သိပ်ချစ်ကြတဲ့ ချစ်သူစုံတွဲတွေက အချိန်ကြာရင် ဝလာတတ်ကြ ပါတယ်တဲ့။ အံ့ဩစရာကြီးနော် လေ့လာမှုတွေအရ အမြဲပျော်ရွှင်နေတဲ့ စုံတွဲတွေ၊ ဇနီးမောင်နှံတွေဟာ အလေးချိန် တက်လာပါတယ်တဲ့။

လက်ထပ်ထားသောစုံတွဲများ

© depositphotos.com

မြောက်ကယ်လီဖိုးလီးယား တက္ကသိုလ်က လူပေါင်း ၈၀၀၀ ကျော်ကို လေ့လာမှုအပြီးမှာတော့ အိမ်ထောင်သည် အမျိူးသမီးတွေက လက်ထပ်ပြီး ၅ နှစ် ကနေ ၆ နှစ်အတွင်း ပျမ်းမျှအားဖြင့် ကိုယ်အလေးချိန် ၂၄ ပေါင် တက်လာပါတယ် ။ လက်မထပ်ရသေးတဲ့အမျိုးသမီးတွေက ကိုယ်အလေးချိန်၂၂ပေါင်တက်လာပါတယ်။ ပြီးတော့ ရည်းစားနဲ့ အတူတူမနေတဲ့ အမျိုးသမီးတွေက ကိုယ်အလေးချိန် ၁၃ ပေါင်တက်ပါတယ်။

Credit photo

အမျိုးသားတွေလည်း အတူတူတက်ပါပဲ။ ချစ်သူနဲ့ လက်မထပ်ဘဲ ၇ နှစ်ထက် ပိုပြီး အတူနေတဲ့ အမျိုးသားတွေက ပေါင် ၅၀ ထိ တက်နိုင်ပြီး အတူမနေတဲ့ အမျိူးသားတွေက ၂၅ ပေါင်အထိ တက်နိုင်ပါတယ်။ အဲဒါကြောင့် ကြည်နူးစရာကောင်းတဲ့ အချစ်ရေးနဲ့ဝလာမှုက အတော်ကြီးကိုဆက်စပ်နေပါတယ်။ နှစ်တွေအကြာကြီး တွဲလာတဲ့ စုံတွဲတွေမှာ ဆေးလိပ်၊ အရက်ပြတ်သွားပြီး ပိုကျန်းမာလာတာလည်း တွေ့ရပါတယ်။

အသစ်စက်စက်လက်ထပ်ထားသော စုံတွဲများ

© depositphotos.com

အမျိုးသား ကျန်းမာရေးတက္ကသိုလ်ကလည်း အသစ်စက်စက် လက်ထပ်ထားတဲ့ စုံတွဲတွေမှာ ကိုယ်အလေးချိန်တက်လာခြင်းက ဘယ်လို အကျိုးသက်ရောက်မှာရှိလဲဆိုတာ လေ့လာခဲ့ကြပါတယ်။ အသစ်စက်စက်လက်ထပ်ထားပြီး ပျော်ရွှင်နေတဲ့ စုံတွဲတွေက အလေးချိန်တက်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ယောက်ကိုတစ်ယောက် ဆွဲဆောင်မှုရှိအောင် ပြင်ဆင်နေစရာ မလိုတော့လို့ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုများရင်တော့ ကိုယ်အလေးချိန် မတက်လာနိုင်ပါဘူး။

ကိုယ်အလေးချိန် တက်တယ်ဆိုတာ တစ်ဦးမှတစ်ဦး အလွယ်တကူ ကူးစက်တဲ့ရောဂါပါ။

© depositphotos.com

စုံတွဲတွေမှာ တစ်ယောက်ကအလေးချိန် တက်လာရင် နောက်တစ်ယောက် ကလည်း အလေးချိန်တက်လာဖို့ ၃၇ % ရှိလာပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် အကျင့်တွေကူးစက် သွားလို့ပါ။ အဆင်မပြေတဲ့ စုံတွဲတွေဟာ အချိန်တွေကို အတူ မကုန်ဆုံးတတ်ကြလို့ အစားစားတဲ့ အလေ့အကျင့်တွေ ကူးစက်ဖို့ ခက်ခဲပါတယ်။

Metro

ပျော်ရွှင်နေတဲ့ စုံတွဲတွေလည်း ဖြစ်ပေမယ့်လည်း ကိုယ်အလေးချိန် မတက်လာတဲ့သူလည်း ရှိပါတယ်။ ဒီလေ့လာမှုတွေက အဝလွန်မှုကို တိုက်ဖျက်ဖို့ ရည်ရွယ်ပါတယ်။ စုံတွဲတွေမှာ တစ်ယောက်ကိုတစ်ယောက် အကောင်းမြင်မှု၊ နားလည်မှု၊ ကျန်းမာမှုတွေက အရေးကြီးပါတယ်။ ပြီးတော့ ကျန်းမာရေးညီညွတ်အောင် စားသောက်ပြီး တစ်ယောက်ကို တစ်ယောက် ချစ်နေဖို့သာ ပိုအရေးကြီးပါတယ်။

Zombie (LoveMedia)

For Zawgyi

အမွန္တကယ္ခ်စ္ၾကသည့္ ခ်စ္သူစုံတြဲမ်ား ကိုယ္အေလးခ်ိန္ တက္လာေၾကာင္း ေတြ႕ရွိ

သိပ္ခ်စ္ၾကတဲ့ ခ်စ္သူစုံတြဲေတြက အခ်ိန္ၾကာရင္ ဝလာတတ္ၾက ပါတယ္တဲ့။ အံ့ဩစရာႀကီးေနာ္ ေလ့လာမႈေတြအရ အၿမဲေပ်ာ္႐ႊင္ေနတဲ့ စုံတြဲေတြ၊ ဇနီးေမာင္ႏွံေတြဟာ အေလးခ်ိန္ တက္လာပါတယ္တဲ့။

လက္ထပ္ထားေသာစုံတြဲမ်ား

ေျမာက္ကယ္လီဖိုးလီးယား တကၠသိုလ္က လူေပါင္း ၈၀၀၀ ေက်ာ္ကို ေလ့လာမႈအၿပီးမွာေတာ့ အိမ္ေထာင္သည္ အမ်ိဴးသမီးေတြက လက္ထပ္ၿပီး ၅ ႏွစ္ ကေန ၆ ႏွစ္အတြင္း ပ်မ္းမွ်အားျဖင့္ ကိုယ္အေလးခ်ိန္ ၂၄ ေပါင္ တက္လာပါတယ္ ။ လက္မထပ္ရေသးတဲ့အမ်ိဳးသမီးေတြက ကိုယ္အေလးခ်ိန္၂၂ေပါင္တက္လာပါတယ္။ ၿပီးေတာ့ ရည္းစားနဲ႔ အတူတူမေနတဲ့ အမ်ိဳးသမီးေတြက ကိုယ္အေလးခ်ိန္ ၁၃ ေပါင္တက္ပါတယ္။

အမ်ိဳးသားေတြလည္း အတူတူတက္ပါပဲ။ ခ်စ္သူနဲ႔ လက္မထပ္ဘဲ ၇ ႏွစ္ထက္ ပိုၿပီး အတူေနတဲ့ အမ်ိဳးသားေတြက ေပါင္ ၅၀ ထိ တက္ႏိုင္ၿပီး အတူမေနတဲ့ အမ်ိဴးသားေတြက ၂၅ ေပါင္အထိ တက္ႏိုင္ပါတယ္။ အဲဒါေၾကာင့္ ၾကည္ႏူးစရာေကာင္းတဲ့ အခ်စ္ေရးနဲ႔ဝလာမႈက အေတာ္ႀကီးကိုဆက္စပ္ေနပါတယ္။ ႏွစ္ေတြအၾကာႀကီး တြဲလာတဲ့ စုံတြဲေတြမွာ ေဆးလိပ္၊ အရက္ျပတ္သြားၿပီး ပိုက်န္းမာလာတာလည္း ေတြ႕ရပါတယ္။

အသစ္စက္စက္လက္ထပ္ထားေသာ စုံတြဲမ်ား

အမ်ိဳးသား က်န္းမာေရးတကၠသိုလ္ကလည္း အသစ္စက္စက္ လက္ထပ္ထားတဲ့ စုံတြဲေတြမွာ ကိုယ္အေလးခ်ိန္တက္လာျခင္းက ဘယ္လို အက်ိဳးသက္ေရာက္မွာရွိလဲဆိုတာ ေလ့လာခဲ့ၾကပါတယ္။ အသစ္စက္စက္လက္ထပ္ထားၿပီး ေပ်ာ္႐ႊင္ေနတဲ့ စုံတြဲေတြက အေလးခ်ိန္တက္ႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ တစ္ေယာက္ကိုတစ္ေယာက္ ဆြဲေဆာင္မႈရွိေအာင္ ျပင္ဆင္ေနစရာ မလိုေတာ့လို႔ ျဖစ္ပါတယ္။ ဒါေပမယ့္ စိတ္ဖိစီးမႈမ်ားရင္ေတာ့ ကိုယ္အေလးခ်ိန္ မတက္လာႏိုင္ပါဘူး။

ကိုယ္အေလးခ်ိန္ တက္တယ္ဆိုတာ တစ္ဦးမွတစ္ဦး အလြယ္တကူ ကူးစက္တဲ့ေရာဂါပါ။

စုံတြဲေတြမွာ တစ္ေယာက္ကအေလးခ်ိန္ တက္လာရင္ ေနာက္တစ္ေယာက္ ကလည္း အေလးခ်ိန္တက္လာဖို႔ ၃၇ % ရွိလာပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ အက်င့္ေတြကူးစက္ သြားလို႔ပါ။ အဆင္မေျပတဲ့ စုံတြဲေတြဟာ အခ်ိန္ေတြကို အတူ မကုန္ဆုံးတတ္ၾကလို႔ အစားစားတဲ့ အေလ့အက်င့္ေတြ ကူးစက္ဖို႔ ခက္ခဲပါတယ္။

ေပ်ာ္႐ႊင္ေနတဲ့ စုံတြဲေတြလည္း ျဖစ္ေပမယ့္လည္း ကိုယ္အေလးခ်ိန္ မတက္လာတဲ့သူလည္း ရွိပါတယ္။ ဒီေလ့လာမႈေတြက အဝလြန္မႈကို တိုက္ဖ်က္ဖို႔ ရည္႐ြယ္ပါတယ္။ စုံတြဲေတြမွာ တစ္ေယာက္ကိုတစ္ေယာက္ အေကာင္းျမင္မႈ၊ နားလည္မႈ၊ က်န္းမာမႈေတြက အေရးႀကီးပါတယ္။ ၿပီးေတာ့ က်န္းမာေရးညီၫြတ္ေအာင္ စားေသာက္ၿပီး တစ္ေယာက္ကို တစ္ေယာက္ ခ်စ္ေနဖို႔သာ ပိုအေရးႀကီးပါတယ္။

Zombie (LoveMedia)