အတွေးလွန်တယ်ဆို ကိုယ့်ကိုယ်ကိုယ် မပျော်ရွှင်စေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ။ တစ်ခါတလေ ဖြစ်လာနိုင်ဖို့မရှိတဲ့ ကိစ္စတွေကို တွေးပူရင်း သောကများရတတ်ပါတယ်။ အတွေးလွန်ခြင်းကြောင့် မဖြစ်သင့်တဲ့ကိစ္စတွေ ဖြစ်လာရပါတယ်။ အတွေးလွန်ခြင်းကို ရပ်တန့်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ အတွေးလွန်တာတွေကို ရပ်ပြီး လက်ရှိဖြစ်နေတဲ့ အရာတွေကို အကောင်းဘက်ကနေ တွေးပါ။
တစ်ခါတရံမှာ ကိုယ်မြင်တဲ့ရှုထောင့်ကို နည်းနည်းလေး ပြောင်းလိုက်ရုံနဲ့တင် ပျော်ရွှင်မှုကို ဖြစ်လာစေပါတယ်။ ကိုယ်စိတ်ပူနေတဲ့ အရာတွေရဲ့ ၈၀ ရာခိုင်နှုန်းက တကယ်ဖြစ်မလာဘူးလို့ စိတ်ပညာရှင်တွေက ပြောပါတယ်။ အတွေးလွန်တာကြောင့် တစ်ခါတရံအမှန်ကိုလည်း မမြင်နိုင်တော့ပါဘူး။ အတွေးလွန်နေပြီလို့ ကိုယ့်ကိုယ်ကိုယ် သတိထားမိတာနဲ့ ချက်ချင်းရပ်လိုက်ပြီး အကောင်းဘက်ကိုပဲ တွေးလိုက်ပါ။
၂။ စိတ်တည်ငြိမ်အောင် ထားပါ။
အတွေးလွန်တဲ့အခါ ဦးနှောက်ကို အနားပေးဖို့ လိုအပ်လာပါတယ်။ စိတ်မချမ်းသာစရာ ဖြစ်မယ့်အကြောင်းတွေ၊ နာကျင်စရာအကြောင်းတွေ၊ လက်စားချေချင်တဲ့ အတွေးတွေ စတဲ့ အတွေးမျိုးစုံကို ခေါင်းထဲက ထုတ်လိုက်ပါ။ အဲဒီအတွေးတွေကို ထပ်ကာထပ်ကာ တွေးတာက ကိုယ့်စိတ်ကို ၂ ခါသတ်သလိုပါပဲ။ အဲဒါကြောင့် ဘုရားစာ ဆိုတာ၊ တရားထိုင်တာ၊ သီချင်းဆိုတာ၊ လေညင်းခံတာတွေ စိတ်ကို တည်ငြိမ်အောင်ထားပါ။
၃။ ပစ္စုပ္ပန်မှာ အကောင်းဆုံးနေထိုင်ပါ။
ဖြစ်မလာသေးမယ့် အရာတွေကို မေ့ထားလိုက်ပါ။ အတွေးလွန်တာက အကျင့်ပါသွား တတ်ပါတယ်။ မဖြစ်လာသေးမယ့် အရာတွေကို ကြိုတွေးပူနေရင် ကိုယ့်ကိုယ်ကိုယ် အနာဂတ်ကို ပြန်ဆွဲခေါ်ပါ။ အတွေးလွန်တာကြောင့် ခေါင်းကိုက်တာ၊ စိတ်ဖိစီးမှုများတာ၊ စိတ်ဓါတ်ကျတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် အတွေးလွန်တာကြောင့် ရုပ်ရည်က ရှိရင်းအသက်ထက် ပိုပြီး အိုမင်းသလို ဖြစ်နေပါလိမ့်မယ်။
၄။ မိသားစုနှင့် မိတ်ဆွေများကို အချိန်ပေးပါ။
တစ်ယောက်တည်း အတွေးလွန်နေတာက အထီးကျန်စေပါတယ်။ မိသားစုတွေကို အချိန်ပေးလိုက်တာက အတွေးလွန်ခြင်းကို ကုစားပေးနိုင်ပါတယ်။ မိသားစုတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေက ပေးတဲ့အကြံဉာဏ်တွေကလည်း ကိုယ့်ရဲ့ပြဿနာတွေကို ဖြေရှင်းပေးသွားနိုင်ပါတယ်။ အဲဒါကြောင့် အတွေးလွန်လာတဲ့အခါ တစ်ယောက်တည်းမနေသင့်ပါဘူး။ တကယ်တော့ စိတ်ငြိမ်းချမ်းမှု ဆိုတာဟာ ကိုယ့်ရဲ့စိတ်နှလုံးထဲမှာ အရင်ကတည်းက ရှိနေပြီးသားပါပဲ။
Zombie (Lovemedia)
For Zawgyi
အတွေးလွန်တာတွေကို ဘယ်လိုရပ်တန့်မလဲ
Zombie (Lovemedia)