ပျမ်းမျှအားဖြင့် လူတစ်ယောက်ဟာ အဝတ်လျှော်တဲ့အချိန် တစ်ပတ်ကို ၄ နာရီ ရှိပါတယ်။ အဝတ်လျှော်စက်တွေ ပေါ်လာတဲ့အခါ လူတွေအတွက် အလုပ်ရှုပ်သက်သာ သွားစေပါတယ်။ အချိန်ကုန်လည်း သက်သာစေပါတယ်။ အဝတ်လျှော်စက်ထဲကို အဝတ်တွေ မထည့်ခင် wetတစ်ရှုးကို အရင်ထည့်လိုက်တဲ့အခါ ဘယ်လိုတွေ အကျိုးကျေးဇူးရလာမလဲ ဆိုတာ ဖော်ပြပေးပါမယ်နော်။

၁။ အဝတ်မှာ ချည်အစအနတွေ မကပ်စေတော့ပါဘူး။

wetတစ်ရှုးက အဝတ်အစားတွေမှာ ကပ်နေတဲ့ ချည်အစအနတွေ၊ ဆံပင်တွေကို ဖယ်ရှားပေးပါတယ်။ အဝတ်အစားတွေမှာ ရှိနေတတ်တဲ့ အမျှင်၊ အမှုန်တွေက wetတစ်ရှုးမှာ သွားကပ်သွားတာကြောင့် အဝတ်အစားတွေ ပိုပြီးပြောင်သွားတယ်လို့ ထင်ရစေပါတယ်။

၂။ အဝတ်လျှော်စက်ထဲကို wetတစ်ရှုး ၃ ထည်ထက် ပိုမထည့်ရပါဘူးနော်။ အဝတ်လျှော်စက်ထဲက drum က စလည်လာတဲ့အခါ wetတစ်ရှုးက အဝတ်အစားတွေနဲ့ ရောသွားပြီး ချည်စတွေ၊ အမျှင်တွေကို စုပ်ယူလိုက်ပါတယ်။ အဝတ်လျှော်တိုင်းတော့ wetတစ်ရှုး အသစ်ကို အသုံးပြုသင့်ပါတယ်နော်။ 

၃။ wetတစ်ရှုးက အဝတ်လျှော်စက်ထဲကို ထည့်လိုက်ရင် မစုတ်ပြဲသွားလောက်တဲ့အထိ ခိုင်ခန့်ဖို့တော့ လိုအပ်ပါတယ်။

၄။ စက္ကူနဲ့ တဘက်စက ချည်အစအနတွေ၊ ဆံပင်ချည်တွေကို မစုပ်ယူပေးနိုင်ပါဘူး။ စက္ကူစကို ရေစွတ်ပြီးထည့်လိုက်တဲ့အခါ အဝတ်လျှော်စက်ထဲမှာ တစ်စစီဖြစ်သွားပြီး အဝတ်တွေကိုလည်း ညစ်ပတ်သွားစေမှာပါ။

၅။ wetတစ်ရှုးရဲ့ အနံ့တွေကို အဝတ်အစားတွေမှာ မကပ်စေချင်ရင် ပိုးမွှားသေစေတဲ့၊ အမွှေးရနံ့အရည်ကို ထည့်လို့ရပါတယ်။

Zombie (Lovemedia)

For Zawgyi

အဝတ္ေလွ်ာ္စက္ထဲ wetတစ္ရႈး ထည့္ေလွ်ာ္ျခင္းရဲ႕ အက်ိဳးေက်းဇူးမ်ား

ပ်မ္းမွ်အားျဖင့္ လူတစ္ေယာက္ဟာ အဝတ္ေလွ်ာ္တဲ့အခ်ိန္ တစ္ပတ္ကို ၄ နာရီ ရွိပါတယ္။ အဝတ္ေလွ်ာ္စက္ေတြ ေပၚလာတဲ့အခါ လူေတြအတြက္ အလုပ္ရႈပ္သက္သာ သြားေစပါတယ္။ အခ်ိန္ကုန္လည္း သက္သာေစပါတယ္။ အဝတ္ေလွ်ာ္စက္ထဲကို အဝတ္ေတြ မထည့္ခင္ wetတစ္ရႈးကို အရင္ထည့္လိုက္တဲ့အခါ ဘယ္လိုေတြ အက်ိဳးေက်းဇူးရလာမလဲ ဆိုတာ ေဖာ္ျပေပးပါမယ္ေနာ္။

၁။ အဝတ္မွာ ခ်ည္အစအနေတြ မကပ္ေစေတာ့ပါဘူး။

wetတစ္ရႈးက အဝတ္အစားေတြမွာ ကပ္ေနတဲ့ ခ်ည္အစအနေတြ၊ ဆံပင္ေတြကို ဖယ္ရွားေပးပါတယ္။ အဝတ္အစားေတြမွာ ရွိေနတတ္တဲ့ အမွ်င္၊ အမႈန္ေတြက wetတစ္ရႈးမွာ သြားကပ္သြားတာေၾကာင့္ အဝတ္အစားေတြ ပိုၿပီးေျပာင္သြားတယ္လို႔ ထင္ရေစပါတယ္။

၂။ အဝတ္ေလွ်ာ္စက္ထဲကို wetတစ္ရႈး ၃ ထည္ထက္ ပိုမထည့္ရပါဘူးေနာ္။ အဝတ္ေလွ်ာ္စက္ထဲက drum က စလည္လာတဲ့အခါ wetတစ္ရႈးက အဝတ္အစားေတြနဲ႔ ေရာသြားၿပီး ခ်ည္စေတြ၊ အမွ်င္ေတြကို စုပ္ယူလိုက္ပါတယ္။ အဝတ္ေလွ်ာ္တိုင္းေတာ့ wetတစ္ရႈး အသစ္ကို အသုံးျပဳသင့္ပါတယ္ေနာ္။ 

၃။ wetတစ္ရႈးက အဝတ္ေလွ်ာ္စက္ထဲကို ထည့္လိုက္ရင္ မစုတ္ၿပဲသြားေလာက္တဲ့အထိ ခိုင္ခန႔္ဖို႔ေတာ့ လိုအပ္ပါတယ္။

၄။ စကၠဴနဲ႔ တဘက္စက ခ်ည္အစအနေတြ၊ ဆံပင္ခ်ည္ေတြကို မစုပ္ယူေပးႏိုင္ပါဘူး။ စကၠဴစကို ေရစြတ္ၿပီးထည့္လိုက္တဲ့အခါ အဝတ္ေလွ်ာ္စက္ထဲမွာ တစ္စစီျဖစ္သြားၿပီး အဝတ္ေတြကိုလည္း ညစ္ပတ္သြားေစမွာပါ။

၅။ wetတစ္ရႈးရဲ႕ အနံ႔ေတြကို အဝတ္အစားေတြမွာ မကပ္ေစခ်င္ရင္ ပိုးမႊားေသေစတဲ့၊ အေမႊးရနံ႔အရည္ကို ထည့္လို႔ရပါတယ္။

Zombie (Lovemedia)