မင်္ဂလာဆောင်ပြီဆိုရင် သတို့သားနဲ့ သတို့သမီးကို မိသားစုဆွေမျိုး မိတ်ဆွေသူငယ်ချင်းတွေက လက်ဖွဲ့တွေ ပေးကြလေ့ ရှိပါတယ်။ ဂျပန်ဒေသတွင်း အစိုးရကတော့ ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ မင်္ဂလာဆောင်မယ့် စုံတွေတစ်တွဲစီကို ဂျပန်ယန်း ၆၀၀,၀၀၀ (ဒေါ်လာ ၅၇၀၀) ခန့် လက်ဖွဲ့ငွေပေးမှာပါ။

ဒေသတွင်းအစိုးရက လက်ဖွဲ့တဲ့ငွေကနေ ကြင်စဦးမောင်နှံတွေက တိုက်ခန်းငှားတာ၊ အိမ်ငှားတာ၊ အိမ်ထောင်ပစ္စည်းဝယ်တာတွေ ပြုလုပ်လို့ရပါတယ်။ ဒီလိုလက်ဖွဲ့ပေးရတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံရဲ့ကလေးမွေးဖွားနှုန်း နည်းပါးနေမှုကို တိုးတက်လာစေဖို့ပါ။

မနှစ်က ဂျပန်နိုင်ငံမှာ ကလေးပေါင်း ၈၆၅,၀၀၀ ဦးကိုသာ မွေးဖွားနိုင်ခဲ့ပါတယ်။ ဇူလိုင်ကနေစပြီးတော့ ဂျပန်နိုင်ငံရဲ့ဒေသတွင်း ၁၅ ရာခိုင်နှုန်းမှာ ဒီအစီအစဉ်ကို လုပ်ဆောင်နေပါတယ်။ ၂၀၂၁ ဘဏ္ဍာရေးနှစ်ကနေစပြီးတော့ လက်ဖွဲ့ကုန်ကျငွေ သုံးပုံနှစ်ပုံကို ဗဟိုအစိုးရက စတင်တာဝန်ယူတော့မှာပါ။

Image Screenshot via TBS News

အစိုးရကပေးတဲ့ လက်ဖွဲ့ငွေရဖို့အတွက် သတို့သား၊ သတို့သမီး ၂ ယောက်လုံးဟာ လက်ထပ်စာချုပ်ပေါ်မှာ အသက် ၄၀ အောက်ဖြစ်ရပါမယ်။ အသက် ၃၅ နှစ်အောက်တွေကို ပိုပြီးဦးစားပေးတယ်လို့ Kyodo News သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ယခုလောလောဆယ်မှာတော့ ၂ ယောက်ပေါင်းဝင်ငွေ ယန်း ၄.၈သန်း (၄၅၇၀၀ဒေါ်လာ) ထက်နည်းတဲ့ အသက် ၃၅ နှစ်အောက် လက်ထပ်ပြီးစ စုံတွဲတွေကို ယန်း ၃၀၀,၀၀၀ လက်ဖွဲ့မှာပါ။ နောက်နှစ် ဧပြီလမှာတော့ နှစ်ယောက်ပေါင်းဝင်ငွေယန်း ၅.၄ သန်း (၅၁၄၀၀ဒေါ်လာ) ထက်နည်းတဲ့ အသက် ၄၀ နှစ်အောက် လက်ထပ်ပြီးစ စုံတွဲတွေကို ယန်း ၆၀၀,၀၀၀ လက်ဖွဲ့မှာပါ။

" ဒီအစီအစဉ်ကိုတော့ ဒေသတွင်းအစိုးရနဲ့ အမျိုးသားအစိုးရတို့က တစ်ယောက်တစ်ဝက်စီ ထောက်ပံ့ပေးတာပါ။ ဒီလို အစီအစဉ်မျိုးကို မတတ်နိုင်တဲ့ အခြားဒေသတွင်းအစိုးရတွေ အများကြီး ရှိပါတယ် " လို့ နိုင်ငံရေးဆန်းစစ်သူလည်းဖြစ်၊ Ryutsu Keizai တက္ကသိုလ်က ပါမောက္ခလည်းဖြစ်တဲ့ Takashi Ryuzaki က ပြောပါတယ်။

ဒီလိုပြောင်းလဲမှုမျိုးကို လူအများက စိတ်လှုပ်ရှားမှုတွေနဲ့ ကြိုဆိုနေကြပါတယ်။

" ယန်း ၆၀၀,၀၀၀ ရတော့မှာဖြစ်လို့ အလွန့်ကို ကျေးဇူးတင်ပါတယ်။ ဒီလက်ဖွဲ့ငွေက နေထိုင်စရိတ်အတွက် အကူအညီဖြစ်လာမှာပါ" လို့ လက်မထပ်ရသေးတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

Zombie (Lovemedia)

For Zawgyi

လက္ထပ္မယ့္စုံတြဲေတြကို လက္ဖြဲ႕ေငြ ေဒၚလာ ၆၀၀၀ နီးပါးေပးမယ့္ ဂ်ပန္ႏိုင္ငံ

မဂၤလာေဆာင္ၿပီဆိုရင္ သတို႔သားနဲ႔ သတို႔သမီးကို မိသားစုေဆြမ်ိဳး မိတ္ေဆြသူငယ္ခ်င္းေတြက လက္ဖြဲ႕ေတြ ေပးၾကေလ့ ရွိပါတယ္။ ဂ်ပန္ေဒသတြင္း အစိုးရကေတာ့ ၂၀၂၁ ခုႏွစ္၊ ဧၿပီလမွာ မဂၤလာေဆာင္မယ့္ စုံေတြတစ္တြဲစီကို ဂ်ပန္ယန္း ၆၀၀,၀၀၀ (ေဒၚလာ ၅၇၀၀) ခန္႔ လက္ဖြဲ႕ေငြေပးမွာပါ။

ေဒသတြင္းအစိုးရက လက္ဖြဲ႕တဲ့ေငြကေန ၾကင္စဦးေမာင္ႏွံေတြက တိုက္ခန္းငွားတာ၊ အိမ္ငွားတာ၊ အိမ္ေထာင္ပစၥည္းဝယ္တာေတြ ျပဳလုပ္လို႔ရပါတယ္။ ဒီလိုလက္ဖြဲ႕ေပးရတဲ့ ရည္႐ြယ္ခ်က္ကေတာ့ ႏိုင္ငံရဲ႕ကေလးေမြးဖြားႏႈန္း နည္းပါးေနမႈကို တိုးတက္လာေစဖို႔ပါ။

မႏွစ္က ဂ်ပန္ႏိုင္ငံမွာ ကေလးေပါင္း ၈၆၅,၀၀၀ ဦးကိုသာ ေမြးဖြားႏိုင္ခဲ့ပါတယ္။ ဇူလိုင္ကေနစၿပီးေတာ့ ဂ်ပန္ႏိုင္ငံရဲ႕ေဒသတြင္း ၁၅ ရာခိုင္ႏႈန္းမွာ ဒီအစီအစဥ္ကို လုပ္ေဆာင္ေနပါတယ္။ ၂၀၂၁ ဘ႑ာေရးႏွစ္ကေနစၿပီးေတာ့ လက္ဖြဲ႕ကုန္က်ေငြ သုံးပုံႏွစ္ပုံကို ဗဟိုအစိုးရက စတင္တာဝန္ယူေတာ့မွာပါ။

အစိုးရကေပးတဲ့ လက္ဖြဲ႕ေငြရဖို႔အတြက္ သတို႔သား၊ သတို႔သမီး ၂ ေယာက္လုံးဟာ လက္ထပ္စာခ်ဳပ္ေပၚမွာ အသက္ ၄၀ ေအာက္ျဖစ္ရပါမယ္။ အသက္ ၃၅ ႏွစ္ေအာက္ေတြကို ပိုၿပီးဦးစားေပးတယ္လို႔ Kyodo News သတင္းဌာနမွာ ေဖာ္ျပထားပါတယ္။

ယခုေလာေလာဆယ္မွာေတာ့ ၂ ေယာက္ေပါင္းဝင္ေငြ ယန္း ၄.၈သန္း (၄၅၇၀၀ေဒၚလာ) ထက္နည္းတဲ့ အသက္ ၃၅ ႏွစ္ေအာက္ လက္ထပ္ၿပီးစ စုံတြဲေတြကို ယန္း ၃၀၀,၀၀၀ လက္ဖြဲ႕မွာပါ။ ေနာက္ႏွစ္ ဧၿပီလမွာေတာ့ ႏွစ္ေယာက္ေပါင္းဝင္ေငြယန္း ၅.၄ သန္း (၅၁၄၀၀ေဒၚလာ) ထက္နည္းတဲ့ အသက္ ၄၀ ႏွစ္ေအာက္ လက္ထပ္ၿပီးစ စုံတြဲေတြကို ယန္း ၆၀၀,၀၀၀ လက္ဖြဲ႕မွာပါ။

" ဒီအစီအစဥ္ကိုေတာ့ ေဒသတြင္းအစိုးရနဲ႔ အမ်ိဳးသားအစိုးရတို႔က တစ္ေယာက္တစ္ဝက္စီ ေထာက္ပံ့ေပးတာပါ။ ဒီလို အစီအစဥ္မ်ိဳးကို မတတ္ႏိုင္တဲ့ အျခားေဒသတြင္းအစိုးရေတြ အမ်ားႀကီး ရွိပါတယ္ " လို႔ ႏိုင္ငံေရးဆန္းစစ္သူလည္းျဖစ္၊ Ryutsu Keizai တကၠသိုလ္က ပါေမာကၡလည္းျဖစ္တဲ့ Takashi Ryuzaki က ေျပာပါတယ္။

ဒီလိုေျပာင္းလဲမႈမ်ိဳးကို လူအမ်ားက စိတ္လႈပ္ရွားမႈေတြနဲ႔ ႀကိဳဆိုေနၾကပါတယ္။

" ယန္း ၆၀၀,၀၀၀ ရေတာ့မွာျဖစ္လို႔ အလြန္႔ကို ေက်းဇူးတင္ပါတယ္။ ဒီလက္ဖြဲ႕ေငြက ေနထိုင္စရိတ္အတြက္ အကူအညီျဖစ္လာမွာပါ" လို႔ လက္မထပ္ရေသးတဲ့ အမ်ိဳးသမီးတစ္ဦးက ေျပာပါတယ္။

Zombie (Lovemedia)