လူတွေဟာ ချစ်သူတွေ ဖြစ်လာကြပြီ ဆိုရင် ဂရုစိုက်တာတွေ၊ ဖေးမတာတွေ၊ နားလည်မှု ပေးတာတွေကို လိုချင်တာ သဘာဝပါပဲ။ ဒါပေမယ့် သင်ကို့ ရုပ်သေးရုပ် တစ်ရုပ်လို ကြိုးကိုင် ခြယ်လှယ်နေရင်တော့ လမ်းခွဲလိုက်တာ ပိုကောင်းပါတယ်။

1. သင်ဟာ အမြဲတမ်း အပြစ် ရှိတယ်။

ကြိုးကိုင်တတ် သူတွေရဲ့ အရည်အချင်းက သင့်မှ အပြစ် မရှိရင်တောင် အပြစ်ရှိသလို ခံစားရအောင် ပြုလုပ်တတ် တာပါပဲ။ သင်က အကူအညီ တောင်းစရာရှိလို့ ဖုန်းဆက်ရင်တောင် အလုပ်များနေတာ မသိဘူးလား၊ ဘာလို့ ဒီအကြောင်းတွေ လာပြောနေရတာလဲ ဆိုပြီး ပြောပါလိမ့်မယ်။ အကူအညီတောင်းမိတဲ့သူက မှားတယ်လို့ ခံစားသွား ရအောင် ပြောတတ်ကြပါတယ်။ သင့်ချစ်သူက သင့်ကို ကြိုးကိုငွနေရင် ဘယ်လိုတုံ့ပြန်ရမလဲ ဆိုတာကို Barrie Davenpere က အကြံပေးထား ပါတယ်။

- သူက သင့်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ် ဆိုတာ လက်ခံပါ။

- စိတ်ကို တည်တည်ငြိမ်ငြိမ် ထားပါ။

- သူတို့ရဲ့ အပြုအမူ အတွက် တာဝန်ယူရလိမ့်မယ်လို့ စဉ်းစားလိုက်ပါ။

2. သူတို့ဟာ အမြဲနစ်နာသူတွေ ဖြစ်နေတတ်ကြတယ်။

ကြိုးကိုင်တတ်သူတွေက သူတို့ဘဝဟာ သနားစရာကောင်းကြောင်း၊ ကံဆိုးကြောင်း၊ အခက်အခဲတွေနဲ့ ပြည့်နေကြောင်း သနားစရာကောင်းအောင် ပြောတတ်ပါတယ်။ အဲဒါကြောင့် သူတို့ဟာ ခေါင်းရှောင် တတ်သူတွေ ဖြစ်ပါတယ်။ သူနဲ့ ပတ်သက်ပြီး အမြဲတမ်း စိတ်ညစ်စရာတွေ ကိုပဲ ကြားနေရ မှာပါ။ သူတို့ရဲ့ အကျိုးအတွက် ပြောပြနေတာ ဖြစ်လို့ ပြိုင်မငြင်းဘဲ အေးအေးဆေးဆေး နားထောင်ပေးလိုက်ပါ။

3. ရန်စ တတ်တယ်။

ကြိုးကိုင်တတ် သူတွေဟာ အရင် ရန်စတတ် ကြပါတယ်။ သင့်ကို ဒေါသ ထွက်လာအောင်၊ စိတ်ဆိုးလာအောင် တဖြည်းဖြည်း ရန်စတတ်ပါတယ်။ ရန်ဖြစ်တဲ့အခါ သင်က လွန်ကြောင်း အများမြင်အောင်လုပ်ပြီး သူ့အပြစ်ကိုတော့ ဖုံးကွယ်ပါတယ်။

4. ချောက်တွန်းတတ်တယ်။

ဆုံးဖြတ်ရဖို့ အချိန်နည်းလာလေလေ၊ စဉ်းစားဖို့ အချိန်နည်းလာလေလေ ပါပဲ။ ကြိုးကိုင်တတ်သူတွေက သင့်ကို စဉ်းစားရကြပ်အောင် လုပ်တတ် ပါတယ်။ သင်ဟာ မစဉ်းစားတတ် တော့ဘဲ အမှားတွေပဲ လုပ်မိအောင် တမင်ချောက်တွန်း ပေးနေတာပါ။

5. သင့်ပြဿနာတွေကို မကြားချင်ယောင် ဆောင်နေတတ်တယ်။

ကြိုးကိုင်တတ် သူတွေရဲ့အရည်အချင်းက ဂရုမစိုက်တတ်ခြင်း ပါပဲ။ သင့်ပြဿနာတွေကို ပြောတဲ့အခါ သူက စကားဖြတ်ပြောပြီး အလုပ်များချင်ယောင် ဆောင်နေတတ်ကြ ပါတယ်။ သူ့ပြဿနာတွေက သင့်ပြဿနာတွေထက် ကြီးကြောင်း သနားစရာကောင်းအောင် ပြောတတ်ပါသေးတယ်။ အဲဒါကြောင့် ဒီလို ခေါင်းရှောင်တတ်သူကို လမ်းခွဲပြီး ကိုယ့်အပေါ် တကယ် မေတ္တာထားသူကိုပဲ ရှာသင့်ပါတယ်။

6. သင်မရှိရင် သူသေသွားလိမ့်မယ် ဆိုတဲ့စကားကို ခဏခဏ ပြောတတ်တယ်။

အဲဒီလိုစကားက သင့်စိတ်ကို လှည့်စားလိုက်တာပါ။ "နင်မရှိတော့ ငါသေလိုက်မှာနော်" လို့လည်း ပြောလည်း မယုံလိုက်ပါနဲ့။ သူတစ်ခုခု ဖြစ်သွားရင် သင့်ပယောဂ မကင်းသယောင် ဖြစ်အောင် လုပ်တာပါ။ သူပြောတဲ့အတိုင်း တကယ် မသေနိုင်လို့ ရဲရဲသာ လမ်းခွဲလိုက်ပါ။

7. အပြစ်ကို လွှဲချတတ်တယ်။

လိုရာကို ဆွဲပြီး မမှန်မကန် ပြောတတ်တာက ကြိုးကိုင်တတ်သူတွေ ကျွမ်းကျင်တဲ့ အရာပါ။ ပြဿနာတစ်ခု ဖြစ်လာရင် သင့်ကြောင့်သာ ဖြစ်ကြောင်း၊ သင်က ဟန်ဆောင်ကောင်းကြောင်း လှည့်စားပြောတတ်ကြပါတယ်။

8. ဟန်ဆောင် ကောင်းတယ်။

ပြဿနာဖြစ်ရင် မဆွေးနွေးချင်ဘဲ ရှောင်ထွက်တတ် ပါတယ်။ သူ့အပြစ်အတွက် တာဝန်ယူမှု မရှိသလို သင့်ကို ဒုက္ခရောက်အောင် လုပ်ဖို့လည်း ဝန်မလေးပါဘူး။ သင်ပြောသမျှ စကားတွေက အမှားတွေ ဖြစ်တယ်လို့ ယူဆလာအောင် ဟန်ဆောင်ကောင်းတတ် ကြပါတယ်။

9. မာယာတွေ သုံးတတ်တယ်။

ကြိုးကိုင်တတ် သူတွေက သင့်ဆီက တစ်ခုခုလိုချင်ရင် မာယာတွေ သုံးတတ်ပါတယ်။ သူတို့မှာ အလွန် ခက်ခဲနေကြောင်း ပြောပြီး သူ့ဘက်ပါလာအောင် ဆွဲဆောင်မှာပါ။ မာယာတွေသုံး၊ ချိုချိုသာသာလိမ်ညာပြီး အကူအညီ တောင်းလာရင် လုံးဝ မကူညီသင့်ပါဘူး။

10. ဘာမှ မမှတ်တော့သလို ဟန်ဆောင်တတ်တယ်။

သူတို့ဟာ တစ်ကိုယ်ကောင်း ဆန်သူတွေဖြစ်လို့ သက်သာမယ့် လမ်းကိုပဲ ရွေးမှာပါ။ ပြဿနာကို မရှင်းချင်တော့ရင် မမှတ်မိတော့ဘူး၊ စဉ်းစားလို့ မရတော့ဘူး ဆိုပြီး လွယ်လွယ်နဲ့ ပြောထွက်တတ် ပါတယ်။ အဲဒါကြောင့် သင့်အမြဲ စိတ်ညစ်နေရ မှာပါ။ သင်နဲ့ လမ်းခွဲချင်လို့၊ တကယ် မချစ်လို့ ဒီလို လှည့်စားနေတာပါ။ ကြိုးကိုင်တတ်သူနဲ့ လမ်းခွဲပြီး အေးအေးဆေးဆေးနေတာ ပိုကောင်းပါတယ်။

Zombie (LoveMedia)

For Zawgyi

သင့္ခ်စ္သူက သင့္ကို ႀကိဳးကိုင္ျခယ္လွယ္ေနေၾကာင္း သိႏိုင္မယ့္ အခ်က္ (၁၀) ခ်က္

လူေတြဟာ ခ်စ္သူေတြ ျဖစ္လာၾကၿပီ ဆိုရင္ ဂ႐ုစိုက္တာေတြ၊ ေဖးမတာေတြ၊ နားလည္မႈ ေပးတာေတြကို လိုခ်င္တာ သဘာဝပါပဲ။ ဒါေပမယ့္ သင္ကို႔ ႐ုပ္ေသး႐ုပ္ တစ္႐ုပ္လို ႀကိဳးကိုင္ ျခယ္လွယ္ေနရင္ေတာ့ လမ္းခြဲလိုက္တာ ပိုေကာင္းပါတယ္။

1. သင္ဟာ အၿမဲတမ္း အျပစ္ ရွိတယ္။

ႀကိဳးကိုင္တတ္ သူေတြရဲ႕ အရည္အခ်င္းက သင့္မွ အျပစ္ မရွိရင္ေတာင္ အျပစ္ရွိသလို ခံစားရေအာင္ ျပဳလုပ္တတ္ တာပါပဲ။ သင္က အကူအညီ ေတာင္းစရာရွိလို႔ ဖုန္းဆက္ရင္ေတာင္ အလုပ္မ်ားေနတာ မသိဘူးလား၊ ဘာလို႔ ဒီအေၾကာင္းေတြ လာေျပာေနရတာလဲ ဆိုၿပီး ေျပာပါလိမ့္မယ္။ အကူအညီေတာင္းမိတဲ့သူက မွားတယ္လို႔ ခံစားသြား ရေအာင္ ေျပာတတ္ၾကပါတယ္။ သင့္ခ်စ္သူက သင့္ကို ႀကိဳးကိုငြေနရင္ ဘယ္လိုတုံ႔ျပန္ရမလဲ ဆိုတာကို Barrie Davenpere က အႀကံေပးထား ပါတယ္။

- သူက သင့္ကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနတယ္ ဆိုတာ လက္ခံပါ။

- စိတ္ကို တည္တည္ၿငိမ္ၿငိမ္ ထားပါ။

- သူတို႔ရဲ႕ အျပဳအမူ အတြက္ တာဝန္ယူရလိမ့္မယ္လို႔ စဥ္းစားလိုက္ပါ။

2. သူတို႔ဟာ အၿမဲနစ္နာသူေတြ ျဖစ္ေနတတ္ၾကတယ္။

ႀကိဳးကိုင္တတ္သူေတြက သူတို႔ဘဝဟာ သနားစရာေကာင္းေၾကာင္း၊ ကံဆိုးေၾကာင္း၊ အခက္အခဲေတြနဲ႔ ျပည့္ေနေၾကာင္း သနားစရာေကာင္းေအာင္ ေျပာတတ္ပါတယ္။ အဲဒါေၾကာင့္ သူတို႔ဟာ ေခါင္းေရွာင္ တတ္သူေတြ ျဖစ္ပါတယ္။ သူနဲ႔ ပတ္သက္ၿပီး အၿမဲတမ္း စိတ္ညစ္စရာေတြ ကိုပဲ ၾကားေနရ မွာပါ။ သူတို႔ရဲ႕ အက်ိဳးအတြက္ ေျပာျပေနတာ ျဖစ္လို႔ ၿပိဳင္မျငင္းဘဲ ေအးေအးေဆးေဆး နားေထာင္ေပးလိုက္ပါ။

3. ရန္စ တတ္တယ္။

ႀကိဳးကိုင္တတ္ သူေတြဟာ အရင္ ရန္စတတ္ ၾကပါတယ္။ သင့္ကို ေဒါသ ထြက္လာေအာင္၊ စိတ္ဆိုးလာေအာင္ တျဖည္းျဖည္း ရန္စတတ္ပါတယ္။ ရန္ျဖစ္တဲ့အခါ သင္က လြန္ေၾကာင္း အမ်ားျမင္ေအာင္လုပ္ၿပီး သူ႔အျပစ္ကိုေတာ့ ဖုံးကြယ္ပါတယ္။

4. ေခ်ာက္တြန္းတတ္တယ္။

ဆုံးျဖတ္ရဖို႔ အခ်ိန္နည္းလာေလေလ၊ စဥ္းစားဖို႔ အခ်ိန္နည္းလာေလေလ ပါပဲ။ ႀကိဳးကိုင္တတ္သူေတြက သင့္ကို စဥ္းစားရၾကပ္ေအာင္ လုပ္တတ္ ပါတယ္။ သင္ဟာ မစဥ္းစားတတ္ ေတာ့ဘဲ အမွားေတြပဲ လုပ္မိေအာင္ တမင္ေခ်ာက္တြန္း ေပးေနတာပါ။

5. သင့္ျပႆနာေတြကို မၾကားခ်င္ေယာင္ ေဆာင္ေနတတ္တယ္။

ႀကိဳးကိုင္တတ္ သူေတြရဲ႕အရည္အခ်င္းက ဂ႐ုမစိုက္တတ္ျခင္း ပါပဲ။ သင့္ျပႆနာေတြကို ေျပာတဲ့အခါ သူက စကားျဖတ္ေျပာၿပီး အလုပ္မ်ားခ်င္ေယာင္ ေဆာင္ေနတတ္ၾက ပါတယ္။ သူ႔ျပႆနာေတြက သင့္ျပႆနာေတြထက္ ႀကီးေၾကာင္း သနားစရာေကာင္းေအာင္ ေျပာတတ္ပါေသးတယ္။ အဲဒါေၾကာင့္ ဒီလို ေခါင္းေရွာင္တတ္သူကို လမ္းခြဲၿပီး ကိုယ့္အေပၚ တကယ္ ေမတၱာထားသူကိုပဲ ရွာသင့္ပါတယ္။

6. သင္မရွိရင္ သူေသသြားလိမ့္မယ္ ဆိုတဲ့စကားကို ခဏခဏ ေျပာတတ္တယ္။

အဲဒီလိုစကားက သင့္စိတ္ကို လွည့္စားလိုက္တာပါ။ "နင္မရွိေတာ့ ငါေသလိုက္မွာေနာ္" လို႔လည္း ေျပာလည္း မယုံလိုက္ပါနဲ႔။ သူတစ္ခုခု ျဖစ္သြားရင္ သင့္ပေယာဂ မကင္းသေယာင္ ျဖစ္ေအာင္ လုပ္တာပါ။ သူေျပာတဲ့အတိုင္း တကယ္ မေသႏိုင္လို႔ ရဲရဲသာ လမ္းခြဲလိုက္ပါ။

7. အျပစ္ကို လႊဲခ်တတ္တယ္။

လိုရာကို ဆြဲၿပီး မမွန္မကန္ ေျပာတတ္တာက ႀကိဳးကိုင္တတ္သူေတြ ကြၽမ္းက်င္တဲ့ အရာပါ။ ျပႆနာတစ္ခု ျဖစ္လာရင္ သင့္ေၾကာင့္သာ ျဖစ္ေၾကာင္း၊ သင္က ဟန္ေဆာင္ေကာင္းေၾကာင္း လွည့္စားေျပာတတ္ၾကပါတယ္။

8. ဟန္ေဆာင္ ေကာင္းတယ္။

ျပႆနာျဖစ္ရင္ မေဆြးေႏြးခ်င္ဘဲ ေရွာင္ထြက္တတ္ ပါတယ္။ သူ႔အျပစ္အတြက္ တာဝန္ယူမႈ မရွိသလို သင့္ကို ဒုကၡေရာက္ေအာင္ လုပ္ဖို႔လည္း ဝန္မေလးပါဘူး။ သင္ေျပာသမွ် စကားေတြက အမွားေတြ ျဖစ္တယ္လို႔ ယူဆလာေအာင္ ဟန္ေဆာင္ေကာင္းတတ္ ၾကပါတယ္။

9. မာယာေတြ သုံးတတ္တယ္။

ႀကိဳးကိုင္တတ္ သူေတြက သင့္ဆီက တစ္ခုခုလိုခ်င္ရင္ မာယာေတြ သုံးတတ္ပါတယ္။ သူတို႔မွာ အလြန္ ခက္ခဲေနေၾကာင္း ေျပာၿပီး သူ႔ဘက္ပါလာေအာင္ ဆြဲေဆာင္မွာပါ။ မာယာေတြသုံး၊ ခ်ိဳခ်ိဳသာသာလိမ္ညာၿပီး အကူအညီ ေတာင္းလာရင္ လုံးဝ မကူညီသင့္ပါဘူး။

10. ဘာမွ မမွတ္ေတာ့သလို ဟန္ေဆာင္တတ္တယ္။

သူတို႔ဟာ တစ္ကိုယ္ေကာင္း ဆန္သူေတြျဖစ္လို႔ သက္သာမယ့္ လမ္းကိုပဲ ေ႐ြးမွာပါ။ ျပႆနာကို မရွင္းခ်င္ေတာ့ရင္ မမွတ္မိေတာ့ဘူး၊ စဥ္းစားလို႔ မရေတာ့ဘူး ဆိုၿပီး လြယ္လြယ္နဲ႔ ေျပာထြက္တတ္ ပါတယ္။ အဲဒါေၾကာင့္ သင့္အၿမဲ စိတ္ညစ္ေနရ မွာပါ။ သင္နဲ႔ လမ္းခြဲခ်င္လို႔၊ တကယ္ မခ်စ္လို႔ ဒီလို လွည့္စားေနတာပါ။ ႀကိဳးကိုင္တတ္သူနဲ႔ လမ္းခြဲၿပီး ေအးေအးေဆးေဆးေနတာ ပိုေကာင္းပါတယ္။

Zombie (LoveMedia)