ဆံပင်ပါးခြင်းကို အမျိုးသမီးသမီး အများစုက စိတ်ညစ်တတ်ပါတယ်။ ဆံပင်ပါးတဲ့ အတွက် ဆံပင်ပုံစံရွေးဖို့ ခက်ခဲပါတယ်။

ဆံပင်ပါးရသည့် အကြောင်းအရင်းများ

ပထမဆုံးအချက် အနေနဲ့ ဆံပင်ပါးရတာကတော့ မိဘတွေရဲ့ မျိုးရိုးဗီဇကြောင့်ပါတဲ့။ ဆံပင်ထူခြင်းကလည်း မိဘမျိုးရိုးဗီဇနဲ့ဆိုင်ပါတယ်။ အာဖရိကန် - အမေရိကန်လူမျိုးတွေက ဆံပင်အထူဆုံးပါပဲ။ ဥရောပတိုက်သားတွေက ဆံပင်အပါးဆုံးပါ။ တခြားအကြောင်းရင်းကတော့ ပတ်ဝန်းကျင်၊ ညံ့ဖျင်းတဲ့ ဆံပင်ထိန်းသိမ်းရေးပစ္စည်းများ၊ အပူချိန်၊ ဆံပင်ကို ရေနွေးနဲ့ ခေါင်းလျှော်ခြင်း၊ ဆံပင်ကို မီးပူနဲ့ဖြောင့်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။

ဆံပင်ပါးရသည့်အကြောင်းအရင်းများ

1. ဆံပင်ကို လေမှုတ်စက်နှင့် အလွန်မှုတ်ခြင်း

2. ဆံပင်ကို အလွန် တင်းကျပ်စွာစီးခြင်း

3. ဆံပင်ပုံသွင်းသည့် ပစ္စည်းများကို အသုံးလွန်ခြင်း

4. ခေါင်းလျှော်ရည်များကို အသုံးလွန်ခြင်း

ဆံပင်ထူစေရန် နည်းလမ်းများ

ခေါင်းကို နည်းလမ်းမှန်စွာ လျှော်ပါ။

ဆံပင်ထူဖို့ဆိုရင် ခေါင်းကို ခဏခဏ မလျှော်သင့်ပါဘူး။ တစ်ပတ်ကို သုံးကြိမ်ထက် ပိုပြီး မလျှော်သင့်ပါဘူး။ အဲဒီအခါ ခေါင်းဦးရေလည်း သက်သာရာ ရပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါ သွေးလည်ပတ်မှု ကောင်းစေဖို့အတွက် ရေအေးနဲ့ ပြန်ဆေးချ ပေးရပါမယ်။

စိတ်ဖိစီးမှုများ ကင်းဝေးအောင်နေပါ။

ဆံပင်ထူချင်ရင်တော့ စိုးရိမ်သောကတွေကို လျှော့လိုက်ပါတော့။ စိတ်ဖိစီးမှု ကင်းဝေးခြင်းက ဆံပင်ထူဖို့အတွက်တင် မဟုတ်ပါဘူး။ သင့်ဘဝရဲ့ တခြားကဏ္ဍတွေ အတွက်ပါ အကျိုးရှိစေပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားပါ။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကရတဲ့ ဗီတာမင်ဓာတ်တွေက သင့်ဆံပင်ကို အကျိုးပြုပါတယ်။ ပရိုတိန်းဓာတ် ပြည့်ဝတဲ့ အစားအစာများ (ပဲနီကလေး၊ တိုဖူး၊ မြေပဲ)၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီများ (ထောပတ်သီး၊ အစေ့အဆံများ၊ အုန်းဆီ၊ သံလွင်င်္ဆ)၊ သတ္ထုဓာတ် ပြည့်ဝတဲ့ အစားအစာများ၊ အင်တီအောက်စီးဒင့်နဲ့ ဗီတာမင်ဘီ အုပ်စုတွေက မရှိမဖြစ် လိုအပ်ပါတယ်။

ဆံပင်ထူအောင် ဘယ်လိုလုပ်ကြမလဲ။

ဆံပင်ပုံစံပြောင်းတာ၊ ဆံပင်အရောင် ဆိုးတာတွေက ဆံပင်ထူတယ် လို့ ထင်ရစေပါတယ်။ သင့်ဆံပင်ကို လျှပ်စစ်နဲ့ အခြောက်ခံ ပုံသွင်းရင် ဘီးဝိုင်းကိုသုံးဖို့ မမေ့ပါနဲ့နော်။ ဆံပင်ပညာရှင်တွေကပဲ ဆံပင်ကိုထူအောင် လုပ်ပေးနိုင်တယ်လို့ လူအများစုက လက်ခံထားကြပါတယ်။ သင်လည်းပဲ ခဏခဏ လေ့ကျင့်ရင်တော့ ဆံပင်ထူအောင် ကိုယ်တိုင်ပြုလုပ်လာနိုင်မှာပါ။ ဒါ့အပြင် ကျွမ်းကျင်တဲ့ ဆံပင်ပညာရှင်နဲ့ တိုင်ပင်ပြီး ဆံပင်ထူအောင် လုပ်နိုင်မယ့် ဆံပင်ပုံစံကို ရွေးချယ်နိုင်ပါသေးတယ်။

ဒီနည်းလမ်းလေးတွေ ကတော့ လွယ်ကူရိုးရှင်းပါတယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ ဒီနည်းလမ်းလေးတွေကို လုပ်ကြည့်ခြင်းဖြင့် သင့်ရဲ့ပင်ကိုအလှကို ပေါ်လွင်စေမှာပါ။ အမျိုးသမီးတိုင်းမှာ အလှကိုယ်စီ ရှိတာဖြစ်လို့ ဆံပင်ပါးတာက စိတ်ညစ်စရာ မဟုတ်ပါဘူးနော်။

Zombie (LoveMedia)

For Zawgyi

ဆံပင္ထူေအာင္ ျပဳလုပ္ႏိုင္မည့္ နည္းလမ္းမ်ား

ဆံပင္ပါးျခင္းကို အမ်ိဳးသမီးသမီး အမ်ားစုက စိတ္ညစ္တတ္ပါတယ္။ ဆံပင္ပါးတဲ့ အတြက္ ဆံပင္ပုံစံေ႐ြးဖို႔ ခက္ခဲပါတယ္။

ဆံပင္ပါးရသည့္ အေၾကာင္းအရင္းမ်ား

ပထမဆုံးအခ်က္ အေနနဲ႔ ဆံပင္ပါးရတာကေတာ့ မိဘေတြရဲ႕ မ်ိဳး႐ိုးဗီဇေၾကာင့္ပါတဲ့။ ဆံပင္ထူျခင္းကလည္း မိဘမ်ိဳး႐ိုးဗီဇနဲ႔ဆိုင္ပါတယ္။ အာဖရိကန္ - အေမရိကန္လူမ်ိဳးေတြက ဆံပင္အထူဆုံးပါပဲ။ ဥေရာပတိုက္သားေတြက ဆံပင္အပါးဆုံးပါ။ တျခားအေၾကာင္းရင္းကေတာ့ ပတ္ဝန္းက်င္၊ ညံ့ဖ်င္းတဲ့ ဆံပင္ထိန္းသိမ္းေရးပစၥည္းမ်ား၊ အပူခ်ိန္၊ ဆံပင္ကို ေရေႏြးနဲ႔ ေခါင္းေလွ်ာ္ျခင္း၊ ဆံပင္ကို မီးပူနဲ႔ေျဖာင့္ျခင္းတို႔ေၾကာင့္ ျဖစ္ပါတယ္။

ဆံပင္ပါးရသည့္အေၾကာင္းအရင္းမ်ား

1. ဆံပင္ကို ေလမႈတ္စက္ႏွင့္ အလြန္မႈတ္ျခင္း

2. ဆံပင္ကို အလြန္ တင္းက်ပ္စြာစီးျခင္း

3. ဆံပင္ပုံသြင္းသည့္ ပစၥည္းမ်ားကို အသုံးလြန္ျခင္း

4. ေခါင္းေလွ်ာ္ရည္မ်ားကို အသုံးလြန္ျခင္း

ဆံပင္ထူေစရန္ နည္းလမ္းမ်ား

ေခါင္းကို နည္းလမ္းမွန္စြာ ေလွ်ာ္ပါ။

ဆံပင္ထူဖို႔ဆိုရင္ ေခါင္းကို ခဏခဏ မေလွ်ာ္သင့္ပါဘူး။ တစ္ပတ္ကို သုံးႀကိမ္ထက္ ပိုၿပီး မေလွ်ာ္သင့္ပါဘူး။ အဲဒီအခါ ေခါင္းဦးေရလည္း သက္သာရာ ရပါတယ္။ ေခါင္းေလွ်ာ္ၿပီးတဲ့အခါ ေသြးလည္ပတ္မႈ ေကာင္းေစဖို႔အတြက္ ေရေအးနဲ႔ ျပန္ေဆးခ် ေပးရပါမယ္။

စိတ္ဖိစီးမႈမ်ား ကင္းေဝးေအာင္ေနပါ။

ဆံပင္ထူခ်င္ရင္ေတာ့ စိုးရိမ္ေသာကေတြကို ေလွ်ာ့လိုက္ပါေတာ့။ စိတ္ဖိစီးမႈ ကင္းေဝးျခင္းက ဆံပင္ထူဖို႔အတြက္တင္ မဟုတ္ပါဘူး။ သင့္ဘဝရဲ႕ တျခားက႑ေတြ အတြက္ပါ အက်ိဳးရွိေစပါတယ္။

က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အစားအစာေတြကို စားပါ။

က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အစားအစာေတြကရတဲ့ ဗီတာမင္ဓာတ္ေတြက သင့္ဆံပင္ကို အက်ိဳးျပဳပါတယ္။ ပ႐ိုတိန္းဓာတ္ ျပည့္ဝတဲ့ အစားအစာမ်ား (ပဲနီကေလး၊ တိုဖူး၊ ေျမပဲ)၊ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့အဆီမ်ား (ေထာပတ္သီး၊ အေစ့အဆံမ်ား၊ အုန္းဆီ၊ သံလြင္ဆၤ)၊ သတၳဳဓာတ္ ျပည့္ဝတဲ့ အစားအစာမ်ား၊ အင္တီေအာက္စီးဒင့္နဲ႔ ဗီတာမင္ဘီ အုပ္စုေတြက မရွိမျဖစ္ လိုအပ္ပါတယ္။

ဆံပင္ထူေအာင္ ဘယ္လိုလုပ္ၾကမလဲ။

ဆံပင္ပုံစံေျပာင္းတာ၊ ဆံပင္အေရာင္ ဆိုးတာေတြက ဆံပင္ထူတယ္ လို႔ ထင္ရေစပါတယ္။ သင့္ဆံပင္ကို လွ်ပ္စစ္နဲ႔ အေျခာက္ခံ ပုံသြင္းရင္ ဘီးဝိုင္းကိုသုံးဖို႔ မေမ့ပါနဲ႔ေနာ္။ ဆံပင္ပညာရွင္ေတြကပဲ ဆံပင္ကိုထူေအာင္ လုပ္ေပးႏိုင္တယ္လို႔ လူအမ်ားစုက လက္ခံထားၾကပါတယ္။ သင္လည္းပဲ ခဏခဏ ေလ့က်င့္ရင္ေတာ့ ဆံပင္ထူေအာင္ ကိုယ္တိုင္ျပဳလုပ္လာႏိုင္မွာပါ။ ဒါ့အျပင္ ကြၽမ္းက်င္တဲ့ ဆံပင္ပညာရွင္နဲ႔ တိုင္ပင္ၿပီး ဆံပင္ထူေအာင္ လုပ္ႏိုင္မယ့္ ဆံပင္ပုံစံကို ေ႐ြးခ်ယ္ႏိုင္ပါေသးတယ္။

ဒီနည္းလမ္းေလးေတြ ကေတာ့ လြယ္ကူ႐ိုးရွင္းပါတယ္။ က်န္းမာေရးနဲ႔လည္း ညီၫြတ္ပါတယ္။ ဒီနည္းလမ္းေလးေတြကို လုပ္ၾကည့္ျခင္းျဖင့္ သင့္ရဲ႕ပင္ကိုအလွကို ေပၚလြင္ေစမွာပါ။ အမ်ိဳးသမီးတိုင္းမွာ အလွကိုယ္စီ ရွိတာျဖစ္လို႔ ဆံပင္ပါးတာက စိတ္ညစ္စရာ မဟုတ္ပါဘူးေနာ္။

Zombie (LoveMedia)