ကမ္ဘာပေါ်မှာ လူတွေက တစ်ယောက်နဲ့တစ်ယောက် ကိုယ်သင်းနံ့ချင်း မတူကြပါဘူး။ တချို့လူတွေရဲ့ ကိုယ်နံ့က သဘာဝအတိုင်း သင်းပျံ့နေတတ်ပြီး တချို့တွေကတော့ ကိုယ်နံ့ပြင်းပါတယ်။ ကိုယ်ခန္ဓါအနံ့ဆိုးတတ်သူ ဆိုရင်တော့ စိတ်ပူစရာ မလိုတော့ပါဘူးနော်။ သဘာဝနည်းလမ်းတွေနဲ့ ကိုယ်နံ့ဆိုးတွေကို ဖယ်ရှားလို့ရပါတယ်။

၁။ ခြေထောက်အနံ့ဆိုး ဖယ်ရှားပေးတဲ့ရှာလကာရည်

Credit photo

ရှာလကာရည်က ဘက်တီးရီးယား၊ မှိုတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ပြီးတော့ ခြေထောက် အနံ့ဆိုးတာကိုလည်း ရှာလကာရည်က ဖယ်ရှားပေးနိုင်ပါတယ်။

- ရှာလကာရည်၂ခွက်

- ရေ၁ခွက်

- ကြိုက်နှစ်သက်ရာရနံ့ဆီကို ဇလုံတစ်ခုထဲမှာထည့်ပြီး ရောမွှေပါ။ ပြီးရင် ဇလုံထဲမှာ မိနစ်၂၀ ခန့်ကြာအောင် ခြေထောက်ကို စိမ်ထားပါ။ တစ်ရက်တစ်ခါပြုလုပ်ပေးတဲ့အခါ ခြေထောက်အနံ့ဆိုး မရှိတော့ပါဘူး။

၂။ ခန္ဓါကိုယ်အနံ့ပြင်းတာ ပျောက်စေတဲ့ကော်ဖီမှုန့်

© flockine / Pixabay© Shutterstock.com

ကော်ဖီမှုန့်က အနံ့တွေကို စုပ်ယူနိုင်တဲ့ သတ္တိရှိပါတယ်။ ကော်ဖီရဲ့ရနံ့ကလည်း မွှေးတာကြောင့် မီးဖိုချောင်က ငါးညှီနံ့၊ ကြက်သွန်ဖြူနံ့တွေပျောက်အောင်လည်း သုံးကြပါတယ်။ ကိုယ်နံ့ပြင်းတဲ့သူတွေလည်း ကော်ဖီမှုန့်ကို အသုံးပြုလို့ရပါတယ်။ ကော်ဖီ scrub က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို သန့်ရှင်းစေပါတယ်။

- ကော်ဖီအကြမ်းမှုန့်

- သံလွင်ဆီ သို့မဟုတ် အုန်းဆီ

- ကြိုက်နှစ်သက်ရာရနံ့ဆီတို့ကို ပန်းကန်တစ်လုံးထဲမှာ ရောမွှေပါ။ ပြီးတော့ ခန္ဓါကိုယ်အနံ့ကို ညင်သာစွာပွတ်တိုက်ပေးပြီး ရေလောင်းချလိုက်ပါ။ တစ်ပတ်တစ်ခါ ပြုလုပ်ပေးတဲ့အခါ ကိုယ်သင်းနံ့ပြင်းတာတွေ ပျောက်သွားမှာပါ။

၃။ အနံ့ဆိုးသက်သာစေတဲ့ သံပရိုသီး

Credit photo

သံပရိုသီးမှာပါဝင်တဲ့ ဗီတာမင်စီနဲ့ ဆီထရစ်အက်စစ်က ခန္ဓါကိုယ်မှာ အနံ့ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ကာကွယ်ပေးပါတယ်။ သံပရိုရည်သောက်ပေးရင် ခန္ဓါကိုယ်က pH level က ပြောင်းလဲသွားပါတယ်။ အဲဒီအခါ အနံ့ဆိုးထွက်တာကိုလည်း သက်သာသွားစေပါတယ်။ အသားအရည်ကိုလည်း ကြည်လင်လာစေပါတယ်။

၄။ အရက်ပြန်

© Frederic Cirou / PhotoAlto Agency RF Collections / Getty Images

အရက်ပြန်ကလည်း ဘက်တီးရီးယားတွေကို သေစေနိုင်လို့ အနံ့ဆိုးတွေကို သက်သာစေမှာပါ။ ချွေးနံ့ပျောက်ဆေးကို လွယ်လွယ်ကူကူ ရှာမရရင် အရက်ပြန်ကို ပိတ်စပါးလေးနဲ့တို့ပြီး ဂျိုင်းမှာ လိမ်းပေးလို့ရပါတယ်။ ဂျိုင်းမွှေးရိတ်ပြီးခါစမှာ အရက်ပြန်တို့မယ် ဆိုရင်တော့ စပ်ဖျင်းဖျင်းဖြစ်နေမှာပါ။

၅။ ခံတွင်းနံ့သက်သာစေတဲ့ အုန်းဆီ

Credit photo

အုန်းဆီက သွားချေးနဲ့ အနံ့ဆိုးတွေကို သက်သာစေပါတယ်။

အုန်းဆီနဲ့ပါးစပ်ကို ပလုတ်ကျင်းပါ။ မိနစ် ၂၀ ကြာမှ ရေနွေးနဲ့ ထပ်မံပလုတ်ကျင်းပါ။

၆။ မုန့်ဖုတ်ဆိုဒါ

© Evita Ochel / Pixabay, © Congerdesign / Pixabay

မုန့်ဖုတ်ဆိုဒါက အနံ့တွေကို စုပ်ယူနိုင်တဲ့အစွမ်း ရှိပါတယ်။ မုန့်ဖုတ်ဆိုဒါကို ခန္ဓါကိုယ်မှာ တိုက်ရိုက် အသုံးပြုမယ်ဆိုရင် အရေပြားပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါနဲ့ ပေါင်ဒါမှုန့်လုပ်ဖို့အတွက်

- မုန့်ဖုတ်ဆိုဒါတစ်ဇွန်း

- ပြောင်းမှုန့် ၆ ဇွန်းကိုရောပြီး ဘူးတစ်ခုထဲမှာ ထည့်ထားပါ။ ပေါင်ဒါမှုန့်အလွယ်တကူမရနိုင်တဲ့အခါ အသုံးပြုလို့ရပါတယ်။

- မုန့်ဖုတ်ဆိုဒါတစ်ဇွန်း

- အုန်းဆီ ၆ ဇွန်းကို ရောမွှေပြီးတော့ ကိုယ်နံ့ပြင်းတဲ့နေရာတွေမှာ လိမ်းပေးလို့လည်း ရပါသေးတယ်။

၇။ ကြက်သွန်ဖြူ

© MattSmart / Unsplash, © Daniel West / FreeImages

ကြက်သွန်ဖြူက အနံ့ဆိုးပေမယ့်လည်း သူ့မှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့အစွမ်းတွေ ပါဝင်ပါတယ်။ ကြက်သွန်ဖြူကို ပုံမှန်စားပေးရင် ကိုယ်နံ့ဆိုးတာ သက်သာလာမှာပါ။

ရေပွက်ပွက်ဆူထဲကို ကြက်သွန်ဖြူ ၃ မွှာထည့်ပြီး ပြုတ်ပါ။ ရလာတဲ့အရည်ကို ခန္ဓါကိုယ်မှာ သုတ်လိမ်းပေးပြီး မိနစ် ၃၀ ခန့်ထားပါ။ ပုံမှန်ပြုလုပ်ပေးတဲ့အခါ အနံ့ဆိုးတွေ သက်သာလာတာကို တွေ့ရမှာပါ။

Zombie (Lovemedia)

For Zawgyi

ခႏၶါကိုယ္က အနံ႔အသက္ဆိုးေတြကို ေပ်ာက္ကင္းေစမယ့္ သဘာဝနည္းလမ္း (၇)ခု

ကမာၻေပၚမွာ လူေတြက တစ္ေယာက္နဲ႔တစ္ေယာက္ ကိုယ္သင္းနံ႔ခ်င္း မတူၾကပါဘူး။ တခ်ိဳ႕လူေတြရဲ႕ ကိုယ္နံ႔က သဘာဝအတိုင္း သင္းပ်ံ႕ေနတတ္ၿပီး တခ်ိဳ႕ေတြကေတာ့ ကိုယ္နံ႔ျပင္းပါတယ္။ ကိုယ္ခႏၶါအနံ႔ဆိုးတတ္သူ ဆိုရင္ေတာ့ စိတ္ပူစရာ မလိုေတာ့ပါဘူးေနာ္။ သဘာဝနည္းလမ္းေတြနဲ႔ ကိုယ္နံ႔ဆိုးေတြကို ဖယ္ရွားလို႔ရပါတယ္။

၁။ ေျခေထာက္အနံ႔ဆိုး ဖယ္ရွားေပးတဲ့ရွာလကာရည္

ရွာလကာရည္က ဘက္တီးရီးယား၊ မႈိေတြကို တိုက္ဖ်က္ေပးႏိုင္ပါတယ္။ ၿပီးေတာ့ ေျခေထာက္ အနံ႔ဆိုးတာကိုလည္း ရွာလကာရည္က ဖယ္ရွားေပးႏိုင္ပါတယ္။

- ရွာလကာရည္၂ခြက္

- ေရ၁ခြက္

- ႀကိဳက္ႏွစ္သက္ရာရနံ႔ဆီကို ဇလုံတစ္ခုထဲမွာထည့္ၿပီး ေရာေမႊပါ။ ၿပီးရင္ ဇလုံထဲမွာ မိနစ္၂၀ ခန္႔ၾကာေအာင္ ေျခေထာက္ကို စိမ္ထားပါ။ တစ္ရက္တစ္ခါျပဳလုပ္ေပးတဲ့အခါ ေျခေထာက္အနံ႔ဆိုး မရွိေတာ့ပါဘူး။

၂။ ခႏၶါကိုယ္အနံ႔ျပင္းတာ ေပ်ာက္ေစတဲ့ေကာ္ဖီမႈန္႔

ေကာ္ဖီမႈန္႔က အနံ႔ေတြကို စုပ္ယူႏိုင္တဲ့ သတၱိရွိပါတယ္။ ေကာ္ဖီရဲ႕ရနံ႔ကလည္း ေမႊးတာေၾကာင့္ မီးဖိုေခ်ာင္က ငါးညႇီနံ႔၊ ၾကက္သြန္ျဖဴနံ႔ေတြေပ်ာက္ေအာင္လည္း သုံးၾကပါတယ္။ ကိုယ္နံ႔ျပင္းတဲ့သူေတြလည္း ေကာ္ဖီမႈန္႔ကို အသုံးျပဳလို႔ရပါတယ္။ ေကာ္ဖီ scrub က ဆဲလ္ေသေတြကို ဖယ္ရွားေပးၿပီး အသားအေရကို သန္႔ရွင္းေစပါတယ္။

- ေကာ္ဖီအၾကမ္းမႈန္႔

- သံလြင္ဆီ သို႔မဟုတ္ အုန္းဆီ

- ႀကိဳက္ႏွစ္သက္ရာရနံ႔ဆီတို႔ကို ပန္းကန္တစ္လုံးထဲမွာ ေရာေမႊပါ။ ၿပီးေတာ့ ခႏၶါကိုယ္အနံ႔ကို ညင္သာစြာပြတ္တိုက္ေပးၿပီး ေရေလာင္းခ်လိုက္ပါ။ တစ္ပတ္တစ္ခါ ျပဳလုပ္ေပးတဲ့အခါ ကိုယ္သင္းနံ႔ျပင္းတာေတြ ေပ်ာက္သြားမွာပါ။

၃။ အနံ႔ဆိုးသက္သာေစတဲ့ သံပ႐ိုသီး

သံပ႐ိုသီးမွာပါဝင္တဲ့ ဗီတာမင္စီနဲ႔ ဆီထရစ္အက္စစ္က ခႏၶါကိုယ္မွာ အနံ႔ဆိုးျဖစ္ေစတဲ့ ဘက္တီးရီးယားေတြကို ကာကြယ္ေပးပါတယ္။ သံပ႐ိုရည္ေသာက္ေပးရင္ ခႏၶါကိုယ္က pH level က ေျပာင္းလဲသြားပါတယ္။ အဲဒီအခါ အနံ႔ဆိုးထြက္တာကိုလည္း သက္သာသြားေစပါတယ္။ အသားအရည္ကိုလည္း ၾကည္လင္လာေစပါတယ္။

၄။ အရက္ျပန္

အရက္ျပန္ကလည္း ဘက္တီးရီးယားေတြကို ေသေစႏိုင္လို႔ အနံ႔ဆိုးေတြကို သက္သာေစမွာပါ။ ေခြၽးနံ႔ေပ်ာက္ေဆးကို လြယ္လြယ္ကူကူ ရွာမရရင္ အရက္ျပန္ကို ပိတ္စပါးေလးနဲ႔တို႔ၿပီး ဂ်ိဳင္းမွာ လိမ္းေပးလို႔ရပါတယ္။ ဂ်ိဳင္းေမႊးရိတ္ၿပီးခါစမွာ အရက္ျပန္တို႔မယ္ ဆိုရင္ေတာ့ စပ္ဖ်င္းဖ်င္းျဖစ္ေနမွာပါ။

၅။ ခံတြင္းနံ႔သက္သာေစတဲ့ အုန္းဆီ

အုန္းဆီက သြားေခ်းနဲ႔ အနံ႔ဆိုးေတြကို သက္သာေစပါတယ္။

အုန္းဆီနဲ႔ပါးစပ္ကို ပလုတ္က်င္းပါ။ မိနစ္ ၂၀ ၾကာမွ ေရေႏြးနဲ႔ ထပ္မံပလုတ္က်င္းပါ။

၆။ မုန္႔ဖုတ္ဆိုဒါ

မုန္႔ဖုတ္ဆိုဒါက အနံ႔ေတြကို စုပ္ယူႏိုင္တဲ့အစြမ္း ရွိပါတယ္။ မုန္႔ဖုတ္ဆိုဒါကို ခႏၶါကိုယ္မွာ တိုက္႐ိုက္ အသုံးျပဳမယ္ဆိုရင္ အေရျပားျပႆနာေတြ ျဖစ္လာႏိုင္ပါတယ္။ မုန္႔ဖုတ္ဆိုဒါနဲ႔ ေပါင္ဒါမႈန္႔လုပ္ဖို႔အတြက္

- မုန္႔ဖုတ္ဆိုဒါတစ္ဇြန္း

- ေျပာင္းမႈန္႔ ၆ ဇြန္းကိုေရာၿပီး ဘူးတစ္ခုထဲမွာ ထည့္ထားပါ။ ေပါင္ဒါမႈန္႔အလြယ္တကူမရႏိုင္တဲ့အခါ အသုံးျပဳလို႔ရပါတယ္။

- မုန္႔ဖုတိဆိုဒါတစ္ဇြန္း

- အုန္းဆီ ၆ ဇြန္းကို ေရာေမႊၿပီးေတာ့ ကိုယ္နံ႔ျပင္းတဲ့ေနရာေတြမွာ လိမ္းေပးလို႔လည္း ရပါေသးတယ္။

၇။ ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴက အနံ႔ဆိုးေပမယ့္လည္း သူ႔မွာ ဘက္တီးရီးယားေတြကို တိုက္ဖ်က္ႏိုင္တဲ့အစြမ္းေတြ ပါဝင္ပါတယ္။ ၾကက္သြန္ျဖဴကို ပုံမွန္စားေပးရင္ ကိုယ္နံ႔ဆိုးတာ သက္သာလာမွာပါ။

ေရပြက္ပြက္ဆူထဲကို ၾကက္သြန္ျဖဴ ၃ မႊာထည့္ၿပီး ျပဳတ္ပါ။ ရလာတဲ့အရည္ကို ခႏၶါကိုယ္မွာ သုတ္လိမ္းေပးၿပီး မိနစ္ ၃၀ ခန္႔ထားပါ။ ပုံမွန္ျပဳလုပ္ေပးတဲ့အခါ အနံ႔ဆိုးေတြ သက္သာလာတာကို ေတြ႕ရမွာပါ။

Zombie (Lovemedia)