ဆရာမင်းသိမ်းခိုင်၏ ၂၀၂၀ အောက်တိုဘာလအတွက် ထီပေါက်ဂဏန်းများ

" ထီထိုးသည့်သူတိုင်း ထီပေါက်ကိန်းရှိသည် "

၂၀၂၀ ခုနှစ် အောက်တိုဘာလအတွက် နေ့သားအလိုက် အကျိုးပေး ထီဂဏန်းများနှင့် ထီထိုးရမည့် အချိန်အပိုင်းအခြား

တနင်္ဂနွေသားသမီးများ - ကိုယ်ဝန်ဆောင်ဧည့်သည်ရောက်လာရင် ၊ ကိုယ်ဝန်ဆောင်မြင်ရင် ထီထိုးပါ ။ ခေါင်းကိုက် ဗိုက်အောင့်ဖြစ်ရင် ထီထိုးပါ ။ ဓါတ်ပုံတွေရှိတဲ့နေရာမှာ ထီပေါက်ဂဏန်းရှိနေပါတယ် ။ ကော်ဖီသောက်ပြီးထိုးပါ ။ တနင်္ဂနွေနေ့ နံနက် (၉) နာရီမှ ၊ (၁၀) နာရီ (၃၀) မိနစ်အတွင်း အဖြူရောင်များများပါသော အဝတ်အစား ဝတ်ဆင်ပြီးထိုးပါ ။ ( ၇၆ ၊ ၂၅ ၊ ၀၉ ) အတွဲ များများပါတဲ့ လက်မှတ်ကို ရှာပြီးထိုးပါ ။

တနင်္လာသားသမီးများ - ဘာသာရေးပစ္စည်းများ လက်ဆောင်ရရင် ထီထိုးပါ။ တံခါးပေါက်အနီးမှာ ထီပေါက်ဂဏန်း ရှိနေပါတယ်။ ပေါင်မုန့်စားပြီးထိုးပါ ။ တနင်္လာနေ့ နံနက် (၉) နာရီမှ ၊ (၁၀) နာရီ (၃၀) မိနစ်အတွင်း အဝါရောင်များများပါသော အဝတ်အစား ဝတ်ဆင်ပြီးထိုးပါ ။ ( ၉၄ ၊ ၅၂ ၊ ၇၂ ) အတွဲ များများပါတဲ့ လက်မှတ်ကို ရှာပြီးထိုးပါ ။

အင်္ဂါသားသမီးများ - ခြေရင်းဘက် နောက်ကျောဘက်မှ ဆဲသံ ဆိုသံ ရန်ဖြစ်သံကြားရင် ထီထိုးပါ ။ ဦးထုပ်တစ်လုံးမှာ ထီပေါက်ဂဏန်းရှိနေပါတယ် ။ပေါင်မုန့်ထောပတ်သုပ်စားပြီးထိုးပါ ။ အင်္ဂါနေ့နံနက် (၉) နာရီမှ ၊ (၁၀) နာရီ (၃၀) မိနစ်အတွင်း အနီရောင်များများပါသော အဝတ်အစားဝတ်ဆင်ပြီထိုးပါ ။ ( ၁၆ ၊ ၆၃ ၊ ၈၉ ) အတွဲ များများပါတဲ့ လက်မှတ်ကို ရှာပြီးထိုးပါ ။

ဗုဒ္ဓဟူးသားသမီးများ - အိမ်ရှေ့ဘက် ၊ ခေါင်းရင်းဘက်မှ ရယ်သံကြားရင် ထီထိုးပါ ။ စာအုပ်တစ်အုပ်ထဲမှာ ထီပေါက်ဂဏန်း ရှိနေပါတယ် ။အုန်းသီးပါတဲ့မုန့်စားပြီးထိုးပါ ။ ဗုဒ္ဓဟူးနေ့ နံနက် (၉) နာရီမှ ၊ (၁၀) နာရီ (၃၀) မိနစ်အတွင်း နီညိုရောင်များများပါသော အဝတ်အစားဝတ်ဆင်ပြီထိုးပါ ။ ( ၃၁ ၊ ၇၅ ၊ ၁၈ ) အတွဲ များများပါတဲ့ လက်မှတ်ကို ရှာပြီးထိုးပါ ။

Credit photo

ကြာသပတေးသားသမီးများ - ကလေးမွေးတဲ့သတင်းကြားရင် ထီထိုးပါ ။ အိမ်ဦးခန်းမှာ ထီပေါက်ဂဏန်းရှိနေပါတယ် ။ ကိတ်မုန့်စားပြီးထိုးပါ ။ ကြာသပတေးနေ့ နံနက် (၉)နာရီမှ ၊ (၁၀) နာရီ (၃၀) မိနစ်အတွင်း အပြာရောင်များများပါသော အဝတ်အစားဝတ်ဆင်ပြီထိုးပါ ။ ( ၆၆ ၊ ၁၂ ၊ ၉၅ ) အတွဲ များများပါတဲ့ လက်မှတ်ကို ရှာပြီးထိုးပါ ။

သောကြာသားသမီးများ - သွားကိုက်သွားနာဖြစ်ရင် လေအောင့်ရင် ထီထိုးပါ ။ မိမိကိုင်နေသော ဖုန်းကို နိမိတ်ကောက်ပြီး ထီထိုးပါ ။ ဇီးသီး ဇီးယိုစားပြီးထိုးပါ ။ သောကြာနေ့ နံနက် (၉) နာရီမှ ၊ (၁၀) နာရီ (၃၀) မိနစ်အတွင်း အဖြူရောင်များများပါသော အဝတ်အစား ဝတ်ဆင်ပြီထိုးပါ ။ ( ၅၄ ၊ ၃၇ ၊ ၂၆ ) အတွဲ များများပါတဲ့ လက်မှတ်ကို ရှာပြီးထိုးပါ ။

စနေသားသမီးများ - အတောင်ပါတဲ့သတ္တဝါ ဝင်လာရင် ထီထိုးပါ ။ သတင်းစာတစ်စောင်ထဲမှာ ထီပေါက်ဂဏန်း ရှိနေပါတယ် ။ လက်ဖက်ရည် သောက်ပြီးထိုးပါ ။ စနေနေ့ နံနက် (၉) နာရီမှ ၊ (၁၀) နာရီ (၃၀) မိနစ်အတွင် အဖြူရောင်များများပါသော အဝတ်အစား ဝတ်ဆင်ပြီးထိုးပါ ။ ( ၆၃ ၊ ၁၉ ၊ ၄၆ ) အတွဲ များများပါတဲ့ လက်မှတ်ကို ရှာပြီးထိုးပါ ။

မိတ်ဆွေများအားလုံး ထီဆုကြီးများ ရယူပိုင်ဆိုင် ဆွတ်ခူးနိုင်ကြပါစေ ။

မိတ်ဆွေတို့၏ ကောင်းကျိုးများကို အစဉ်လိုလားသော

မင်းသိမ်းခိုင် ( ရွှေရမ်းထူးလင်း)

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်နိုင်တီး မြန်မာပြည် ဒုတိယလှိုင်း စတေးဟုမ်းကာလ ၊ အေးမြစိုစွတ်သော မိုးစက်မိုးပေါက်များနှင့်အတူ စိုးရိမ် ပူပန်ကြောင့်ကြနေရသော မိုးနှောင်းကာလ အောက်တိုဘာလ၏ နေ့ရက်များ

For Zawgyi















Post a Comment

0 Comments