အကြမ်းဖျဉ်း အနေနဲ့ပြောရရင်

- ပေါ့ပေါးပါးပါး အဝတ် ၇ စုံခန့်

- မျက်နှာသုတ်ပဝါ၊ ရေချိုးတဘက်။

- စောင်ပါး တစ်ထည်။

- အဝတ်ဟောင်း တစ်ထည် (ဟိုသုတ် ဒီသုတ် လုပ်ဖို့)။

- အင်္ကျီချိတ် ၅ ချောင်း

- လက်ဆေးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး၊ သွားတိုက်တံ။

- ဖိနပ်အကြမ်းစီး။

- သုံးမိနစ်အိုး တစ်လုံး၊ Hair Dryer၊ မီးအိမ်၊ ဓာတ်မီး၊ ခြင်ရိုက်ဘက်တံ။

- ပန်းကန် ၁ လုံး၊ ရေခွက် ၂ ခွက် (ချိုးဖို့၊ သောက်ဖို့)၊ ဇွန်း ၂ ချောင်း။

- Tissue၊ Wet tissue၊ သွားကြားထိုးတံ၊ နားကလော်တံ၊ လက်သည်းညှပ်၊ ကပ်ကြေး၊ ဓား။

- မုန့်ခြောက် တစ်ဗူး၊ အသင့်သောက် အအေး တစ်ကဒ် ( Milo or Ovaltine)၊ Lipton tea၊ ခေါက်ဆွဲခြောက် ၅ ထုပ်၊ ကော်ဖီမစ် ၅ ထုပ်။

- ဖတ်ဖို့ စာအုပ် နည်းနည်း၊ ရေးချင်ရာ ရေးဖို့ စာအုပ်အလွတ် တစ်အုပ်၊ ဘော့ပင်နှစ်ချောင်း။

- ဝါသနာပါတဲ့ စိတ်အပန်းဖြေဖို့ ပစ္စည်းလေးတွေ ( ပန်းချီ ဆွဲဖို့၊ ပန်းထိုးဖို့၊ စာရွက်ခေါက်ဖို့၊ ဂျုံအရုပ်လုပ်ဖို့ စတဲ့ တိုတို ထွာထွာ လေးတွေ)။

- တစ်ကိုယ်ရေသုံး ဆေးဝါး၊ ခြင်မကိုက် spray၊ ခြင်မကိုက် လူးဆေး ( ခြင်ဆေးခွေ မယူပါနှင့်၊ အခြားသူများ အနှောင့်အယှက် ဖြစ်နိုင်သည်)။

- Mask 50 ပါ တစ်ဘူး၊

- Handgel 500 ml တစ်ဘူး..

- ခေါင်းဖြီး (ဘီး) မှန်‌သေးတချပ်၊

- ဖုန်းအားသွင်းကြိုး

ကလေးရှိတဲ့ သူတွေကတော့ ကလေးအတွက်ပါ ကြိုတင် စီစဉ်ထားသင့်ပါတယ်။ ကလေးရဲ့ အီးအိုးကအစ သယ်ရမှာပါနော်။ အတတ်နိုင်ဆုံး မပါမဖြစ် ပစ္စည်းတွေကို စဉ်းစားပြီး စုဆောင်းထားကြပါ။

Computer နဲ့ အလုပ်လုပ်နေရတဲ့ သူတွေ အတွက်ကတော့ Computer၊ Charger၊ Hard Disk (or) memory stick၊ Extension ခွေ၊ 2 pin (or) 3 pin ပလပ်ခေါင်း၊ Headphone (or) နားကြပ်  Powerbank  မပါမဖြစ် တစ်ခါတည်း မကျန်ခဲ့ရအောင် စုစည်းထားပါ။

Q က အနည်းဆုံး (၂ )ရက် (၇) ရက် နဲ့ အများဆုံး (၂၁ ) ရက် ဝင်ရမှာ ဆိုတော့ ကိုယ့်မှာ စုံစုံစိစိ ပါသွားရင် စိတ်မညစ်ရတော့ဘူးပေါ့။

အကယ်၍ Positive ထွက်ခဲ့ရင်တောင် ခွင့်ပြုတဲ့ ပစ္စည်းလေးတွေ ကိုယ်နဲ့အပါတစ်ခါတည်း သယ်သွားလို့ ရတယ်လေ....😁

ကဲ သင်သွားလိုရာ အဆင်သင့် သွားနိုင်ရန်အတွက်...

Crd

For Zawgyi

Q မဝင်မီ ကြိုတင်ပြင်ဆင် ထားသင့်သည်များ




- စောင်ပါး တစ်ထည်။




- ဖိနပ်အကြမ်းစီး။








- Mask 50 ပါ တစ်ဘူး၊

- Handgel 500 ml တစ်ဘူး..


- ဖုန်းအားသွင်းကြိုး






Crd