လက်သည်းဆိုးဆေးတွေကို ခဏခဏ အသုံးမပြုသင့်ပါဘူး။ ခဏခဏ အသုံးပြုတဲ့အခါ လက်သည်းက ခြောက်သွေ့လာပြီး အဝါရောင်ပြောင်းသွားပါတယ်။ လက်သည်းဆိုးဆေးတွေက ကျန်းမာရေးအတွက် အလွန်အန္တရာယ်များပါတယ်။
လက်သည်းဆိုးဆေးတွေက ကျန်းမာရေးကို အလွန်ထိခိုက်စေနိုင်ပါတယ်။ လက်သည်းဆိုးဆေးတွေမှာ အဆိပ်အာနိသင်တွေ ပါဝင်ပါတယ်။ လက်သည်းနဲ့ပတ်သက်တဲ့ အလှအပ ပစ္စည်းတွေမှာ အောက်ပါပစ္စည်းတွေ ပါဝင်ပါတယ်။ ဒီပစ္စည်းတွေက ကျန်းမာရေးကို ထိခိုက်စေပါတယ်။
![]() |
© micmicscorner |
Toluene- လက်သည်းကို ချောမွေ့သွားစေတဲ့ ရောင်ခြယ်ပစ္စည်းဖြစ်ပါတယ်။ Toluene က ကျောရိုးမကြီးကို ထိခိုက်စေပြီး မျိုးပွားမှုကို ကမောက်ကမ ဖြစ်စေမှာပါ။ ခေါင်းကိုက်ခြင်း၊ အားနည်းခြင်း၊ မူးခြင်း၊ မအီမသာဖြစ်ခြင်းတို့က လက်သည်းဆိုးဆေးရဲ့ နောပဆက်တွဲ ဆိုးကျိုးတွေပါပဲ။
Formaldehyde- အရောင်မရှိတဲ့အငွေ့ဖြစ်ပြီး လက်သည်းအရောင်ကို ကြာရှည်စွဲစေပါတယ်။ ဓာတ်မတည့်သူဖြစ်ရင် အရေပြားနီပြီး ရောင်အန်းနာကျင်တာ ဖြစ်တတ်ပါတယ်။ ပိုဆိုးလာရင် နှလုံးခုန်မမှန်ခြင်း၊ တက်ခြင်း၊ အကြောဆွဲခြင်းနဲ့ ကင်ဆာရောဂါတွေအထိ ဖြစ်နိုင်ပါတယ်။
Dibutyl Phthulate- သူ့ကိုတော့ လက်သည်းဆိုးဆေးတွေမှာ ရနံ့အဖြစ် အသုံးပြုကြပါတယ်။ Digital Phthulate က ဟော်မုန်းကမောက်ကမ ဖြစ်ခြင်း၊ မျိုးပွားအင်္ဂါနဲ့ပတ်သက်တဲ့ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေပါ ဖြစ်စေပါတယ်။
သိပ္ပံပညာရှင်တွေက အမျိုးသမီး 24 ယောက်ကို စောင့်ကြည့်လေ့လာခဲ့ပါတယ်။ လက်သည်းဆိုးဆေးဆိုးပြီး 6 နာရီ အကြာမှာ လက်သည်းဆိုးဆေးမှာ ပါဝင်တဲ့ Diphenyl Phosphateက triphenyl phosphate အဖြစ် ကူးပြောင်းသွားပါတယ်။ 10 နာရီ ကြာပြီးမှာတော့ ခန္ဓာကိုယ်ထဲက Diphenyl phosphateက 7ဆ မြင့်တက်သွားခဲ့ပါတယ်။
ကျန်းမာရေးအတွက် အန္တရာယ် မဖြစ်စေတဲ့ လက်သည်းဆိုးဆေးကို ဘယ်လို ရွေးချယ်ကြမလဲ။
တချို့ လက်သည်းဆိုးဆေးတွေရဲ့ ဘူးတွေ၊ အခွံတွေပေါ်မှာ စာလေးတွေရေးထားတာ ရှိပါတယ်။
![]() |
© swatchandlearn.com |
5-free
Formaldehyde, foliage,digital, phthalate နဲ့ ပရုတ် မပါဝင်ကြောင်း ဖော်ပြထားတာပါ။
3-free
အန္တရာယ်ရှိတံ့ formalde dibutyl, phthalateနဲ့ toluene မပါဝင်ဘူးလို့ ဖော်ပြထားတာပါ။ ကျန်းမာရေးက ကိုယ့်လက်ထဲမှာတင် ရှိတာကြောင့် လက်သည်းဆိုးဆေး မဝယ်ခင်မှာ ပါဝင်ပစ္စည်းတွေကို သေချာဖတ်ကြည့်သင့်ပါတယ်။
Zombie (LoveMedia)
For Zawgyi
လက်သည်းနီဆိုးပြီး ၁၀ နာရီအကြာမှာ ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
5-free
3-free
Zombie (LoveMedia)
0 Comments