တချို့တချို့သော သူတွေက သိပ်ကို ကြင်နာတတ်ကြပါတယ်။ မကြာသေးခင်က ထိုင်းနိုင်ငံမှာ ဆယ်ကျော်သက်ကောင်လေး တစ်ယောက်က ဆိုင်ကယ်လိုင်စင် ကတ်ပြားမပါဘဲ ဆိုင်ကယ်ကို အရှိန်မြှင့်ပြီး မောင်းလာပါတယ်။ ဒါပေမယ့် ရဲအရာရှိက သူ့ကိုမဖမ်းဘဲ မွေးနေ့ကိတ်နဲ့ မွေးနေ့ပွဲ ကျင်းပပေးလိုက်ပါတယ်။ ရဲအရာရှိရဲ့ နာမည်ကတော့ Kanokpan Putthapong ဖြစ်ပါတယ်။

" အဲဒီညက ကျွန်တော် တာဝန်ကျတယ်။ ဆိုင်ကယ်တစ်စီးက အရှိန်ပြင်းပြင်းနဲ့ မောင်းလာတယ်။ မောင်းလာတဲ့သူမှာ ဆိုင်ကယ်စီး ဦးထုပ်လည်း မပါဘူး။ လိုင်စင်ကတ်ပြားလည်း မပါဘူး။ အဲဒါကြောင့် သူ့ကို ဖမ်းဖို့ ဆုံးဖြတ်လိုက်တယ်" လို့ Kanokpan Putthapong က ပြောပြပါတယ်။

ဒါပေမယ့် ဆိုင်ကယ်စီးလာသူက မထင်မှတ်ဘဲ ငိုချလိုက်ပါတယ်။ အဲဒါနဲ့ ရဲအရာရှိက ဆယ်ကျော်သက် ကောင်လေးကို ဘာပြဿနာ ရှိလို့လဲလို့ မေးလိုက်ပါတယ်။ သူ့ရဲ့မွေးနေ့မှာ မိသားစုဝင်တွေက တစ်ယောက်မှ ဂရုမစိုက် အဖက်မလုပ်ကြလို့ ဒေါသတွေထွက်ပြီး အစ်ကိုဖြစ်သူရဲ့ တိုက်ခန်းကနေ ထွက်လာကြောင်း ဆယ်ကျော်သက်ကောင်လေးက ပြောပြပါတယ်။

သူ့ရဲ့အကြောင်းကို သိလိုက်ရတဲ့အခါ Mr.Putthapong က အိမ်မပြန်ခင်မှာ စိတ်အေးအေးထားဖို့ ဖျောင်းဖျပါတယ်။ သနားကြင်နာတတ်တဲ့ ရဲအရာရှိက ကောင်လေးကို ထိုင်ခိုင်းထားပြီး အနီးဆုံး ဆိုင်တစ်ဆိုင်ကနေ ဖယောင်းတိုင် ထွန်းထားတဲ့ မွေးနေ့ကိတ်တစ်လုံး ဝယ်လာပါတယ်။

ရဲအရာရှိက ဆယ်ကျော်သက်ကောင်လေး ပျော်သွားအောင် မွေးနေ့ကိတ်ကို မွေးနေ့လက်ဆောင် အဖြစ် ပေးလိုက်တာပါ။ ရဲအရာရှိရဲ့ ကြင်နာတတ်မှုကြောင့် ဆယ်ကျော်သက်ကောင်လေးက ပျော်ပြီး မျက်ရည်တွေပါ ကျလာပါတယ် ။

ရဲအရာရှိက သူ့ရဲ့ facebook မှာလည်း "Happy birthday, bro. This year, the police will buy you a birthday cake." လို့ရေးပြီး ဓါတ်ပုံလေးလည်း တင်ထားပါတယ်။ ဒါပေမယ့် Mr.Putthapong ရဲ့ postက ဖယ်ရှား ခံလိုက်ရပါတယ်။ အင်တာနက် အသုံးပြုသူတွေ ကတော့ ရဲအရာရှိတဲ့ ကြင်နာတတ်တဲ့ စိတ်ထားကောင်းလေးကို ချီးကျူးနေကြ ပါတယ်။

Zombie (LoveMedia)

Ref - Worldofbuzz

For Zawgyi

လိုင္စင္မပါပဲ ဆိုင္ကယ္ အရွိန္ျပင္းေမာင္းလာတဲ့သူကို ရဲက ေမြးေန႔ကိတ္ဝယ္ေကြၽး

တခ်ိဳ႕တခ်ိဳ႕ေသာ သူေတြက သိပ္ကို ၾကင္နာတတ္ၾကပါတယ္။ မၾကာေသးခင္က ထိုင္းႏိုင္ငံမွာ ဆယ္ေက်ာ္သက္ေကာင္ေလး တစ္ေယာက္က ဆိုင္ကယ္လိုင္စင္ ကတ္ျပားမပါဘဲ ဆိုင္ကယ္ကို အရွိန္ျမႇင့္ၿပီး ေမာင္းလာပါတယ္။ ဒါေပမယ့္ ရဲအရာရွိက သူ႔ကိုမဖမ္းဘဲ ေမြးေန႔ကိတ္နဲ႔ ေမြးေန႔ပြဲ က်င္းပေပးလိုက္ပါတယ္။ ရဲအရာရွိရဲ႕ နာမည္ကေတာ့ Kanokpan Putthapong ျဖစ္ပါတယ္။

" အဲဒီညက ကြၽန္ေတာ္ တာဝန္က်တယ္။ ဆိုင္ကယ္တစ္စီးက အရွိန္ျပင္းျပင္းနဲ႔ ေမာင္းလာတယ္။ ေမာင္းလာတဲ့သူမွာ ဆိုင္ကယ္စီး ဦးထုပ္လည္း မပါဘူး။ လိုင္စင္ကတ္ျပားလည္း မပါဘူး။ အဲဒါေၾကာင့္ သူ႔ကို ဖမ္းဖို႔ ဆုံးျဖတ္လိုက္တယ္" လို႔ Kanokpan Putthapong က ေျပာျပပါတယ္။

ဒါေပမယ့္ ဆိုင္ကယ္စီးလာသူက မထင္မွတ္ဘဲ ငိုခ်လိုက္ပါတယ္။ အဲဒါနဲ႔ ရဲအရာရွိက ဆယ္ေက်ာ္သက္ ေကာင္ေလးကို ဘာျပႆနာ ရွိလို႔လဲလို႔ ေမးလိုက္ပါတယ္။ သူ႔ရဲ႕ေမြးေန႔မွာ မိသားစုဝင္ေတြက တစ္ေယာက္မွ ဂ႐ုမစိုက္ အဖက္မလုပ္ၾကလို႔ ေဒါသေတြထြက္ၿပီး အစ္ကိုျဖစ္သူရဲ႕ တိုက္ခန္းကေန ထြက္လာေၾကာင္း ဆယ္ေက်ာ္သက္ေကာင္ေလးက ေျပာျပပါတယ္။

သူ႔ရဲ႕အေၾကာင္းကို သိလိုက္ရတဲ့အခါ Mr.Putthapong က အိမ္မျပန္ခင္မွာ စိတ္ေအးေအးထားဖို႔ ေဖ်ာင္းဖ်ပါတယ္။ သနားၾကင္နာတတ္တဲ့ ရဲအရာရွိက ေကာင္ေလးကို ထိုင္ခိုင္းထားၿပီး အနီးဆုံး ဆိုင္တစ္ဆိုင္ကေန ဖေယာင္းတိုင္ ထြန္းထားတဲ့ ေမြးေန႔ကိတ္တစ္လုံး ဝယ္လာပါတယ္။

ရဲအရာရွိက ဆယ္ေက်ာ္သက္ေကာင္ေလး ေပ်ာ္သြားေအာင္ ေမြးေန႔ကိတ္ကို ေမြးေန႔လက္ေဆာင္ အျဖစ္ ေပးလိုက္တာပါ။ ရဲအရာရွိရဲ႕ ၾကင္နာတတ္မႈေၾကာင့္ ဆယ္ေက်ာ္သက္ေကာင္ေလးက ေပ်ာ္ၿပီး မ်က္ရည္ေတြပါ က်လာပါတယ္ ။

ရဲအရာရွိက သူ႔ရဲ႕ facebook မွာလည္း "Happy birthday, bro. This year, the police will buy you a birthday cake." လို႔ေရးၿပီး ဓါတ္ပုံေလးလည္း တင္ထားပါတယ္။ ဒါေပမယ့္ Mr.Putthapong ရဲ႕ postက ဖယ္ရွား ခံလိုက္ရပါတယ္။ အင္တာနက္ အသုံးျပဳသူေတြ ကေတာ့ ရဲအရာရွိတဲ့ ၾကင္နာတတ္တဲ့ စိတ္ထားေကာင္းေလးကို ခ်ီးက်ဴးေနၾက ပါတယ္။

Zombie (LoveMedia)

Ref - Worldofbuzz