ကိုဗစ် အကြောင်းပြုပြီး ဖောင်းထုတယ် မထင်ပါနဲ့ဗျာ။

ဦးဇော်ဇော်ရဲ့ လျောက်တဲ့ လမ်းခရီးတွေကို လေးစားခဲ့သူ တယောက်ပါ။ ခင်ဗျားကြီး မြန်မာပြည်ကို ခုလောက်ချစ်လိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ဦးဇော်ဇော် ဖြတ်ကျော်ခဲ့ရတဲ့ ဘဝတွေ၊ ခင်ဗျားပြောပြခဲ့လို့ နားထောင်ပြီး ရင်နာမိသူပါ။

ခင်ဗျာ ငွေတွေက ပြည်သူ မျက်ရည်တွေ မပါဘူး။ ခင်ဗျားရှာခဲ့တဲ့ ငွေတွေဟာ ခင်ဗျားကြိုးစားမှု့နဲ့ ဖြူဖြူစင်စင် ရထားတာဗျ။ ခင်ဗျား မနှမြောဘူးလေ။ ခင်ဗျားငွေတွေက အာဏာပြပြီး မ, ထားတဲ့ငွေတွေ မဟုတ်ဘူး။

ဘတ်ဂျက်သုံးပြီး ဝုန်းထားတဲ့ငွေ မပါဘူး။ သစ်ခိုးထုတ်ပြီး ရုတ်ထားတဲ့ ငွေမဟုတ်ဘူး။ ဂတ်(စ်) တွေရောင်းပြီး  တောင်းထားတဲ့ ငွေမဟုတ်ဘူး။ နိူင်ငံတကာက ချေးပြီး  တီးထားတဲ့ငွေ မဟုတ်ဘူး။ ပြည်သူပိုင်တွေ စာချုပ်ချုပ်ပြီး ယုတ်ထားတဲ့ငွေလဲ မဟုတ်ပြန်ဘူး။ ခင်ဗျား နှမြောသင့်တာပေါ့။

ကြည့်စမ်း မြန်မာပြည်မှာ ကိုဗစ် အသဲအသန် ဖြစ်တယ်။ ခင်ဗျားရဲ့ လှူပုံတန်းပုံ ပေးဆပ်ပုံက ကျုပ်တို့ မလေးစားပဲ မနေနိူင်ဘူးဗျ။ ခင်ဗျားလောက် မကြိုးစားပဲ ပတ်သက်ရာ ပတ်သက်ကြောင်းနဲ့ ပြည်သူ့ငွေတွေကို အချိုအချောင် ရထားတဲ့ ခင်ဗျားထက် ချမ်းသာတဲ့သူတွေ ထုနဲ့ဒေးပဲဗျ။ သူတို့ အစား ကျုပ်စောက်ရမ်း ရှက်မိတယ်ဗျာ တကယ်ပါ။

ရှင်းရှင်းပြောရရင် အာဏာနဲ့ မတရားယူထားတဲ့ ငွေတွေဗျာ။ ရိုးရိုးပြောရရင် ခိုးထားတဲ့ ပြည့်သူငွေတွေနဲ့ ချမ်းသာနေတဲ့ သူတွေပေါ့ဗျာ။  တော်တော် စေတနာမွဲတာပဲဗျ။ မယုံမရှိနဲ့နော်.. သူတို့ တွေပြောလိုက်ရင် သူတို့လောက် နိူင်ငံကို ချစ်တာ လူမျိုးကို ချစ်တာ နှစ်ယောက်မရှိဘူးဗျ။

တကယ်တမ်းကျ ခိုးလို့ကောင်းအောင် လုပ်ချင်တိုင်း လုပ်လုပ်ရအောင်း လူပိန်းအကြိုက် နိုင်ငံကို ချစ်တာ အမြင်သာကြီးပါဗျာ။ ခင်ဗျားလောက် နိူင်ငံကို ချစ်တာ နှစ်ယောက်မရှိဘူး ထင်တယ်။ ကျုပ်တို့ အရမ်းလေးစားတယ်ဗျာ  တကယ်ပါ။

ကျုပ်က ဘာကောင်မှ မဟုတ်ပါဘူး။ နိူင်ငံအပေါ် တကယ်စေတနာ ထားတတ်တဲ့ သူတွေကိုတော့ ဝေခွဲတတ်တဲ့  အကောင်ဗျ။ ဦးဇော်ဇော်  ခင်ဗျားရဲ့ လုပ်ငန်းမှန်သမျှ အဆင်ပြေချောမွေ့ပါစေ  ဒါထက်မက တိုးတက်ပါစေလို့ ဆုမွန်ကောင်း  တောင်းပေးပါတယ်ဗျာ။

ဒါထက်မကလဲ လှူနိူင်တန်းနိူင် နိူင်ငံကို  ချစ်နိူင်ပါစေဗျာ...

လေးစားစွာဖြင့်

လောကနတ်

For Zawgyi

ေလးစားပါတယ္ ဦးေဇာ္ေဇာ္

ကိုဗစ္ အေၾကာင္းျပဳၿပီး ေဖာင္းထုတယ္ မထင္ပါနဲ႔ဗ်ာ။

ဦးေဇာ္ေဇာ္ရဲ႕ ေလ်ာက္တဲ့ လမ္းခရီးေတြကို ေလးစားခဲ့သူ တေယာက္ပါ။ ခင္ဗ်ားႀကီး ျမန္မာျပည္ကို ခုေလာက္ခ်စ္လိမ့္မယ္လို႔ မထင္ခဲ့မိဘူး။ ဦးေဇာ္ေဇာ္ ျဖတ္ေက်ာ္ခဲ့ရတဲ့ ဘဝေတြ၊ ခင္ဗ်ားေျပာျပခဲ့လို႔ နားေထာင္ၿပီး ရင္နာမိသူပါ။

ခင္ဗ်ာ ေငြေတြက ျပည္သူ မ်က္ရည္ေတြ မပါဘူး။ ခင္ဗ်ားရွာခဲ့တဲ့ ေငြေတြဟာ ခင္ဗ်ားႀကိဳးစားမႈ႕နဲ႔ ျဖဴျဖဴစင္စင္ ရထားတာဗ်။ ခင္ဗ်ား မႏွေျမာဘူးေလ။ ခင္ဗ်ားေငြေတြက အာဏာျပၿပီး မ, ထားတဲ့ေငြေတြ မဟုတ္ဘူး။

ဘတ္ဂ်က္သုံးၿပီး ဝုန္းထားတဲ့ေငြ မပါဘူး။ သစ္ခိုးထုတ္ၿပီး ႐ုတ္ထားတဲ့ ေငြမဟုတ္ဘူး။ ဂတ္(စ္) ေတြေရာင္းၿပီး  ေတာင္းထားတဲ့ ေငြမဟုတ္ဘူး။ ႏိူင္ငံတကာက ေခ်းၿပီး  တီးထားတဲ့ေငြ မဟုတ္ဘူး။ ျပည္သူပိုင္ေတြ စာခ်ဳပ္ခ်ဳပ္ၿပီး ယုတ္ထားတဲ့ေငြလဲ မဟုတ္ျပန္ဘူး။ ခင္ဗ်ား ႏွေျမာသင့္တာေပါ့။

ၾကည့္စမ္း ျမန္မာျပည္မွာ ကိုဗစ္ အသဲအသန္ ျဖစ္တယ္။ ခင္ဗ်ားရဲ႕ လႉပုံတန္းပုံ ေပးဆပ္ပုံက က်ဳပ္တို႔ မေလးစားပဲ မေနႏိူင္ဘူးဗ်။ ခင္ဗ်ားေလာက္ မႀကိဳးစားပဲ ပတ္သက္ရာ ပတ္သက္ေၾကာင္းနဲ႔ ျပည္သူ႔ေငြေတြကို အခ်ိဳအေခ်ာင္ ရထားတဲ့ ခင္ဗ်ားထက္ ခ်မ္းသာတဲ့သူေတြ ထုနဲ႔ေဒးပဲဗ်။ သူတို႔ အစား က်ဳပ္ေစာက္ရမ္း ရွက္မိတယ္ဗ်ာ တကယ္ပါ။

ရွင္းရွင္းေျပာရရင္ အာဏာနဲ႔ မတရားယူထားတဲ့ ေငြေတြဗ်ာ။ ႐ိုး႐ိုးေျပာရရင္ ခိုးထားတဲ့ ျပည့္သူေငြေတြနဲ႔ ခ်မ္းသာေနတဲ့ သူေတြေပါ့ဗ်ာ။  ေတာ္ေတာ္ ေစတနာမြဲတာပဲဗ်။ မယုံမရွိနဲ႔ေနာ္.. သူတို႔ ေတြေျပာလိုက္ရင္ သူတို႔ေလာက္ ႏိူင္ငံကို ခ်စ္တာ လူမ်ိဳးကို ခ်စ္တာ ႏွစ္ေယာက္မရွိဘူးဗ်။

တကယ္တမ္းက် ခိုးလို႔ေကာင္းေအာင္ လုပ္ခ်င္တိုင္း လုပ္လုပ္ရေအာင္း လူပိန္းအႀကိဳက္ ႏိုင္ငံကို ခ်စ္တာ အျမင္သာႀကီးပါဗ်ာ။ ခင္ဗ်ားေလာက္ ႏိူင္ငံကို ခ်စ္တာ ႏွစ္ေယာက္မရွိဘူး ထင္တယ္။ က်ဳပ္တို႔ အရမ္းေလးစားတယ္ဗ်ာ  တကယ္ပါ။

က်ဳပ္က ဘာေကာင္မွ မဟုတ္ပါဘူး။ ႏိူင္ငံအေပၚ တကယ္ေစတနာ ထားတတ္တဲ့ သူေတြကိုေတာ့ ေဝခြဲတတ္တဲ့  အေကာင္ဗ်။ ဦးေဇာ္ေဇာ္  ခင္ဗ်ားရဲ႕ လုပ္ငန္းမွန္သမွ် အဆင္ေျပေခ်ာေမြ႕ပါေစ  ဒါထက္မက တိုးတက္ပါေစလို႔ ဆုမြန္ေကာင္း  ေတာင္းေပးပါတယ္ဗ်ာ။

ဒါထက္မကလဲ လႉႏိူင္တန္းႏိူင္ ႏိူင္ငံကို  ခ်စ္ႏိူင္ပါေစဗ်ာ...

ေလးစားစြာျဖင့္

ေလာကနတ္