မိန်းခလေး ဆိုတာမျိုးက ဝမ်းနည်းလွယ်တယ်.. ထိခိုက်လွယ်တယ်.. သနားကြင်နာတတ်တဲ့ စိတ်ထားကို ပိုင်ဆိုင်ထားတယ်..

မိန်းကလေး ဆိုတာ သူတို့ကို မျက်ရည် ကျစေတဲ့ လူကိုမှ ချစ်တယ်လို့ မထင်ပါနဲ့.. သူတို့ ချစ်တဲ့သူ အတွက်သာ မျက်ရည် ကျတက်တယ်..

မိန်းကလေး ဆိုတာ စိတ်ထားနူးညံတဲ့သူမျိုး ဖြစ်တဲ့ အတွက် သူတို့ကို ပျော်စေနိုင်တဲ့ အရာတွေဟာ တန်ဖိုးကြီးမားတဲ့ ပစွည်း မဟုတ်ပါဘူး.. သူတို့ ချစ်တဲ့သူက အလေးထားပြီး ဂရုစိုက် ပေးနေရုံနဲ့တင် လောကမှာ ကံအကောင်းဆုံး အပျော်ဆုံးလို့ ကိုယ့်ကိုယ်ကို သတ်မှတ်ထားတဲ့ လူတွေဟာ မိန်းကလေးတွေပါ..

မိန်းကလေး ဆိုတာ သူ့ချစ်သူနဲ့ အဆင်မပြေတာဘဲဖြစ်ဖြစ် စိတ်ညစ်စရာဘဲဖြစ်ဖြစ် တယောက်ထဲ ကြိတ်ပြီး ခံစားတက်ကြတယ်.. တခါတလေ ရင်ထဲက ခံစားချက်ကို ထုတ်ဖော်ပြောဖို့ ခဲရင်းနေတက်ကြတယ်..

မိန်းကလေး ဆိုတာ သူတကယ် ချစ်တဲ့သူအပေါ် အရမ်း သဝန်တိုတက်ကြတယ်.. like ပေးတာကအစ အသဲပေးလား မန့်ကအစ အကုန်ကြည့်ပြီး သဝန်တိုတက်ကြတယ်.. သဝန်တိုတက်တာ သူတို့အပြင်မရှိဘူး.. သူ သဝန်တိုနေလို့ ငြီးငွေ့မနေနဲ့.. သဝန်မတိုတော့တဲ့ တနေ့က သင့်ကို မချစ်တော့တဲ့ တနေ့ဘဲ..

မိန်းကလေး ဆိုတာ အရမ်း ချစ်တက်ကြသလို စိတ်ခုတာကလည်း လွယ်တယ်.. စိတ်နာသွားအောင်တော့ မလုပ်မိစေနဲ့.. ခင်ဗျား ဘယ်လောက် ပြန်တောင်းတနေလဲ သူက ဘယ်တော့မှ ခင်ဗျားဘဝထဲကို ပြန်ဝင်လာတော့မှာ မဟုတ်ဘူး..

Veronica

For Zawgyi

မိန်းကလေး ဆိုတာ ဝမ်းနည်းလွယ်တယ်







Veronica