လင်မယား နှစ်ယောက် ခုတင်ပေါ်တွင် ချစ်တင်းနှောနေချိန်
“ ဝုန်း”
တံခါးကို တစ်ယောက်က ကန်ဖွင့်လိုက်သည်။ ဘာဖြစ်သွားမည် ထင်သနည်း။
လင်မယား စစ်စစ်ဖြစ်ခြင်းကြောင့် မည့်သူ့ကိုမျှ ကြောက်စရာ မဟုတ်သော်လည်း၊ ရှက်စရာဟု သဘော ထားသဖြင့် မယားက စောင်ဖြင့် ကိုယ်ကို ဆွဲဖုံးလိုက်သည်။ လင်က ခုတင်အောက်တွင် မှောက်ခုံကြီး ဖြစ်နေ သည်။
“ ဘယ်သူလဲ.. ဘာဖြစ်လို့ ဝင်လာတာလဲ.. မောင်.. ဘယ်ရောက်သွားလဲ.. ဘယ်သူမှန်းမသိဘူး.. သေနတ်ကြီးနဲ့ ”
လင်ဖြစ်သူက ငုတ်တုတ်လေးထိုင်ကာ တံခါးဝတွင် ရပ်နေသူကို ကြည့်လိုက်သည်။
“ ဟေ့... အဲဒါ... ငါ့သေနတ်”
တံခါးဝတွင် ရပ်နေသူမှာ အလွန် ရုပ်ကလည်းဆိုး၊ ထွားကြိုင်းသန်မာလွန်းသူ တစ်ယောက်ဖြစ်သည်။ သို့သော် အခန်းထဲက လင်မယား ကြောက်နေသည်မှာ သူ့လက်ထဲက သေနတ်ဖြစ်သည်။
“ ဟေ့ကောင်... ကုတင်ပေါ်ပြန်တက်လိုက်စမ်း”
ယောက်ျားဖြစ်သူက ကုတင်ပေါ်မှ မိန်းမဖြစ်သူ၏ စောင်ထဲကို ဝင်လိုက်သည်။ ထို့နောက်...
“ မင်း ဘာလိုချင်လို့လဲ.. ရွှေတွေ.. ငွေတွေဆိုရင်... ဟိုဗီရိုထဲမှာ ဖွင့်ယူသွားလိုက်...ပြီးရင် ငါ့သေနတ်ကို ထားခဲ့... မင်း ယူသွားရင် ပြဿနာတက်လိမ့်မယ်”
“ သေနတ်ကို ဘာဖြစ်လို့ ယူသွားရမှာလဲကွ.. သေနတ်ဆိုတာ ပစ်ဖို့.. ပစ်ပြီးရင် သူ့အလုပ်ပြီးသွားပြီ”
“ ဘယ်သူ့ကို ပစ်မှာလဲ”
“ ငါပြောတဲ့အတိုင်း မလုပ်သူကိုပေါ့”
“ မင်းဘာဖြစ်ချင်သလဲ.. ဘာလုပ်ချင်သလဲ.. မင်းနဲ့ ငါတို့ ရန်သူတွေတော့ မဟုတ်ပါဘူးနော်”
“ မဟုတ်ပါဘူး.. ငါဒီနေ့မှ ထောင်ကထွက်လာတာ.. လျှောက်သွားရင်း တံခါးဟစိစိ ဖြစ်နေတဲ့ အိမ်ကို တွေ့လို့ ဝင်လာတာ.. ထမင်းဆာလို့ တောင်းစားမလို့ဘဲ.. ခုတော့ အစီအစဉ်ပြောင်းသွားပြီ.. ဘာဖြစ်လို့လဲ ဆိုတော့ ဧည့်ခန်းထဲမှာ သေနတ်တစ်လက်တွေ့လိုက်လို့ပဲ”
“ ကဲ.. ဘာလုပ်ပေးရမလဲ”
“ ငါထောင်ထဲမှာ ၈ နှစ်လောက် နေခဲ့ရတယ်.. အဲဒါ အရမ်းဆာနေတာကွာ”
“ ဆာရင် မင်းကို ထမင်းကောင်းကောင်း ကျွေးပါ့မယ်”
“ ငါဆာတာ ထမင်းမဟုတ်ဘူးကွ.. ဟား.. ဟား.. သွေးဆာနေတာ”
“ မင်းလူသတ်လို့ ထောင်ကျတာဆိုရင်.. ထပ်မသတ်ပါနဲ့.. ငါတို့ မင်းလိုတာ ဖြည့်ဆည်းပေးပါ့မယ်”
“ တကယ်လား”
“ တကယ်ပေါ့”
“ ကောင်းပြီ.. ငါသွေးဆာနေတယ်ဆိုတာ မင်းတို့ မြင်ကွင်းကြောင့်ပဲ.. ငါဆန္ဒတွေ အရမ်းကိုဖြစ်နေပြီ.. ဒီလို အခွင့်အရေးရချိန်မျိုးမှာမှ ငါ့ဆန္ဒကို ပြည့်အောင်မဖြည့်သွားရင် ငါ့လောက် သောက်သုံးမကျတဲ့သူ ရှိပါ့မလား”
ဇနီးဖြစ်သူက ခင်ပွန်းသည်လက်မောင်းကို ဆုပ်ကိုင်ထားလိုက်ပြီး
“ မောင်.. ဒီလို လူဆိုးကြီးနဲ့တော့ မရဘူးမောင်.. ကျွန်မ သူ့ဆန္ဒကိုမဖြည့်ပေးနိုင်ဘူး”
“ ဟေ့.. ငါပြောတဲ့အတိုင်း မလုပ်ရရင် သေကုန်မှာနော်.. ငါက ထောင်ထဲ ပြန်ဝင်ရမှာလည်း ဂရုစိုက်နေမှာ မဟုတ်ဘူး.. ငါ့ဘဝက ပြီးနေပြီ.. လုပ်ချင်တာ လုပ်ပြီးရင်တော့ သေသွားလည်း ဂရုမစိုက်ဘူး”
“ ဟေ့.. ဟေ့.. စိတ်ကို အေးအေးထား.. မင်းသေနတ်ကြီးကို ရမ်းပြီး မပြောနဲ့.. ကျည်ထွက်သွားမယ်.. ဒီမှာ မိန်းမ မောင်ပြောမယ်”
“ အို.. ဘာမှ မပြောနဲ့ .. ဒီလူဆိုးရဲ့ မတရားကျင့်တာကို ခံမယ့်အစား သူသေနတ်နဲ့ ပစ်ချင်ပစ်ပါစေ ခံလိုက်မယ်.. ဒီမှာ သောက်ပေါကြီး ပစ်လိုက်”
“ သောက်ကောင်မ.. နင်ကလားငါ့ကို သောက်ပေါကြီးလို့ပြောတာ.. ငါပစ်လိုက်ရ”
“ နေပါဦး.. နေပါဦး.. ကျွန်တော်ပြောမယ်.. ကျွန်တော် ညှိပေးပါ့မယ်”
“ မောင်.. ဒီကိစ္စ ဘာမှ ညှိစရာမလိုဘူး”
“ မဟုတ်ဘူးမိန်းမ.. နားထောင်.. သူခိုင်းတဲ့အတိုင်း လိုက်လျောပေးလိုက်... မောင် ဘာမှ မဖြစ်ဘူး.. ဟုတ်ပြီလား.. မောင့်စိတ်ထဲ ဘယ်လိုမှ သဘောမထားဘူး.. မောင်တို့ အသက်လောက် ဘာမှ အရေးမကြီးဘူး.. ဟုတ်ပြီနော်.. အသက်လောက် ဘာမှ အရေးမကြီးဘူး.. သူ့လက်ထဲမှာ သေနတ်နဲ့.. ခုချိန်မှာ ခေါင်းအေးအေးထားပြီး သူပြောတာကို လိုက်လျောပေးလိုက်ရုံကလွဲပြီး တခြား ရွေးချယ်စရာ မရှိဘူး.. မောင် ခွင့်လွှတ်တယ်.. မောင်ကျေနပ်တယ်.. သူ့ကို လိုက်လျောပေးလိုက်.. မောင်ကြည်ဖြူတယ်”
“ မရဘူး.. ဒီလောကမှာ မောင်ကလွဲပြီး ကျွန်မကို ဘယ်သူမှ မပိုင်ဆိုင်ရဘူး .. မောင့်တစ်ယောက်ပဲ ကျွန်မက ခွင့်ပြုနိုင်တယ်”
“ မင်းဘာဖြစ်လို့ ခေါင်းမာနေရတာလဲ.. ခုဟာက သေရေး ရှင်ရေးကွ”
လူဆိုးက သေနတ်ကိုရမ်းကာ
“ ဟေ့ ညှိလို့ မပြီးသေးဘူးလား.. မြန်မြန်.. ငါ့စိတ်တွေ အရှိန်မကျသွားခင် မြန်မြန်.. ကဲ”
“ ပစ်လိုက်.. ကျွန်မကို ပစ်လိုက်”
“ နေပါဦး.. မောင်ပြောတာ နားထောင်ပါဦး.. သူ့ကို လက်ခံလိုက်ပါ ဟုတ်ပြီလား”
“ ကောင်းပြီလေ သူ့ကို လက်ခံပြီးရင်လည်း ကျွန်မ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်မှာပဲ.. ဘာဖြစ်ဖြစ် မောင် အားလုံးကို ဆုံးရှုံးမှာပဲ”
“ ကြာတယ်ကွာ.. ကဲ.. ဟိုကောင်မ.. လာခဲ့စမ်း”
“ မဟုတ်ဘူးလေ.. မင်းတို့ ဒီအခန်းထဲမှာပဲ နေကြပါ.. ငါရှောင်ပေးပါ့မယ်.. ငါ့ရှေ့မှာတော့ မဖြစ်ဘူး”
“ ငါပြောသလို မင်းတို့က လုပ်ရမှာလား.. မင်းတို့ပြောသလို ငါက လိုက်လုပ်ရမှာလား”
“ သူ သဘောတူနေပြီပဲ.. ဘယ်သူ့ကိုမှ ဒုက္ခမပေးပါနဲ့.. ခင်ဗျားလိုချင်တာ ယူပြီးရင် ထွက်သွားမှာ မဟုတ်လား”
“ အေး”
“ ဒါဆိုရင်.. ကျွန်တော် ထွက်သွားပေးမယ်”
“ ဟိုကောင်မ.. ငါ့ဆီကိုလာလို့ ပြောနေတယ်နော်”
“ မိန်းမ သွားလိုက်ပါ.. သူလုပ်ချင်တာ လုပ်ပါစေကွာ.. အသက်က အရေးကြီးပါတယ်”
အမျိုးသမီးက ထဘီကို ရင်ရှားဝတ်လိုက်ပြီး တဖြည်းဖြည်း လူဆိုးကြီးအနားကို သွားလိုက်သည်။ လူဆိုးကြီးက
“ ဟာ.. ဒီကောင်မ မြန်မြန်လာ”
သူက စိတ်မရှည်သလို လက်ကိုဆွဲလိုက်သည်။ ထို့နောက် သေနတ်နှင့် ခေါင်းကို ထုချလိုက်သည်။
“ ဟင်.. မင်း ဘယ်လို လုပ်လိုက်တာလဲ.. သေသွားပြီနဲ့တူတယ်”
“ မသေပါဘူး.. သေစေချင်မှတော့ သေနတ်နဲ့ ထုမလားကွ.. ပစ်လိုက်မှာပေါ့”
လူဆိုးကြီးက မိန်းမကို အခန်းထဲမှာထုတ်ကာ တံခါးကို ပိတ်လိုက်သည်။
“ ဟေ့လူ ဘာလုပ်မလို့လဲ”
“ ဟဲ.. ဟဲ.. အချစ်လေး.. ပူစီလေး.. ကိုကိုလို့ခေါ်စမ်း”
“ ဘာဖြစ်လို့ မင်းကို.. ကိုကိုလို့ခေါ်ရမှာလဲ.. အနားမကပ်နဲ့နော်”
“ အသားအနာမခံချင်ပါနဲ့ ပူစီလေးရယ်.. မင်းကို စတွေ့ကတည်းက ရင်ခုန်နေတာ”
“ အလိုလေး.. ကယ်တော်မူပါ”
“ အော်လေ.. ကြိုက်သလောက်အော်.. ငါက အော်လေ ကြိုက်လေ”
(အမြင်ဖြင့် မဖတ်ဘဲ အသွင်ကိုသာ ခံစားရန်)
တင်ညွန့်
For Zawgyi
သူ႔ အႀကိဳက္
----------
လင္မယား ႏွစ္ေယာက္ ခုတင္ေပၚတြင္ ခ်စ္တင္းေႏွာေနခ်ိန္
“ ဝုန္း”
တံခါးကို တစ္ေယာက္က ကန္ဖြင့္လိုက္သည္။ ဘာျဖစ္သြားမည္ ထင္သနည္း။
လင္မယား စစ္စစ္ျဖစ္ျခင္းေၾကာင့္ မည့္သူ႔ကိုမွ် ေၾကာက္စရာ မဟုတ္ေသာ္လည္း၊ ရွက္စရာဟု သေဘာ ထားသျဖင့္ မယားက ေစာင္ျဖင့္ ကိုယ္ကို ဆြဲဖုံးလိုက္သည္။ လင္က ခုတင္ေအာက္တြင္ ေမွာက္ခုံႀကီး ျဖစ္ေန သည္။
“ ဘယ္သူလဲ.. ဘာျဖစ္လို႔ ဝင္လာတာလဲ.. ေမာင္.. ဘယ္ေရာက္သြားလဲ.. ဘယ္သူမွန္းမသိဘူး.. ေသနတ္ႀကီးနဲ႔ ”
လင္ျဖစ္သူက ငုတ္တုတ္ေလးထိုင္ကာ တံခါးဝတြင္ ရပ္ေနသူကို ၾကည့္လိုက္သည္။
“ ေဟ့... အဲဒါ... ငါ့ေသနတ္”
တံခါးဝတြင္ ရပ္ေနသူမွာ အလြန္ ႐ုပ္ကလည္းဆိုး၊ ထြားႀကိဳင္းသန္မာလြန္းသူ တစ္ေယာက္ျဖစ္သည္။ သို႔ေသာ္ အခန္းထဲက လင္မယား ေၾကာက္ေနသည္မွာ သူ႔လက္ထဲက ေသနတ္ျဖစ္သည္။
“ ေဟ့ေကာင္... ကုတင္ေပၚျပန္တက္လိုက္စမ္း”
ေယာက္်ားျဖစ္သူက ကုတင္ေပၚမွ မိန္းမျဖစ္သူ၏ ေစာင္ထဲကို ဝင္လိုက္သည္။ ထို႔ေနာက္...
“ မင္း ဘာလိုခ်င္လို႔လဲ.. ေ႐ႊေတြ.. ေငြေတြဆိုရင္... ဟိုဗီ႐ိုထဲမွာ ဖြင့္ယူသြားလိုက္...ၿပီးရင္ ငါ့ေသနတ္ကို ထားခဲ့... မင္း ယူသြားရင္ ျပႆနာတက္လိမ့္မယ္”
“ ေသနတ္ကို ဘာျဖစ္လို႔ ယူသြားရမွာလဲကြ.. ေသနတ္ဆိုတာ ပစ္ဖို႔.. ပစ္ၿပီးရင္ သူ႔အလုပ္ၿပီးသြားၿပီ”
“ ဘယ္သူ႔ကို ပစ္မွာလဲ”
“ ငါေျပာတဲ့အတိုင္း မလုပ္သူကိုေပါ့”
“ မင္းဘာျဖစ္ခ်င္သလဲ.. ဘာလုပ္ခ်င္သလဲ.. မင္းနဲ႔ ငါတို႔ ရန္သူေတြေတာ့ မဟုတ္ပါဘူးေနာ္”
“ မဟုတ္ပါဘူး.. ငါဒီေန႔မွ ေထာင္ကထြက္လာတာ.. ေလွ်ာက္သြားရင္း တံခါးဟစိစိ ျဖစ္ေနတဲ့ အိမ္ကို ေတြ႕လို႔ ဝင္လာတာ.. ထမင္းဆာလို႔ ေတာင္းစားမလို႔ဘဲ.. ခုေတာ့ အစီအစဥ္ေျပာင္းသြားၿပီ.. ဘာျဖစ္လို႔လဲ ဆိုေတာ့ ဧည့္ခန္းထဲမွာ ေသနတ္တစ္လက္ေတြ႕လိုက္လို႔ပဲ”
“ ကဲ.. ဘာလုပ္ေပးရမလဲ”
“ ငါေထာင္ထဲမွာ ၈ ႏွစ္ေလာက္ ေနခဲ့ရတယ္.. အဲဒါ အရမ္းဆာေနတာကြာ”
“ ဆာရင္ မင္းကို ထမင္းေကာင္းေကာင္း ေကြၽးပါ့မယ္”
“ ငါဆာတာ ထမင္းမဟုတ္ဘူးကြ.. ဟား.. ဟား.. ေသြးဆာေနတာ”
“ မင္းလူသတ္လို႔ ေထာင္က်တာဆိုရင္.. ထပ္မသတ္ပါနဲ႔.. ငါတို႔ မင္းလိုတာ ျဖည့္ဆည္းေပးပါ့မယ္”
“ တကယ္လား”
“ တကယ္ေပါ့”
“ ေကာင္းၿပီ.. ငါေသြးဆာေနတယ္ဆိုတာ မင္းတို႔ ျမင္ကြင္းေၾကာင့္ပဲ.. ငါဆႏၵေတြ အရမ္းကိုျဖစ္ေနၿပီ.. ဒီလို အခြင့္အေရးရခ်ိန္မ်ိဳးမွာမွ ငါ့ဆႏၵကို ျပည့္ေအာင္မျဖည့္သြားရင္ ငါ့ေလာက္ ေသာက္သုံးမက်တဲ့သူ ရွိပါ့မလား”
ဇနီးျဖစ္သူက ခင္ပြန္းသည္လက္ေမာင္းကို ဆုပ္ကိုင္ထားလိုက္ၿပီး
“ ေမာင္.. ဒီလို လူဆိုးႀကီးနဲ႔ေတာ့ မရဘူးေမာင္.. ကြၽန္မ သူ႔ဆႏၵကိုမျဖည့္ေပးႏိုင္ဘူး”
“ ေဟ့.. ငါေျပာတဲ့အတိုင္း မလုပ္ရရင္ ေသကုန္မွာေနာ္.. ငါက ေထာင္ထဲ ျပန္ဝင္ရမွာလည္း ဂ႐ုစိုက္ေနမွာ မဟုတ္ဘူး.. ငါ့ဘဝက ၿပီးေနၿပီ.. လုပ္ခ်င္တာ လုပ္ၿပီးရင္ေတာ့ ေသသြားလည္း ဂ႐ုမစိုက္ဘူး”
“ ေဟ့.. ေဟ့.. စိတ္ကို ေအးေအးထား.. မင္းေသနတ္ႀကီးကို ရမ္းၿပီး မေျပာနဲ႔.. က်ည္ထြက္သြားမယ္.. ဒီမွာ မိန္းမ ေမာင္ေျပာမယ္”
“ အို.. ဘာမွ မေျပာနဲ႔ .. ဒီလူဆိုးရဲ႕ မတရားက်င့္တာကို ခံမယ့္အစား သူေသနတ္နဲ႔ ပစ္ခ်င္ပစ္ပါေစ ခံလိုက္မယ္.. ဒီမွာ ေသာက္ေပါႀကီး ပစ္လိုက္”
“ ေသာက္ေကာင္မ.. နင္ကလားငါ့ကို ေသာက္ေပါႀကီးလို႔ေျပာတာ.. ငါပစ္လိုက္ရ”
“ ေနပါဦး.. ေနပါဦး.. ကြၽန္ေတာ္ေျပာမယ္.. ကြၽန္ေတာ္ ညႇိေပးပါ့မယ္”
“ ေမာင္.. ဒီကိစၥ ဘာမွ ညႇိစရာမလိုဘူး”
“ မဟုတ္ဘူးမိန္းမ.. နားေထာင္.. သူခိုင္းတဲ့အတိုင္း လိုက္ေလ်ာေပးလိုက္... ေမာင္ ဘာမွ မျဖစ္ဘူး.. ဟုတ္ၿပီလား.. ေမာင့္စိတ္ထဲ ဘယ္လိုမွ သေဘာမထားဘူး.. ေမာင္တို႔ အသက္ေလာက္ ဘာမွ အေရးမႀကီးဘူး.. ဟုတ္ၿပီေနာ္.. အသက္ေလာက္ ဘာမွ အေရးမႀကီးဘူး.. သူ႔လက္ထဲမွာ ေသနတ္နဲ႔.. ခုခ်ိန္မွာ ေခါင္းေအးေအးထားၿပီး သူေျပာတာကို လိုက္ေလ်ာေပးလိုက္႐ုံကလြဲၿပီး တျခား ေ႐ြးခ်ယ္စရာ မရွိဘူး.. ေမာင္ ခြင့္လႊတ္တယ္.. ေမာင္ေက်နပ္တယ္.. သူ႔ကို လိုက္ေလ်ာေပးလိုက္.. ေမာင္ၾကည္ျဖဴတယ္”
“ မရဘူး.. ဒီေလာကမွာ ေမာင္ကလြဲၿပီး ကြၽန္မကို ဘယ္သူမွ မပိုင္ဆိုင္ရဘူး .. ေမာင့္တစ္ေယာက္ပဲ ကြၽန္မက ခြင့္ျပဳႏိုင္တယ္”
“ မင္းဘာျဖစ္လို႔ ေခါင္းမာေနရတာလဲ.. ခုဟာက ေသေရး ရွင္ေရးကြ”
လူဆိုးက ေသနတ္ကိုရမ္းကာ
“ ေဟ့ ညႇိလို႔ မၿပီးေသးဘူးလား.. ျမန္ျမန္.. ငါ့စိတ္ေတြ အရွိန္မက်သြားခင္ ျမန္ျမန္.. ကဲ”
“ ပစ္လိုက္.. ကြၽန္မကို ပစ္လိုက္”
“ ေနပါဦး.. ေမာင္ေျပာတာ နားေထာင္ပါဦး.. သူ႔ကို လက္ခံလိုက္ပါ ဟုတ္ၿပီလား”
“ ေကာင္းၿပီေလ သူ႔ကို လက္ခံၿပီးရင္လည္း ကြၽန္မ ကိုယ့္ကိုယ္ကိုယ္ သတ္ေသလိုက္မွာပဲ.. ဘာျဖစ္ျဖစ္ ေမာင္ အားလုံးကို ဆုံးရႈံးမွာပဲ”
“ ၾကာတယ္ကြာ.. ကဲ.. ဟိုေကာင္မ.. လာခဲ့စမ္း”
“ မဟုတ္ဘူးေလ.. မင္းတို႔ ဒီအခန္းထဲမွာပဲ ေနၾကပါ.. ငါေရွာင္ေပးပါ့မယ္.. ငါ့ေရွ႕မွာေတာ့ မျဖစ္ဘူး”
“ ငါေျပာသလို မင္းတို႔က လုပ္ရမွာလား.. မင္းတို႔ေျပာသလို ငါက လိုက္လုပ္ရမွာလား”
“ သူ သေဘာတူေနၿပီပဲ.. ဘယ္သူ႔ကိုမွ ဒုကၡမေပးပါနဲ႔.. ခင္ဗ်ားလိုခ်င္တာ ယူၿပီးရင္ ထြက္သြားမွာ မဟုတ္လား”
“ ေအး”
“ ဒါဆိုရင္.. ကြၽန္ေတာ္ ထြက္သြားေပးမယ္”
“ ဟိုေကာင္မ.. ငါ့ဆီကိုလာလို႔ ေျပာေနတယ္ေနာ္”
“ မိန္းမ သြားလိုက္ပါ.. သူလုပ္ခ်င္တာ လုပ္ပါေစကြာ.. အသက္က အေရးႀကီးပါတယ္”
အမ်ိဳးသမီးက ထဘီကို ရင္ရွားဝတ္လိုက္ၿပီး တျဖည္းျဖည္း လူဆိုးႀကီးအနားကို သြားလိုက္သည္။ လူဆိုးႀကီးက
“ ဟာ.. ဒီေကာင္မ ျမန္ျမန္လာ”
သူက စိတ္မရွည္သလို လက္ကိုဆြဲလိုက္သည္။ ထို႔ေနာက္ ေသနတ္ႏွင့္ ေခါင္းကို ထုခ်လိုက္သည္။
“ ဟင္.. မင္း ဘယ္လို လုပ္လိုက္တာလဲ.. ေသသြားၿပီနဲ႔တူတယ္”
“ မေသပါဘူး.. ေသေစခ်င္မွေတာ့ ေသနတ္နဲ႔ ထုမလားကြ.. ပစ္လိုက္မွာေပါ့”
လူဆိုးႀကီးက မိန္းမကို အခန္းထဲမွာထုတ္ကာ တံခါးကို ပိတ္လိုက္သည္။
“ ေဟ့လူ ဘာလုပ္မလို႔လဲ”
“ ဟဲ.. ဟဲ.. အခ်စ္ေလး.. ပူစီေလး.. ကိုကိုလို႔ေခၚစမ္း”
“ ဘာျဖစ္လို႔ မင္းကို.. ကိုကိုလို႔ေခၚရမွာလဲ.. အနားမကပ္နဲ႔ေနာ္”
“ အသားအနာမခံခ်င္ပါနဲ႔ ပူစီေလးရယ္.. မင္းကို စေတြ႕ကတည္းက ရင္ခုန္ေနတာ”
“ အလိုေလး.. ကယ္ေတာ္မူပါ”
“ ေအာ္ေလ.. ႀကိဳက္သေလာက္ေအာ္.. ငါက ေအာ္ေလ ႀကိဳက္ေလ”
(အျမင္ျဖင့္ မဖတ္ဘဲ အသြင္ကိုသာ ခံစားရန္)
တင္ၫြန႔္
0 Comments