လူအများစုက ပိုးဟပ်ကိုမြင်ရင် ကြောက်ကြပါတယ်။ ပိုးဟပ်ပျံကို မြင်ရင် ပိုလို့တောင် ကြောက်ကြပါသေးတယ်။ ပိုးဟပ်တွက လူတွေရဲ့အသုံးအဆောင် ပစ္စည်းတွေကို ဖျက်ဆီးပါတယ်။ အနံ့နဲ့တင် ကြောက်စရာကောင်းနေပါပြီ။

တရုတ်နိုင်ငံ၊ Quanzhou ပြည်နယ်၊ Fujion မြို့က လူတစ်ယောက်က သူ့ရဲ့မီးဖိုခန်းထဲမှာ ပိုးဟပ်တွေ့လို့ နှိမ်နင်းဖို့ ကြိုးစားပါတယ်။ အဲဒီနောက် အကြံရသွားပါတယ်။ ပိုးသတ်ဆေးနဲ့ မီးခြစ်ဆံကို ပေါင်းပြီး ပိုးဟပ်ကို နှိမ်နင်းမယ့် အကြံပါ။ ပိုးဟပ်က သူ့အိမ်က မီးဖိုထဲကို ရောက်နေတာကို သူ သတိထားမိပါတယ်။

ပိုးဟပ်ကို မသတ်ဘဲထားရင်တောင် ပိုးဟပ်က သူ့အလိုလိုသေသွားတာ ဒါမှမဟုတ် တခြားနေရာ ပြောင်းသွားဦးမှာပါ။ ပိုးသတ်ဆေးက မီးလောင်လွယ်လို့ အန္တရာယ်များတယ် ဆိုတာ သူက မသိရှာလေတော့ ပိုးသတ်ဆေးနဲ့ မီးနဲ့ပေါင်းပြီး ပိုးဟပ်ကို နှိမ်နင်းပါတယ်။ ပိုးသတ်ဆေးထဲကို မီးခြစ်ဆံထည့်ပြီး မီးရှို့လိုက်တဲ့အခါ သူ့ရဲ့မီးဖိုချောင်ကို မီးစွဲသွားပါတယ်။

ပိုဆိုးချင်တော့ မီးကကြီးလာပြီး အရက်ပါဝင်တဲ့ လောင်စာပုံးကို မီးကူးသွားပါတယ်။ အဲဒီအခါ လောင်စာပုံးက ပေါက်ကွဲပြီး မီးစတွေက လမ်းအထိပါ စင်ထွက်သွားပါတယ်။ ကံကလည်း အလွန်ဆိုးချင်တော့ စင်ထွက်သွားတဲ့မီးက လမ်းမှာရပ်ထားတဲ့ တခြားအိမ်က ကားတွေအထိ ရောက်သွားပါတယ်။

မီးက ကူးသွားပြီး ကားသုံးစီး မီးလောင်သွားပါတယ်။ အားလုံးပေါင်းဆုံးရှုံးမှု တန်ဖိုးက မလေးရှားရင်းဂစ် ၁၈၄၄၃၇ (သိန်း ၆၈၀ နီးပါး) အထိ ရှိသွားပါတယ်။ ပိုးဟပ်ကို တခြားနည်းနဲ့ နှိမ်နင်းလို့ရတာကြောင့် ဒီနည်းကိုတော့ မသုံးသင့်ပါဘူးနော်။

Zombie (LoveMedia)

For Zawgyi

ပိုးဟပ္ကို မီးရႈိ႕သတ္ဖို႔ ႀကိဳးစားရာ ကားသုံးစီး မီးေလာင္သြား

လူအမ်ားစုက ပိုးဟပ္ကိုျမင္ရင္ ေၾကာက္ၾကပါတယ္။ ပိုးဟပ္ပ်ံကို ျမင္ရင္ ပိုလို႔ေတာင္ ေၾကာက္ၾကပါေသးတယ္။ ပိုးဟပ္တြက လူေတြရဲ႕အသုံးအေဆာင္ ပစၥည္းေတြကို ဖ်က္ဆီးပါတယ္။ အနံ႔နဲ႔တင္ ေၾကာက္စရာေကာင္းေနပါၿပီ။

တ႐ုတ္ႏိုင္ငံ၊ Quanzhou ျပည္နယ္၊ Fujion ၿမိဳ႕က လူတစ္ေယာက္က သူ႔ရဲ႕မီးဖိုခန္းထဲမွာ ပိုးဟပ္ေတြ႕လို႔ ႏွိမ္နင္းဖို႔ ႀကိဳးစားပါတယ္။ အဲဒီေနာက္ အႀကံရသြားပါတယ္။ ပိုးသတ္ေဆးနဲ႔ မီးျခစ္ဆံကို ေပါင္းၿပီး ပိုးဟပ္ကို ႏွိမ္နင္းမယ့္ အႀကံပါ။ ပိုးဟပ္က သူ႔အိမ္က မီးဖိုထဲကို ေရာက္ေနတာကို သူ သတိထားမိပါတယ္။

ပိုးဟပ္ကို မသတ္ဘဲထားရင္ေတာင္ ပိုးဟပ္က သူ႔အလိုလိုေသသြားတာ ဒါမွမဟုတ္ တျခားေနရာ ေျပာင္းသြားဦးမွာပါ။ ပိုးသတ္ေဆးက မီးေလာင္လြယ္လို႔ အႏၲရာယ္မ်ားတယ္ ဆိုတာ သူက မသိရွာေလေတာ့ ပိုးသတ္ေဆးနဲ႔ မီးနဲ႔ေပါင္းၿပီး ပိုးဟပ္ကို ႏွိမ္နင္းပါတယ္။ ပိုးသတ္ေဆးထဲကို မီးျခစ္ဆံထည့္ၿပီး မီးရႈိ႕လိုက္တဲ့အခါ သူ႔ရဲ႕မီးဖိုေခ်ာင္ကို မီးစြဲသြားပါတယ္။

ပိုဆိုးခ်င္ေတာ့ မီးကႀကီးလာၿပီး အရက္ပါဝင္တဲ့ ေလာင္စာပုံးကို မီးကူးသြားပါတယ္။ အဲဒီအခါ ေလာင္စာပုံးက ေပါက္ကြဲၿပီး မီးစေတြက လမ္းအထိပါ စင္ထြက္သြားပါတယ္။ ကံကလည္း အလြန္ဆိုးခ်င္ေတာ့ စင္ထြက္သြားတဲ့မီးက လမ္းမွာရပ္ထားတဲ့ တျခားအိမ္က ကားေတြအထိ ေရာက္သြားပါတယ္။

မီးက ကူးသြားၿပီး ကားသုံးစီး မီးေလာင္သြားပါတယ္။ အားလုံးေပါင္းဆုံးရႈံးမႈ တန္ဖိုးက မေလးရွားရင္းဂစ္ ၁၈၄၄၃၇ (သိန္း ၆၈၀ နီးပါး) အထိ ရွိသြားပါတယ္။ ပိုးဟပ္ကို တျခားနည္းနဲ႔ ႏွိမ္နင္းလို႔ရတာေၾကာင့္ ဒီနည္းကိုေတာ့ မသုံးသင့္ပါဘူးေနာ္။

Zombie (LoveMedia)