မိတ်ကပ်မဖျက်ဘဲ အိပ်တာက ကိုယ့်ရဲ့ အလှအပကို ထိခိုက်စေပါတယ်။ အမြဲတမ်း လှပဖို့အတွက် မိတ်ကပ်ဖျက်ပြီးမှ အိပ်ဖို့အရေးကြီးပါတယ်။

၁။ ချွေးပေါက်ပိတ်ခြင်း

© Depositphotos.com

ဆီလီကွန်၊ အက်ခရီလစ်တို့ ပါဝင်တဲ့မိတ်ကပ်တွေက ချွေးပေါက်တွေကို ပိတ်စေပါတယ်။ မိတ်ကပ်မှာပါဝင်တဲ့ ပစ္စည်းတွေနဲ့ အဆီ၊ ချွေး၊ ဘက်တီးရီးယား၊ ဆဲလ်သေတွေတို့ ရောသွားတဲ့အခါ ချွေးပေါက်တွေ ပိတ်သွားပါတယ်။ နေ့အချိန် မိတ်ကပ်လိမ်းရင်တောင် ချွေးပေါက်ပိတ်တတ်တာကြောင့် ညဘက်မှာ မိတ်ကပ်ဖျက်ဖို့ ပိုလို့တောင် လိုအပ်ပါတယ်။

၂။ ဝက်ခြံ

အိပ်ခါနီးမှာ မိတ်ကပ်မဖျက်ရင် အရေပြားမှာ အောက်ဆီဂျင် နည်းသွားတတ်ပါတယ်။ မိတ်ကပ်ရဲ့ ပါဝင်ပစ္စည်းတွေနဲ့ အောက်ဆီဂျင်နည်းပါးသွားမှုကြောင့် ဝက်ခြံတွေ ဖြစ်လာမှာပါ။

၃။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း

အသားအရေကို ညဖက်မှာ အနားပေးသင့်ပါတယ်။ မိတ်ကပ်မှာပါဝင်တဲ့ ဓါတုအရောင်တွေက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်လာစေပါတယ်။

၄။ မျက်လုံးထဲပိုးဝင်ခြင်း၊ မျက်တောင်ကျိုးခြင်း

မိတ်ကပ်မှာ ဖော်မယ်ဒီဟိုက်နဲ့ အခြားအပြင်းစားသတ္ထုတွေ ပါဝင်ကြောင်း မျက်စိဆရာဝန်တွေက သတိပေးထားပါတယ်။ မိတ်ကပ်မဖျက်ဘဲ အိပ်ရင် မျက်တောင်တွေ ကျိုးသွားတတ်ပါတယ်။ Mascara ကို ပုံမှန်မဖျက်ရင် မျက်လုံးရောင်တာ၊ မျက်စိနာတာတွေ ကြုံရနိုင်ပါတယ်။

၅။ နှုတ်ခမ်းကွဲခြင်း

© Shutterstock.com

နေ့အချိန်မှာ နှုတ်ခမ်းနီဆိုးထားရင် စားတာ၊ သောက်တာတွေကြောင့် နှုတ်ခမ်းနီက မြန်မြန်ပျက်သွားမှာပါ။ ဒါပေမယ့် ညအချိန်မှာတော့ နှုတ်ခမ်းနီကို မဖျက်ရင် နှုတ်ခမ်းနီက နှုတ်ခမ်းမှာရှိတဲ့ ရေဓါတ်တွေကို စုပ်ယူသွားပါတယ်။ အဲဒီကနေ နှုတ်ခမ်းကွဲတာ၊ ခြောက်တာတွေ ဖြစ်လာပါတယ်။

၆။ ဆံပင်အဆီထွက်ခြင်း၊ မျက်နှာအဆီပြန်ခြင်း

မိတ်ကပ်မဖျက်ဘဲ အိပ်တဲ့အခါ မိတ်ကပ်တွေ၊ နှုတ်ခမ်းနီတွေက ခေါင်းအုံးမှာ ကပ်သွားပါတယ်။ ခေါင်းအုံးကနေ ထွက်တဲ့အဆီတွေက မိတ်ကပ်တွေ၊ နှုတ်ခမ်းနီတွေနဲ့ရောပြီး ဆံပင်ကို ထိခိုက်စေပါတယ်။ မျက်နှာအဆီပြန်တတ်သူတွေက မိတ်ကပ်ကို ပိုလို့တောင် ဖျက်ပေးသင့်ပါတယ်။

၇။ အသားအရေ မကြည်လင်ခြင်း

© Shutterstock.com

မျက်နှာအသားအရေက အမြဲမွဲခြောက်ခြောက် ဖြစ်နေရခြင်းရဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ မိတ်ကပ် မဖျက်မိလို့ပါပဲ။ ညဘက်မှာ nighrcream က ပိုသင့်တော်ပါတယ်။

မိတ်ကပ်မဖျက်ဘဲ အိပ်မိသွားတဲ့အခါ

© Shutterstock.com, © Depositphotos.com

- မျက်လုံးပေါ်က မိတ်ကပ်တွေကို မိတ်ကပ်ဖျက်ဆေးနဲ့ ဖျက်ပါ။ Makeup remover မှာ အနံ့ကင်းပြီးတော့ အသားအရေကိုလည်း အေးမြစေပါတယ်။

- မျက်လုံးအေးမြဖို့အတွက် မျက်စဥ်းခပ်ပါ။

- မျက်နှာအသားအရေအတွက် cleansing oil ကို အသုံးပြုပေးပါ။

- နှုတ်ခမ်းအတွက်ကိုတော့ ခရမ်းချဥ်သီးလေးကို ပါးပါးအကွင်းလေးလှီးပြီး ကပ်ထားပေးပါ။

အမြဲလှပဖို့အတွက် ညဖက်မှာ မိတ်ကပ်ဖျက်ပြီးအိပ်ဖို့ မမေ့ပါနဲ့နော်။

Zombie (Lovemedia)

For Zawgyi

မိတ်ကပ်မဖျက်ဘဲအိပ်ရင် ရလာမယ့် ဆိုးကျိုး (၇) ခု

မိတ်ကပ်မဖျက်ဘဲ အိပ်တာက ကိုယ့်ရဲ့ အလှအပကို ထိခိုက်စေပါတယ်။ အမြဲတမ်း လှပဖို့အတွက် မိတ်ကပ်ဖျက်ပြီးမှ အိပ်ဖို့အရေးကြီးပါတယ်။

၁။ ချွေးပေါက်ပိတ်ခြင်း

ဆီလီကွန်၊ အက်ခရီလစ်တို့ ပါဝင်တဲ့မိတ်ကပ်တွေက ချွေးပေါက်တွေကို ပိတ်စေပါတယ်။ မိတ်ကပ်မှာပါဝင်တဲ့ ပစ္စည်းတွေနဲ့ အဆီ၊ ချွေး၊ ဘက်တီးရီးယား၊ ဆဲလ်သေတွေတို့ ရောသွားတဲ့အခါ ချွေးပေါက်တွေ ပိတ်သွားပါတယ်။ နေ့အချိန် မိတ်ကပ်လိမ်းရင်တောင် ချွေးပေါက်ပိတ်တတ်တာကြောင့် ညဘက်မှာ မိတ်ကပ်ဖျက်ဖို့ ပိုလို့တောင် လိုအပ်ပါတယ်။

၂။ ဝက်ခြံ

အိပ်ခါနီးမှာ မိတ်ကပ်မဖျက်ရင် အရေပြားမှာ အောက်ဆီဂျင် နည်းသွားတတ်ပါတယ်။ မိတ်ကပ်ရဲ့ ပါဝင်ပစ္စည်းတွေနဲ့ အောက်ဆီဂျင်နည်းပါးသွားမှုကြောင့် ဝက်ခြံတွေ ဖြစ်လာမှာပါ။

၃။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း

အသားအရေကို ညဖက်မှာ အနားပေးသင့်ပါတယ်။ မိတ်ကပ်မှာပါဝင်တဲ့ ဓါတုအရောင်တွေက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်လာစေပါတယ်။

၄။ မျက်လုံးထဲပိုးဝင်ခြင်း၊ မျက်တောင်ကျိုးခြင်း

မိတ်ကပ်မှာ ဖော်မယ်ဒီဟိုက်နဲ့ အခြားအပြင်းစားသတ္ထုတွေ ပါဝင်ကြောင်း မျက်စိဆရာဝန်တွေက သတိပေးထားပါတယ်။ မိတ်ကပ်မဖျက်ဘဲ အိပ်ရင် မျက်တောင်တွေ ကျိုးသွားတတ်ပါတယ်။ Mascara ကို ပုံမှန်မဖျက်ရင် မျက်လုံးရောင်တာ၊ မျက်စိနာတာတွေ ကြုံရနိုင်ပါတယ်။

၅။ နှုတ်ခမ်းကွဲခြင်း

နေ့အချိန်မှာ နှုတ်ခမ်းနီဆိုးထားရင် စားတာ၊ သောက်တာတွေကြောင့် နှုတ်ခမ်းနီက မြန်မြန်ပျက်သွားမှာပါ။ ဒါပေမယ့် ညအချိန်မှာတော့ နှုတ်ခမ်းနီကို မဖျက်ရင် နှုတ်ခမ်းနီက နှုတ်ခမ်းမှာရှိတဲ့ ရေဓါတ်တွေကို စုပ်ယူသွားပါတယ်။ အဲဒီကနေ နှုတ်ခမ်းကွဲတာ၊ ခြောက်တာတွေ ဖြစ်လာပါတယ်။

၆။ ဆံပင်အဆီထွက်ခြင်း၊ မျက်နှာအဆီပြန်ခြင်း

မိတ်ကပ်မဖျက်ဘဲ အိပ်တဲ့အခါ မိတ်ကပ်တွေ၊ နှုတ်ခမ်းနီတွေက ခေါင်းအုံးမှာ ကပ်သွားပါတယ်။ ခေါင်းအုံးကနေ ထွက်တဲ့အဆီတွေက မိတ်ကပ်တွေ၊ နှုတ်ခမ်းနီတွေနဲ့ရောပြီး ဆံပင်ကို ထိခိုက်စေပါတယ်။ မျက်နှာအဆီပြန်တတ်သူတွေက မိတ်ကပ်ကို ပိုလို့တောင် ဖျက်ပေးသင့်ပါတယ်။

၇။ အသားအရေ မကြည်လင်ခြင်း

မျက်နှာအသားအရေက အမြဲမွဲခြောက်ခြောက် ဖြစ်နေရခြင်းရဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ မိတ်ကပ် မဖျက်မိလို့ပါပဲ။ ညဘက်မှာ nighrcream က ပိုသင့်တော်ပါတယ်။

မိတ်ကပ်မဖျက်ဘဲ အိပ်မိသွားတဲ့အခါ

- မျက်လုံးပေါ်က မိတ်ကပ်တွေကို မိတ်ကပ်ဖျက်ဆေးနဲ့ ဖျက်ပါ။ Makeup remover မှာ အနံ့ကင်းပြီးတော့ အသားအရေကိုလည်း အေးမြစေပါတယ်။

- မျက်လုံးအေးမြဖို့အတွက် မျက်စဉ်းခပ်ပါ။

- မျက်နှာအသားအရေအတွက် cleansing oil ကို အသုံးပြုပေးပါ။

- နှုတ်ခမ်းအတွက်ကိုတော့ ခရမ်းချဉ်သီးလေးကို ပါးပါးအကွင်းလေးလှီးပြီး ကပ်ထားပေးပါ။