သင့်ရဲ့နောက်ကို သူစိမ်းတစ်ယောက်ယောက်က ထပ်ချပ်မကွာ လိုက်လာပြီဆိုရင် ဘေးကင်းလုံခြုံအောင် ဘယ်လိုနည်းလမ်းတွေ သုံးရမလဲဆိုတာကို ဖော်ပြလိုက်ပါတယ်နော်။
၁။ ပတ်ဝန်းကျင်ကို သတိထားကြည့်ပါ။
သင်ရောက်နေတဲ့နေရာရဲ့ လမ်းနာမည်၊ အိမ်နံပါတ်၊ အဆောက်အဦ၊ စတိုးဆိုင်၊ ကော်ဖီဆိုင် စတာတွေကို သေချာဂရုတစိုက်ကြည့်ပါ။ ရောက်နေတဲ့နေရာကို အတိအကျသိခြင်းက သင့်ကိုအကူအညီ ဖြစ်စေမှာပါ။ ပြီးတော့ ကျဉ်းပြီး မှောင်တဲ့လမ်းတွေကို ရှောင်ပါ။
၂။ ဖုန်းဆက်ပါ။
![]() |
© Priscilla Du Preez / unsplash |
မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေကို ဖုန်းဆက်ပြီး လာကြိုပေးဖို့ အကူအညီတောင်းပါ။ ကော်ဖီဆိုင်လို၊ စတိုးဆိုင်လို လူများတဲ့နေရာတွေက ပိုပြီးသင့်တော်ပါတယ်။
၃။ လူများတဲ့နေရာတွေကို သွားပါ။
![]() |
© Hyp3rguy / reddit, © Laura Dewilde / unsplash |
သင့်နောက်ကို တစ်ယောက်ယောက်က လိုက်လာနေရင် လူများတဲ့နေရာတွေက မျက်ခြည်ဖြတ်ဖို့ အကောင်းဆုံးနေရာပါပဲ။
၄။ အိမ်ကို တန်းမပြန်ပါနဲ့။
အိမ်ကို တန်းပြန်လိုက်ရင် သင့်နောက်ကို လိုက်နေသူက သင့်ရဲ့အိမ်ကို သိသွားနိုင်ပါတယ်။ အိမ်ကနေ ထွက်လာမယ့်အချိန်၊ အိမ်ကိုပြန်လာမယ့်အချိန်တွေမှာ သူက သင့်ကို စောင့်နေနိုင်ပါတယ်။
၅။ သူ မထင်ထားတဲ့နေရာကို သွားပါ။
![]() |
© depositphotos.com |
သင်သွားမယ့်နေရာတွေကို တန်းတန်းမတ်မတ် မသွားဘဲ လူများတဲ့ စတိုးဆိုင်၊ ကော်ဖီဆိုင်၊ ဈေးဝယ်စင်တာတွေကို ဝင်ပါ။ အဲဒီအခါ နောက်ယောင်ခံလိုက်သူက စိတ်ပျက်သွားနိုင်ပြီး ပုန်းဖို့လည်း လွယ်ပါတယ်။
၆။ သင့်နောက်ကို လိုက်နေသူရဲ့ပုံပန်းသွင်ပြင်ကို မသိမသာလေ့လာပါ။
![]() |
© depositphotos.com |
သူက ဘယ်လိုပုံပန်းသွင်ပြင်ရှိလဲ ဆိုတာသိဖို့ လိုအပ်ပါတယ်။ ကားမှန်၊ ပြူတင်းပေါက်မှန်တွေ ကနေတဆင့် ကြည့်ပါ။
၇။ သင့်ရဲ့ပုံစံကို ပြောင်းလိုက်ပါ။
![]() |
© depositphotos.com |
သင်က အင်္ကျီတွေအများကြီး ဝတ်ထားတယ်ဆိုရင် အပေါ်ဆုံးတစ်ထပ်ကို ချွတ်လိုက်ပါ။ ဂျာကင်၊ ကုတ်အင်္ကျီတွေကို ချွတ်လိုက်ရင် နောက်ယောင်ခံလိုက်သူက သင့်ကို မှတ်မိဖို့ ခက်သွားပါလိမ့်မယ်။ဒါမှမဟုတ် နေကာမျက်မှန်တပ်တာ၊ ပုဝါချွတ်တာကို ပြုလုပ်တာကလည်း သူ့ကိုဇဝေဇဝါဖြစ်စေမှာပါ။ ဆံပင်ကို ချထားရင် စည်းထားလိုက်ပါ။
၈။ တစ်ယောက်ယောက်ကို စကားပြောလိုက်ပါ။
သင်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သိအောင် တစ်ယောက်ယောက်ကို ရင်းနှီးဟန် စကားသွားပြောလိုက်ပါ။ သင့်ကို တစ်ယောက်ယောက်က နောက်ယောင်ခံလိုက်နေကြောင်း ပြောပြီး အကူအညီတောင်းပါ။
၉။ သင့်နောက်ကို လိုက်နေတဲ့သူကို လှည့်ကြည့်လိုက်ပါ။
သင်က သတ္တိရှိကြောင်း၊ နောက်ယောင်ခံလိုက်နေတာကို သိကြောင်းကို ပြဖို့အတွက် ယုံကြည်မှုအပြည့်နဲ့ စူးစိုက်ကြည့်လိုက်ပါ။ အဲဒီအခါ နောက်ယောင်ခံလိုက်သူက ချီတုံချတုံဖြစ်သွားပါလိမ့်မယ်။ ဒါပေမယ့် ကြောက်လန့်နေတဲ့ အကြည့်နဲ့ သွားမကြည့်ဖို့တော့ အရေးကြီးပါတယ်။
၁၀။ အော်ပါ။
![]() |
© engin akyurt / unsplash |
အကူအညီလိုအပ်လာတဲ့အခါ "ကယ်ကြပါဦး"လို့ အော်မယ့်အစား "မီးလောင်နေတယ်"လို့အော်လိုက်ပါ။ အဲဒီအခါ ပတ်ဝန်းကျင်ကလူတွေက သင့်ကို ပိုသတိထားမိ သွားပါလိမ့်မယ်။ အော်သံက နောက်ယောင်ခံလိုက်သူကို ကြောက်လန့်သွားစေပါတယ်။
၁၁။ သော့ကို အသင့်ကိုင်ထားပါ။
သင့်မှာ ကားရှိရင် ကားသော့ကို မြန်မြန်ကိုင်ထားပါ။ ကားသော့ကို နောက်ယောင်ခံလိုက်နေသူရဲ့ရှေ့မှာ ရှာနေဖို့ အချိန်မရနိုင်ပါဘူး။ သော့ကလည်း သူ့ကိုတိုက်ခိုက်ဖို့ လက်နက်ဖြစ်လာနိုင်ပါတယ်။
အရေးကြီးတဲ့အချက်က သင့်ကို တကယ်ပဲနောက်ယောင်ခံလိုက်နေတာလား၊ သင်က သံသယလွန်နေတာလားဆိုတာ ကွဲကွဲပြားပြားသိဖို့လိုပါတယ်။
- နောက်ယောင်ခံလိုက်နေသူက သင့်ရဲ့လမ်းလျှောက်တဲ့ အမြန်နှုန်းအတိုင်း လိုက်နေတာပါ။
- တစ်နေရာရာမှာကွယ်ပြီး သင့်ကို ရှာနေလားဆိုတာ သေချာအောင်ကြည့်ပါ။
- စတိုးဆိုင် တစ်ဆိုင်ထဲကို ဝင်ပြီး ချက်ချင်းပြန်ထွက်ပါ။ သူကလည်း လိုက်ထွက်လာရင် စတိုးဆိုင်ထဲမှာ ပြန်ဝင်နေပါ။
Zombie (lovemedia)
For Zawgyi
တစ္စုံတစ္ေယာက္ သင့္ေနာက္ကို လိုက္ေနရင္ လုံၿခဳံစိတ္ခ်ရမယ့္နည္းလမ္းမ်ား
သင့္ရဲ႕ေနာက္ကို သူစိမ္းတစ္ေယာက္ေယာက္က ထပ္ခ်ပ္မကြာ လိုက္လာၿပီဆိုရင္ ေဘးကင္းလုံၿခဳံေအာင္ ဘယ္လိုနည္းလမ္းေတြ သုံးရမလဲဆိုတာကို ေဖာ္ျပလိုက္ပါတယ္ေနာ္။
၁။ ပတ္ဝန္းက်င္ကို သတိထားၾကည့္ပါ။
သင္ေရာက္ေနတဲ့ေနရာရဲ႕ လမ္းနာမည္၊ အိမ္နံပါတ္၊ အေဆာက္အဦ၊ စတိုးဆိုင္၊ ေကာ္ဖီဆိုင္ စတာေတြကို ေသခ်ာဂ႐ုတစိုက္ၾကည့္ပါ။ ေရာက္ေနတဲ့ေနရာကို အတိအက်သိျခင္းက သင့္ကိုအကူအညီ ျဖစ္ေစမွာပါ။ ၿပီးေတာ့ က်ဥ္းၿပီး ေမွာင္တဲ့လမ္းေတြကို ေရွာင္ပါ။
၂။ ဖုန္းဆက္ပါ။
မိသားစု၊ သူငယ္ခ်င္း၊ လုပ္ေဖာ္ကိုင္ဖက္ေတြကို ဖုန္းဆက္ၿပီး လာႀကိဳေပးဖို႔ အကူအညီေတာင္းပါ။ ေကာ္ဖီဆိုင္လို၊ စတိုးဆိုင္လို လူမ်ားတဲ့ေနရာေတြက ပိုၿပီးသင့္ေတာ္ပါတယ္။
၃။ လူမ်ားတဲ့ေနရာေတြကို သြားပါ။
သင့္ေနာက္ကို တစ္ေယာက္ေယာက္က လိုက္လာေနရင္ လူမ်ားတဲ့ေနရာေတြက မ်က္ျခည္ျဖတ္ဖို႔ အေကာင္းဆုံးေနရာပါပဲ။
၄။ အိမ္ကို တန္းမျပန္ပါနဲ႔။
အိမ္ကို တန္းျပန္လိုက္ရင္ သင့္ေနာက္ကို လိုက္ေနသူက သင့္ရဲ႕အိမ္ကို သိသြားႏိုင္ပါတယ္။ အိမ္ကေန ထြက္လာမယ့္အခ်ိန္၊ အိမ္ကိုျပန္လာမယ့္အခ်ိန္ေတြမွာ သူက သင့္ကို ေစာင့္ေနႏိုင္ပါတယ္။
၅။ သူ မထင္ထားတဲ့ေနရာကို သြားပါ။
သင္သြားမယ့္ေနရာေတြကို တန္းတန္းမတ္မတ္ မသြားဘဲ လူမ်ားတဲ့ စတိုးဆိုင္၊ ေကာ္ဖီဆိုင္၊ ေဈးဝယ္စင္တာေတြကို ဝင္ပါ။ အဲဒီအခါ ေနာက္ေယာင္ခံလိုက္သူက စိတ္ပ်က္သြားႏိုင္ၿပီး ပုန္းဖို႔လည္း လြယ္ပါတယ္။
၆။ သင့္ေနာက္ကို လိုက္ေနသူရဲ႕ပုံပန္းသြင္ျပင္ကို မသိမသာေလ့လာပါ။
သူက ဘယ္လိုပုံပန္းသြင္ျပင္ရွိလဲ ဆိုတာသိဖို႔ လိုအပ္ပါတယ္။ ကားမွန္၊ ျပဴတင္းေပါက္မွန္ေတြ ကေနတဆင့္ ၾကည့္ပါ။
၇။သင့္ရဲ႕ပုံစံကို ေျပာင္းလိုက္ပါ။
သင္က အက်ႌေတြအမ်ားႀကီး ဝတ္ထားတယ္ဆိုရင္ အေပၚဆုံးတစ္ထပ္ကို ခြၽတ္လိုက္ပါ။ ဂ်ာကင္၊ ကုတ္အက်ႌေတြကို ခြၽတ္လိုက္ရင္ ေနာက္ေယာင္ခံလိုက္သူက သင့္ကို မွတ္မိဖို႔ ခက္သြားပါလိမ့္မယ္။ဒါမွမဟုတ္ ေနကာမ်က္မွန္တပ္တာ၊ ပုဝါခြၽတ္တာကို ျပဳလုပ္တာကလည္း သူ႔ကိုဇေဝဇဝါျဖစ္ေစမွာပါ။ ဆံပင္ကို ခ်ထားရင္ စည္းထားလိုက္ပါ။
၈။ တစ္ေယာက္ေယာက္ကို စကားေျပာလိုက္ပါ။
သင္တစ္ေယာက္တည္း မဟုတ္ဘူးဆိုတာ သိေအာင္ တစ္ေယာက္ေယာက္ကို ရင္းႏွီးဟန္ စကားသြားေျပာလိုက္ပါ။ သင့္ကို တစ္ေယာက္ေယာက္က ေနာက္ေယာင္ခံလိုက္ေနေၾကာင္း ေျပာၿပီး အကူအညီေတာင္းပါ။
၉။ သင့္ေနာက္ကို လိုက္ေနတဲ့သူကို လွည့္ၾကည့္လိုက္ပါ။
သင္က သတၱိရွိေၾကာင္း၊ ေနာက္ေယာင္ခံလိုက္ေနတာကို သိေၾကာင္းကို ျပဖို႔အတြက္ ယုံၾကည္မႈအျပည့္နဲ႔ စူးစိုက္ၾကည့္လိုက္ပါ။ အဲဒီအခါ ေနာက္ေယာင္ခံလိုက္သူက ခ်ီတုံခ်တုံျဖစ္သြားပါလိမ့္မယ္။ ဒါေပမယ့္ ေၾကာက္လန႔္ေနတဲ့ အၾကည့္နဲ႔ သြားမၾကည့္ဖို႔ေတာ့ အေရးႀကီးပါတယ္။
၁၀။ ေအာ္ပါ။
အကူအညီလိုအပ္လာတဲ့အခါ "ကယ္ၾကပါဦး"လို႔ ေအာ္မယ့္အစား "မီးေလာင္ေနတယ္"လို႔ေအာ္လိုက္ပါ။ အဲဒီအခါ ပတ္ဝန္းက်င္ကလူေတြက သင့္ကို ပိုသတိထားမိ သြားပါလိမ့္မယ္။ ေအာ္သံက ေနာက္ေယာင္ခံလိုက္သူကို ေၾကာက္လန႔္သြားေစပါတယ္။
၁၁။ ေသာ့ကို အသင့္ကိုင္ထားပါ။
သင့္မွာ ကားရွိရင္ ကားေသာ့ကို ျမန္ျမန္ကိုင္ထားပါ။ ကားေသာ့ကို ေနာက္ေယာင္ခံလိုက္ေနသူရဲ႕ေရွ႕မွာ ရွာေနဖို႔ အခ်ိန္မရႏိုင္ပါဘူး။ ေသာ့ကလည္း သူ႔ကိုတိုက္ခိုက္ဖို႔ လက္နက္ျဖစ္လာႏိုင္ပါတယ္။
အေရးႀကီးတဲ့အခ်က္က သင့္ကို တကယ္ပဲေနာက္ေယာင္ခံလိုက္ေနတာလား၊ သင္က သံသယလြန္ေနတာလားဆိုတာ ကြဲကြဲျပားျပားသိဖို႔လိုပါတယ္။
- ေနာက္ေယာင္ခံလိုက္ေနသူက သင့္ရဲ႕လမ္းေလွ်ာက္တဲ့ အျမန္ႏႈန္းအတိုင္း လိုက္ေနတာပါ။
- တစ္ေနရာရာမွာကြယ္ၿပီး သင့္ကို ရွာေနလားဆိုတာ ေသခ်ာေအာင္ၾကည့္ပါ။
- စတိုးဆိုင္ တစ္ဆိုင္ထဲကို ဝင္ၿပီး ခ်က္ခ်င္းျပန္ထြက္ပါ။ သူကလည္း လိုက္ထြက္လာရင္ စတိုးဆိုင္ထဲမွာ ျပန္ဝင္ေနပါ။
Zombie (lovemedia)
0 Comments