ဒေါသထွက်ပြီး အိပ်ရာဝင်သွားတာက ခံစားရအခက်ဆုံး အရာတွေထဲက တစ်ခုပါပဲ။ နိုးလာတဲ့အခါမှာလည်း မ​ကောင်းတဲ့ ခံစားချက်တွေ ရှိနေဦးမှာပါပဲ။ ညအိပ်ရာဝင်ချိန်မှာ ဒေါသထွက်ပြီး အိပ်ပျော်သွားရင် ရလာမယ့် ဆိုးကျိူးတွေကို ဖော်ပြပေးပါမယ်နော်။

၁။ ဒေါသထွက်တာက အိပ်ရေးပျက်စေပါတယ်။

Credit photo

စိတ်ဖိစီးမှုနဲ့ ဒေါသက ခန္ဓါကိုယ်ကို နှိုးကြားနေစေပါတယ်။ ဒီလို အခြေအနေမျိုးမှာ အိပ်ပျော်ဖို့၊ အိပ်ရေးဝဝအိပ်ဖို့က ပိုခက်ခဲပါတယ်။ ပြီးတော့ အိပ်ရေးမဝတာကလည်း ဒေါသကို ပိုတိုးလာစေပါတယ်။ အိပ်ရေးမဝတဲ့အခါ စိတ်က ပိုမကြည်မလင် ဖြစ်နေမှာပါ။ ဒေါသထွက်လို့ အိပ်မရ၊ အိပ်မရလို့ ဒေါသပိုထွက် ဖြစ်နေမှာပါ။ အဲဒါကြောင့် အိပ်ရာဝင်ချိန်မှာ ဒေါသထွက်နေရင် ၁၅မိနစ်ကြာ တရားထိုင်ပေးသင့်ပါတယ်။

၂။ ဒေါသထွက်တာက ကျန်းမာရေးအတွက် အန္တရာယ် ရှိပါတယ်။

Credit photo

အိပ်စက်ခြင်းက ခန္ဓါကိုယ် ကျန်းမာရေးတစ်ခုလုံးကို လွှမ်းမိုးမှု ရှိတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ဒေါသထွက်ပြီး အိပ်မပျော်ရင် ညစဥ်အိပ်မပျော်ခြင်း၊ တက်ခြင်း၊ အိပ်မက်ဆိုးမက်ခြင်းနဲ့ အခြားစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

၃။ အိပ်ပျော်ပြီးတဲ့နောက်မှာ မကောင်းတဲ့ခံစားချက်တွေကို မေ့ဖို့ ပိုခက်ခဲပါတယ်။

Credit photo

အိပ်ပျော်တဲ့အခါ ဦးနှောက်က အချက်အလက်အသစ်တွေကို ရေရှည်မှတ်ဥာဏ်၊ ရေတိုမှတ်ဥာဏ်အဖြစ်သိမ်းဆည်းထားပါတယ်။ အိပ်စက်နေစဥ်မှာ စိတ်တိုဒေါသထွက်မှုတွေက ရေရှည်မှတ်ဥာဏ်ထဲကို ရောက်သွားပြီး အချိန်ကြာကြာ မှတ်မိနေပါတယ်။ မကောင်းတဲ့စိတ်ခံစးချက်တွေက မှတ်ဥာဏ်ထဲမှာ အစိုင်အခဲဖြစ်လာတဲ့အခါ အဲဒီမကောင်းတဲ့ ခံစားချက်တွေကို အနာဂတ်မှာ ထိန်းချုပ်နိုင်ဖို့ ပိုပိုခက်ခဲသွားပါတယ်။

၄။ ဒေါသက ခင်မင်ရင်းနှီးမှုတွေကို ပျက်စီးစေပါတယ်။

Credit photo

ညနက်ပိုင်းရောက်တဲ့အခါ လုပ်စရာတွေ နည်းသွားတာကြောင့် စဥ်းစားဖို့ အချိန်​တွေ ပိုရလာပါတယ်။ အဲဒါကြောင့် ဖြစ်ခဲ့တဲ့ ပြဿနာတွေကို ညဘက်မှာပိုပြီး တွေးတတ်ကြပါတယ်။ ဒေါသထွက်စရာတွေကို ညစဥ်ထပ်ကာထပ်က ပြန်တွေးနေရင် တစ်ယောက်နဲ့ တစ်ယောက်အကြား ခင်မင်မှုတွေပျက်ပြီး အမုန်းတွေ ပိုပွားလာမှာပါ။

၅။ ဒေါသထွက်တာက ပြဿနာဖြေရှင်းဖို့ နည်းလမ်းတစ်ခု မဟုတ်ပါဘူး။

Credit photo

ဒေါသထွက်တဲ့အခါ အမှန်ကို မမြင်နိုင်တော့ပါဘူး။ စိတ်လိုက်မာန်ပါ ပြုလုပ်မိတဲ့အခါ အရင်ဆုံးထိခိုက်မှာ မိမိကိုယ်တိုင်ပါပဲ။ ဒေါသထွက်ရတဲ့အကြောင်းရင်းကို စိတ်အေးအေးထားပြီး စဥ်းစားတဲ့အခါ ပြဿနာကိုလည်း ဖြေရှင်းနိုင်သွားမှာပါ။

Zombie (Lovemedia)

For Zawgyi

စိတ္တိုေဒါသထြက္ၿပီး အိပ္ေပ်ာ္သြားရင္ ျဖစ္လာမယ့္ဆိုးက်ိဳး (၅)ခု

ေဒါသထြက္ၿပီး အိပ္ရာဝင္သြားတာက ခံစားရအခက္ဆုံး အရာေတြထဲက တစ္ခုပါပဲ။ ႏိုးလာတဲ့အခါမွာလည္း မေကာင္းတဲ့ ခံစားခ်က္ေတြ ရွိေနဦးမွာပါပဲ။ ညအိပ္ရာဝင္ခ်ိန္မွာ ေဒါသထြက္ၿပီး အိပ္ေပ်ာ္သြားရင္ ရလာမယ့္ ဆိုးက်ိဴးေတြကို ေဖာ္ျပေပးပါမယ္ေနာ္။

၁။ ေဒါသထြက္တာက အိပ္ေရးပ်က္ေစပါတယ္။

စိတ္ဖိစီးမႈနဲ႔ေဒါသက ခႏၶါကိုယ္ကို ႏႈိးၾကားေနေစပါတယ္။ ဒီလို အေျခအေနမ်ိဳးမွာ အိပ္ေပ်ာ္ဖို႔၊ အိပ္ေရးဝဝအိပ္ဖို႔က ပိုခက္ခဲပါတယ္။ ၿပီးေတာ့ အိပ္ေရးမဝတာကလည္း ေဒါသကို ပိုတိုးလာေစပါတယ္။ အိပ္ေရးမဝတဲ့အခါ စိတ္က ပိုမၾကည္မလင္ ျဖစ္ေနမွာပါ။ ေဒါသထြက္လို႔ အိပ္မရ၊ အိပ္မရလို႔ ေဒါသပိုထြက္ ျဖစ္ေနမွာပါ။ အဲဒါေၾကာင့္ အိပ္ရာဝင္ခ်ိန္မွာ ေဒါသထြက္ေနရင္ ၁၅မိနစ္ၾကာ တရားထိုင္ေပးသင့္ပါတယ္။

၂။ ေဒါသထြက္တာက က်န္းမာေရးအတြက္ အႏၲရာယ္ ရွိပါတယ္။

အိပ္စက္ျခင္းက ခႏၶါကိုယ္ က်န္းမာေရးတစ္ခုလုံးကို လႊမ္းမိုးမႈ ရွိတယ္လို႔ ပညာရွင္ေတြက ေျပာပါတယ္။ ေဒါသထြက္ၿပီး အိပ္မေပ်ာ္ရင္ ညစဥ္အိပ္မေပ်ာ္ျခင္း၊ တက္ျခင္း၊ အိပ္မက္ဆိုးမက္ျခင္းနဲ႔ အျခားစိတ္ပိုင္းဆိုင္ရာ ျပႆနာေတြ ျဖစ္လာႏိုင္ပါတယ္။

၃။ အိပ္ေပ်ာ္ၿပီးတဲ့ေနာက္မွာ မေကာင္းတဲ့ခံစားခ်က္ေတြကို ေမ့ဖို႔ ပိုခက္ခဲပါတယ္။

အိပ္ေပ်ာ္တဲ့အခါ ဦးေႏွာက္က အခ်က္အလက္အသစ္ေတြကို ေရရွည္မွတ္ဥာဏ္၊ ေရတိုမွတ္ဥာဏ္အျဖစ္သိမ္းဆည္းထားပါတယ္။ အိပ္စက္ေနစဥ္မွာ စိတ္တိုေဒါသထြက္မႈေတြက ေရရွည္မွတ္ဥာဏ္ထဲကို ေရာက္သြားၿပီး အခ်ိန္ၾကာၾကာ မွတ္မိေနပါတယ္။ မေကာင္းတဲ့စိတ္ခံစးခ်က္ေတြက မွတ္ဥာဏ္ထဲမွာ အစိုင္အခဲျဖစ္လာတဲ့အခါ အဲဒီမေကာင္းတဲ့ ခံစားခ်က္ေတြကို အနာဂတ္မွာ ထိန္းခ်ဳပ္ႏိုင္ဖို႔ ပိုပိုခက္ခဲသြားပါတယ္။

၄။ ေဒါသက ခင္မင္ရင္းႏွီးမႈေတြကို ပ်က္စီးေစပါတယ္။

ညနက္ပိုင္းေရာက္တဲ့အခါ လုပ္စရာေတြ နည္းသြားတာေၾကာင့္ စဥ္းစားဖို႔ အခ်ိန္ေတြ ပိုရလာပါတယ္။ အဲဒါေၾကာင့္ ျဖစ္ခဲ့တဲ့ ျပႆနာေတြကို ညဘက္မွာပိုၿပီး ေတြးတတ္ၾကပါတယ္။ ေဒါသထြက္စရာေတြကို ညစဥ္ထပ္ကာထပ္က ျပန္ေတြးေနရင္ တစ္ေယာက္နဲ႔ တစ္ေယာက္အၾကား ခင္မင္မႈေတြပ်က္ၿပီး အမုန္းေတြ ပိုပြားလာမွာပါ။

၅။ ေဒါသထြက္တာက ျပႆနာေျဖရွင္းဖို႔ နည္းလမ္းတစ္ခု မဟုတ္ပါဘူး။

ေဒါသထြက္တဲ့အခါ အမွန္ကို မျမင္ႏိုင္ေတာ့ပါဘူး။ စိတ္လိုက္မာန္ပါ ျပဳလုပ္မိတဲ့အခါ အရင္ဆုံးထိခိုက္မွာ မိမိကိုယ္တိုင္ပါပဲ။ ေဒါသထြက္ရတဲ့အေၾကာင္းရင္းကို စိတ္ေအးေအးထားၿပီး စဥ္းစားတဲ့အခါ ျပႆနာကိုလည္း ေျဖရွင္းႏိုင္သြားမွာပါ။

Zombie (Lovemedia)