မန္တလေးမြို့ရှိ  BOF ကေတီဗီဆိုင်တွင် အသက် ၅၀ နည်းပါး ရှိ ဘောစိ လူကြီး တယောက်သည် အသက် ၁၆ နှစ်သာ ရှိသေးသော ကေတီဗီမယ်အား ချစ်ရေး ပန်ကာ လက်ထက်ခွင့် တောင်းဆိုသည်။

ကောင်မလေးမှာ အကြိမ်ကြိမ် ငြင်းဆိုပီး..

" ဦးရယ် မဖြစ်နိုင် ပါဘူး ခု မီးက ခလေး ရှိသေးတယ် "

ဘောစိ ဦးလေးကြီး လည်း..

" မီးကိုသာ ရမယ်ဆို ဘယ်ပုဒ်မ တွေ မဆို ငွေနဲ့ ဖြေရှင်းမည် ဖြစ်ကြောင်း..

နွားအို မြက်နု ကြိုက်တာ အစဉ်လာ ဖြစ်ကြောင်း " ပြောဆိုကာ ဒူးထောက်ကာ လက်ထပ်ခွင့် တောင်းပြန်သည်။

ကောင်မလေး ကလည်း..

" ငရဲတွေ ကြီးပါ့မယ် ဦးရယ်.. မီးက တကယ် ခလေး ရှိပါ သေးတယ် " ဆိုပြီး အကြိမ်ကြိမ် ငြင်းဆို လေသည် ။

ဘောစိ ဦးလေးကြီး လည်း..

" မီးလေး ရှေ့ရေး စဉ်းစား " ဟု ပြောကာ အချိုသတ်ပြီး နောက်ဆုံးတော့ မီး ဆိုတဲ့ ကောင်မလေးလည်း ဘောစိ ဦးလေးကို မငြင်းသာ မလှုပ်သာပဲ လက်ထပ်ဖို့ သဘောတူ ခဲ့ရသည်။

ကောင်မလေးလည်း ဦးနဲ့ လက်ထပ်ပြီး ရွာကို ခဏဆိုပြီး ပြန်သွားတာပေါ့ ။

ဦးလည်း လွမ်းကာ ကျန်ရစ်ခဲ့သည် ။

နှစ်ရက် သုံးရက် နေတော့ ကောင်မလေးက ဦးဆီကို ပြန်လာတယ် ။ ကောင်မလေးခေါ်  မီးရဲ့ ဘယ်ဘက် လက်မှာ သုံးနှစ် အရွယ် ခလေး တယောက် လက်တွဲကာ ပါလာတယ် ။

အဲ့ဒီမှာ ဘောစိ ဦးလေးကြီးက မေးတာပေါ့ ဘယ်သူလဲ ပေါ့ ။

ကောင်မလေး ဘာ ပြန်ပြောသလဲ ဆိုတော့ ...

ဦးကို မီး ပြောထားတယ် လေ

" မီးက ခလေး ရှိသေးတယ် လို့ ပြောခဲ့တယ်.. ဦး မေ့သွား ပြီလား " တဲ့

ဘောစိ ဦးလေးကြီးလည်း အဲ့ဒီ နေရာမှာပဲ ရှော့ဖြစ်ကာ နန်းတော် ဆေးရုံ ပို့လိုက် ရပါတယ် ဗျာ ...

😁

လှုပ်လှုပ်ရှားရှား မန္တလေး သတင်းများ

For Zawgyi

KTV က ၁၆ နှစ်အရွယ် ကောင်မလေးရဲ့ ဖြစ်ရပ်




ဘောစိ ဦးလေးကြီး လည်း..



ကောင်မလေး ကလည်း..


ဘောစိ ဦးလေးကြီး လည်း..










😁
