လူအများစုက တစ်ပတ်လုံး ပင်ပန်းထားသမျှအတွက် စနေ၊ တနင်္ဂနွေမှာ အချိန်အကြာကြီး အိပ်တတ်ကြပါတယ်။ ဒါပေမယ့် တချို့တွေကျတော့ အားလပ်ရက်တွေဆိုရင် မနက်အစောကြီး နိုးနေပြီး ရုံးဖွင့်ရက်တွေဆိုရင် နောက်ကျမှ နိုးတတ်ကြပါတယ်။ အားလပ်ရက်တွေမှာ အကြာကြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တတ်သူတွေက အသက်ပိုရှည်စေနိုင်တယ် လို့ လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

© Shutterstock.com

အထူးသဖြင့် ရုံးဖွင့်ရက်တွေမှာ အလုပ်များပြီး စောစောထရတဲ့သူတွေ အတွက်တော့ ပျော်စရာပါပဲ။ တစ်နေ့မှာ အိပ်ချိန်အနည်းဆုံး 8 နာရီထားခြင်းက အကောင်းဆုံးလို့ ပြောကြပါတယ်။ တကယ်တော့ တစ်နေ့ကို 8 နာရီကြာအိပ်တာထက် ရုံးပိတ်ရက်တွေမှာ အချိန်အကြာကြီး အိပ်တာက ပိုအသက်ရှည်စေနိုင်ပါတယ်။ ဒီသုတေသနမှာ လူပေါင်း 38015 ကို 13 နှစ်ကြာ လေ့လာခဲ့ပါတယ်။

အဲဒီလူတွေကို အသက် 65 နှစ်အောက်နဲ့ အသက် 65 နှစ်အထက်ဆိုပြီး အုပ်စုနှစ်စုပြန်ခွဲပါတယ်။ တစ်နေ့တာအတွက် အိပ်ချိန် 7 နာရီကြာ ထားတာက အကောင်းဆုံးလို့ ပြောကြပါတယ်။ အုပ်စုတစ်စုစီကို အမျိုးသား၊ အမျိုးသမီး၊ ခန္ဓာကိုယ်ဒြပ်ထုညွန်းကိန်းဇယား၊ ဆေးလိပ်သောက်ခြင်း၊ ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်ခြင်း၊ အလုပ်အကိုင်ဆိုပြီး ထပ်ခွဲပါတယ်။

© Shutterstock.com

အသက် 65 နှစ်အောက် ရှိပြီး တစ်ရက်ကို အိပ်ချိန် 5 နာရီအောက်ပဲရှိမယ်ဆိုရင်၊ အားလပ်ရက်တွေမှာလည်း အကြာကြီး မအိပ်ရင် စောစောသေဆုံးနိုင်ချေက 65% အထိ ရှိပါတယ်။ အသက် 65 နှစ်အောက်ရှိပြီး အားလပ်ရက်တွေမှာ အကြာကြီးအိပ်ရင်တော့ စောစောသေဆုံးနိုင်ချေက နည်းပါတယ်။

Credit photo

တစ်ခုသတိထားရမှာက နေ့တိုင်းနေ့တိုင်း အိပ်ချိန် 8 ကြာရှိမယ်ဆိုရင်လည်း စောစောသေဆုံးနိုင်ချေက 25% အထိ ရှိပါတယ်။ အဲဒါကြောင့် တစ်နေ့ကို 7 နာရီလောက် ကြာအောင်တော့ အိပ်သင့်ပါတယ်။ ဒီတွေ့ရှိချက်တွေက အသက် 65 နှစ်နဲ့အထက် သက်ကြီးရွယ်အိုတွေ အတွက်တော့ အကျုံးမဝင်ဘူးလို့ သုတေသနပညာရှင် Torbjorn Akerstedt က ပြောပါတယ်။

Zombie (LoveMedia)

For Zawgyi

အားလပ်ရက်တွေမှာ အချိန်အကြာကြာ အိပ်ခြင်းက အသက်ပိုရှည်စေနိုင်