For Unicode

ဒေါက်မြင့်ဖိနပ်စီးတဲ့ အမျိုးသမီး ၇၁% ဟာ ခြေထောက် နာကျင်မှုတွေ ခံစားရတယ် လို့ American Podiatric Medical Association က ဖော်ပြထားပါတယ်။ ဒါပေမယ့် ဒေါက်မြင့်ဖိနပ် စီးတာက ခြေထောက်ကိုပဲ ထိခိုက်တာ မဟုတ်ပါဘူး။ တခြားခန္ဓါကိုယ် အစိတ်အပိုင်းတွေကိုပါ ထိခိုက်ပါသေးတယ်။

၁။ တင်ပါး

ဒေါက်မြင့်ဖိနပ်စီးတဲ့အခါ ခန္ဓါကိုယ်က ဟန်ချက်ညီဖို့ လိုလာပါပြီ။ အဲဒီအခါ တင်ပါးနဲ့ ကျောရိုးရဲ့ဖြောင့်တန်းမှုက ပြောင်းလဲသွားပါတယ်။ ဒေါက်မြင့်ဖိနပ်တွေကို အချိန်ကြာကြာ စီးတဲ့အခါ ကြွက်သားတွေက ကျဉ်းမြောင်းလာပါတယ်။ နောက်ပိုင်းမှာ တင်ပါးတွေ နာကျင်လာပါတော့တယ်။

၂။ ဒူး

ဒေါက်မြင့်ဖိနပ်တွေကို စီးတဲ့အခါ ခန္ဓါကိုယ်ဟန်ချက်ညီဖို့ ဒူးက ရှေ့ကိုအနည်းငယ် ရောက်သွားပါတယ်။ ဒူးပေါ်မှာ ဖိအားတွေ သက်ရောက်နေပါတယ်။ အဲဒီကနေ အရိုးအဆစ်ရောင်ရောဂါ ဖြစ်သွားစေ ပါတယ်။ တွေ့ရများတဲ့ လက္ခဏာတွေကတော့ အဆစ်နာခြင်း၊ ရောင်ရမ်းခြင်းတို့ ပါပဲ။

၃။ ကျောရိုး

ပုံမှန်အားဖြင့် ခန္ဓါကိုယ်က ပြေပြစ်တဲ့ ကောက်ကြောင်းရှိပါတယ်။ အဲဒီကောက်ကြောင်းက ခန္ဓါကိုယ်လှုပ်ရှား လိုက်တဲ့အခါ ရှိလာတဲ့ ဖိအားတွေကို လျော့နည်းသွားစေပါတယ်။ ဒေါက်မြင့်ဖိနပ်တွေ စီးတဲ့အခါ ကျောအောက်ပိုင်းက ချဲ့ကားသွားပါတယ်။ အဲဒီအခါ ကြွက်သားနဲ့ကျောရိုးတွေ နာကျင်လာပါတယ်။

ဒေါက်မြင့်ဖိနပ်တွေကို ကာလကြာမြင့်စွာ စီးတဲ့သူတွေက ကျောရိုးဆစ်များရဲ့ ဘေးဘက် အာရုံကြောလေးတွေ ထွက်တဲ့အပေါက် ကျဉ်းမြောင်းလာနိုင်ပါတယ်။ အာရုံကြောလေးတွေရဲ့ အပေါ်ယံမှာ မိုးအုပ်ထားတဲ့အလွှာပါး သို့မဟုတ် အာရုံကြောလေးတွေကို ဖိမိနေပြီး အဲဒီအာရုံကြောက ထောက်ပံ့ပေးထားတဲ့ ကြွက်သားများ နာကျင်ခြင်း၊ ထုံကျဉ်ခြင်း၊ ကြွက်သားအားနည်းခြင်းစတဲ့ဝေဒနာတွေ ခံစားရနိုင်ပါတယ်။

- ဒေါက်မြင့်ဖိနပ်စီးခြင်းက ခြေထောက်နဲ့ ပတ်သက်တဲ့ ပြဿနာတွေလည်း ဖြစ်စေပါတယ်။ ထိပ်ချွန်တဲ့ ဖိနပ်မြင့်တွေက ခြေချောင်းတွေကို အလွန်တင်းကျပ်သွားစေပါတယ်။ ခြေမက ခြေညှိုးဘက်ကို ယိုင်သွားပြီး ခြေမပထမအဆစ်ပေါ်မှာ အနာဖြစ်စေပါတယ်။

- ခြေကျင်းဝတ်နဲ့ ပတ်သက်တဲ့ပြဿနာတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။

- ထိပ်ချွန်တဲ့ ဒေါက်မြင့်ဖိနပ်တွေကို အချိန်ကြာကြာစီးတဲ့အခါ ခြေချောင်းတွေ ကျပ်သိပ်သွားပြီး ကွေးလိပ်သွားတတ်ပါတယ်။

- ခြေထောက်ပေါ် သက်ရောက်နေတဲ့ ဖိအားတွေက ခြေထောက်အသားမာတွေ ဖြစ်စေနိုင်ပါတယ်။

- အချိန်ကြာမြင့်လာတဲ့အခါ ခြေဖဝါးအောက်ဘက်က နာဗ်ကြောလေးတွေကို ဖိမိသွားပြီး နာကျက်လာတတ်ပါတယ်။

- ခြေဖနောင့်ကနေ ခြေဖျားအထိ plantar fascia ဆိုတဲ့ အရွတ်ကြီးတစ်ခုက ထောက်ပံ့ပေးထားပါတယ်။ ဖိနပ်ကို တင်းတင်းကျပ်ကျပ် စီးတဲ့အခါ အရွတ်ရောင်ရမ်းမှုတွေ ဖြစ်ပေါ်လာပါတယ်။

Zombie(LoveMedia)

For Zawgyi

ေဒါက္ျမင့္ဖိနပ္စီးျခင္းရဲ႕ အႏၲရာယ္

ေဒါက္ျမင့္ဖိနပ္စီးတဲ့ အမ်ိဳးသမီး ၇၁% ဟာ ေျခေထာက္ နာက်င္မႈေတြ ခံစားရတယ္ လို႔ American Podiatric Medical Association က ေဖာ္ျပထားပါတယ္။ ဒါေပမယ့္ ေဒါက္ျမင့္ဖိနပ္ စီးတာက ေျခေထာက္ကိုပဲ ထိခိုက္တာ မဟုတ္ပါဘူး။ တျခားခႏၶါကိုယ္ အစိတ္အပိုင္းေတြကိုပါ ထိခိုက္ပါေသးတယ္။

၁။ တင္ပါး

ေဒါက္ျမင့္ဖိနပ္စီးတဲ့အခါ ခႏၶါကိုယ္က ဟန္ခ်က္ညီဖို႔ လိုလာပါၿပီ။ အဲဒီအခါ တင္ပါးနဲ႔ ေက်ာ႐ိုးရဲ႕ေျဖာင့္တန္းမႈက ေျပာင္းလဲသြားပါတယ္။ ေဒါက္ျမင့္ဖိနပ္ေတြကို အခ်ိန္ၾကာၾကာ စီးတဲ့အခါ ႂကြက္သားေတြက က်ဥ္းေျမာင္းလာပါတယ္။ ေနာက္ပိုင္းမွာ တင္ပါးေတြ နာက်င္လာပါေတာ့တယ္။

၂။ ဒူး

ေဒါက္ျမင့္ဖိနပ္ေတြကို စီးတဲ့အခါ ခႏၶါကိုယ္ဟန္ခ်က္ညီဖို႔ ဒူးက ေရွ႕ကိုအနည္းငယ္ ေရာက္သြားပါတယ္။ ဒူးေပၚမွာ ဖိအားေတြ သက္ေရာက္ေနပါတယ္။ အဲဒီကေန အ႐ိုးအဆစ္ေရာင္ေရာဂါ ျဖစ္သြားေစ ပါတယ္။ ေတြ႕ရမ်ားတဲ့ လကၡဏာေတြကေတာ့ အဆစ္နာျခင္း၊ ေရာင္ရမ္းျခင္းတို႔ ပါပဲ။

၃။ ေက်ာ႐ိုး

ပုံမွန္အားျဖင့္ ခႏၶါကိုယ္က ေျပျပစ္တဲ့ ေကာက္ေၾကာင္းရွိပါတယ္။ အဲဒီေကာက္ေၾကာင္းက ခႏၶါကိုယ္လႈပ္ရွား လိုက္တဲ့အခါ ရွိလာတဲ့ ဖိအားေတြကို ေလ်ာ့နည္းသြားေစပါတယ္။ ေဒါက္ျမင့္ဖိနပ္ေတြ စီးတဲ့အခါ ေက်ာေအာက္ပိုင္းက ခ်ဲ႕ကားသြားပါတယ္။ အဲဒီအခါ ႂကြက္သားနဲ႔ေက်ာ႐ိုးေတြ နာက်င္လာပါတယ္။ ေဒါက္ျမင့္ဖိနပ္ေတြကို ကာလၾကာျမင့္စြာ စီးတဲ့သူေတြက ေက်ာ႐ိုးဆစ္မ်ားရဲ႕ ေဘးဘက္ အာ႐ုံေၾကာေလးေတြ ထြက္တဲ့အေပါက္ က်ဥ္းေျမာင္းလာႏိုင္ပါတယ္။ အာ႐ုံေၾကာေလးေတြရဲ႕ အေပၚယံမွာ မိုးအုပ္ထားတဲ့အလႊာပါး သို႔မဟုတ္ အာ႐ုံေၾကာေလးေတြကို ဖိမိေနၿပီး အဲဒီအာ႐ုံေၾကာက ေထာက္ပံ့ေပးထားတဲ့ ႂကြက္သားမ်ား နာက်င္ျခင္း၊ ထုံက်ဥ္ျခင္း၊ ႂကြက္သားအားနည္းျခင္းစတဲ့ေဝဒနာေတြ ခံစားရႏိုင္ပါတယ္။

- ေဒါက္ျမင့္ဖိနပ္စီးျခင္းက ေျခေထာက္နဲ႔ ပတ္သက္တဲ့ ျပႆနာေတြလည္း ျဖစ္ေစပါတယ္။ ထိပ္ခြၽန္တဲ့ ဖိနပ္ျမင့္ေတြက ေျခေခ်ာင္းေတြကို အလြန္တင္းက်ပ္သြားေစပါတယ္။ ေျခမက ေျခညႇိဳးဘက္ကို ယိုင္သြားၿပီး ေျခမပထမအဆစ္ေပၚမွာ အနာျဖစ္ေစပါတယ္။

- ေျခက်င္းဝတ္နဲ႔ ပတ္သက္တဲ့ျပႆနာေတြလည္း ျဖစ္ေပၚလာႏိုင္ပါတယ္။

- ထိပ္ခြၽန္တဲ့ ေဒါက္ျမင့္ဖိနပ္ေတြကို အခ်ိန္ၾကာၾကာစီးတဲ့အခါ ေျခေခ်ာင္းေတြ က်ပ္သိပ္သြားၿပီး ေကြးလိပ္သြားတတ္ပါတယ္။

- ေျခေထာက္ေပၚ သက္ေရာက္ေနတဲ့ ဖိအားေတြက ေျခေထာက္အသားမာေတြ ျဖစ္ေစႏိုင္ပါတယ္။

- အခ်ိန္ၾကာျမင့္လာတဲ့အခါ ေျခဖဝါးေအာက္ဘက္က နာဗ္ေၾကာေလးေတြကို ဖိမိသြားၿပီး နာက်က္လာတတ္ပါတယ္။

- ေျခဖေနာင့္ကေန ေျခဖ်ားအထိ plantar fascia ဆိုတဲ့ အ႐ြတ္ႀကီးတစ္ခုက ေထာက္ပံ့ေပးထားပါတယ္။ ဖိနပ္ကို တင္းတင္းက်ပ္က်ပ္ စီးတဲ့အခါ အ႐ြတ္ေရာင္ရမ္းမႈေတြ ျဖစ္ေပၚလာပါတယ္။

Zombie(LoveMedia)