ယာဉ်ကို မဆင်မခြင်မောင်းတဲ့ video တွေကို အရင်က မြင်ဖူးကြပါတယ်။ ဒါပေမယ့် ဒီ video ကတော့ အတော်ကို ဆိုးပါတယ်။ လမ်းဘေးတစ်နေရာမှာ ရဲအရာရှိ တစ်ယောက်ဆီကနေ ဆင့်ခေါ်စာရလို့ ဒေါသအိုးပေါက်ကွဲနေတဲ့ လူငယ်တစ်ယောက်ရဲ့ video ဟာ အင်ဒိုနီးရှား social media တွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကတော့ Serpong မြို့မှာ မနက်ခြောက်နာရီခွဲလောက်မှာ ဖြစ်ခဲ့ပါတယ် ။ Adi Saputra လို့ ခေါ်တဲ့သူဟာ အဖြူရောင်တီရှပ်ကို ဝတ်ထားပြီး သူ့ရဲ့ရည်းစားလို့ ယူဆရတဲ့ မိန်းကလေးနဲ့ ဆိုင်ကယ်အတူ စီးလာပါတယ်။ အဲဒီအချိန်မှာ ရဲအရာရှိ Oky က Adi ကို ယာဉ်စည်းကမ်းကို အကြိမ်ပေါင်းများစွာ ဖောက်ဖျက်မှုနဲ့ ဆိုင်ကယ်ရပ်ခိုင်းပါတယ်။

Source Twitter

56 စက္ကန့်ကြာတဲ့ ဒီ video ထဲမှာ Adi ဟာ ဒေါသအကြီးအကျယ်ထွက်ပြီး ဆိုင်ကယ်ကို တစ်စစီဖျက်ဆီးနေတာကို တွေ့ရမှာပါ။ သူရဲ့ကောင်မလေးက ငိုပြီးတောင်းပန်ပေမယ့် Adi က ဂရုမစိုက်ပါဘူး။ Adi ဟာ ပါးစပ်ကလည်း ကျိန်ဆဲပြီး ဆိုင်ကယ်ကို ဆက်ပြီး ဖျက်ဆီးနေပါတယ်။

Source Twitter

ဒါတင်မကသေးပါဘူး။ Adi ဟာ ကျောက်ခဲကိုယူပြီး ဆိုင်ကယ်ကို အချက်ပေါင်းများစွာ ထုနေပါသေးတယ်။ ရဲက အေးအေးဆေးဆေးရပ်ပြီး Adi ကို ကြည့်နေပါတယ်။ အဲဒီနောက်မှာတော့ Adi အတွက် ဆင့်ခေါ်စာကို ဆက်ရေးနေလိုက်ပါတယ်။ Adi က ဆိုင်ကယ်ဦးထုပ် မဆောင်းမှု၊ လမ်းပြောင်းပြန် မောင်းမှုတို့ကြောင့် ရဲက လိုက်လာတာလို့ Detik သတင်းစာက ဖော်ပြပါတယ် ။

Source Twitter

ရဲက Adi ကို သက်သေခံ အထောက်အထားတွေ တောင်းတဲ့အခါ Adi မှာ ယာဉ်မောင်းလိုင်စင်ရော ဆိုင်ကယ်လိုင်စင်ပါ မရှိတဲ့အပြင် မှတ်ပုံတင်ပါယူခဲ့ဖို့ မေ့နေပါသေးတယ်။ သူ ဖျက်ဆီးခဲ့တဲ့ ဆိုင်ကယ်ကိုတော့ ရဲက သက်သေအဖြစ် သိမ်းဆည်းထားပါတယ်။ Adi က ဆိုင်ကယ်လိုင်စင်ကို မီးရှို့ပစ်တဲ့ video ကိုလည်း Okezone သတင်းဌာနက ဖော်ပြထားပါသေးတယ်။

Source Twitter

အခုတော့ Adi ဟာ ယာဉ်စည်းကမ်းဖောက်ဖျက်မှုနဲ့ တရားစွဲခံရပြီး ဒဏ်ကြေးတွေလည်း အများကြီးဆောင်နေရပါပြီ။ သူဖျက်ဆီးတဲ့ ဆိုင်ကယ်ကလည်း သူ့ဆိုင်ကယ် မဟုတ်ပါဘူး။ သူ့ကောင်မလေးရဲ့ ဆိုင်ကယ်ပါ။

Adi ဟာ အရင်ကလည်း ယာဉ်စည်းကမ်း ဖောက်ဖျက်မှုနဲ့ တရားစွဲဆိုခံရဖူးပါတယ်။ အဲဒီတုန်းကတော့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ 480 နဲ့ တရားစွဲခံရပါတယ်။ စီရင်ချက်ချပြီးရင်တော့ Adi ဟာ ထောင်ဒဏ်လေးလ အမြင့်ဆုံး ကျခံရမှာပါ။ နောက်ပြီး Adi ဟာ အရက်သေစာနဲ့ တရားမဝင် နီကိုတင်းတွေ သုံးစွဲထားသလားဆိုတာ ဆုံးဖြတ်နိုင်ဖို့အတွက် ဆီးအစစ်ခံရဦးမှာပါ။

ရုပ်သံကြည့်ရန်

Zombie (Lovemedia)

Ref - WorldofBuzz

For Zawgyi

ရည္းစားရဲ႕ဆိုင္ကယ္ကို ရဲေရွ႕မွာ တစစီဖ်က္ဆီးပစ္တဲ့သူ

ယာဥ္ကို မဆင္မျခင္ေမာင္းတဲ့ video ေတြကို အရင္က ျမင္ဖူးၾကပါတယ္။ ဒါေပမယ့္ ဒီ video ကေတာ့ အေတာ္ကို ဆိုးပါတယ္။ လမ္းေဘးတစ္ေနရာမွာ ရဲအရာရွိ တစ္ေယာက္ဆီကေန ဆင့္ေခၚစာရလို႔ ေဒါသအိုးေပါက္ကြဲေနတဲ့ လူငယ္တစ္ေယာက္ရဲ႕ video ဟာ အင္ဒိုနီးရွား social media ေတြၾကားမွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ကေတာ့ Serpong ၿမိဳ႕မွာ မနက္ေျခာက္နာရီခြဲေလာက္မွာ ျဖစ္ခဲ့ပါတယ္ ။ Adi Saputra လို႔ ေခၚတဲ့သူဟာ အျဖဴေရာင္တီရွပ္ကို ဝတ္ထားၿပီး သူ႔ရဲ႕ရည္းစားလို႔ ယူဆရတဲ့ မိန္းကေလးနဲ႔ ဆိုင္ကယ္အတူ စီးလာပါတယ္။ အဲဒီအခ်ိန္မွာ ရဲအရာရွိ Oky က Adi ကို ယာဥ္စည္းကမ္းကို အႀကိမ္ေပါင္းမ်ားစြာ ေဖာက္ဖ်က္မႈနဲ႔ ဆိုင္ကယ္ရပ္ခိုင္းပါတယ္။

56 စကၠန႔္ၾကာတဲ့ ဒီ video ထဲမွာ Adi ဟာ ေဒါသအႀကီးအက်ယ္ထြက္ၿပီး ဆိုင္ကယ္ကို တစ္စစီဖ်က္ဆီးေနတာကို ေတြ႕ရမွာပါ။ သူရဲ႕ေကာင္မေလးက ငိုၿပီးေတာင္းပန္ေပမယ့္ Adi က ဂ႐ုမစိုက္ပါဘူး။ Adi ဟာ ပါးစပ္ကလည္း က်ိန္ဆဲၿပီး ဆိုင္ကယ္ကို ဆက္ၿပီး ဖ်က္ဆီးေနပါတယ္။

ဒါတင္မကေသးပါဘူး။ Adi ဟာ ေက်ာက္ခဲကိုယူၿပီး ဆိုင္ကယ္ကို အခ်က္ေပါင္းမ်ားစြာ ထုေနပါေသးတယ္။ ရဲက ေအးေအးေဆးေဆးရပ္ၿပီး Adi ကို ၾကည့္ေနပါတယ္။ အဲဒီေနာက္မွာေတာ့ Adi အတြက္ ဆင့္ေခၚစာကို ဆက္ေရးေနလိုက္ပါတယ္။ Adi က ဆိုင္ကယ္ဦးထုပ္ မေဆာင္းမႈ၊ လမ္းေျပာင္းျပန္ ေမာင္းမႈတို႔ေၾကာင့္ ရဲက လိုက္လာတာလို႔ Detik သတင္းစာက ေဖာ္ျပပါတယ္ ။

ရဲက Adi ကို သက္ေသခံ အေထာက္အထားေတြ ေတာင္းတဲ့အခါ Adi မွာ ယာဥ္ေမာင္းလိုင္စင္ေရာ ဆိုင္ကယ္လိုင္စင္ပါ မရွိတဲ့အျပင္ မွတ္ပုံတင္ပါယူခဲ့ဖို႔ ေမ့ေနပါေသးတယ္။ သူ ဖ်က္ဆီးခဲ့တဲ့ ဆိုင္ကယ္ကိုေတာ့ ရဲက သက္ေသအျဖစ္ သိမ္းဆည္းထားပါတယ္။ Adi က ဆိုင္ကယ္လိုင္စင္ကို မီးရႈိ႕ပစ္တဲ့ video ကိုလည္း Okezone သတင္းဌာနက ေဖာ္ျပထားပါေသးတယ္။

အခုေတာ့ Adi ဟာ ယာဥ္စည္းကမ္းေဖာက္ဖ်က္မႈနဲ႔ တရားစြဲခံရၿပီး ဒဏ္ေၾကးေတြလည္း အမ်ားႀကီးေဆာင္ေနရပါၿပီ။ သူဖ်က္ဆီးတဲ့ ဆိုင္ကယ္ကလည္း သူ႔ဆိုင္ကယ္ မဟုတ္ပါဘူး။ သူ႔ေကာင္မေလးရဲ႕ ဆိုင္ကယ္ပါ။

Adi ဟာ အရင္ကလည္း ယာဥ္စည္းကမ္း ေဖာက္ဖ်က္မႈနဲ႔ တရားစြဲဆိုခံရဖူးပါတယ္။ အဲဒီတုန္းကေတာ့ ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ 480 နဲ႔ တရားစြဲခံရပါတယ္။ စီရင္ခ်က္ခ်ၿပီးရင္ေတာ့ Adi ဟာ ေထာင္ဒဏ္ေလးလ အျမင့္ဆုံး က်ခံရမွာပါ။ ေနာက္ၿပီး Adi ဟာ အရက္ေသစာနဲ႔ တရားမဝင္ နီကိုတင္းေတြ သုံးစြဲထားသလားဆိုတာ ဆုံးျဖတ္ႏိုင္ဖို႔အတြက္ ဆီးအစစ္ခံရဦးမွာပါ။

Zombie (Lovemedia)

Ref - WorldofBuzz