လူတွေမှာ လက်သည်းတွေက တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ တချို့လက်သည်းတွေက ကျယ်ပြန့်ပြီး တချို့က ဝိုင်းပါတယ်။ တချို့ကျတော့ လက်သည်းတွေက ရှည်ရှည်မျောမျောကြီးတွေပါ။ လက်သည်းတွေနဲ့ ပတ်သက်ပြီး ပြလုပ်ထားတဲ့ သုတေသနတွေ အများကြီးရှိပါတယ်။

လေးထောင့်ပုံစံလက်သည်း

© depositphotos.com

လေးထောင့်ပုံစံ လက်သည်းပိုင်ရှင်က စိတ်တည်ငြိမ်ပြီး လက်တွေ့ဆန်ပါတယ်။ ဖြောင့်မတ်မှန်ကန်စွာနေထိုင်တတ်ပြီး သူတစ်ပါးအပေါ် မှီခိုတတ်သူမဟုတ်ပါဘူး။ ယုံကြည်လို့ရတဲ့သူဖြစ်ပြီး သူရဲ့အမူအရာ၊ စကားလုံးတွေအတွက် အလွန်ကို တာဝန်ယူပါတယ်။ ခေါင်းဆောင်ဖြစ်ဖို့ မွေးဖွားလာသူပါ။

လေးထောင့်ပုံစံ သေးငယ်သောလက်သည်း

© depositphotos.com

ထက်မြက်ပြီး ဟာသဉာဏ်လည်းရှိပါတယ်။ ဒေါသထွက်တဲ့အချိန်ဆိုရင် သူမတူအောင် ပေါက်ကွဲလွယ်သူပါ။ မနာလိုစိတ်၊ ရန်လိုစိတ်တွေ နည်းနည်းပါးပါးရှိပါတယ်။

သွယ်သောလက်သည်း

© depositphotos.com

အတ္တကြီးပြီး အခွင့်အရေးသာမယ့် သူဘက်ကို တွက်ချက် ပေါင်းသင်းတတ်ပါတယ်။ စည်းစိမ်ရှိရှိနေရတာကို သဘောကျပြီး လူအများရဲ့အာရုံစိုက်မှုကို လိုချင်ပါတယ်။ အဲဒါကြောင့် လူအများရဲ့ အမြင်ကတ်မှုကို မကြာခဏ ခံရတတ်ပါတယ်။

ဝိုင်းသောလက်သည်း

© depositphotos.com

လက်သည်းဝိုင်းဝိုင်းလေးတွေက စိတ်မရှည်တတ်ကြပါဘူး။ တစ်ခါတလေကျတော့ မယုံနိုင်စရာကောင်းလောက်အောင် ဟာသတွေပြောနေတတ်ပါတယ်။ ရည်မှန်းချက်အတိုင်း အောင်မြင်လာအောင် မဆုတ်မနစ် ကြိုးစားတတ်ပါတယ်။

မက်မန်းသီးပုံစံလက်သည်း

© depositphotos.com

စိတ်ထားနူးညံ့ပြီး စိတ်ကူးယဉ်တတ်သူပါ။ စံထားရလောက်တဲ့ အတွေး စိတ်ကူးတွေကို ပိုင်ဆိုင်ထားပါတယ်။ တခြားသူတွေကို ကူညီပေးရတာကို သဘောကျပြီး အေးအေးဆေးဆေး နေတတ်ပါတယ်။

တြိဂံပုံစံလက်သည်း

© depositphotos.com

အနုပညာအရည်အသွေးတွေ ရှိနေပြီး စိတ်အလွန်မြန်ပါတယ်။ အမြဲလည်း အစွန်းရောက်နေတတ်ပါတယ်။ အရာရာကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာကြည့်တတ်သူပါ။ ရှုံးနိမ့်မှုကို လွယ်လွယ်နဲ့ လက်မခံနိုင်ပါဘူး။

Zombie (LoveMedia)

For Zawgyi

သင့္လက္သည္းေတြကေန ေျပာျပေနတဲ့ သင့္ရဲ႕အေၾကာင္း

လူေတြမွာ လက္သည္းေတြက တစ္ေယာက္နဲ႔တစ္ေယာက္ မတူပါဘူး။ တခ်ိဳ႕လက္သည္းေတြက က်ယ္ျပန႔္ၿပီး တခ်ိဳ႕က ဝိုင္းပါတယ္။ တခ်ိဳ႕က်ေတာ့ လက္သည္းေတြက ရွည္ရွည္ေမ်ာေမ်ာႀကီးေတြပါ။ လက္သည္းေတြနဲ႔ ပတ္သက္ၿပီး ျပလုပ္ထားတဲ့ သုေတသနေတြ အမ်ားႀကီးရွိပါတယ္။

ေလးေထာင့္ပုံစံလက္သည္း

ေလးေထာင့္ပုံစံ လက္သည္းပိုင္ရွင္က စိတ္တည္ၿငိမ္ၿပီး လက္ေတြ႕ဆန္ပါတယ္။ ေျဖာင့္မတ္မွန္ကန္စြာေနထိုင္တတ္ၿပီး သူတစ္ပါးအေပၚ မွီခိုတတ္သူမဟုတ္ပါဘူး။ ယုံၾကည္လို႔ရတဲ့သူျဖစ္ၿပီး သူရဲ႕အမူအရာ၊ စကားလုံးေတြအတြက္ အလြန္ကို တာဝန္ယူပါတယ္။ ေခါင္းေဆာင္ျဖစ္ဖို႔ ေမြးဖြားလာသူပါ။

ေလးေထာင့္ပုံစံ ေသးငယ္ေသာလက္သည္း

ထက္ျမက္ၿပီး ဟာသဉာဏ္လည္းရွိပါတယ္။ ေဒါသထြက္တဲ့အခ်ိန္ဆိုရင္ သူမတူေအာင္ ေပါက္ကြဲလြယ္သူပါ။ မနာလိုစိတ္၊ ရန္လိုစိတ္ေတြ နည္းနည္းပါးပါးရွိပါတယ္။

သြယ္ေသာလက္သည္း

အတၱႀကီးၿပီး အခြင့္အေရးသာမယ့္ သူဘက္ကို တြက္ခ်က္ ေပါင္းသင္းတတ္ပါတယ္။ စည္းစိမ္ရွိရွိေနရတာကို သေဘာက်ၿပီး လူအမ်ားရဲ႕အာ႐ုံစိုက္မႈကို လိုခ်င္ပါတယ္။ အဲဒါေၾကာင့္ လူအမ်ားရဲ႕ အျမင္ကတ္မႈကို မၾကာခဏ ခံရတတ္ပါတယ္။

ဝိုင္းေသာလက္သည္း

လက္သည္းဝိုင္းဝိုင္းေလးေတြက စိတ္မရွည္တတ္ၾကပါဘူး။ တစ္ခါတေလက်ေတာ့ မယုံႏိုင္စရာေကာင္းေလာက္ေအာင္ ဟာသေတြေျပာေနတတ္ပါတယ္။ ရည္မွန္းခ်က္အတိုင္း ေအာင္ျမင္လာေအာင္ မဆုတ္မနစ္ ႀကိဳးစားတတ္ပါတယ္။

မက္မန္းသီးပုံစံလက္သည္း

စိတ္ထားႏူးညံ့ၿပီး စိတ္ကူးယဥ္တတ္သူပါ။ စံထားရေလာက္တဲ့ အေတြး စိတ္ကူးေတြကို ပိုင္ဆိုင္ထားပါတယ္။ တျခားသူေတြကို ကူညီေပးရတာကို သေဘာက်ၿပီး ေအးေအးေဆးေဆး ေနတတ္ပါတယ္။

ႀတိဂံပုံစံလက္သည္း

အႏုပညာအရည္အေသြးေတြ ရွိေနၿပီး စိတ္အလြန္ျမန္ပါတယ္။ အၿမဲလည္း အစြန္းေရာက္ေနတတ္ပါတယ္။ အရာရာကို အေသးစိတ္ ခြဲျခမ္းစိတ္ျဖာၾကည့္တတ္သူပါ။ ရႈံးနိမ့္မႈကို လြယ္လြယ္နဲ႔ လက္မခံႏိုင္ပါဘူး။

Zombie (LoveMedia)