ပျော်ရွှင်နေတဲ့ အားလပ်ရက်တွေကို ခြင်တွေက ဖျက်ဆီးတတ်ကြ ပါတယ်။ ခြင်တွေက လူတွေရဲ့အနံ့ကို မှတ်မိတတ်ကြ ပါတယ်တဲ့။ ဓာတုဆေးတွေ မသုံးဘဲ ခြင်ကို ကာကွယ်နိုင်ပါတယ်။
၁။ သဘာဝပေါက်ပင်များ
ခြင်တွေရောက်လာပြီဆိုရင် ဓာတုဆေးတွေနဲ့ပဲ ကာကွယ်လို့ရတာ မဟုတ်ပါဘူး။ သဘာဝဆေးပင်တွေနဲ့လည်း ခြင်ကို ကာကွယ်လို့ပါတယ်။ နောက်ဖေးက မြေကွက်လပ် (သို့) ခြံလေးထဲမှာ ပင်စိမ်းပင်၊ ကြက်သွန်ဖြူ ၊တောနှံပင်၊ လာဗင်ဒါပန်း၊ ထပ်တစ်ရာပန်းတို့ကို စိုက်ပျိုးခြင်းဖြင့် ခြင်ကို ကာကွယ်နိုင်ပါတယ်။
၂။ လာဗင်ဒါဖျန်းဆေးနဲ့ ရေမွှေး
ခြင်တွေက လာဗင်ဒါပန်းကို ကြောက်ကြပါတယ်။ လာဗင်ဒါပန်းနဲ့ ပြုလုပ်ထားတဲ့ ဖျန်းဆေး ဒါမှမဟုတ် ရေမွှေးတွေကို ခန္ဓာကိုယ်မှာ ဖျန်းဆွတ်နိုင်ပါတယ်။ လာဗင်ဒါပန်းက ခန္ဓာကိုယ်အတွက် သင့်တော်ပါတယ်။ ဓာတုဆေးပါဝင်တဲ့ ဖျန်းဆေးနဲ့ ခရင်တွေက အရေပြားမှာ အဖုအပိန့်ထခြင်းကို ကာကွယ်ပေးပါတယ်။ လာဗင်ဒါပန်းချစ်သူတွေ အတွက်တော့ တကယ်သင့်တော်ပါတယ်။
၃။ အမွှေးနံ့သာများဖြင့် ပြုလုပ်ထားသော ဖယောင်းတိုင်
အိမ်မှာခြင်မလာစေတဲ့ အပင်တွေစိုက်ဖို့ အဆင်မပြေရင် အမွှေးနံ့သာနဲ့ ပြုလုပ်ထားတဲ့ ဖယောင်းတိုင်ကို သုံးနိုင်ပါတယ်။ သူ့မှာဘေးထွက်ဆိုးကျိုး မရှိပါဘူး။ ခြင်သာမက တခြား အင်းဆက်ပိုးမွှားတွေကိုလည်း ကာကွယ်နိုင်ပါတယ်။ အိမ်မှာရှိတဲ့ အမွှေးနံ့သာတွေနဲ့လည်း ဖယောင်းတိုင်ကို ပြုလုပ်နိုင်ပါတယ်။
၄။ ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်ကလည်း ခြင်ကို ကာကွယ်ပေးနိုင်တယ် ဆိုရင် အံ့ဩသွားမှာပဲနော်။ ခြင်ကိုက်ခံရပြီ ဆိုရင် ပန်းသီးရှာလကာရည်နဲ့ ပတ်ဝန်းကျင်တစ်ဝိုက်ကို ပက်ဖျန်းနိုင်ပါတယ်။ ဒါ့အပြင် တခြား အမွှေးရနံ့တွေနဲ့လည်း ဖျန်းနိုင်ပါတယ်။ အင်းဆက်တွေများတဲ့ နေရာမှာ ပန်းသီးရှာလကာရည်ကို ထားနိုင်ပါတယ်။
၅။ ဆပ်ပြာရည်
မြေကွက်လပ်လေးမှာ မိသားစုတွေစုံပြီး ညစာစားမယ် ဆိုရင် ဒါမှမဟုတ် အိမ်အပြင်မှာထွက်ပြီး စာဖတ်ချင်တယ် ဆိုရင် ဆပ်ပြာရည်ကို ပန်းကန်တစ်လုံးထဲမှာ ထည့်ပြီး အနီးအနားမှာ ထားလိုက်ပါ။ အချိန် အနည်းငယ်ကြာရင်တော့ ခြင်တွေဟာ ဆပ်ပြာရည်ထဲမှာ ပြုတ်ကျနေတာကို တွေ့ရမှာပါ။
၆။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူ  စားခြင်းက ခြင်ကိုက်ခံရခြင်းမှ ကင်းဝေးနိုင်ပါတယ်။ ကြက်သွန်ဖြူ ကြိုက်တတ်သူတွေအတွက် ကောင်းပါတယ်။ ကြက်သွန်ဖြူ  မကြိုက်ရင်တော့ မစားပါနဲ့ ။ ကြက်သွန်ဖြူကို ပြုတ်ထားတဲ့အရည်ကို ခြင်ရှိတဲ့နေရာကို ဖျန်းပေးလိုက်ပါ။
Zombie (LoveMedia)
For Zawgyi
ခြင်မလာစေရန် သဘာဝနည်းဖြင့် ကာကွယ်နိုင်မည့် နည်းလမ်း (၆) ခု
၁။ သဘာဝပေါက်ပင်များ
၎။ ပန်းသီးရှာလကာရည်
၅။ ဆပ်ပြာရည်
၆။ ကြက်သွန်ဖြူ
Zombie(LoveMedia)