တစ်ခါတရံမှာ ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးတွေကို သတိမထားမိ တတ်ကြပါဘူး။ ပုံတွေကို ကြည့်လိုက်တဲ့အခါ ပထမဆုံး မြင်လိုက်တဲ့ပုံကနေ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးတွေကို ဖော်ပြပေးနိုင်ပါတယ်။

1

© 7-Second Riddles / Youtube

သော့

သင်ဟာ အသစ်အသစ်တွေကို ရှာဖွေရတာ သဘောကျသူပါ။ ဘယ်တော့မှ အေးအေးလူလူ မနေတတ်ဘဲ စူးစမ်းနေတာကို ပျော်ပါတယ်။သူတစ်ပါး စကားပြောတာကို သေချာနားထောင်ပေး တတ်သူပါပဲ။

ငိုနေသောပုံ

သင်က သင်ရဲ့ခံစားချက်တွေ၊ ဆန္ဒတွေကို  နားထောင်ပေးစေ ချင်နေပါတယ်။ တစ်ချိန်တည်းမှာပဲ သင်က အနားယူပြီး စိတ်ကြည်အောင်ထားဖို့လည်း လိုအပ်နေပါတယ်။

2

© 7-Second Riddles / Youtube

မျက်နှာ

သင်က လူမှုဆက်ဆံရေး ကောင်းမွန်ပြီး အခြားသူတွေရဲ့ ဘဝတွေကို စိတ်ဝင်စားသူပါ။ သင့်အတွက်တော့ အရာရာက စိတ်ဝင်စားစရာကောင်းနေပါတယ်။

ငါး

ဘဝမှာ ပျော်ပျော်ရွှင်ရွှင် နေတတ်သူပါပဲ။ ကံကောင်းခြင်းနဲ ပျော်ရွှင်ရတဲ့ အနာဂတ်ကို ယုံကြည်ပါတယ်။ ဖန်ခွက်ထဲမှာ ရေတစ်ဝက်တောင်ရှိတာပဲဆိုတဲ့ အကောင်းမြင်တတ်သူပါ။

3

© 7-Second Riddles / Youtube

ပွင့်နေသောတံခါး

သင်က ပြောင်းလဲမှုတွေအတွက် အဆင်သင့်ဖြစ်နေပြီး လမ်းမှန်ကို ဦးတည်နေပါတယ်။ အနာဂတ်ကို မကြောက်မရွံ့ ရင်ဆိုင်နိုင်သူပါပဲ။ လူအများက သင့်ကို အားကျကြပါတယ်။

ဂီတသင်္ကေတ

သင်က လူအများကြားမှာ ထင်ရှားအောင် နေတတ်ပါတယ်။ ကမ္ဘာကြီးကို ဝေမျှစရာတွေ ရှိတယ်လို့ ခံယူထားပါတယ်။ နောက်ကို လှည့်မကြည့်ဘဲ စွန့်စားလိုက်ပါ။

4

© 7-Second Riddles / Youtube

ရှေးဟောင်းတိုင်များ

အေးဆေးသက်သာတဲ့ နေရာကနေ ရုန်းထွက်ဖို့ အနည်းငယ် ခက်ခဲတဲ့သူပါ။ တစ်ယောက်တည်းနေတတ်ပြီး အခြားသူတွေရဲ့အမြင်တွေကို ကြောက်တတ်ပါတယ်။

လူ

သင်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိသူပါ။ အတွေးမလွန်ဘဲ အခြားသူတွေကို ကူညီဖို့ အမြဲအဆင်သင့် ဖြစ်နေပါတယ်။

5

© 7-Second Riddles / Youtube

မျက်နှာ

သင့်ဘဝမှာ အရေးကြီးတဲ့ အရာတွေကတော့ အသိဉာဏ်ပညာ၊ ပျော်ရွှင်မှု၊ ကျေနပ်မှု၊ စူးစမ်းမှု တို့ပါပဲ။

ပန်းသီး

သင်က အပြုအမူ၊ သဘောထား၊ ဆက်ဆံရေးတွေအပေါ်မှာ အလွန်အလေးအနက် ထားသူပါ။

ထိုင်နေသောလူ

သင်က အရာရာကို မျှမျှတတ တွေးခေါ်ဆုံးဖြတ်တတ်တဲ့ စိတ်ထားလေးရှိသူပါ။

6

© 7-Second Riddles / Youtube

ကား

ကမ္ဘာကြီးက သင့်အတွက် စိတ်မချမ်းမြေ့စရာတွေနဲ့ ပြည့်နေပါတယ်။ သင့်ရဲ့စိတ်ကူးတွေကို လှုံ့ဆော်ပေးနိုင်တဲ့ အရာများစွာကို လွယ်လွယ်မြင်တတ်ပါတယ်။

နှစ်လုံးပြူးမှန်ပြောင်းကြည့်နေသောသူ

သင်က တခြားသူတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေပြီး အပြစ်မမြင်တတ်သူပါပဲ။

အက္ခရာ A

သင်က ဝမ်းနည်းလွယ်သူပါ။ ခံစားချက်နဲ့ အလုပ်ကို မျှမျှတတခွဲခြားဖို့ အရေးကြီးပါတယ်။

7

© 7-Second Riddles / Youtube

မိကျောင်း

သင့်ဘဝမှာ အနိမ့်အမြင့် အတက်အကျတွေ အလွန်များပါတယ်။ အရာရာကို ချဉ်းကပ်နိုင်တဲ့ ထူးခြားတဲ့စိတ်ကူးတွေ ရှိနေပါတယ်။

တောင်နှင့် ရေ

သင်က ရှေးရိုးစွဲလည်း မနေသလို တစ်ကိုယ်ကောင်း ဆန်တတ်သူလည်း မဟုတ်ပါဘူး။ အကောင်းမြင်တတ်ပြီး အပြုသဘော ဆောင်နေဖို့ ကြိုးစားနေသူပါတယ်။

လှေပေါ်က လူ ၂ ယောက်

သင်က ပေါင်းသင်းဆက်ဆံရေးကောင်းပြီး လူတိုင်းနဲ့ အဆင်ပြေအောင် နေတတ်သူပါ။ ရောက်တဲ့နေရာမှာ သဟဇာတဖြစ်အောင် နေထိုင်နိုင်ပါတယ်။

8

© 7-Second Riddle / Youtube

ယုန်

သင်က တီထွင်မှု အားကောင်းသူပါ။ ဦးနှောက်ဘယ်ဘက်အခြမ်းက ပိုပြီး အင်အားကောင်းနေလို့ပါ။

ဘဲ

ဦးနှောက် ညာဘက်ပိုင်းက ပိုပြီး အင်အားကောင်းပါတယ်။ သင်က အလွန်လူသားဆန်ပြီး ကိုယ်ချင်းစာစိတ် အပြည့်နဲ့ပါ။

9

© 7-Second Riddles / Youtube

လှေကားပေါ်သို့ တက်လာနေသော ကြောင်

သင်က အလွန်စိတ်မြန်သူပါ။ စိတ်သဘောထား အလွန်ဖြူပါတယ်။

လှေကားပေါ်ကနေ ဆင်းလာနေသောကြောင်

သင်က စိတ်စုစည်းမှု အားကောင်းပါတယ်။ စိန်ခေါ်မှုတွေကို နှစ်သက်ပါတယ်။

10

© 7-Second Riddle / Youtube

အမျိုးသမီးကြီး

သင်က ဘဝမှာ အတွေ့အကြုံများသူပါ။ အရာရာကို ခွဲခြမ်းစိတ်ဖြာပြီး ရှုမြင်တတ်ပါတယ်။

မိန်းကလေးငယ်

သင်က အကောင်းမြင်စိတ်ရှိပြီး စိတ်မြန်လက်မြန်လုပ်တတ်သူပါ။

Zombie (Lovemedia)

For Zawgyi

ပထမဆုံးတွေ့လိုက်ရတဲ့ပုံကနေ ပြောပြမယ့် သင့်ရဲ့ကိုယ်ရည်ကိုယ်သွေး


1

သော့


ငိုနေသောပုံ


2

မျက်နှာ


ငါး


3

ပွင့်နေသောတံခါး


ဂီတသင်္ကေတ


4

ရှေးဟောင်းတိုင်များ


လူ


5

မျက်နှာ


ပန်းသီး


ထိုင်နေသောလူ


6

ကား




အက္ခရာ A


7

မိကျောင်း


တောင်နှင့် ရေ


လှေပေါ်က လူ ၂ ယောက်


8

ယုန်


ဘဲ


9





10

အမျိုးသမီးကြီး


မိန်းကလေးငယ်


Zombie (Lovemedia)