တချို့လူတွေက ငွေရဖို့အတွက် ရိုးသားတဲ့နည်းလမ်းနဲ့ ကြိုးစားရှာဖွေကြပါတယ်။ တချို့တွေကြတော့ ငွေနည်းနည်းလေးရဖို့အတွက် မလုပ်သင့်တဲ့ အလုပ်တွေကိုတောင် လုပ်ရဲကြပါတယ်။

Source: Shutterstock and Deposit Photos

အာဖရိကတိုက်၊ မိုဇစ်ဘစ်နိုင်ငံက အမျိုးသား တစ်ယောက်ဟာ မိဘတွေနဲ့ ဦးလေးရဲ့အရိုးစုတွေကို ဖော်ပြီးရောင်းလို့ အဖမ်းခံလိုက်ရပါတယ်။ သူ့ရဲ့ရည်ရွယ်ချက် ကတော့ အရိုးစုတွေကို ရောင်းပြီး ဆိုင်ကယ်ဝယ်ဖို့ပါ။

Credit photo

ဒီအမျိုးသားဟာ မိဘတွေနဲ့ဦးလေးရဲ့ သင်္ချိုင်းမြေပုံကို တစ်ညတည်းနဲ့ တူးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ အရိုးစုတွေ ရလာရင် ဆိုင်ကယ်တစ်စီးနဲ့ ဒေါ်လာ ၃၀၀ ထပ်ပိုပေးမယ်လို့ စီးပွားရေးသမား တစ်ယောက်က သူ့ကို ပြောပါတယ်။ အဲဒီ စီးပွားရေးသမားတစ်ယောက်က တွင်းထွက်ပစ္စည်း ရှာဖွေရာမှာ ပါဝင်တဲ့သူဖြစ်ကြောင်း ပြောကြပါတယ်။

Source: India Today

" မဖျားမနာဘဲ သေသွားတဲ့သူရဲ့ အရိုးစုတွေကို ရှာခဲ့ရင် ဆိုင်ကယ်ပေးမယ်လို့ သူဌေးက ပြောတယ်။ အဲဒါကြောင့် အဖေ၊ အမေနဲ့ဦးလေးရဲ့အရိုးတွေရအောင် သင်္ချိုင်းကိုသွားပြီး မြေပုံတွေကို တူးလိုက်တယ် " လို့ အဲဒီအမျိုးသားက ဝန်ခံခဲ့ပါတယ် ။

Source: Your Black World

သူက ဆိုင်ကယ်ဝယ်ပေးမယ်လို့ ကတိပေးတဲ့ စီးပွားရေးသမားဆီကို သွားခဲ့ပေမယ့် စီးပွားရေးသမားက ရောက်မလာခဲ့ပါဘူး။ ဒီနှစ်အတွင်းမှာ ဒီလို အဖြစ်အပျက်မျိုးဖြစ်တာ ငါးကြိမ်ရှိပြီလို့ ရဲဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Zombie (LoveMedia)

Ref - worldofbuzz

For Zawgyi

ဆိုင္ကယ္ဝယ္ခ်င္လို႔ မိဘေတြနဲ႔ ဦးေလးရဲ႕ သခ်ႋဳင္းေျမပုံကို တူးခဲ့တဲ့ အမ်ိဳးသား

တခ်ိဳ႕လူေတြက ေငြရဖို႔အတြက္ ႐ိုးသားတဲ့နည္းလမ္းနဲ႔ ႀကိဳးစားရွာေဖြၾကပါတယ္။ တခ်ိဳ႕ေတြၾကေတာ့ ေငြနည္းနည္းေလးရဖို႔အတြက္ မလုပ္သင့္တဲ့ အလုပ္ေတြကိုေတာင္ လုပ္ရဲၾကပါတယ္။

အာဖရိကတိုက္၊ မိုဇစ္ဘစ္ႏိုင္ငံက အမ်ိဳးသား တစ္ေယာက္ဟာ မိဘေတြနဲ႔ ဦးေလးရဲ႕အ႐ိုးစုေတြကို ေဖာ္ၿပီးေရာင္းလို႔ အဖမ္းခံလိုက္ရပါတယ္။ သူ႔ရဲ႕ရည္႐ြယ္ခ်က္ ကေတာ့ အ႐ိုးစုေတြကို ေရာင္းၿပီး ဆိုင္ကယ္ဝယ္ဖို႔ပါ။

ဒီအမ်ိဳးသားဟာ မိဘေတြနဲ႔ဦးေလးရဲ႕ သခ်ႋဳင္းေျမပုံကို တစ္ညတည္းနဲ႔ တူးခဲ့တယ္လို႔ ဆိုပါတယ္။ အဲဒီ အ႐ိုးစုေတြ ရလာရင္ ဆိုင္ကယ္တစ္စီးနဲ႔ ေဒၚလာ ၃၀၀ ထပ္ပိုေပးမယ္လို႔ စီးပြားေရးသမား တစ္ေယာက္က သူ႔ကို ေျပာပါတယ္။ အဲဒီ စီးပြားေရးသမားတစ္ေယာက္က တြင္းထြက္ပစၥည္း ရွာေဖြရာမွာ ပါဝင္တဲ့သူျဖစ္ေၾကာင္း ေျပာၾကပါတယ္။

" မဖ်ားမနာဘဲ ေသသြားတဲ့သူရဲ႕ အ႐ိုးစုေတြကို ရွာခဲ့ရင္ ဆိုင္ကယ္ေပးမယ္လို႔ သူေဌးက ေျပာတယ္။ အဲဒါေၾကာင့္ အေဖ၊ အေမနဲ႔ဦးေလးရဲ႕အ႐ိုးေတြရေအာင္ သခ်ႋဳင္းကိုသြားၿပီး ေျမပုံေတြကို တူးလိုက္တယ္ " လို႔ အဲဒီအမ်ိဳးသားက ဝန္ခံခဲ့ပါတယ္ ။

သူက ဆိုင္ကယ္ဝယ္ေပးမယ္လို႔ ကတိေပးတဲ့ စီးပြားေရးသမားဆီကို သြားခဲ့ေပမယ့္ စီးပြားေရးသမားက ေရာက္မလာခဲ့ပါဘူး။ ဒီႏွစ္အတြင္းမွာ ဒီလို အျဖစ္အပ်က္မ်ိဳးျဖစ္တာ ငါးႀကိမ္ရွိၿပီလို႔ ရဲဌာနရဲ႕ ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။

Zombie (LoveMedia)

Ref - worldofbuzz