ဖုန်းအားသွင်းတဲ့ပုံစံက မီတာခနဲ့ သက်ဆိုင်နေရုံမက ဘက်ထရီရဲ့ သက်တမ်းပေါ်လည်း သက်ရောက်မှု ရှိစေပါတယ်။ ဖုန်းအားသွင်းတာနဲ့ ပတ်သက်ပြီး မပြုလုပ်သင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဖုန်းအားသွင်းကြိုးကို ပလတ်ပေါက်မှာ အမြဲတပ်ထားခြင်း

ဖုန်းအားသွင်းကြိုးကို ပလတ်ပေါက်မှာ အမြဲတပ်ထားရင် ဖုန်းမရှိရင်တောင် လျှပ်စ်အားတွေက အမြဲဝင်နေပါတယ်။ အဲဒါကြောင့် မီတာခတွေ တက်လာနိုင်ပါတယ်။ အခန်းထဲမှာ စိုထိုင်းမှုတွေ များနေရင် လျှပ်စီးပတ်လမ်းပြတ်တောက်ပြီး အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

၂။ ဖုန်းအား ၁၀၀% ပြည့်သည်အထိ အားသွင်းခြင်း

ဖုန်းအားကို အမြဲတမ်း ၁၀၀% ပြည့်အောင် သွင်းထားမယ်ဆိုရင် ဓါတ်ခဲသက်တမ်းက တိုလာပါတယ်။ ပုံမှန်ကတော့ တစ်လကို တစ်ကြိမ်ပဲ ဓါတ်ခဲကို ၁၀၀% အားပြည့်အောင် သွင်းပေးရမှာပါ။ ကျန်တဲ့အချိန်တွေမှာတော့ ဖုန်းအားကို ၂၀% နဲ့ ၈၀% ကြားပဲ ထားသင့်ပါတယ်။

၃။ ဖုန်းအားကို လုံးဝကုန်သည်အထိ သုံးခြင်း

Lithium ဓါတ်ခဲထည့်ထားတဲ့ ဖုန်းမှာဖုန်းအားကို 0% အထိရောက်အောင် သုံးတာ မကောင်းပါဘူး။ နောက်ပိုင်းမှာ ဓါတ်ခဲသက်တမ်းက တဖြည်းဖြည်း နည်းလာတတ်ပါတယ်။

၄။ ဖုန်းကို တစ်ညလုံး အားသွင်းထားခြင်း

ဖုန်းကို တစ်ညလုံး အားသွင်းထားတာက လျှပ်စစ်အားကို ဖြုန်းတီးရာရောက်သလို ဓါတ်ခဲအတွက်လည်း လိုတာထက် ပိုအားသွင်းသလို ဖြစ်နေပါတယ်။ တစ်ခါတရံ ဓါတ်ခဲအပူလွန်တာ ဖြစ်တတ်ပါတယ်။

၅။ ဖုန်းအားသွင်းနေစဉ် သုံးခြင်း

© Pexels

ဖုန်းအားသွင်းနေစဉ်မှာ ဖုန်းမသုံးသင့်ပါဘူး။ ဓါတ်ခဲကို ပိုပြီး ဖိအားပေးသလို ဖြစ်စေပါတယ်။ ဖုန်းအားသွင်းနေစဉ်မှာ ဖုန်းပြောတာကတော့ တကယ်ကို ရှောင်သင့်တာပါ။

၆။ ဖုန်းအား ၂၀% အထက် ရှိနေစဉ်မှာ အားသွင်းခြင်း

လူအများစုက ဖုန်းအား နည်းနေပြီဆိုတာနဲ့ ချက်ချင်း အားသွင်းတတ်ကြပါတယ်။ တကယ်တော့ ဖုန်းအားကို ၂၀% အောက်လျော့၊ ၅% အထက် အနေအထားမှာ အားသွင်းသင့်တာပါ။

၇။ အားသွင်းနေစဉ် ဖုန်း cover တပ်ထားခြင်း

ဓါတ်ခဲရဲ့ရန်သူတွေက အပူနဲ့ ဖုန်းအားသွင်းနေစဉ်မှာ ဖုန်း cover တပ်ထားတာပါ။ ဖုန်းအားသွင်းစဉ်မှာ ဖုန်း cover တပ်ထားရင် ဖုန်းက ပိုပူလာပါတယ်။ ဖုန်းအားသွင်းတော့မယ် ဆိုရင် ဖုန်း cover လေးကို ဖြုတ်ပြီးမှ သွင်းသင့်ပါတယ်။

၈။ အရည်အသွေး မကောင်းသည့် အားသွင်းကြိုးကို သုံးခြင်း

ဖုန်းဝယ်စဉ်မှာပါလာတဲ့ original အားသွင်းကြိုးက အကောင်းဆုံးပါ။ တခြားအားသွင်းကြိုးနဲ့ အစားထိုး သုံးချင်ရင်တောင် အရည်အသွေးပြည့်မီတဲ့ အားသွင်းကြိုးကို ရွေးချယ်တာ အကောင်းဆုံးပါ။ Original ကြိုးမဟုတ်ဘဲ တွေ့ရာကြိုးနဲ့သွင်းရင် အပူလွန်ကဲခြင်း၊ အားသွင်းနှေးခြင်းတို့ ဖြစ်တတ်ပါတယ်။

၉။ Battery နဲ့ပတ်သက်တဲ့ applicationတွေ အသုံးပြုခြင်း

Free ပေးထားတဲ့ battery နဲ့ပတ်သက်တဲ့ application တွေက အသုံးဝင်ပါတယ်။ ဒါပေမယ့် unknown sources တွေက တင်ထားတဲ့ battery application တွေကိုတော့ အသုံးမပြုသင့်ပါဘူး။ 

၁၀။ Laptop နှင့် ဖုန်းအားသွင်းခြင်း

© wuestenigel / Flickr

တစ်ခါတရံ laptop ကနေ ဖုန်းအားသွင်း တတ်ကြပါတယ်။ ဒါပေမယ့် laptop နဲ့ အားသွင်းထားတာက ပလတ်ပေါက်နေ အားသွင်းထားတာထက် ပိုကြာပါတယ်။

Zombie (Lovemedia)

For Zawgyi

ဖုန္းအားသြင္းတဲ့အခါ သင္လုပ္မိေနတဲ့ အမွား (၁၀) ခု

ဖုန္းအားသြင္းတဲ့ပုံစံက မီတာခနဲ႔ သက္ဆိုင္ေန႐ုံမက ဘက္ထရီရဲ႕ သက္တမ္းေပၚလည္း သက္ေရာက္မႈ ရွိေစပါတယ္။ ဖုန္းအားသြင္းတာနဲ႔ ပတ္သက္ၿပီး မျပဳလုပ္သင့္တဲ့ အခ်က္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ ဖုန္းအားသြင္းႀကိဳးကို ပလတ္ေပါက္မွာ အၿမဲတပ္ထားျခင္း

ဖုန္းအားသြင္းႀကိဳးကို ပလတ္ေပါက္မွာ အၿမဲတပ္ထားရင္ ဖုန္းမရွိရင္ေတာင္ လွ်ပ္စ္အားေတြက အၿမဲဝင္ေနပါတယ္။ အဲဒါေၾကာင့္ မီတာခေတြ တက္လာႏိုင္ပါတယ္။အခန္းထဲမွာ စိုထိုင္းမႈေတြ မ်ားေနရင္ လွ်ပ္စီးပတ္လမ္းျပတ္ေတာက္ၿပီး အႏၲရာယ္ျဖစ္ေစႏိုင္ပါတယ္။ 

၂။ ဖုန္းအား ၁၀၀% ျပည့္သည္အထိ အားသြင္းျခင္း

ဖုန္းအားကို အၿမဲတမ္း ၁၀၀% ျပည့္ေအာင္ သြင္းထားမယ္ဆိုရင္ ဓါတ္ခဲသက္တမ္းက တိုလာပါတယ္။ ပုံမွန္ကေတာ့ တစ္လကို တစ္ႀကိမ္ပဲ ဓါတ္ခဲကို ၁၀၀% အားျပည့္ေအာင္ သြင္းေပးရမွာပါ။ က်န္တဲ့အခ်ိန္ေတြမွာေတာ့ ဖုန္းအားကို ၂၀% နဲ႔ ၈၀% ၾကားပဲ ထားသင့္ပါတယ္။

၃။ ဖုန္းအားကို လုံးဝကုန္သည္အထိ သုံးျခင္း

Lithium ဓါတ္ခဲထည့္ထားတဲ့ ဖုန္းမွာဖုန္းအားကို 0% အထိေရာက္ေအာင္ သုံးတာ မေကာင္းပါဘူး။ ေနာက္ပိုင္းမွာ ဓါတ္ခဲသက္တမ္းက တျဖည္းျဖည္း နည္းလာတတ္ပါတယ္။

၄။ ဖုန္းကို တစ္ညလုံး အားသြင္းထားျခင္း

ဖုန္းကို တစ္ညလုံး အားသြင္းထားတာက လွ်ပ္စစ္အားကို ျဖဳန္းတီးရာေရာက္သလို ဓါတ္ခဲအတြက္လည္း လိုတာထက္ ပိုအားသြင္းသလို ျဖစ္ေနပါတယ္။ တစ္ခါတရံ ဓါတ္ခဲအပူလြန္တာ ျဖစ္တတ္ပါတယ္။

၅။ ဖုန္းအားသြင္းေနစဥ္ သုံးျခင္း

ဖုန္းအားသြင္းေနစဥ္မွာ ဖုန္းမသုံးသင့္ပါဘူး။ ဓါတ္ခဲကို ပိုၿပီး ဖိအားေပးသလို ျဖစ္ေစပါတယ္။ ဖုန္းအားသြင္းေနစဥ္မွာ ဖုန္းေျပာတာကေတာ့ တကယ္ကို ေရွာင္သင့္တာပါ။

၆။ ဖုန္းအား ၂၀% အထက္ ရွိေနစဥ္မွာ အားသြင္းျခင္း

လူအမ်ားစုက ဖုန္းအား နည္းေနၿပီဆိုတာနဲ႔ ခ်က္ခ်င္း အားသြင္းတတ္ၾကပါတယ္။ တကယ္ေတာ့ ဖုန္းအားကို ၂၀% ေအာက္ေလ်ာ့၊ ၅% အထက္ အေနအထားမွာ အားသြင္းသင့္တာပါ။

၇။ အားသြင္းေနစဥ္ ဖုန္း cover တပ္ထားျခင္း

ဓါတ္ခဲရဲ႕ရန္သူေတြက အပူနဲ႔ ဖုန္းအားသြင္းေနစဥ္မွာ ဖုန္း cover တပ္ထားတာပါ။ ဖုန္းအားသြင္းစဥ္မွာ ဖုန္း cover တပ္ထားရင္ ဖုန္းက ပိုပူလာပါတယ္။ ဖုန္းအားသြင္းေတာ့မယ္ ဆိုရင္ ဖုန္း cover ေလးကို ျဖဳတ္ၿပီးမွ သြင္းသင့္ပါတယ္။

၈။ အရည္အေသြး မေကာင္းသည့္ အားသြင္းႀကိဳးကို သုံးျခင္း

ဖုန္းဝယ္စဥ္မွာပါလာတဲ့ original အားသြင္းႀကိဳးက အေကာင္းဆုံးပါ။ တျခားအားသြင္းႀကိဳးနဲ႔ အစားထိုး သုံးခ်င္ရင္ေတာင္ အရည္အေသြးျပည့္မီတဲ့ အားသြင္းႀကိဳးကို ေ႐ြးခ်ယ္တာ အေကာင္းဆုံးပါ။ Original ႀကိဳးမဟုတ္ဘဲ ေတြ႕ရာႀကိဳးနဲ႔သြင္းရင္ အပူလြန္ကဲျခင္း၊ အားသြင္းေႏွးျခင္းတို႔ ျဖစ္တတ္ပါတယ္။

၉။ Battery နဲ႔ပတ္သက္တဲ့ applicationေတြ အသုံးျပဳျခင္း

Free ေပးထားတဲ့ battery နဲ႔ပတ္သက္တဲ့ application ေတြက အသုံးဝင္ပါတယ္။ ဒါေပမယ့္ unknown sources ေတြက တင္ထားတဲ့ battery application ေတြကိုေတာ့ အသုံးမျပဳသင့္ပါဘူး။ 

၁၀။ Laptop ႏွင့္ ဖုန္းအားသြင္းျခင္း

တစ္ခါတရံ laptop ကေန ဖုန္းအားသြင္း တတ္ၾကပါတယ္။ ဒါေပမယ့္ laptop နဲ႔ အားသြင္းထားတာက ပလတ္ေပါက္ေန အားသြင္းထားတာထက္ ပိုၾကာပါတယ္။

Zombie (Lovemedia)