လူတစ်ယောက်ကို ချစ်မိပြီဆိုရင် ခံစားချက်မျိုးစုံကို တွေ့ကြုံလာရတတ်ပါတယ်။ အချိန်တိုင်း သတိရနေတတ်တာ၊ ခဏခဏတွေ့ချင်တာ၊ တစ်ခုခုကို စိတ်မဝင်စားနိုင်တာ စတာတွေကို ကြုံတွေ့ရမှာပါ။ တစ်ခါတလေမှာဆိုရင် ဗိုက်ထဲမှာ လိပ်ပြာတွေဝဲနေသလို ခံစားချက်တွေတောင် ဖြစ်တတ်ပါတယ်။
![]() |
Credit photo |
သုတေသနပညာရှင် Henk van Steembergen နဲ့ Maryland တက္ကသိုလ်၊ Leiden တက္ကသိုလ်က သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက လေ့လာချက်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီ လေ့လာချက်အရ အချစ်က သင့်ရဲ့ အာရုံစိုက်နိုင်စွမ်းနဲ့ လုပ်ငန်းဆောင်တာတွေအပေါ် သက်ရောက်မှုရှိကြောင်း တွေ့ရပါတယ်။
![]() |
Credit photo |
ရည်းစားရကာစ လူငယ်ပေါင်း 42 ယောက် ( rs သက်တမ်း ခြောက်လအောက်) ကို သူတို့ရဲ့ အလုပ်လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး ခွဲခြမ်းစိတ်ဖြာ မေးမြန်းခဲ့ပါတယ်။ ရလဒ်အနေနဲ့ လူတစ်ယောက်ကို ချစ်မိကာစ အချိန်တွေမှာ စိတ်စုစည်းနိုင်မှု နည်းပြီး ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်မှုတွေလည်း လျော့သွားတာကို တွေ့ရပါတယ်။
![]() |
Credit photo |
အလုပ်တွေမှာလည်း သိပ်ပြီး စိတ်မဝင်စားတော့ပါဘူး။ တစ်ခုခုကို ကြည့်ပြီး တစ်ယောက်တည်း ပြုံးနေတတ်တာ၊ တစ်ခုခုကို အာရုံမစိုက်နိုင်ဘဲ အယောင်ယောင်အမှားမှား ဖြစ်တတ်လာတာကိုလည်း တွေ့ရပါတယ်။
![]() |
Credit photo |
" အချစ်က စွဲလန်းတတ်တဲ့ သဘာဝရှိတာကြောင့် ဘဝမှာ ဘာက ပိုအရေးကြီးလဲ ဆိုတာ သိနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်မှုက လိုအပ်ပါတယ်" လို့ Steenbergen က ပြောပါတယ်။ အဲဒါကြောင့် အချစ်နဲ့အလုပ်ကို ခွဲခြားထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
Zombie (LoveMedia)
For Zawgyi
လူတစ္ေယာက္ကို ခ်စ္မိၿပီဆိုရင္ အလုပ္မွာ ပ်င္းလာတတ္ေၾကာင္းေတြ႕ရွိ
လူတစ္ေယာက္ကို ခ်စ္မိၿပီဆိုရင္ ခံစားခ်က္မ်ိဳးစုံကို ေတြ႕ႀကဳံလာရတတ္ပါတယ္။ အခ်ိန္တိုင္း သတိရေနတတ္တာ၊ ခဏခဏေတြ႕ခ်င္တာ၊ တစ္ခုခုကို စိတ္မဝင္စားႏိုင္တာ စတာေတြကို ႀကဳံေတြ႕ရမွာပါ။ တစ္ခါတေလမွာဆိုရင္ ဗိုက္ထဲမွာ လိပ္ျပာေတြဝဲေနသလို ခံစားခ်က္ေတြေတာင္ ျဖစ္တတ္ပါတယ္။
![]() |
Credit photo |
သုေတသနပညာရွင္ Henk van Steembergen နဲ႔ Maryland တကၠသိုလ္၊ Leiden တကၠသိုလ္က သူ႔ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြက ေလ့လာခ်က္တစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ အဲဒီ ေလ့လာခ်က္အရ အခ်စ္က သင့္ရဲ႕ အာ႐ုံစိုက္ႏိုင္စြမ္းနဲ႔ လုပ္ငန္းေဆာင္တာေတြအေပၚ သက္ေရာက္မႈရွိေၾကာင္း ေတြ႕ရပါတယ္။
ရည္းစားရကာစ လူငယ္ေပါင္း 42 ေယာက္ ( rs သက္တမ္း ေျခာက္လေအာက္) ကို သူတို႔ရဲ႕ အလုပ္လုပ္ေဆာင္မႈနဲ႔ ပတ္သက္ၿပီး ခြဲျခမ္းစိတ္ျဖာ ေမးျမန္းခဲ့ပါတယ္။ ရလဒ္အေနနဲ႔ လူတစ္ေယာက္ကို ခ်စ္မိကာစ အခ်ိန္ေတြမွာ စိတ္စုစည္းႏိုင္မႈ နည္းၿပီး ကိုယ့္ကိုယ္ကိုယ္ထိန္းခ်ဳပ္ႏိုင္မႈေတြလည္း ေလ်ာ့သြားတာကို ေတြ႕ရပါတယ္။
အလုပ္ေတြမွာလည္း သိပ္ၿပီး စိတ္မဝင္စားေတာ့ပါဘူး။ တစ္ခုခုကို ၾကည့္ၿပီး တစ္ေယာက္တည္း ၿပဳံးေနတတ္တာ၊ တစ္ခုခုကို အာ႐ုံမစိုက္ႏိုင္ဘဲ အေယာင္ေယာင္အမွားမွား ျဖစ္တတ္လာတာကိုလည္း ေတြ႕ရပါတယ္။
" အခ်စ္က စြဲလန္းတတ္တဲ့ သဘာဝရွိတာေၾကာင့္ ဘဝမွာ ဘာက ပိုအေရးႀကီးလဲ ဆိုတာ သိႏိုင္ဖို႔ ကိုယ့္ကိုယ္ကိုယ္ ထိန္းခ်ဳပ္ႏိုင္မႈက လိုအပ္ပါတယ္" လို႔ Steenbergen က ေျပာပါတယ္။ အဲဒါေၾကာင့္ အခ်စ္နဲ႔အလုပ္ကို ခြဲျခားထားႏိုင္ရင္ေတာ့ အေကာင္းဆုံးပါပဲ။
Zombie (LoveMedia)
0 Comments