ကာကြယ္ေပးပါတယ္။ ဒါ့အျပင္ ေကာ္လဂ်င္ ထုတ္လုပ္မႈကိုလည္း သစ္ႀကံပိုးေခါက္က ျမႇင့္တင္ေပးတာေၾကာင့္ အသားအေရတင္းတင္းရင္းရင္းနဲ႔ လွခ်င္သူေတြအတြက္ သစ္ႀကံပိုးေခါက္က တကယ့္လက္ေဆာင္ပါပဲ။

၃။ အသားအေရကို ႏူးညံ့ေစျခင္း

သစ္ႀကံပိုးေခါက္က ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစတာေၾကာင့္ အေရျပားထဲကို ေအာက္ဆီဂ်င္ပိုေရာက္ပါတယ္။ သူ႔မွာပါဝင္တဲ့ ဓါတ္ေတြအသားအေရကိုလည္း ႏူးညံ့ေအာင္ ကူညီေပးပါတယ္။

၄။ ေရာင္ရမ္းနာက်င္မႈမ်ားကို သက္သာေစျခင္း

ေျခေတြ၊ လက္ေတြ ေရာင္ရမ္းနာက်င္တာက အေတာ္ကို ေနရထိုင္ရ ခက္ေစပါတယ္။ သစ္ႀကံပိုးေခါက္က ခႏၶါကိုယ္ ေရာင္ရမ္းနာက်င္တာေတြကို သက္သာေစတဲ့ ဂုဏ္သတၱိရွိေၾကာင္း ေလ့လာမႈေတြမွာ ေဖာ္ျပထားပါတယ္။

၅။ ႏွလုံးေရာဂါျဖစ္ႏိုင္ေခ်ကို နည္းေစျခင္း

သစ္ႀကံပိုးေခါက္ကို ေန႔စဥ္ အစားအစာေတြထဲမွာ ထည့္သြင္းစားတဲ့အခါ ႏွလုံးက်န္းမာေရးကို ေစာင့္ေရွာက္ၿပီးသားျဖစ္ေစပါတယ္။ အဆီမ်ားတဲ့ႂကြက္ဝတုတ္ေတြကို အစာေကြၽးတဲ့အခါ သစ္ႀကံပိုးေခါက္ပုံမွန္ထည့္ေကြၽးၿပီး ၁၂ ပတ္အၾကာမွာေတာ့ ႂကြက္ေတြ ကိုယ္အေလးခ်ိန္က်သြားေၾကာင္း ေလ့လာခ်က္တစ္ခုမွ ေဖာ္ျပထားပါတယ္။ အဆီမ်ားတဲ့ အစားအစာေတြက ႏွလုံးေရာဂါျဖစ္ေစပါတယ္။ အဲဒါေၾကာင့္ ႏွလုံးေရာဂါကာကြယ္ဖို႔ သစ္ႀကံပိုးေခါက္က အထူးသင့္ေတာ္ပါတယ္။

၆။ ကိုယ္အေလးခ်ိန္က်ေစျခင္း

သစ္ႀကံပိုးေခါက္မွာ အမွ်င္ဓါတ္ေတြ ပါဝင္ပါတယ္။ ဒါ့အျပင္ ဗိုက္ျပည့္ေနသလိုလည္း ခံစားရၿပီး ဗိုက္ခဏခဏ ဆာေနတာလည္း မျဖစ္ေစေတာ့ပါဘူး။ ဇီဝကမၼျဖစ္စဥ္ကိုလည္း ျမႇင့္တင္ေပးတာေၾကာင့္ ဝိတ္ခ်ခ်င္သူေတြက သစ္ႀကံေခါက္ေဖ်ာ္ရည္ကို ေသာက္ေပးသင့္ပါတယ္။

၇။ မွတ္ဥာဏ္တိုးတက္ေစျခင္း

မွတ္ဥာဏ္အားနည္းတာ၊ ခဏခဏေမ့တတ္တာေတြကို သစ္ႀကံပိုးေခါက္က ျပန္လည္အားေကာင္းေစပါတယ္။ မွတ္ဥာဏ္နဲ႔ဆက္စပ္ေနတဲ့ ဦးေႏွာက္ရဲ႕အစိတ္အပိုင္းကို သစ္ႀကံပိုးေခါက္က လႈံ႕ေဆာ္ေပးပါတယ္။ အယ္ဇိုင္းမားေရာဂါနဲ႔ ပါကစ္ဆန္ေရာဂါရဲ႕ အခ်ိဳ႕လကၡဏာေတြကို သစ္ႀကံပိုးေခါက္က ေလ်ာ့ပါးေစမွာပါ။

Zombie (Lovemedia)