Credit photo

ချစ်ရတဲ့သူက တကယ်ချစ်တာလား၊ လိမ်ညာနေတာလားဆိုတာ အဖြေရှာဖို့ ခက်ခဲပါတယ်။ သင်လည်း ဒီလိုအခြေအနေကို ကြုံဖူးပါသလား။ သင့်အတွက် အမှန်တရားကိုသိဖို့ ခက်ခဲနေပါသလား။ လူတစ်ယောက်က သင့်ကိုချစ်တယ်လို့ ပြောလာရင် သူတကယ်ချစ်လား၊ မချစ်လားကို သင်နေ့တိုင်း စဉ်းစားမိမှာပါ။

Credit photo

ခံစားချက် အတုအယောင်တွေနဲ့ လူတွေကိုလည်း သင် မထင်မှတ်ထားဘဲ ကြုံတွေ့ရမှာပါ။ သူတို့က သင့်အပေါ်မှာထားတဲ့ ခံစားချက်နဲ့ ပတ်သက်ပြီး လိမ်ညာရာမှာ ကျွမ်းကျင်ကြပါတယ်။ လူတွေက ခံစားချက်တွေနဲ့ ကစားရတာကို သဘောကျကြပါတယ်။

သင့်မှာ Relationship တစ်ခု ပိုင်ဆိုင်ထားပြီဆိုရင် သင့်ချစ်သူအပေါ်မှာ ရိုးသားဖို့ လိုအပ်ပါတယ်။ အဆင်ပြေတဲ့ ဆက်ဆံရေးဖြစ်ဖို့ ရိုးသားမှုက မရှိမဖြစ် လိုအပ်တယ်ဆိုတာ လူအများစုက မေ့နေကြပါတယ်။

Credit photo

တချို့တွေက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ချစ်သူကို လိမ်ညာတတ်ကြပါတယ်။ ယုံကြည်မှုဆိုတာ ပျက်စီးသွားရင် ပြန်လည်တည်ဆောက်ဖို့ ခက်ပါတယ်။ အဲဒါကြောင့် ဘယ်အရာကိုမှ ဖုံးကွယ်လိမ်ညာ မထားသင့်ပါဘူး။ ဖုံးကွယ်လိမ်ညာ ထားတာတွေက တစ်ချိန်မှာ မလိုအပ်တဲ့ ပြဿာနာတွေ ဖြစ်လာနိုင်ပါတယ်။ အထင်လွဲမှုတွေကိုလည်း သေသေချာချာ မျက်နှာချင်းဆိုင် ဖြေရှင်းဖို့ လိုပါတယ်။

Credit photo

အထင်လွဲမှုလေးနဲ့ သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အပြတ်တောက်မခံပါနဲ့။

တစ်ယောက်ကို တစ်ယောက်လည်း နေရာပေးအလေးထား ဆက်ဆံဖို့လည်း လိုပါသေးတယ်။ သင့်ချစ်သူမှာလည်း ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်အချိန်ရှိပါတယ်။ အရမ်းချုပ်ချယ်ရင်လည်း လိမ်ညာပြောတတ်ဆိုတာ မမေ့သင့်ပါဘူး။ တစ်ခါတလေမှာ နားလည်ပေးလိုက်ပါ။ အဲဒါဆိုရက် နောက်ဆို ကိစ္စသေးသေးလေးတောင် လိမ်မှာမဟုတ်ပါဘူး။

Credit photo

ဘဝမှာ ချစ်စရကောင်းတဲ့ သူငယ်ချင်းတွေရှိပါတယ်။ သင့်ချစ်သူကိုလည်း သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးနေဖို့ တိုက်တွန်းပါ။ သူငယ်ချင်းတွေနဲ့တောင် မတွေ့ရဘူးလို့ စည်းကမ်းတွေ ထုတ်ထားရင် လိမ်ညာပြောဖို့ လမ်းဖွင့်ပေးသလို ဖြစ်နေမှာပါ။ တစ်ခါတလေမှာ သူ့လွတ်လပ်ခွင့်ကို နားလည်ပေးခြင်းဖြင့် သူတို့ဆက်ဆံရေးက ပိုပြီးခိုင်မြဲလာမှာပါ။

Credit photo

အဲဒီလိုနည်းနဲ့ သူ့ချစ်သူက ဘယ်အချိန်မှာ ဘာ့ကြောင့်လိမ်ပြောရလဲ ဆိုတာကို တဖြည်းဖြည်း သဘောပေါက်လာပါလိမ့်မယ်။ လိမ်ညာမှု မရှိတဲ့ ဆက်ဆံရေးက အမြဲအဆင်ပြေနေမှာပါ။

Zombie (LoveMedia)

For Zawgyi

သင့္ခ်စ္သူက သင့္ကို တကယ္ခ်စ္တာလား၊ လိမ္ညာေနတာလား

ခ်စ္ရတဲ့သူက တကယ္ခ်စ္တာလား၊ လိမ္ညာေနတာလားဆိုတာ အေျဖရွာဖို႔ ခက္ခဲပါတယ္။ သင္လည္း ဒီလိုအေျခအေနကို ႀကဳံဖူးပါသလား။ သင့္အတြက္ အမွန္တရားကိုသိဖို႔ ခက္ခဲေနပါသလား။ လူတစ္ေယာက္က သင့္ကိုခ်စ္တယ္လို႔ ေျပာလာရင္ သူတကယ္ခ်စ္လား၊ မခ်စ္လားကို သင္ေန႔တိုင္း စဥ္းစားမိမွာပါ။

Credit photo

ခံစားခ်က္ အတုအေယာင္ေတြနဲ႔ လူေတြကိုလည္း သင္ မထင္မွတ္ထားဘဲ ႀကဳံေတြ႕ရမွာပါ။ သူတို႔က သင့္အေပၚမွာထားတဲ့ ခံစားခ်က္နဲ႔ ပတ္သက္ၿပီး လိမ္ညာရာမွာ ကြၽမ္းက်င္ၾကပါတယ္။ လူေတြက ခံစားခ်က္ေတြနဲ႔ ကစားရတာကို သေဘာက်ၾကပါတယ္။

သင့္မွာ Relationship တစ္ခု ပိုင္ဆိုင္ထားၿပီဆိုရင္ သင့္ခ်စ္သူအေပၚမွာ ႐ိုးသားဖို႔ လိုအပ္ပါတယ္။ အဆင္ေျပတဲ့ ဆက္ဆံေရးျဖစ္ဖို႔ ႐ိုးသားမႈက မရွိမျဖစ္ လိုအပ္တယ္ဆိုတာ လူအမ်ားစုက ေမ့ေနၾကပါတယ္။

တခ်ိဳ႕ေတြက ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ဖို႔ ခ်စ္သူကို လိမ္ညာတတ္ၾကပါတယ္။ ယုံၾကည္မႈဆိုတာ ပ်က္စီးသြားရင္ ျပန္လည္တည္ေဆာက္ဖို႔ ခက္ပါတယ္။ အဲဒါေၾကာင့္ ဘယ္အရာကိုမွ ဖုံးကြယ္လိမ္ညာ မထားသင့္ပါဘူး။ ဖုံးကြယ္လိမ္ညာ ထားတာေတြက တစ္ခ်ိန္မွာ မလိုအပ္တဲ့ ျပႆာနာေတြ ျဖစ္လာႏိုင္ပါတယ္။ အထင္လြဲမႈေတြကိုလည္း ေသေသခ်ာခ်ာ မ်က္ႏွာခ်င္းဆိုင္ ေျဖရွင္းဖို႔ လိုပါတယ္။

အထင္လြဲမႈေလးနဲ႔ သင္တို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးကို အျပတ္ေတာက္မခံပါနဲ႔။

တစ္ေယာက္ကို တစ္ေယာက္လည္း ေနရာေပးအေလးထား ဆက္ဆံဖို႔လည္း လိုပါေသးတယ္။ သင့္ခ်စ္သူမွာလည္း ကိုယ္ပိုင္ဘဝ၊ ကိုယ္ပိုင္အခ်ိန္ရွိပါတယ္။ အရမ္းခ်ဳပ္ခ်ယ္ရင္လည္း လိမ္ညာေျပာတတ္ဆိုတာ မေမ့သင့္ပါဘူး။ တစ္ခါတေလမွာ နားလည္ေပးလိုက္ပါ။ အဲဒါဆိုရက္ ေနာက္ဆို ကိစၥေသးေသးေလးေတာင္ လိမ္မွာမဟုတ္ပါဘူး။

ဘဝမွာ ခ်စ္စရေကာင္းတဲ့ သူငယ္ခ်င္းေတြရွိပါတယ္။ သင့္ခ်စ္သူကိုလည္း သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါးေနဖို႔ တိုက္တြန္းပါ။ သူငယ္ခ်င္းေတြနဲ႔ေတာင္ မေတြ႕ရဘူးလို႔ စည္းကမ္းေတြ ထုတ္ထားရင္ လိမ္ညာေျပာဖို႔ လမ္းဖြင့္ေပးသလို ျဖစ္ေနမွာပါ။ တစ္ခါတေလမွာ သူ႔လြတ္လပ္ခြင့္ကို နားလည္ေပးျခင္းျဖင့္ သူတို႔ဆက္ဆံေရးက ပိုၿပီးခိုင္ၿမဲလာမွာပါ။

အဲဒီလိုနည္းနဲ႔ သူ႔ခ်စ္သူက ဘယ္အခ်ိန္မွာ ဘာ့ေၾကာင့္လိမ္ေျပာရလဲ ဆိုတာကို တျဖည္းျဖည္း သေဘာေပါက္လာပါလိမ့္မယ္။ လိမ္ညာမႈ မရွိတဲ့ ဆက္ဆံေရးက အၿမဲအဆင္ေျပေနမွာပါ။

Zombie (LoveMedia)