တိဘက် လူမျိုးတွေက နှုတ်ဆက်တဲ့အခါ လျှာထုတ်ပြ ပါတယ်။ တခြားနိုင်ငံတွေ မှာတော့ ရောဂါကိုသိနိုင်ဖို့ ဆရာဝန်ကို လျှာထုတ်ပြရ ပါတယ်။ သင့်ကျန်းမာရေး အခြေအနေကို သိနိုင်ဖို့ အတွက် ပထမဆုံး အနေနဲ့ မှန်ရှေ့မှာ လျှာထုတ်ပြီး ကြည့်ပါ။ ပြီးရင်တော့ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေနဲ့ တိုက်ဆိုင် စစ်ဆေးကြည့်ပါ။
၁။ လျှာနဲ့ အခြားကိုယ်တွင်းအင်္ဂါများ
![]() |
© Depositphotos.com, © Depositphotos.com |
လျှာက ခန္ဓာကိုယ်ရဲ့ မြေပုံလိုပါပဲ။ လျှာပေါ်ကနေပြီး အခြားကိုယ်တွင်းအင်္ဂါတွေရဲ့ တည်နေရာကို သိနိုင်ပါတယ်။
- လျှာအရှေ့ပိုင်းကနေ နှလုံးကျန်းမာရေးကို ဖော်ပြပါတယ်။
- လျှာရဲ့ဘေးနှစ်ဖက်ကနေ ကျောက်ကပ်ကျန်းမာရေးကို သိနိုင်ပါတယ်။
- လျှာရဲ့အလယ်ကနေ အစာအိမ်နဲ့ပန်ကရိယရဲ့ အမှတ်နေရာပါ။
- လျှာရဲ့အစွန်းတွေက အသည်းနဲ့သရက်ရွက်ရဲ့ ကျန်းမာရေးတွေကို ဖော်ပြပါတယ်။
- လျှာအောက်ပိုင်းက အူကျန်းမာရေးတွေကို ရည်ညွှန်းပါတယ်။
- လျှာအောက်ပိုင်းရဲ့ဘေးက ကျောက်ကပ်ကျန်းမာရေးကို ရည်ညွှန်းပါတယ်။
၂။ လျှာပုံစံ
![]() |
© Shutterstock.com |
လျှာရဲ့အရောင်က ခန္ဓါကိုယ်ကျန်းမာရေး ပြဿနာတွေကို ပြောပြပေးပါတယ်။
- ပါးနေတဲ့လျှာက ရေဓါတ်ခန်းခြောက်မှုကို ဖော်ပြပါတယ်။
- ရောင်နေတဲ့လျှာက သိုင်းရွိုက်ပြဿနာ သို့မဟုတ် ကူးစက်ရောဂါကို ဖော်ပြပါတယ်။
- ထူနေတဲ့ လျှာက ဗီတာမင် B ချို့တဲ့မှုကို ဖော်ပြနေတာပါ။
၃။ လျှာပေါ်မှာ ရှိတဲ့ ချိုင့်များ
![]() |
© Shutterstock.com |
လျှာပေါ်က ချိုင့်ခွက်တွေက မျဉ်းဖြောင့်လို ဖြောင့်တန်းနေရင် ကျောရိုးမကြီး ကျန်းမာရေး ကောင်းပါတယ်။ လျှာနောက်ပိုင်းက ချိုင့်ခွက်တွေက မျဉ်းကွေးလို ဖြစ်သွားရင် ခါးဆစ်ကျောရိုးတွေမှာ ပြဿနာရှိနိုင် ပါတယ်။
![]() |
© Shutterstock.com |
- လျှာပေါ်က ချိုင့်ခွက်တွေက အလယ်မှာကွေးနေတယ်ဆိုရင် ရင်ဘတ်တစ်ဝိုက်မှာ ပြဿနာရှိတာကို ဖော်ပြတာပါ။
![]() |
© Shutterstock.com |
- လျှာပေါ်က ချိုင့်ခွက်တွေက လျှာထိပ်ပိုင်း နားမှာ ကွေးသွားတယ် ဆိုရင် သားအိမ်ခေါင်း တဝိုက်မှာ ပြဿနာ ရှိတာကို ညွှန်ပြတာပါ။
၄။ လျှာရဲ့သွင်ပြင်
![]() |
© Shutterstock.com |
ဒီပုံကတော့ ရောင်ရမ်းနေတဲ့လျှာပုံစံ ဖြစ်ပါတယ်။ ဟော်မုန်းအပြောင်းဖြစ်ခြင်းနဲ့ ဗီတာမင် B2 ချိုတဲ့ခြင်းကို ဖော်ပြပါတယ်။ တစ်ခါတရံမှာတော့ လျှာရောင်ရမ်းတဲ့အခါ စပ်ပြီး နာကျင်တတ်ပါတယ်။
၅။ လျှာတုန်ခြင်း
![]() |
© Shutterstock.com |
စိုးရိမ်မှုတွေ၊ ကြောက်လန့်မှုတွေ များတဲ့အခါ လျှာတုန်လာ ပါတယ်။ လျှာတုန်ခြင်းက Parkinson ရောဂါရဲ့ လက္ခဏာတွေ ထဲက တစ်ခုလို့လည်း ပြောကြပါတယ်။
၆။ ပက်ကြားအက်နေတဲ့ လျှာ
![]() |
© Shutterstock.com |
လျှာပက်ကြားအက်တာက မျိုးရိုးလိုက် ပါတယ်။ တွေ့ရခဲတဲ့ အာရုံကြောဆိုင်ရာ ကစဉ့်ကလျား ရောဂါလို့ခေါ်တဲ့ Melkersson-Rosenthal ရောဂါနဲ့ ဆက်စပ်နေနိုင် သလို ခံတွင်းအရေပြားမှာ အနီပိမ့်ထတဲ့အခါ မှာလည်း လျှာမှာ ပက်ကြားအက်တွေ ပေါ်လာတတ် ပါတယ်။ လျှာပေါ်မှာ တစ်ခုခု ထူးခြားတဲ့ လက္ခဏာတွေ ရှိလာပြီ ဆိုရင် ဆရာဝန်ဆီ အမြန်သာ ပြေးသွားလိုက် ပါတော့။
Zombie (LoveMedia)
For Zawgyi
သင့္ရဲ႕ လွ်ာက ေျပာျပေနတဲ့ သင့္ခႏၶာကိုယ္ က်န္းမာေရး
တိဘက္ လူမ်ိဳးေတြက ႏႈတ္ဆက္တဲ့အခါ လွ်ာထုတ္ျပ ပါတယ္။ တျခားႏိုင္ငံေတြ မွာေတာ့ ေရာဂါကိုသိႏိုင္ဖို႔ ဆရာဝန္ကို လွ်ာထုတ္ျပရ ပါတယ္။ သင့္က်န္းမာေရး အေျခအေနကို သိႏိုင္ဖို႔ အတြက္ ပထမဆုံး အေနနဲ႔ မွန္ေရွ႕မွာ လွ်ာထုတ္ၿပီး ၾကည့္ပါ။ ၿပီးရင္ေတာ့ ေအာက္မွာ ေဖာ္ျပထားတဲ့ အခ်က္ေတြနဲ႔ တိုက္ဆိုင္ စစ္ေဆးၾကည့္ပါ။
၁။ လွ်ာနဲ႔ အျခားကိုယ္တြင္းအဂၤါမ်ား
လွ်ာက ခႏၶာကိုယ္ရဲ႕ ေျမပုံလိုပါပဲ။ လွ်ာေပၚကေနၿပီး အျခားကိုယ္တြင္းအဂၤါေတြရဲ႕ တည္ေနရာကို သိႏိုင္ပါတယ္။
- လွ်ာအေရွ႕ပိုင္းကေန ႏွလုံးက်န္းမာေရးကို ေဖာ္ျပပါတယ္။
- လွ်ာရဲ႕ေဘးႏွစ္ဖက္ကေန ေက်ာက္ကပ္က်န္းမာေရးကို သိႏိုင္ပါတယ္။
- လွ်ာရဲ႕အလယ္ကေန အစာအိမ္နဲ႔ပန္ကရိယရဲ႕ အမွတ္ေနရာပါ။
- လွ်ာရဲ႕အစြန္းေတြက အသည္းနဲ႔သရက္႐ြက္ရဲ႕က်န္းမာေရးေတြကို ေဖာ္ျပပါတယ္။
- လွ်ာေအာက္ပိုင္းက အူက်န္းမာေရးေတြကို ရည္ၫႊန္းပါတယ္။
- လွ်ာေအာက္ပိုင္းရဲ႕ေဘးက ေက်ာက္ကပ္က်န္းမာေရးကို ရည္ၫႊန္းပါတယ္။
၂။ လွ်ာပုံစံ
လွ်ာရဲ႕အေရာင္က ခႏၶါကိုယ္က်န္းမာေရး ျပႆနာေတြကို ေျပာျပေပးပါတယ္။
- ပါးေနတဲ့လွ်ာက ေရဓါတ္ခန္းေျခာက္မႈကို ေဖာ္ျပပါတယ္။
- ေရာင္ေနတဲ့လွ်ာက သိုင္း႐ြိဳက္ျပႆနာ သို႔မဟုတ္ ကူးစက္ေရာဂါကို ေဖာ္ျပပါတယ္။
- ထူေနတဲ့ လွ်ာက ဗီတာမင္ B ခ်ိဳ႕တဲ့မႈကို ေဖာ္ျပေနတာပါ။
၃။ လွ်ာေပၚမွာ ရွိတဲ့ ခ်ိဳင့္မ်ား
လွ်ာေပၚက ခ်ိဳင့္ခြက္ေတြက မ်ဥ္းေျဖာင့္လို ေျဖာင့္တန္းေနရင္ ေက်ာ႐ိုးမႀကီး က်န္းမာေရး ေကာင္းပါတယ္။ လွ်ာေနာက္ပိုင္းက ခ်ိဳင့္ခြက္ေတြက မ်ဥ္းေကြးလို ျဖစ္သြားရင္ ခါးဆစ္ေက်ာ႐ိုးေတြမွာ ျပႆနာရွိႏိုင္ ပါတယ္။
လွ်ာေပၚက ခ်ိဳင့္ခြက္ေတြက အလယ္မွာေကြးေနတယ္ဆိုရင္ ရင္ဘတ္တစ္ဝိုက္မွာ ျပႆနာရွိတာကို ေဖာ္ျပတာပါ။
- လွ်ာေပၚက ခ်ိဳင့္ခြက္ေတြက လွ်ာထိပ္ပိုင္း နားမွာ ေကြးသြားတယ္ ဆိုရင္ သားအိမ္ေခါင္း တဝိုက္မွာ ျပႆနာ ရွိတာကို ၫႊန္ျပတာပါ။
၄။ လွ်ာရဲ႕သြင္ျပင္
ဒီပုံကေတာ့ ေရာင္ရမ္းေနတဲ့လွ်ာပုံစံ ျဖစ္ပါတယ္။ ေဟာ္မုန္းအေျပာင္းျဖစ္ျခင္းနဲ႔ ဗီတာမင္ B2 ခ်ိဳတဲ့ျခင္းကို ေဖာ္ျပပါတယ္။ တစ္ခါတရံမွာေတာ့ လွ်ာေရာင္ရမ္းတဲ့အခါ စပ္ၿပီး နာက်င္တတ္ပါတယ္။
၅။ လွ်ာတုန္ျခင္း
စိုးရိမ္မႈေတြ၊ ေၾကာက္လန႔္မႈေတြ မ်ားတဲ့အခါ လွ်ာတုန္လာ ပါတယ္။ လွ်ာတုန္ျခင္းက Parkinson ေရာဂါရဲ႕ လကၡဏာေတြ ထဲက တစ္ခုလို႔လည္း ေျပာၾကပါတယ္။
၆။ ပက္ၾကားအက္ေနတဲ့ လွ်ာ
လွ်ာပက္ၾကားအက္တာက မ်ိဳး႐ိုးလိုက္ ပါတယ္။ ေတြ႕ရခဲတဲ့ အာ႐ုံေၾကာဆိုင္ရာ ကစဥ့္ကလ်ား ေရာဂါလို႔ေခၚတဲ့ Melkersson-Rosenthal ေရာဂါနဲ႔ ဆက္စပ္ေနႏိုင္ သလို ခံတြင္းအေရျပားမွာ အနီပိမ့္ထတဲ့အခါ မွာလည္း လွ်ာမွာ ပက္ၾကားအက္ေတြ ေပၚလာတတ္ ပါတယ္။ လွ်ာေပၚမွာ တစ္ခုခု ထူးျခားတဲ့ လကၡဏာေတြ ရွိလာၿပီ ဆိုရင္ ဆရာဝန္ဆီ အျမန္သာ ေျပးသြားလိုက္ ပါေတာ့။
Zombie (LoveMedia)
0 Comments