Christopher Columbus က သင်္ဘောသီးကို နတ်သမီးတွေစားတဲ့ အသီးလို့ တင်စားခဲ့ပါတယ်။ သင်္ဘောသီးက အရသာရှိရုံမကဘဲ ခန္ဓါကိုယ်ကျန်းမာရေးအတွက် အများကြီး အထောက်အကူ ပြုပါတယ်။
၁။ ကိုလက်စထရော နည်းစေခြင်း
![]() |
© depositphotos |
သင်္ဘောသီးမှာ အမျှင်ဓါတ်တွေ ပေါတာကြောင့် များနေတဲ့ ကိုလက်စထရောတွေကို နည်းသွားစေပါတယ်။ ဒါ့အပြင် သူ့မှာပါတဲ့ အင်တီအောက်ဆီးဒင့်နဲ့ ဗီတာမင်တွေက နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။
၂။ သံကောင်တွေကို ဖယ်ရှားပေးခြင်း
![]() |
© shutterstock,© shutterstock |
သံကောင်နဲ့ ကပ်ပါးကောင်တွေက ခန္ဓါကိုယ်အတွက် အန္တရာယ် ဖြစ်စေပါတယ်။သင်္ဘောသီးက သန်ကောင်ဥတွေကို သုတ်သင်ရှင်းလင်းပေးတာကြောင့် ခန္ဓါကိုယ်အတွက် သဘာဝဆေးပါပဲ။
၃။ ကိုယ်ခံအားကောင်းစေခြင်း
![]() |
© depositphotos, © shutterstock |
သင်္ဘောသီးမှာ ဗီတာမင် A,C, E ပါဝင်ပါတယ်။ အဲဒီ ဗီတာမင်တွေက ကိုယ်ခံအားကောင်းစေတဲ့ အာဟာရတွေပါပဲ။
၄။ ရောင်ရမ်းတာကို လျှော့ချပေးခြင်း
![]() |
© skincareaddiction / reddit |
အဆစ်ရောင်နာ၊ ဂေါက်ရောဂါ၊ ပန်းနာရောဂါ၊ အရေပြား ရောင်ရမ်းတတ်သူတွေက သင်္ဘောသီးကို ပုံမှန်စားပေးသင့်ပါတယ်။ သင်္ဘောသီးက ရောင်ရမ်းတာကို သက်သာစေလို့ပါ။
၅။ အိုမင်းမှုကို နှေးကွေးစေခြင်း
![]() |
© shutterstock |
သင်္ဘောသီးမှာရှိတဲ့ ဗီတာမင် C နဲ့ E က အသက်အရွယ် အိုမင်းမှုကို နှေးစေပါတယ်။ အသားအရေ နေလောင်တာ၊ အရေးအကြောင်းပေါ်တာတွေကိုလည်း သက်သာစေပါတယ်။
၆။ သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်စေခြင်း
![]() |
© shutterstock,© shutterstock |
သင်က မကြာခဏ သွေးတိုးတတ်သူဆိုရင်တော့ သင်္ဘောသီးကို မေ့မထားသင့်ပါဘူးနော်။ သင်္ဘောသီးမှာပါဝင်တဲ့ Carpaine က သွေးပေါင်ချိန်တိုးတဲ့အခါ လျှော့ချပေးလို့ပါ။
၇။ စိတ်ဖိစီးမှုနည်းစေခြင်း
![]() |
© shutterstock,© shutterstock |
မကြာခဏ စိတ်ဖိစီးတတ်သူတွေက သင်္ဘောသီးကို ပုံမှန်စားပေးသင့် ပါတယ်နော်။ သင်္ဘောသီးမှာ ပါဝင်တဲ့ ဗီတာမင်စီက စိတ်ဖိစီးမှုကို လျှော့ချပေးကြောင်း Alabama တက္ကသိုလ်က ပညာရှင်တွေက ဖော်ပြထားပါတယ်။
သင်္ဘောစေ့ကို ဘယ်လိုစားမလဲ
![]() |
© Organicgardening / reddit |
သင်္ဘောသီးကို အပတ်တိုင်း စားပေးသင့်သလို သင်္ဘောစေ့ကိုလည်း စားပေးသင့်ပါတယ်။ သင်္ဘောစေ့က သန်ကောင်တွေကို ကာကွယ်ပေးခြင်း၊ ကျောက်ကပ်ကို ကာကွယ်ပေးခြင်း၊ ရောင်ရမ်းတာလျော့စေခြင်း၊ ဘက်တီးရီးတွေကို တိုက်ထုတ်ပေးခြင်း စတဲ့နေရာတွေမှာ ကူညီပေးပါတယ်။ ဒါပေမယ့် သင်္ဘောစေ့ကို စားမယ်ဆိုရင် တစ်နေ့ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာပဲ စားပေးသင့်ပါတယ်။ ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေက သင်္ဘောစေ့ကို မစားသင့်ပါဘူးနော်။
Zombie (Lovemedia)
For Zawgyi
သေဘၤာသီးကို တစ္ပတ္တစ္ခါစား႐ုံနဲ႔ ဘယ္လိုအက်ိဳးေက်းဇူးေတြ ရလာမလဲ
Christopher Columbus က သေဘၤာသီးကို နတ္သမီးေတြစားတဲ့ အသီးလို႔ တင္စားခဲ့ပါတယ္။ သေဘၤာသီးက အရသာရွိ႐ုံမကဘဲ ခႏၶါကိုယ္က်န္းမာေရးအတြက္ အမ်ားႀကီး အေထာက္အကူ ျပဳပါတယ္။
၁။ ကိုလက္စထေရာ နည္းေစျခင္း
သေဘၤာသီးမွာ အမွ်င္ဓါတ္ေတြ ေပါတာေၾကာင့္ မ်ားေနတဲ့ ကိုလက္စထေရာေတြကို နည္းသြားေစပါတယ္။ ဒါ့အျပင္ သူ႔မွာပါတဲ့ အင္တီေအာက္ဆီးဒင့္နဲ႔ ဗီတာမင္ေတြက ႏွလုံးေရာဂါကို ကာကြယ္ေပးပါတယ္။
၂။ သံေကာင္ေတြကို ဖယ္ရွားေပးျခင္း
သံေကာင္နဲ႔ ကပ္ပါးေကာင္ေတြက ခႏၶါကိုယ္အတြက္ အႏၲရာယ္ ျဖစ္ေစပါတယ္။သေဘၤာသီးက သန္ေကာင္ဥေတြကို သုတ္သင္ရွင္းလင္းေပးတာေၾကာင့္ ခႏၶါကိုယ္အတြက္ သဘာဝေဆးပါပဲ။
၃။ ကိုယ္ခံအားေကာင္းေစျခင္း
သေဘၤာသီးမွာ ဗီတာမင္ A,C, E ပါဝင္ပါတယ္။ အဲဒီ ဗီတာမင္ေတြက ကိုယ္ခံအားေကာင္းေစတဲ့ အာဟာရေတြပါပဲ။
၄။ ေရာင္ရမ္းတာကို ေလွ်ာ့ခ်ေပးျခင္း
အဆစ္ေရာင္နာ၊ ေဂါက္ေရာဂါ၊ ပန္းနာေရာဂါ၊ အေရျပား ေရာင္ရမ္းတတ္သူေတြက သေဘၤာသီးကို ပုံမွန္စားေပးသင့္ပါတယ္။ သေဘၤာသီးက ေရာင္ရမ္းတာကို သက္သာေစလို႔ပါ။
၅။ အိုမင္းမႈကို ေႏွးေကြးေစျခင္း
သေဘၤာသီးမွာရွိတဲ့ ဗီတာမင္ C နဲ႔ E က အသက္အ႐ြယ္ အိုမင္းမႈကို ေႏွးေစပါတယ္။ အသားအေရ ေနေလာင္တာ၊ အေရးအေၾကာင္းေပၚတာေတြကိုလည္း သက္သာေစပါတယ္။
၆။ ေသြးေပါင္ခ်ိန္ကို ပုံမွန္ျဖစ္ေစျခင္း
သင္က မၾကာခဏ ေသြးတိုးတတ္သူဆိုရင္ေတာ့ သေဘၤာသီးကို ေမ့မထားသင့္ပါဘူးေနာ္။ သေဘၤာသီးမွာပါဝင္တဲ့ Carpaine က ေသြးေပါင္ခ်ိန္တိုးတဲ့အခါ ေလွ်ာ့ခ်ေပးလို႔ပါ။
၇။ စိတ္ဖိစီးမႈနည္းေစျခင္း
မၾကာခဏ စိတ္ဖိစီးတတ္သူေတြက သေဘၤာသီးကို ပုံမွန္စားေပးသင့္ ပါတယ္ေနာ္။ သေဘၤာသီးမွာ ပါဝင္တဲ့ ဗီတာမင္စီက စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ေပးေၾကာင္း Alabama တကၠသိုလ္က ပညာရွင္ေတြက ေဖာ္ျပထားပါတယ္။
သေဘၤာေစ့ကို ဘယ္လိုစားမလဲ
သေဘၤာသီးကို အပတ္တိုင္း စားေပးသင့္သလို သေဘၤာေစ့ကိုလည္း စားေပးသင့္ပါတယ္။ သေဘၤာေစ့က သန္ေကာင္ေတြကို ကာကြယ္ေပးျခင္း၊ ေက်ာက္ကပ္ကို ကာကြယ္ေပးျခင္း၊ ေရာင္ရမ္းတာေလ်ာ့ေစျခင္း၊ ဘက္တီးရီးေတြကို တိုက္ထုတ္ေပးျခင္း စတဲ့ေနရာေတြမွာ ကူညီေပးပါတယ္။ ဒါေပမယ့္ သေဘၤာေစ့ကို စားမယ္ဆိုရင္ တစ္ေန႔ကို လက္ဖက္ရည္ဇြန္း တစ္ဇြန္းစာပဲ စားေပးသင့္ပါတယ္။ ကေလးေတြ၊ ကိုယ္ဝန္ေဆာင္မိခင္ေတြ၊ ႏို႔တိုက္မိခင္ေတြက သေဘၤာေစ့ကို မစားသင့္ပါဘူးေနာ္။
Zombie (Lovemedia)
0 Comments