ခန္ဓါကိုယ်ရဲ့ တချို့နေရာက မှဲ့တွေ၊ အသားပိုတွေက ကိုယ့်ရဲ့အလှကို ဖျက်ဆီးနေတတ်ပါတယ်။ အဲဒါတွေကို ဖယ်ရှားရမယ့် နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်။ နည်းလမ်းတွေ အများကြီးထဲကမှ သဘာဝနည်းနဲ့ ဖယ်ရှားနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကြွက်နို့

- ကြက်သွန်ဖြူကို ပါးပါးလေးလှီးပြီး ကြွက်နို့ပေါ်မှာ ကပ်ထားပေးပါ။ ပြီးရင်တော့ အဝတ်စသန့်သန့်လေးနဲ့ စည်းထားပါ။ နာရီဝက်လောက်စည်းထားပေးပြီးတော့ ရေဆေးချလိုက်ရုံပါပဲ။ ဒီနည်းအတိုင်း တစ်နေ့ကို နှစ်ကြိမ်ပြုလုပ်ရင် ထူးခြားလာတာကို တွေ့ရမှာပါ။

- ဗီတာမင်စီ ဆေးပြားလေးတွေကို ကြိတ်ပြီး ရေနဲ့ရောနယ်ပါ။ ရောနယ်ထားတဲ့ ဗီတာမင်စီတွေကို ကြွက်နို့ပေါ်တင်ပြီး အဝတ်သန့်သန့်လေးနဲ့ စည်းထားပါ။ ခန္ဓါကိုယ်ပေါ်က အပူလောင် ဒဏ်ရာတွေကိုလည်း ဒီနည်းအတိုင်း ပြုလုပ်လို့ ရပါတယ်။

၂။ မှဲ့

နာနတ်ဖျော်ရည်နဲ့ ပြုလုပ်တဲ့နည်းကတော့ မှဲ့အရောင်ကို မှိန်သွားစေရုံပါပဲ။ နာနတ်ဖျော်ရည်ထဲကို ပိတ်စသန့်လေးနှစ်ပြီး အဲဒီပိတ်စသန့်လေးကို မှဲ့ပေါ် အုပ်ထားပေးပါ။ တစ်နေ့ကို နှစ်ကြိမ်နဲ့ နှစ်ပတ်ခန့် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

-ကြက်ဆူဆီ အနည်းငယ်ကို မုန့်ဖုတ်ဆိုဒါနဲ့ ရောနယ်ပါ။ ပြီးရင်တော့ မှဲ့ရှိတဲ့နေရာကို ပွတ်ပေးပြီး ခြောက်သွားအောင်ထားလိုက်ပါ။ တစ်ရက်ကို နှစ်ကြိမ်နဲ့ ရက် ၃၀ ကြာ ပြုလုပ်ပေးတဲ့အခါ ထူးခြားလာတာကို တွေ့ရမှာပါ။

၃။ ဆားဝက်ခြံ

- သစ်ကြံပိုးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရောမွှေပါ။ မွှေထားတဲ့ အနှစ်ကို ဆားဝက်ခြံပေါ်မှာ ၁၅ မိနစ်ခန့်ထားပြီး ကြက်သီးနွေးရေနွေးနဲ့ ဆေးချပါ။

- အုတ်ဂျုံမှုန့်၊ ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ခရမ်းချဉ်သီး ဖျော်ရည်တို့ကို ရောမွှေပြီး ဆားဝက်ခြံတွေပေါ် တင်ထားပေးပါ။ ၁၅ မိနစ်ခန့်ထားပြီး မျက်နှာသစ်လို့ ရပါပြီ။ နေ့စဉ်ပြုလုပ်ပေးတဲ့အခါ ဆားဝက်ခြံကင်းတဲ့ မျက်နှာလေးကို ရရှိမှာပါ။

၄။ အသားပို

ပန်းသီးရှာလကာရည်ထဲကို အဝတ်စလေးနှစ်ပြီး အသားပိုနေရာကို ညင်ညင်သာသာလေး ပွတ်ပေးပါ။ ပြီးရင်တော့ ပတ်တီးစလေးနဲ့ ၄နာရီကြာစည်းထားပါ။ တစ်လကြာတဲ့အခါ သိသာလာမှာပါ။

- လက်ဖက်ဆီလေးစက်ကို အသားပိုနေရာမှာ လိမ်းပေးပါ။ လက်ဖက်ဆီကို ခြောက်သွားအောင် ၃ နာရီခန့် ထားပြီးရင် ရေနွေးနဲ့ဆေးလိုက်လို့ရပါပြီ။

၅။ အမည်းစက်

- ကြေပန်းဆီ ၅ စက်နဲ့ အုန်းဆီ သို့မဟုတ် သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ကို ရောမွှေပါ။ မအိပ်ခင်မှာ နေ့တိုင်းလိမ်းပေးရင် အမည်းစက်ကင်းပြီး ချောမွတ်တဲ့ မျက်နှာလေး ရလာမှာပါ။

- နှင်းဆီရိုင်းအသီးဆီကို အမည်းစက် ရှိတဲ့နေရာမှာ ၂ မိနစ်ခန့်ကြာအောင် ပွတ်ပေးပါ။ အဲဒီအခါ မျက်နှာက အမည်းစက် ပျောက်တဲ့အပြင် မျက်နှာအသားအရေ နူးညံ့လာတာကိုလည်း တွေ့ရမှာပါ။

Zombie (Lovemedia)

For Zawgyi

မွဲ႔နဲ႔ အသားပိုေတြကို သဘာဝအတိုင္းဖယ္ရွားႏိုင္မယ့္ နည္းလမ္းမ်ား

ခႏၶါကိုယ္ရဲ႕ တခ်ိဳ႕ေနရာက မွဲ႔ေတြ၊ အသားပိုေတြက ကိုယ့္ရဲ႕အလွကို ဖ်က္ဆီးေနတတ္ပါတယ္။ အဲဒါေတြကို ဖယ္ရွားရမယ့္ နည္းလမ္းေတြကေတာ့ အမ်ားႀကီးရွိပါတယ္။ နည္းလမ္းေတြ အမ်ားႀကီးထဲကမွ သဘာဝနည္းနဲ႔ ဖယ္ရွားႏိုင္မယ့္ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ ႂကြက္ႏို႔

- ၾကက္သြန္ျဖဴကို ပါးပါးေလးလွီးၿပီး ႂကြက္ႏို႔ေပၚမွာ ကပ္ထားေပးပါ။ ၿပီးရင္ေတာ့ အဝတ္စသန႔္သန႔္ေလးနဲ႔ စည္းထားပါ။ နာရီဝက္ေလာက္စည္းထားေပးၿပီးေတာ့ ေရေဆးခ်လိုက္႐ုံပါပဲ။ ဒီနည္းအတိုင္း တစ္ေန႔ကို ႏွစ္ႀကိမ္ျပဳလုပ္ရင္ ထူးျခားလာတာကို ေတြ႕ရမွာပါ။

- ဗီတာမင္စီ ေဆးျပားေလးေတြကို ႀကိတ္ၿပီး ေရနဲ႔ေရာနယ္ပါ။ ေရာနယ္ထားတဲ့ ဗီတာမင္စီေတြကို ႂကြက္ႏို႔ေပၚတင္ၿပီး အဝတ္သန႔္သန႔္ေလးနဲ႔ စည္းထားပါ။ ခႏၶါကိုယ္ေပၚက အပူေလာင္ ဒဏ္ရာေတြကိုလည္း ဒီနည္းအတိုင္း ျပဳလုပ္လို႔ ရပါတယ္။

၂။ မွဲ႔

နာနတ္ေဖ်ာ္ရည္နဲ႔ ျပဳလုပ္တဲ့နည္းကေတာ့ မွဲ႔အေရာင္ကို မွိန္သြားေစ႐ုံပါပဲ။ နာနတ္ေဖ်ာ္ရည္ထဲကို ပိတ္စသန႔္ေလးႏွစ္ၿပီး အဲဒီပိတ္စသန႔္ေလးကို မွဲ႔ေပၚ အုပ္ထားေပးပါ။ တစ္ေန႔ကို ႏွစ္ႀကိမ္နဲ႔ ႏွစ္ပတ္ခန႔္ ျပဳလုပ္ေပးရမွာ ျဖစ္ပါတယ္။

-ၾကက္ဆူဆီ အနည္းငယ္ကို မုန႔္ဖုတ္ဆိုဒါနဲ႔ ေရာနယ္ပါ။ ၿပီးရင္ေတာ့ မွဲ႔ရွိတဲ့ေနရာကို ပြတ္ေပးၿပီး ေျခာက္သြားေအာင္ထားလိုက္ပါ။ တစ္ရက္ကို ႏွစ္ႀကိမ္နဲ႔ ရက္ ၃၀ ၾကာ ျပဳလုပ္ေပးတဲ့အခါ ထူးျခားလာတာကို ေတြ႕ရမွာပါ။

၃။ ဆားဝက္ၿခံ

- သစ္ႀကံပိုးမႈန႔္ လက္ဖက္ရည္ဇြန္း တစ္ဇြန္းနဲ႔ သံပုရာရည္ လက္ဖက္ရည္ဇြန္းတစ္ဇြန္းကို ေရာေမႊပါ။ ေမႊထားတဲ့ အႏွစ္ကို ဆားဝက္ၿခံေပၚမွာ ၁၅ မိနစ္ခန႔္ထားၿပီး ၾကက္သီးေႏြးေရေႏြးနဲ႔ ေဆးခ်ပါ။

- အုတ္ဂ်ဳံမႈန႔္၊ ပ်ားရည္ လက္ဖက္ရည္ဇြန္းတစ္ဇြန္း၊ ခရမ္းခ်ဥ္သီး ေဖ်ာ္ရည္တို႔ကို ေရာေမႊၿပီး ဆားဝက္ၿခံေတြေပၚ တင္ထားေပးပါ။ ၁၅ မိနစ္ခန႔္ထားၿပီး မ်က္ႏွာသစ္လို႔ ရပါၿပီ။ ေန႔စဥ္ျပဳလုပ္ေပးတဲ့အခါ ဆားဝက္ၿခံကင္းတဲ့ မ်က္ႏွာေလးကို ရရွိမွာပါ။

၄။ အသားပို

ပန္းသီးရွာလကာရည္ထဲကို အဝတ္စေလးႏွစ္ၿပီး အသားပိုေနရာကို ညင္ညင္သာသာေလး ပြတ္ေပးပါ။ ၿပီးရင္ေတာ့ ပတ္တီးစေလးနဲ႔ ၄နာရီၾကာစည္းထားပါ။ တစ္လၾကာတဲ့အခါ သိသာလာမွာပါ။

- လက္ဖက္ဆီေလးစက္ကို အသားပိုေနရာမွာ လိမ္းေပးပါ။ လက္ဖက္ဆီကို ေျခာက္သြားေအာင္ ၃ နာရီခန႔္ ထားၿပီးရင္ ေရေႏြးနဲ႔ေဆးလိုက္လို႔ရပါၿပီ။

၅။ အမည္းစက္

- ေၾကပန္းဆီ ၅ စက္နဲ႔ အုန္းဆီ သို႔မဟုတ္ သံလြင္ဆီ လက္ဖက္ရည္ဇြန္း တစ္ဇြန္းတို႔ကို ေရာေမႊပါ။ မအိပ္ခင္မွာ ေန႔တိုင္းလိမ္းေပးရင္ အမည္းစက္ကင္းၿပီး ေခ်ာမြတ္တဲ့ မ်က္ႏွာေလး ရလာမွာပါ။

- ႏွင္းဆီ႐ိုင္းအသီးဆီကို အမည္းစက္ ရွိတဲ့ေနရာမွာ ၂ မိနစ္ခန႔္ၾကာေအာင္ ပြတ္ေပးပါ။ အဲဒီအခါ မ်က္ႏွာက အမည္းစက္ ေပ်ာက္တဲ့အျပင္ မ်က္ႏွာအသားအေရ ႏူးညံ့လာတာကိုလည္း ေတြ႕ရမွာပါ။

Zombie (Lovemedia)