ညမအိပ်ခင်မှာ ရေပူနဲ့ရေချိုးခြင်းက ညဘက်လွယ်လွယ်နဲ့ အိပ်ပျော်စေပါတယ်။ ဂျပန်နိုင်ငံက ဒီအချက်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သိရှိခဲ့ဟန် ရှိပါတယ်။ ဂျပန်လူမျိုးတွေ ညဘက်မှာ ရေချိုးရတဲ့ အကြောင်းအရင်းတွေကို lovemedia ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဂျပန်တွေက ရေချိုးရင် ဇိမ်ကျကျ ချိုးတတ်ပါတယ်။

ဂျပန်တွေက ရေချိုးတဲ့အခါ အဆင့်များစွာပါဝင်တဲ့ ရိုးရာဓလေ့အတိုင်း ချိုးကြပါတယ်။ ပထမဆုံး ချွေးတွေ၊ ဖုန်တွေကင်းသွားအောင် ရေချိုးပါတယ်။ ပြီးရင်တော့ ရေချိုးကန်ထဲမှာ တန်ဖိုးကြီးတဲ့ ဆပ်ပြာနဲ့ ရေစိမ်ပါတယ်။ ခန္ဓါကိုယ်ကို လန်းဆန်းအောင်၊ အသားအရေ သန့်ရှင်းအောင်၊ စိတ်ကြည်လင်အောင် ရေချိုးကန်ထဲကို လက်ဖက်စိမ်းနဲ့အခြား သစ်ဥသစ်ဖုတွေ ထည့်ပါသေးတယ်။ ဂျပန်လူမျိုးတွေက ရေရဲ့အပူချိန်ကိုလည်း ဂရုစိုက်ပါတယ်။ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ပိုတဲ့ရေနဲ့ မချိုးပါဘူး။ ရေက အရမ်းပူရင် အစိုဓါတ်တွေ ဆုံးရှုံးပြီး ချွေးပေါက်တွေ ပွင့်လာတတ်လို့ပါ။

၂။ ဂျပန်လူမျိူးတွေက မိသားစုအစဉ်အဆက် ညမှာပဲ ရေချိုးပါတယ်။

© East News

တစ်ကမ္ဘာလုံးက မနက်ပိုင်းမှာရေချိုးပေမယ့် ဂျပန်လူမျိုးတွေကတော့ ညပိုင်းမှာ ဇိမ်ကျကျ ရေချိုးပါတယ်။ ၁၉ ရာစုတုန်းက ဂျပန်နိုင်ငံက အိမ်တွေမှာ ရေပူ၊ အပူပေးစနစ်၊ အိမ်တွင်းရေသွယ်စနစ်တွေ မရှိသေးပါဘူး။ အဲဒါကြောင့် လူအများစုက ရေနွေးနဲ့ ရေချိုးဖို့အတွက် ရေနွေးအိုးတည်ရပါတယ်။ ရေနွေးအိုးတည်တဲ့အခါ အချိန်တွေ အရမ်းကုန်ပါတယ်။အဲဒါကြောင့် အလုပ်ကအပြန် အေးအေးဆေးဆေးဖြစ်တဲ့ ညအချိန်မှ ရေချိူးကြတာပါ။

၃။ ဂျပန်လူမျိုးတွေက ရေပူစမ်းတွေကို မကြာခဏ သွားလည်တတ်ကြပါတယ်။

© estherqueen999/easyfotostock/Eastnews

ရေပူစမ်းတွေက ဂျပန်နိုင်ငံမှာ လူကြိုက်များပါတယ်။ အသက်အရွယ် အမျိုးမျိုးရှိတဲ့ လူတွေက ရေပူစမ်းကို ရေချိုးဖို့အတွက်သာမက အနားယူအပန်းဖြေဖို့ အတွက်ပါ လာလည်ကြတာပါ။ ညဘက်မှာတော့ ရေပူစမ်းတွေမှာ လူနည်းတာကြောင့် အေးအေးဆေးဆေး ရေစိမ်လို့ ရပါတယ်။

၄။ ဂျပန်လူမျိုးတွေက မနက်မှာ ရေချိုးဖို့ အချိန်မရှိပါဘူး။

© shutterstock.com

ဂျပန်လူမျိုးတွေက အလုပ်အလွန် လုပ်ကြပါတယ်။ ဂျပန်နိုင်ငံက အချိန်ပြည့်အလုပ်သမား ၄.၅ သန်းမှာ ဒုတိယအလုပ်ဆိုပြီး ရှိပါသေးတယ်။ တစ်ပတ်ကို ပျမ်းမျှအားဖြင့် ၆ နာရီကနေ ၁၄ နာရီအထိ ဒုတိယအလုပ် လုပ်ကြပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံမှာ အချိန်လေးစားဖို့ကလည်း အလွန်အရေးကြီးပါတယ်။ အလုပ်ကို မိနစ်အနည်းငယ် နောက်ကျလို့တောင် မရပါဘူး။ အဲဒါကြောင့် ဂျပန်လူမျိူးတွေက မနက်မှာ ရေချိူးဖို့ အချိန်နည်းနည်းမှ မရကြပါဘူး။

၅။ ရာသီဥတုကြောင့်လည်း ညဘက်မှာ ရေချိုးကြပါတယ်။

© depositphotos.com,© geargodz/easyfotostock/Eastnews

ဂျပန်နိုင်ငံမှာ နွေရာသီဆိုရက် ရာသီဥတုက ပူပြီး စိုထိုင်းပါတယ်။ လူအများစုက ကိုယ်ပိုင်ကားမစီးဘဲ အများသုံး သယ်ယူပို့ဆောင်ရေးယာဉ်တွေကိုပဲ သုံးကြပါတယ်။ အဲဒီလို အများသုံး သယ်ယူပို့ဆောင်ရေးယာဉ်တွေကို သုံးတဲ့အခါ ရာသီဥတုပူတာကြောင့် ညဘက်မှာ ရေမချိုးရင် မဖြစ်တော့ပါဘူး။ ဆောင်းရာသီမှာ အလွန်အေးတာကြောင့် အိပ်ရာမဝင်ခင် နွေးသွားအောင်၊ ရေလည်း ချိုးဖြစ်အောင် ညဘက်မှာ ရေချိုးကြပါတယ်။

Zombie (Lovemedia)

For Zawgyi

ဂ်ပန္လူမ်ိဳးေတြ ညဘက္မွာပဲ ေရခ်ိဳးရတဲ့အေၾကာင္းအရင္း

ညမအိပ္ခင္မွာ ေရပူနဲ႔ေရခ်ိဳးျခင္းက ညဘက္လြယ္လြယ္နဲ႔ အိပ္ေပ်ာ္ေစပါတယ္။ ဂ်ပန္ႏိုင္ငံက ဒီအခ်က္ကို လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာကတည္းက သိရွိခဲ့ဟန္ ရွိပါတယ္။ ဂ်ပန္လူမ်ိဳးေတြ ညဘက္မွာ ေရခ်ိဳးရတဲ့ အေၾကာင္းအရင္းေတြကို lovemedia ကေန ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ ဂ်ပန္ေတြက ေရခ်ိဳးရင္ ဇိမ္က်က် ခ်ိဳးတတ္ပါတယ္။

ဂ်ပန္ေတြက ေရခ်ိဳးတဲ့အခါ အဆင့္မ်ားစြာပါဝင္တဲ့ ႐ိုးရာဓေလ့အတိုင္း ခ်ိဳးၾကပါတယ္။ ပထမဆုံး ေခြၽးေတြ၊ ဖုန္ေတြကင္းသြားေအာင္ ေရခ်ိဳးပါတယ္။ ၿပီးရင္ေတာ့ ေရခ်ိဳးကန္ထဲမွာ တန္ဖိုးႀကီးတဲ့ ဆပ္ျပာနဲ႔ ေရစိမ္ပါတယ္။ ခႏၶါကိုယ္ကို လန္းဆန္းေအာင္၊ အသားအေရ သန္႔ရွင္းေအာင္၊ စိတ္ၾကည္လင္ေအာင္ ေရခ်ိဳးကန္ထဲကို လက္ဖက္စိမ္းနဲ႔အျခား သစ္ဥသစ္ဖုေတြ ထည့္ပါေသးတယ္။ ဂ်ပန္လူမ်ိဳးေတြက ေရရဲ႕အပူခ်ိန္ကိုလည္း ဂ႐ုစိုက္ပါတယ္။ အပူခ်ိန္ ၄၀ ဒီဂရီစင္တီဂရိတ္ထက္ ပိုတဲ့ေရနဲ႔ မခ်ိဳးပါဘူး။ ေရက အရမ္းပူရင္ အစိုဓါတ္ေတြ ဆုံးရႈံးၿပီး ေခြၽးေပါက္ေတြ ပြင့္လာတတ္လို႔ပါ။

၂။ ဂ်ပန္လူမ်ိဴးေတြက မိသားစုအစဥ္အဆက္ ညမွာပဲ ေရခ်ိဳးပါတယ္။

တစ္ကမာၻလုံးက မနက္ပိုင္းမွာေရခ်ိဳးေပမယ့္ ဂ်ပန္လူမ်ိဳးေတြကေတာ့ ညပိုင္းမွာ ဇိမ္က်က် ေရခ်ိဳးပါတယ္။ ၁၉ ရာစုတုန္းက ဂ်ပန္ႏိုင္ငံက အိမ္ေတြမွာ ေရပူ၊ အပူေပးစနစ္၊ အိမ္တြင္းေရသြယ္စနစ္ေတြ မရွိေသးပါဘူး။ အဲဒါေၾကာင့္ လူအမ်ားစုက ေရေႏြးနဲ႔ ေရခ်ိဳးဖို႔အတြက္ ေရေႏြးအိုးတည္ရပါတယ္။ ေရေႏြးအိုးတည္တဲ့အခါ အခ်ိန္ေတြ အရမ္းကုန္ပါတယ္။အဲဒါေၾကာင့္ အလုပ္ကအျပန္ ေအးေအးေဆးေဆးျဖစ္တဲ့ ညအခ်ိန္မွ ေရခ်ိဴးၾကတာပါ။

၃။ ဂ်ပန္လူမ်ိဳးေတြက ေရပူစမ္းေတြကို မၾကာခဏ သြားလည္တတ္ၾကပါတယ္။

ေရပူစမ္းေတြက ဂ်ပန္ႏိုင္ငံမွာ လူႀကိဳက္မ်ားပါတယ္။ အသက္အ႐ြယ္ အမ်ိဳးမ်ိဳးရွိတဲ့ လူေတြက ေရပူစမ္းကို ေရခ်ိဳးဖို႔အတြက္သာမက အနားယူအပန္းေျဖဖို႔ အတြက္ပါ လာလည္ၾကတာပါ။ ညဘက္မွာေတာ့ ေရပူစမ္းေတြမွာ လူနည္းတာေၾကာင့္ ေအးေအးေဆးေဆး ေရစိမ္လို႔ ရပါတယ္။

၄။ ဂ်ပန္လူမ်ိဳးေတြက မနက္မွာ ေရခ်ိဳးဖို႔  အခ်ိန္မရွိပါဘူး။

ဂ်ပန္လူမ်ိဳးေတြက အလုပ္အလြန္ လုပ္ၾကပါတယ္။ ဂ်ပန္ႏိုင္ငံက အခ်ိန္ျပည့္အလုပ္သမား ၄.၅ သန္းမွာ ဒုတိယအလုပ္ဆိုၿပီး ရွိပါေသးတယ္။ တစ္ပတ္ကို ပ်မ္းမွ်အားျဖင့္ ၆ နာရီကေန ၁၄ နာရီအထိ ဒုတိယအလုပ္ လုပ္ၾကပါတယ္။ ဒါ့အျပင္ ဂ်ပန္ႏိုင္ငံမွာ အခ်ိန္ေလးစားဖို႔ကလည္း အလြန္အေရးႀကီးပါတယ္။ အလုပ္ကို မိနစ္အနည္းငယ္ ေနာက္က်လို႔ေတာင္ မရပါဘူး။ အဲဒါေၾကာင့္ ဂ်ပန္လူမ်ိဴးေတြက မနက္မွာ ေရခ်ိဴးဖို႔ အခ်ိန္နည္းနည္းမွ မရၾကပါဘူး။

၅။ ရာသီဥတုေၾကာင့္လည္း ညဘက္မွာ ေရခ်ိဳးၾကပါတယ္။

ဂ်ပန္ႏိုင္ငံမွာ ေႏြရာသီဆိုရက္ ရာသီဥတုက ပူၿပီး စိုထိုင္းပါတယ္။ လူအမ်ားစုက ကိုယ္ပိုင္ကားမစီးဘဲ အမ်ားသုံး သယ္ယူပို႔ေဆာင္ေရးယာဥ္ေတြကိုပဲ သုံးၾကပါတယ္။ အဲဒီလို အမ်ားသုံး သယ္ယူပို႔ေဆာင္ေရးယာဥ္ေတြကို သုံးတဲ့အခါ ရာသီဥတုပူတာေၾကာင့္ ညဘက္မွာ ေရမခ်ိဳးရင္ မျဖစ္ေတာ့ပါဘူး။ ေဆာင္းရာသီမွာ အလြန္ေအးတာေၾကာင့္ အိပ္ရာမဝင္ခင္ ေႏြးသြားေအာင္၊ ေရလည္း ခ်ိဳးျဖစ္ေအာင္ ညဘက္မွာ ေရခ်ိဳးၾကပါတယ္။

Zombie (Lovemedia)