Credit photos

လူတိုင်းလိုလို အိပ်ရာထ နောက်ကျတတ် ကြပါတယ်။ အရာရာ ပျင်းရိနေရင်တော့ ဘာမှ အကျိုးမရှိလာနိုင် ပါဘူး ။ မနက်အိပ်ရာ စောစောထရင် တစ်နေ့တာလုံး လန်းဆန်းပြီး ပျင်းချင်စိတ်လည်း နည်းနေတတ် ပါတယ်။

ဒါပေမယ့် အိပ်ရာထ နောက်ကျခြင်း မှာလည်း အားသာချက် တစ်ခုတော့ ရှိပါတယ်။ အဲဒါက အိပ်ရာထ နောက်ကျတတ်ခြင်းက ဉာဏ်ကောင်းခြင်းရဲ့ လက္ခဏာ ဖြစ်လို့ပါပဲ။ မနက်ဆိုရင် အိပ်ရာထဖို့ အလွန် ပျင်းသူများက တကယ်တော့ ဉာဏ်ကောင်း သူများ ဖြစ်ကြပါတယ်။

© Mr. & Mrs. Smith / 20th Century Fox

" ညနက်မှာ အိပ်တတ်သူ တွေဟာ ဘာ့ကြောင့် ဉာဏ်ကောင်းရ တာလဲ " ဆိုတဲ့ စာတမ်းမှာ ဒီအချက်ကို ဖော်ပြထား ပါတယ်။ သုတေသန ပညာရှင် Satoshi Kanazawa နဲ့ Kaja Perina တို့ဟာ စောစော အိပ်ပြီး စောစော ထတတ် သူများ ဖြစ်ကြ ပါတယ်။ နှိုးစက်နဲ့ မထဘဲ ခန္ဓာကိုယ်က အလိုလို နိုးလာခြင်းက ဉာဏ်ကောင်းသူ တွေရဲ့ လက္ခဏာ ပါပဲ။

အဲဒါကြောင့် အိပ်ရာထ နောက်ကျသူတွေက သူတို့ စိတ်ဝင်စားတဲ့ အရာကို စူးစူးစိုက်စိုက် လုပ်နိုင်ပြီး စိတ်ကူး စိတ်သန်းတွေ ကလည်း အမြဲ သစ်လွင်နေတတ် ပါတယ်။ ညနက်မှာ အိပ်တတ်သူတွေက စောစောထတဲ့ သူတွေထက် ပိုပြီး အောင်မြင်ကြ ပါတယ်။

© Groundhog Day / Columbia Pictures

Southampton တက္ကသိုလ်က အမျိုးသား၊ အမျိုးသမီးပေါင်း 12290 ယောက်ရဲ့ အိပ်စက်မှု ပုံစံကို လေ့လာခဲ့ ပါတယ်။ ယေဘုယျ အားဖြင့် လူတွေက ညလယ်လောက် ရောက်မှ အိပ်ရာဝင် တတ်ပြီး မနက် 8 နာရီလောက်မှ အိပ်ယာထ တတ်ပါတယ်။

အဲဒီလိုနောက်ကျမှ အိပ်ပြီး နောက်ကျမှ ထတတ်သူက မနက်စောစော ထတတ်သူတွေထက် ပိုပြီး အောင်မြင်ပြီး အလုပ်လည်း ပိုပြီးပါတယ် ။ စိတ်လည်း ပိုပျော်ရွှင်ရ ပါတယ် ။ ဘာ့ကြောင့်လဲ ဆိုတော့ ညနက်တဲ့အထိ လုပ်စရာ ကိစ္စတွေကို ပြီးအောင် လုပ်ထားတော့ စိတ်ပူစရာ မလိုတော့ ပါဘူး။

© Breakfast at Tiffany's / Paramount Pictures

အိပ်စက်ချိန် 12 နာရီနဲ့ အထက်ကြာအောင် အိပ်တတ်သူတွေက နေ့တစ်ဝက် ကျိုးအောင် အိပ်တာဖြစ်လို့ အချိန်မတိုင်ခင် သေဆုံးနိုင်ခြေ ပိုများပါတယ်။ အိပ်စက်ချိန်8နာရီပဲ ထားတဲ့ သူတွေက အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေ အနည်းဆုံးပါပဲ။

© Cinderella / Disney

အိပ်စက်ခြင်းက ခန္ဓာကိုယ် အတွက် အလွန်အရေးကြီးတာကြောင့် အိပ်စက်ချိန် ပြည့်ဝဖို့လည်း လိုအပ်ပါတယ်။ အိပ်ချိန် အလွန်နည်းတာက မကောင်းသလို အိပ်ချိန် အလွန်များတာ ကလည်း မကောင်းပါဘူး။ ညနက်မှ အိပ်ပြီး နောက်ကျမှ ထပေမယ့်လည်း အိပ်ရေး ဝရင် အလုပ်တွေကို ကောင်းကောင်းမွန်မွန် လုပ်နိုင် မှာပါ။

Zombie (LoveMedia)

For Zawgyi

အိပ္ရာထရန္ အလြန္ပ်င္းရိသူမ်ားဟာ ဉာဏ္ေကာင္းသူမ်ားျဖစ္

လူတိုင္းလိုလို အိပ္ရာထ ေနာက္က်တတ္ ၾကပါတယ္။ အရာရာ ပ်င္းရိေနရင္ေတာ့ ဘာမွ အက်ိဳးမရွိလာႏိုင္ ပါဘူး ။ မနက္အိပ္ရာ ေစာေစာထရင္ တစ္ေန႔တာလုံး လန္းဆန္းၿပီး ပ်င္းခ်င္စိတ္လည္း နည္းေနတတ္ ပါတယ္။

ဒါေပမယ့္ အိပ္ရာထ ေနာက္က်ျခင္း မွာလည္း အားသာခ်က္ တစ္ခုေတာ့ ရွိပါတယ္။ အဲဒါက အိပ္ရာထ ေနာက္က်တတ္ျခင္းက ဉာဏ္ေကာင္းျခင္းရဲ႕ လကၡဏာ ျဖစ္လို႔ပါပဲ။ မနက္ဆိုရင္ အိပ္ရာထဖို႔ အလြန္ ပ်င္းသူမ်ားက တကယ္ေတာ့ ဉာဏ္ေကာင္း သူမ်ား ျဖစ္ၾကပါတယ္။

" ညနက္မွာ အိပ္တတ္သူ ေတြဟာ ဘာ့ေၾကာင့္ ဉာဏ္ေကာင္းရ တာလဲ " ဆိုတဲ့ စာတမ္းမွာ ဒီအခ်က္ကို ေဖာ္ျပထား ပါတယ္။ သုေတသန ပညာရွင္ Satoshi Kanazawa နဲ႔ Kaja Perina တို႔ဟာ ေစာေစာ အိပ္ၿပီး ေစာေစာ ထတတ္ သူမ်ား ျဖစ္ၾက ပါတယ္။ ႏႈိးစက္နဲ႔ မထဘဲ ခႏၶာကိုယ္က အလိုလို ႏိုးလာျခင္းက ဉာဏ္ေကာင္းသူ ေတြရဲ႕ လကၡဏာ ပါပဲ။

အဲဒါေၾကာင့္ အိပ္ရာထ ေနာက္က်သူေတြက သူတို႔ စိတ္ဝင္စားတဲ့ အရာကို စူးစူးစိုက္စိုက္ လုပ္ႏိုင္ၿပီး စိတ္ကူး စိတ္သန္းေတြ ကလည္း အၿမဲ သစ္လြင္ေနတတ္ ပါတယ္။ ညနက္မွာ အိပ္တတ္သူေတြက ေစာေစာထတဲ့ သူေတြထက္ ပိုၿပီး ေအာင္ျမင္ၾက ပါတယ္။

Southampton တကၠသိုလ္က အမ်ိဳးသား၊ အမ်ိဳးသမီးေပါင္း 12290 ေယာက္ရဲ႕ အိပ္စက္မႈ ပုံစံကို ေလ့လာခဲ့ ပါတယ္။ ေယဘုယ် အားျဖင့္ လူေတြက ညလယ္ေလာက္ ေရာက္မွ အိပ္ရာဝင္ တတ္ၿပီး မနက္ 8 နာရီေလာက္မွ အိပ္ယာထ တတ္ပါတယ္။

အဲဒီလိုေနာက္က်မွ အိပ္ၿပီး ေနာက္က်မွ ထတတ္သူက မနက္ေစာေစာ ထတတ္သူေတြထက္ ပိုၿပီး ေအာင္ျမင္ၿပီး အလုပ္လည္း ပိုၿပီးပါတယ္ ။ စိတ္လည္း ပိုေပ်ာ္႐ႊင္ရ ပါတယ္ ။ ဘာ့ေၾကာင့္လဲ ဆိုေတာ့ ညနက္တဲ့အထိ လုပ္စရာ ကိစၥေတြကို ၿပီးေအာင္ လုပ္ထားေတာ့ စိတ္ပူစရာ မလိုေတာ့ ပါဘူး။

အိပ္စက္ခ်ိန္ 12 နာရီနဲ႔ အထက္ၾကာေအာင္ အိပ္တတ္သူေတြက ေန႔တစ္ဝက္ က်ိဳးေအာင္ အိပ္တာျဖစ္လို႔ အခ်ိန္မတိုင္ခင္ ေသဆုံးႏိုင္ေျခ ပိုမ်ားပါတယ္။ အိပ္စက္ခ်ိန္8နာရီပဲ ထားတဲ့ သူေတြက အ႐ြယ္မတိုင္ခင္ ေသဆုံးႏိုင္ေျခ အနည္းဆုံးပါပဲ။

အိပ္စက္ျခင္းက ခႏၶာကိုယ္ အတြက္ အလြန္အေရးႀကီးတာေၾကာင့္ အိပ္စက္ခ်ိန္ ျပည့္ဝဖို႔လည္း လိုအပ္ပါတယ္။ အိပ္ခ်ိန္ အလြန္နည္းတာက မေကာင္းသလို အိပ္ခ်ိန္ အလြန္မ်ားတာ ကလည္း မေကာင္းပါဘူး။ ညနက္မွ အိပ္ၿပီး ေနာက္က်မွ ထေပမယ့္လည္း အိပ္ေရး ဝရင္ အလုပ္ေတြကို ေကာင္းေကာင္းမြန္မြန္ လုပ္ႏိုင္ မွာပါ။

Zombie (LoveMedia)