သွားအလှကလည်း လူတစ်ယောက်အတွက် အလွန်အရေးပါ ပါတယ်။ တစ်ခါတရံမှာ တခြားအသုံးအဆောင် ပစ္စည်းတွေကို ဈေးကြီးပေးဝယ်နေပေမယ့် သွားကို ဂရုစိုက်ဖို့ မေ့နေတတ်ပါတယ်။ သွားလေးတွေ ဖြူဖွေးလှပချင်ပေမယ့်လည်း သွားဆေးခန်းသွားဖို့ အချိန်မရသူတွေအတွက် လွယ်ကူလျင်မြန်တဲ့နည်းလေးတွေကို Lovemedia ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဂျင်းနှင့်ဆား

© Depositphotos.com

ဂျင်းကို အမျှင်သေးသေးလေးတွေဖြစ်အောင် ခြစ်ပါ။ ဆား လက်ဖက်ရည်ဇွန်းရဲ့လေးပုံတစ်ပုံကို ဂျင်းထဲကို ထည့်ပါ။ ပြီးတော့ အဲဒီထဲကို သံပုရာရည်ညှစ်ထည့်ပြီး မွှေပါ။ ပြီးရင်တော့ ပုံမှန်သွားတိုက်သလို တိုက်ပေးလို့ရပါပြီ။

၂။ မြေစေးဖြူ

© Depositphotos.com© Sam Edwards/Hoxton/East News

မြေစေးဖြူကို သွားပွတ်တံနဲ့ယူပြီး သွားမှာ ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။ ပြီးတော့ ပလုတ်ကျင်းလို့ ရပါပြီ။

၃။ ဆားခါး

© EAST NEWS© Shutterstock.com

ဆားခါးနဲ့ ရေကို ရောမွှေပြီး သွားတိုက်တံနဲ့ တိုက်လို့ရသလို ပလုတ်ကျင်းပေးလို့လည်း ရပါတယ်။

၄။ တမာရွက်

© Shutterstock.com© Shutterstock.com

တမာရွက်က မြန်မာပြည်နဲ့ မစိမ်းပါဘူး။ တမာရွက်ကို ပြုတ်ပြီး အရည်တွေကို စစ်လိုက်ပါ။ အအေးခံပြီးတော့ နေ့စဉ်ပလုတ်ကျင်းပေးရင် သွားတွေကို ဖြူစင်စေရုံမကဘဲ ခံတွင်းနံ့ ဆိုးတာတွေကိုလည်း သက်သာစေပါတယ်။

၅။ ပက်ပါမင့်ရွက်နှင့် အုန်းဆီ

© IraSokolovskaya/easyfotostock/Eastnews,© jordache/easyfotostock/Eastnews

ပက်ပါမင့်နဲ့ အုန်းဆီကို ရောကြိတ်ပြီး ရလာတဲ့အနှစ်ကို ဘူးလေးထဲထည့်ထားပါ။ ပြီးရင် သွားပွတ်တိုက်နဲ့ ယူတိုက်လို့ရပါပြီ။ ပက်ပါမင့်ကို အများကြီး မထည့်ရပါဘူးနော်။ ၃ ရွက်ကနေ ၅ ရွက်အထိပဲ ထည့်ရမှာပါ။

၆။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်နှင့် မုန့်ဖုတ်ဆိုဒါ

© EAST NEWS© EAST NEWS

မုန့်ဖုတ်ဆိုဒါနဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ကို ၁:၂ ရောပြီး မွှေပါ။ ရလာတဲ့အနှစ်ကို သွားပွတ်တိုက်နဲ့တိုက်ပြီး ရေများများနဲ့ ပလုပ်ကျင်းပေးပါ။

၇။ ကိုကိုးမှုန့်

© Lehtikuva/EAST NEWS, © Anetlanda/easyfotostock/Eastnews

ကိုကိုးမှုန့်ကလည်း သွားအတွက် အသုံးဝင်ပါတယ်နော်။ ကိုကိုးမှုန့်နဲ့ အုန်းဆီကို ရောဖျော်ပြီး ပုံမှန် သွားတိုက်နေကျအတိုင်း တိုက်ပေးလို့ရပါတယ်။ 

၈။ ရှာလကာရည်နှင့် မုန့်ဖုတ်ဆိုဒါ

© East News

ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရောမွှေပါ။ ရလာတဲ့ အနှစ်ကို ဘူးတစ်ခုထဲမှာသိမ်းထားပြီး ပုံမှန်သွားတိုက်သလို တိုက်ပေးလို့ရပါတယ်။

ဒီနည်းလမ်းလေးတွေက အိမ်တွင်းဆေးနည်းတွေ ဖြစ်တာကြောင့် သတိထားဖို့တော့ လိုပါတယ်။ တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်ထက် ပိုမလုပ်သင့်ပါဘူး။ ဒီနည်းတွေကြောင့် သွားနာလာတာ၊ ကျင်လာတာဆိုရင်တော့ ချက်ချင်း ရပ်လိုက်သင့်ပါတယ်နော်။

Zombie (Lovemedia)

For Zawgyi

ေငြေၾကးအကုန္အက်အသက္အသာဆုံး သြားျဖဴစင္ေစမယ့္ နည္းလမ္းမ်ား

သြားအလွကလည္း လူတစ္ေယာက္အတြက္ အလြန္အ​ေရးပါ ပါတယ္။ တစ္ခါတရံမွာ တျခားအသုံးအေဆာင္ ပစၥည္းေတြကို ေစ်းႀကီးေပးဝယ္ေနေပမယ့္ သြားကို ဂ႐ုစိုက္ဖို႔ ေမ့ေနတတ္ပါတယ္။ သြားေလးေတြ ျဖဴေဖြးလွပခ်င္ေပမယ့္လည္း သြားေဆးခန္းသြားဖို႔ အခ်ိန္မရသူေတြအတြက္ လြယ္ကူလ်င္ျမန္တဲ့နည္းေလးေတြကို Lovemedia ကေန ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ ဂ်င္းႏွင့္ဆား

ဂ်င္းကို အမွ်င္ေသးေသးေလးေတြျဖစ္ေအာင္ ျခစ္ပါ။ ဆား လက္ဖက္ရည္ဇြန္းရဲ႕ေလးပုံတစ္ပုံကို ဂ်င္းထဲကို ထည့္ပါ။ ၿပီးေတာ့ အဲဒီထဲကို သံပုရာရည္ညႇစ္ထည့္ၿပီး ေမႊပါ။ ၿပီးရင္ေတာ့ ပုံမွန္သြားတိုက္သလို တိုက္ေပးလို႔ရပါၿပီ။

၂။ ေျမေစးျဖဴ

ေျမေစးျဖဴကို သြားပြတ္တံနဲ႔ယူၿပီး သြားမွာ ညင္ညင္သာသာ ပြတ္တိုက္ေပးပါ။ ၿပီးေတာ့ ပလုတ္က်င္းလို႔ ရပါၿပီ။

၃။ ဆားခါး

ဆားခါးနဲ႔ ေရကို ေရာေမႊၿပီး သြားတိုက္တံနဲ႔ တိုက္လို႔ရသလို ပလုတ္က်င္းေပးလို႔လည္း ရပါတယ္။

၄။ တမာ႐ြက္

တမာ႐ြက္က ျမန္မာျပည္နဲ႔ မစိမ္းပါဘူး။ တမာ႐ြက္ကို ျပဳတ္ၿပီး အရည္ေတြကို စစ္လိုက္ပါ။ အေအးခံၿပီးေတာ့ ေန႔စဥ္ပလုတ္က်င္းေပးရင္ သြားေတြကို ျဖဴစင္ေစ႐ုံမကဘဲ ခံတြင္းနံ႔ ဆိုးတာေတြကိုလည္း သက္သာေစပါတယ္။

၅။ ပက္ပါမင့္႐ြက္ႏွင့္ အုန္းဆီ

ပက္ပါမင့္နဲ႔ အုန္းဆီကို ေရာႀကိတ္ၿပီး ရလာတဲ့အႏွစ္ကို ဘူးေလးထဲထည့္ထားပါ။ ၿပီးရင္ သြားပြတ္တိုက္နဲ႔ ယူတိုက္လို႔ရပါၿပီ။ ပက္ပါမင့္ကို အမ်ားႀကီး မထည့္ရပါဘူးေနာ္။ ၃ ႐ြက္ကေန ၅ ႐ြက္အထိပဲ ထည့္ရမွာပါ။

၆။ ဟိုက္ဒ႐ိုဂ်င္ပါေအာက္ဆိုက္ႏွင့္ မုန္႔ဖုတ္ဆိုဒါ

မုန္႔ဖုတ္ဆိုဒါနဲ႔ ဟိုက္ဒ႐ိုဂ်င္ပါေအာက္ဆိုဒ္ကို ၁:၂ ေရာၿပီး ေမႊပါ။ ရလာတဲ့အႏွစ္ကို သြားပြတ္တိုက္နဲ႔တိုက္ၿပီး ေရမ်ားမ်ားနဲ႔ ပလုပ္က်င္းေပးပါ။

၇။ ကိုကိုးမႈန္႔

ကိုကိုးမႈန္႔ကလည္း သြားအတြက္ အသုံးဝင္ပါတယ္ေနာ္။ ကိုကိုးမႈန္႔နဲ႔ အုန္းဆီကို ေရာေဖ်ာ္ၿပီး ပုံမွန္ သြားတိုက္ေနက်အတိုင္း တိုက္ေပးလို႔ရပါတယ္။ 

၈။ ရွာလကာရည္ႏွင့္ မုန္႔ဖုတ္ဆိုဒါ

ပန္းသီးရွာလကာရည္ လက္ဖက္ရည္ဇြန္းတစ္ဇြန္းနဲ႔ မုန္႔ဖုတ္ဆိုဒါ လက္ဖက္ရည္ဇြန္းတစ္ဇြန္းကို ေရာေမႊပါ။ ရလာတဲ့ အႏွစ္ကို ဘူးတစ္ခုထဲမွာသိမ္းထားၿပီး ပုံမွန္သြားတိုက္သလို တိုက္ေပးလို႔ရပါတယ္။

ဒီနည္းလမ္းေလးေတြက အိမ္တြင္းေဆးနည္းေတြ ျဖစ္တာေၾကာင့္ သတိထားဖို႔ေတာ့ လိုပါတယ္။ တစ္ပတ္ကို ၂ ႀကိမ္ ၃ ႀကိမ္ထက္ ပိုမလုပ္သင့္ပါဘူး။ ဒီနည္းေတြေၾကာင့္ သြားနာလာတာ၊ က်င္လာတာဆိုရင္ေတာ့ ခ်က္ခ်င္း ရပ္လိုက္သင့္ပါတယ္ေနာ္။

Zombie (Lovemedia)