Single mother ​တွေအတွက် အ​ဖေအငှားဝန်​​ဆောင်မှု

အဖေတစ်ယောက် ဖြစ်လာဖို့က မလွယ်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် အဖေလို့ ခေါ်ခွင့်မရတဲ့သူတွေက ကမ္ဘာပေါ်မှာ အများကြီး ရှိပါတယ်။ တချို့အဖေတွေက ကံအကြောင်းမလှလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားရပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အဖြေတစ်ခု ရှိပါတယ်။ Jake James လို့ ခေါ်တဲ့ သြစတေးလျနိုင်ငံသား တစ်ယောက်က မကြာသေးခင်က " အဖေ အငှားဝန်ဆောင်မှု " ဆိုပြီး facebook မှာ post တစ်ခု တင်ခဲ့ပါတယ်။

အခုနောက်ပိုင်းမှာ single mother တွေ များတာကြောင့် " အဖေအငှားဝန်​ဆောင်မှုလုပ်ငန်း " ကို လုပ်ဖြစ်တာဖြစ်ကြောင်း Jake က ပြောပါတယ်။ " အဖေအဖြစ် သရုပ်ဆောင်ပေးရမလား။ ကလေးနဲ့ ကစားပေးရမလား။ အဖေတစ်ယောက်ကို ငှားလိုက်ပါ " လို့ သူ့ရဲ့ ကြော်ငြာမှာ ရေးထားပါတယ်။

ဒါ့အပြင် ကလေးတွေနဲ့ စာအတူတူ ကြည့်ပေးတာ၊ ကလေးထိန်းပေးတာ၊ ကလေးကို ကျောင်းကြိုကျောင်းပို့ လုပ်ပေးတာ၊ အားကစားပွဲတွေကို အတူတူ လိုက်ကြည့်ပေးတာ၊ ကလေးတွေ သွားချင်တဲ့ပွဲတွေကို လိုက်ပို့ပေးတဲ့ ဝန်ဆောင်မှုတွေလည်း ပါဝင်ပါတယ်။ မိသားစုလိုက် selfies ရိုက်ခြင်း၊ ကလေးမွေးနေ့ပွဲတက်ခြင်း၊ Facebook မှာ relationship တင်ခြင်း စတဲ့ ထပ်ဆောင်း ဝန်ဆောင်မှုတွေအတွက် သူ့ကို ဆက်သွယ်လို့ရကြောင်း ရေးထားပါသေးတယ်။

Jake ရဲ့ ဖေဖေဝန်ဆောင်မှု နှုန်းထားတွေကတော့ တစ်နာရီကို ဒေါ်လာ ၃၀ ပါ။ တနင်္ဂ​​နွေ​​နေ့ ည​နေ ၄ နာရီနောက်ပိုင်းနဲ့ တနင်္ဂနွေနေ့ ညပိုင်းတွေအတွက် အပိုကြေးက တစ်နာရီကို ၂၀% ထပ်တိုးသွားပါတယ်။ အခုထိတော့ သူ့ရဲ့ကြော်ငြာက တကယ်လား၊ နောက်နေတာလား ဆိုတာ မကွဲပြားသေးပါဘူး။ Jake ရဲ့ post က အခုထိ အောင်မြင်နေပြီး ထင်မြင်ချက် အမျိုးမျိုးတွေကို ရရှိနေဆဲပါပဲ။

Zombie (Lovemedia)

For Zawgyi

Single mother ေတြအတြက္ အေဖအငွားဝန္ေဆာင္မႈ

အေဖတစ္ေယာက္ ျဖစ္လာဖို႔က မလြယ္ပါဘူး။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အေဖလို႔ ေခၚခြင့္မရတဲ့သူေတြက ကမာၻေပၚမွာ အမ်ားႀကီး ရွိပါတယ္။ တခ်ိဳ႕အေဖေတြက ကံအေၾကာင္းမလွလို႔ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေသဆုံးသြားရပါတယ္။ ဒီျပႆနာကို ေျဖရွင္းဖို႔အတြက္ အေျဖတစ္ခုရွိပါတယ္။ Jake James လို႔ေခၚတဲ့ ၾသစေတးလ်ႏိုင္ငံသား တစ္ေယာက္က မၾကာေသးခင္က " အေဖ အငွားဝန္ေဆာင္မႈ " ဆိုၿပီး facebook မွာ post တစ္ခု တင္ခဲ့ပါတယ္။

အခုေနာက္ပိုင္းမွာ single mother ေတြ မ်ားတာေၾကာင့္ " အေဖအငွားဝန္ေဆာင္မႈလုပ္ငန္း " ကို လုပ္ျဖစ္တာျဖစ္ေၾကာင္း Jake က ေျပာပါတယ္။ " အေဖအျဖစ္ သ႐ုပ္ေဆာင္ေပးရမလား။ ကေလးနဲ႔ ကစားေပးရမလား။ အေဖတစ္ေယာက္ကို ငွားလိုက္ပါ " လို႔ သူ႔ရဲ႕ ေၾကာ္ျငာမွာ ေရးထားပါတယ္။

ဒါ့အျပင္ ကေလးေတြနဲ႔ စာအတူတူ ၾကည့္ေပးတာ၊ ကေလးထိန္းေပးတာ၊ ကေလးကို ေက်ာင္းႀကိဳေက်ာင္းပို႔ လုပ္ေပးတာ၊ အားကစားပြဲေတြကို အတူတူ လိုက္ၾကည့္ေပးတာ၊ ကေလးေတြ သြားခ်င္တဲ့ပြဲေတြကို လိုက္ပို႔ေပးတဲ့ ဝန္ေဆာင္မႈေတြလည္း ပါဝင္ပါတယ္။ မိသားစုလိုက္ selfies ႐ိုက္ျခင္း၊ ကေလးေမြးေန႔ပြဲတက္ျခင္း၊ Facebook မွာ relationship တင္ျခင္း စတဲ့ ထပ္ေဆာင္း ဝန္ေဆာင္မႈေတြအတြက္ သူ႔ကို ဆက္သြယ္လို႔ရေၾကာင္း ေရးထားပါေသးတယ္။

Jake ရဲ႕ ေဖေဖဝန္ေဆာင္မႈ ႏႈန္းထားေတြကေတာ့ တစ္နာရီကို ေဒၚလာ ၃၀ ပါ။ တနဂၤေႏြေန႔ ညေန ၄ နာရီေနာက္ပိုင္းနဲ႔ တနဂၤေႏြေန႔ ညပိုင္းေတြအတြက္ အပိုေၾကးက တစ္နာရီကို ၂၀% ထပ္တိုးသြားပါတယ္။ အခုထိေတာ့ သူ႔ရဲ႕ေၾကာ္ျငာက တကယ္လား၊ ေနာက္ေနတာလား ဆိုတာ မကြဲျပားေသးပါဘူး။ Jake ရဲ႕ post က အခုထိ ေအာင္ျမင္ေနၿပီး ထင္ျမင္ခ်က္ အမ်ိဳးမ်ိဳးေတြကို ရရွိေနဆဲပါပဲ။

Zombie (Lovemedia)

Post a Comment

0 Comments