ပူပြင်းတဲ့ရာသီဥတုမှာ ဆိုဒါသောက်ရတာ ပျော်စရာပါပဲနော်။ စည်သွပ်ဘူးတွေ၊ အချိုရည်သံဘူးတွေက လူအများကြားမှာ စားသုံးမှုများပါတယ်။ စည်သွပ်ဘူးတွေ၊ အချိုရည်သံဘူးတွေကို ဂိုဒေါင်အကြီးကြီးတွေထဲမှာ လှောင်ထားပြီး ကုန်တင်ကားကြီးတွေနဲ့ ပို့ကြပါတယ်။

အဲဒီအခါ ကြွက်၊ ပိုးဟပ်စတဲ့ အန္တရာယ်ပေးနိုင်တဲ့ သတ္တဝါတွေနဲ့ စည်သွပ်ဘူး၊ သံဘူးတွေက ထိတွေ့နေကြရပါတယ်။ အရေးကြီးတာတစ်ခုကတော့ ဆိုဒါတွေ ထည့်ထားတဲ့ သံဘူးကို သန့်ရှင်းရေးလုပ်ပြီးမှ ဖောက်ဖို့ပါပဲ။ စည်သွပ်ဘူး၊ သံဘူးတွေကို သန့်ရှင်းရေးမလုပ်ရင် ရလာမယ့် ဆိုးကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကြွက်တွေက သံဘူးတွေပေါ်မှာ အပေါ့စွန့်သွားနိုင်ပါတယ်။

Credit photo

တိရစ္ဆာန်ရဲ့ဆီး ရောဂါတွေကို ပျံ့နှံ့ကူးစက်စေနိုင်တဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ။ ကြွက်ရဲ့ဆီးကနေဖြစ်တဲ့ရောဂါကို Leptospirosis လို့ခေါ်ပါတယ်။ သူ့ရဲ့လက္ခဏာတွေကတော့ ဖျားတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်တာ၊ ကိုယ်လက်မအီမသာဖြစ်တာတွေပါ။

၂။ စည်သွပ်ဘူးတွေပေါ်မှာ ဖုန်နဲ့အညစ်အကြေးတွေ ကပ်နေနိုင်ပါတယ်။

Credit photo

စည်သွပ်ဘူးတွေမှာ သိမ်းထားတဲ့နေရာအပေါ်မူတည်ပြီး ဖုန်တွေ၊ အညစ်အကြေးတွေ ကပ်နေနိုင်ပါတယ်။ စည်သွပ်ဘူးတွေကို သန့်ရှင်းရေးမလုပ်ဘဲ စားမိတဲ့အခါ ဖုန်တွေက အစားအစာတွေနဲ့ ရောပါသွားနိုင်ပြီး ဝမ်းလျှောတာ၊ ဗိုက်နာနဲ့ အန်တာတွေ ဖြစ်တတ်ပါတယ်။

၃။ ပိုးဟပ်ကဲ့သို့အင်းဆက်ပိုးတွေက စည်သွပ်ဘူးတွေပေါ်မှာ ဥဥနိုင်ပါတယ်။

Credit photo

ပိုးဟပ်တွေဟာ ဝမ်းကိုက်ရောဂါ၊ အူရောင်ရမ်းနာ၊ ဝမ်းလျှောဝမ်းပျက်၊ တိုက်ဖွိုက်၊ အနာကြီးရောဂါတွေကို ဖြန့်ဝေသူလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။ တစ်ခါတရံမှာ ပိုးဟပ်တွေက စည်သွပ်ဘူးတွေပေါ်မှာ ဥလာချထားနိုင်ပါတယ်။ အဲဒါကြောင့် စည်သွပ်ဘူးကို ဆပ်ပြာနဲ့သေချာရေဆေးပြီးမှ စားသုံးသင့်ပါတယ်။

၄။ စည်သွပ်ဘူးကို ဖောက်လိုက်တဲ့အခါ ဘူးပေါ်မှာရှိနေတဲ့ ပိုးမွှားတွေက အစားအစာထဲကို ကျသွားနိုင်ပါတယ်။

Credit photo

စည်သွပ်ဘူးဖုံးပေါ်မှာ ယင်ကောင်၊ ပင့်ကူ၊ ပိုးဟပ်စတဲ့အင်းဆက်ပိုးမွှားတွေ ရှိနေတတ်ပါတယ်။ သူတို့ရှိနေတာကို သတိမထားမိဘဲ ဘူးကိုဖောက်လိုက်ရင် ပိုးမွှားတွေက အစားအစာတွေနဲ့ရောသွားမှာပါ။ ယင်ကောင်တွေက ကာလဝမ်းရောဂါ၊ ပိုလီယိုစတဲ့ ရောဂါပိုး၆၀ကျော်ကို သယ်ဆောင်ပါတယ်။ ဒါ့အပြင် အစားအစာတွေကလည်း အလကားဖြစ်သွားမှာပါ။

အဲဒါကြောင့် စည်သွပ်ဘူး အစားအစာတွေကို ဆပ်ပြာနဲ့သေချာ သန့်ရှင်းရေးလုပ်ပြီးမှ စားသင့်ပါတယ်နော်။

Zombie (Lovemedia)

For Zawgyi

စည္သြပ္ဘူးေတြကို သန႔္ရွင္းေရးမလုပ္ဘဲ စားေသာက္မိရင္ ျဖစ္လာမယ့္အႏၲရာယ္မ်ား

ပူျပင္းတဲ့ရာသီဥတုမွာ ဆိုဒါေသာက္ရတာ ေပ်ာ္စရာပါပဲေနာ္။ စည္သြပ္ဘူးေတြ၊ အခ်ိဳရည္သံဘူးေတြက လူအမ်ားၾကားမွာ စားသုံးမႈမ်ားပါတယ္။ စည္သြပ္ဘူးေတြ၊ အခ်ိဳရည္သံဘူးေတြကို ဂိုေဒါင္အႀကီးႀကီးေတြထဲမွာ ေလွာင္ထားၿပီး ကုန္တင္ကားႀကီးေတြနဲ႔ ပို႔ၾကပါတယ္။

အဲဒီအခါ ႂကြက္၊ ပိုးဟပ္စတဲ့ အႏၲရာယ္ေပးႏိုင္တဲ့သတၱဝါေတြနဲ႔ စည္သြပ္ဘူး၊ သံဘူးေတြက ထိေတြ႕ေနၾကရပါတယ္။ အေရးႀကီးတာတစ္ခုကေတာ့ ဆိုဒါေတြ ထည့္ထားတဲ့ သံဘူးကို သန္႔ရွင္းေရးလုပ္ၿပီးမွ ေဖာက္ဖို႔ပါပဲ။ စည္သြပ္ဘူး၊ သံဘူးေတြကို သန္႔ရွင္းေရးမလုပ္ရင္ ရလာမယ့္ ဆိုးက်ိဳးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ ႂကြက္ေတြက သံဘူးေတြေပၚမွာ အေပါ့စြန္႔သြားႏိုင္ပါတယ္။

တိရစာၦန္ရဲ႕ဆီး ေရာဂါေတြကို ပ်ံ႕ႏွံ႔ကူးစက္ေစႏိုင္တဲ့ အေၾကာင္းရင္းေတြထဲက တစ္ခုပါပဲ။ ႂကြက္ရဲ႕ဆီးကေနျဖစ္တဲ့ေရာဂါကို Leptospirosis လို႔ေခၚပါတယ္။ သူ႔ရဲ႕လကၡဏာေတြကေတာ့ ဖ်ားတာ၊ ေခါင္းကိုက္တာ၊ ႂကြက္သားနာက်င္တာ၊ ကိုယ္လက္မအီမသာျဖစ္တာေတြပါ။

၂။ စည္သြပ္ဘူးေတြေပၚမွာ ဖုန္နဲ႔အညစ္အေၾကးေတြ ကပ္ေနႏိုင္ပါတယ္။

စည္သြပ္ဘူးေတြမွာ သိမ္းထားတဲ့ေနရာအေပၚမူတည္ၿပီး ဖုန္ေတြ၊ အညစ္အေၾကးေတြ ကပ္ေနႏိုင္ပါတယ္။ စည္သြပ္ဘူးေတြကို သန္႔ရွင္းေရးမလုပ္ဘဲ စားမိတဲ့အခါ ဖုန္ေတြက အစားအစာေတြနဲ႔ ေရာပါသြားႏိုင္ၿပီး ဝမ္းေလွ်ာတာ၊ ဗိုက္နာနဲ႔ အန္တာေတြ ျဖစ္တတ္ပါတယ္။

၃။ ပိုးဟပ္ကဲ့သို႔အင္းဆက္ပိုးေတြက စည္သြပ္ဘူးေတြေပၚမွာ ဥဥႏိုင္ပါတယ္။

ပိုးဟပ္ေတြဟာ ဝမ္းကိုက္ေရာဂါ၊ အူေရာင္ရမ္းနာ၊ ဝမ္းေလွ်ာဝမ္းပ်က္၊ တိုက္ဖြိဳက္၊ အနာႀကီးေရာဂါေတြကို ျဖန္႔ေဝသူလို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးက ေျပာပါတယ္။ တစ္ခါတရံမွာ ပိုးဟပ္ေတြက စည္သြပ္ဘူးေတြေပၚမွာ ဥလာခ်ထားႏိုင္ပါတယ္။ အဲဒါေၾကာင့္ စည္သြပ္ဘူးကို ဆပ္ျပာနဲ႔ေသခ်ာေရေဆးၿပီးမွ စားသုံးသင့္ပါတယ္။

၄။ စည္သြပ္ဘူးကို ေဖာက္လိုက္တဲ့အခါ ဘူးေပၚမွာရွိေနတဲ့ ပိုးမႊားေတြက အစားအစာထဲကို က်သြားႏိုင္ပါတယ္။

စည္သြပ္ဘူးဖုံးေပၚမွာ ယင္ေကာင္၊ ပင့္ကူ၊ ပိုးဟပ္စတဲ့အင္းဆက္ပိုးမႊားေတြ ရွိေနတတ္ပါတယ္။ သူတို႔ရွိေနတာကို သတိမထားမိဘဲ ဘူးကိုေဖာက္လိုက္ရင္ ပိုးမႊားေတြက အစားအစာေတြနဲ႔ေရာသြားမွာပါ။ ယင္ေကာင္ေတြက ကာလဝမ္းေရာဂါ၊ ပိုလီယိုစတဲ့ ေရာဂါပိုး၆၀ေက်ာ္ကို သယ္ေဆာင္ပါတယ္။ ဒါ့အျပင္ အစားအစာေတြကလည္း အလကားျဖစ္သြားမွာပါ။

အဲဒါေၾကာင့္ စည္သြပ္ဘူး အစားအစာေတြကို ဆပ္ျပာနဲ႔ေသခ်ာ သန္႔ရွင္းေရးလုပ္ၿပီးမွ စားသင့္ပါတယ္ေနာ္။

Zombie (Lovemedia)