တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Cluvens က gamer တွေအတွက် gaming cockpit တစ်မျိုးကို ထုတ်လုပ်လိုက်ပါတယ်။ အဲဒီ gaming cockpit က အနက်ရောင် ကင်းမြီးကောက် အကြီးစားနဲ့ ဆင်တူပါတယ်။ ကင်းမြီးကောက်ရဲ့ အမြီးနဲ့ဆင်တူတဲ့ gaming ထိုင်ခုံက တကယ့်ကို အမိုက်စားပါပဲ။
အဲဒီ gaming ထိုင်ခုံမှာ pc battlestaion အတွက် စားပွဲပါ ဆက်လျက်ပါပါတယ်။ သူ့ကိုတော့ ကာဘွန်စတီးတွေနဲ့ ပြုလုပ်ထားတာပါ။ အလေးချိန်ကတော့ ၂၇၆ ပေါင် (၁၂၅ ကီလိုဂရမ်) အထိ ခံနိုင်ရည်ရှိပါတယ်။ gaming ထိုင်ခုံရဲ့အနေအထားကိုတော့ ခလုတ်တစ်ခုနဲ့ ကြိုက်သလို ပြောင်းလို့ရပါတယ်။ Game ဆက်ဆော့ချင်တာပဲဖြစ်ဖြစ်၊ နားချင်တာပဲဖြစ်ဖြစ် ဒီထိုင်ခုံပေါ်မှာ ခန္ဓါကိုယ်ကို နောက်လှန်ပြီး မှီလိုက်လို့ ရပါတယ်။
Cluvensのスコーピオン型ゲーミングチェアかっけぇぇ( ゚∀゚)ウヒョー!!
— タクシン@💸ポイ活兼料理人🍳🍺 (@poikatu86) September 15, 2020
アリババで約21万円…買えなくもない🤣👍https://t.co/SRrL2HhUUd pic.twitter.com/SBQfmkN5fF
အဲဒါကြောင့် အချိန်အကြာကြီး ဆော့တတ်တဲ့ gamer တွေအတွက်တော့ အကြိုက်တွေ့မှာပါ။ ဒီထိုင်ခုံမှာ ခန္ဓါကိုယ်ကို နှိပ်နယ်ပေးတဲ့ စနစ်နဲ့ အပူပေးစနစ်ကို ထည့်ထားတယ်လို့ Cluvens ကုမ္ပဏီက ပြောပါတယ်။ အဲဒါကြောင့် ဒီထိုင်ခုံကို သုံးတဲ့ gamer တွေက သက်တောင့်သက်သာဖြစ်ပြီး မြောက်ကြွနေမှာ အသေအချာပါပဲ။
【かっこいい】サソリのように動く電動チェアが海外で話題にhttps://t.co/0NDDYk9qzB
— 電ファミニコゲーマー (@denfaminicogame) September 14, 2020
サソリをモチーフにした「Cluvens Scorpion Computer Cockpit」が35万円で発売中。背もたれとレッグレストが稼働し、暖房やマッサージ機能も搭載した優しいモンスター pic.twitter.com/56FB4f4wQo
ဒီထိုင်ခုံမှာ ၂၉ လက်မရှိတဲ့ မော်နီတာသုံးလုံး တပ်လို့သလို့ ၄၉ လက်မရှိတဲ့ ultrawide curved monitor တစ်လုံးလည်း တပ်လို့ရပါတယ်။ ကင်းမြီးကောက်ကြီးရဲ့လက်မောင်းမှာတော့ keyboard နဲ့ mouseကို တင်လို့ရပါတယ်။ CPU ကိုတော့ ကင်းမြီးကောက်ကြီးရဲ့ ညာဘက်မှာ ချထားလို့ ရပါတယ်။ ကင်းမြီးကောက်ရဲ့ လက်မောင်းအဆုံးမှာရှိတဲ့ လက်မကြီးကတော့ နည်းနည်းချွန်နေပါတယ်။
![]() |
via Alibaba |
သူ့ရဲ့ အဓိက လုပ်ဆောင်မှုကတော့ keyboard နဲ့ mouse တင်ဖို့ပါ။ ကင်းမြီးကောက်လက်မကြီးမှာ အကန့်တစ်ခု ပါဝင်ပါတယ်။ အဲဒီအကန့်ထဲမှာ ထိုင်ခုံအတွက် remote control ကို ထည့်ထားလို့ရပါတယ်။ ထိုင်ခုံကို ရွှေ့တဲ့အခါ ကြမ်းပြင်ကို ကုပ်တွယ်ထားတဲ့ ကင်းမြီးကောက်ရဲ့ခြေထောက်တွေနဲ့ ပတ်သက်ပြီး စိတ်ပူစရာတော့ မရှိပါဘူး။ ကင်းမြီးကောက်ရဲ့ ခြေထောက်တွေက တကယ်တော့ ကြမ်းပြင်ကို မထိဘူးလို့ Cluvens က ရှင်းပြထားပါတယ်။
![]() |
via Alibaba |
ထိုင်ခုံကို အနေအထား ပြုပြင်ညှိနေတဲ့အခါ၊ စပြီး install လုပ်တဲ့အခါ သူ့ရဲ့လှုပ်ရှားနေတဲ့ ဘယ်စက်အစိတ်အပိုင်းထဲကိုမဆို ခန္ဓါကိုယ်နဲ့ လုံးဝသွားမထိဖို့ Cluvens က အကြံပြုထားပါတယ်။ သွားထိရင် မတော်တဆ ထိခိုက်ဒဏ်ရာရတတ်လို့ပါ။ အိမ်မွေးတိရစ္ဆာန်လေးတွေကိုလည်း ထိုင်ခုံနား မသွားဖို့အတွက် သတိထားသင့်ပါတယ်နော်။
ဒီဂိမ်းထိုင်ခုံရဲ့ ဈေးနှုန်းကတော့ Cluvens ရဲ့ websiteမှာ ၃၂၉၉ ဒေါ်လာလို့ ပြောထားပါတယ်။ တရုတ် e-commerce site ဖြစ်တဲ့ Alibaba မှာတော့ ၁၉၉၉ ဒေါ်လာလို့ ဖော်ပြထားပါတယ်။
Zombie (Lovemedia)
For Zawgyi
Gamer တိုင္းရဲ႕ အိပ္မက္ျဖစ္လာတဲ့ ကင္းၿမီးေကာက္ပုံစံ gaming cockpit
တ႐ုတ္ကုမၸဏီတစ္ခုျဖစ္တဲ့ Cluvens က gamer ေတြအတြက္ gaming cockpit တစ္မ်ိဳးကို ထုတ္လုပ္လိုက္ပါတယ္။ အဲဒီ gaming cockpit က အနက္ေရာင္ ကင္းၿမီးေကာက္ အႀကီးစားနဲ႔ ဆင္တူပါတယ္။ ကင္းၿမီးေကာက္ရဲ႕ အၿမီးနဲ႔ဆင္တူတဲ့ gaming ထိုင္ခုံက တကယ့္ကို အမိုက္စားပါပဲ။
အဲဒီ gaming ထိုင္ခုံမွာ pc battlestaion အတြက္ စားပြဲပါ ဆက္လ်က္ပါပါတယ္။ သူ႔ကိုေတာ့ ကာဘြန္စတီးေတြနဲ႔ ျပဳလုပ္ထားတာပါ။ အေလးခ်ိန္ကေတာ့ ၂၇၆ ေပါင္ (၁၂၅ ကီလိုဂရမ္) အထိ ခံႏိုင္ရည္ရွိပါတယ္။ gaming ထိုင္ခုံရဲ႕အေနအထားကိုေတာ့ ခလုတ္တစ္ခုနဲ႔ ႀကိဳက္သလို ေျပာင္းလို႔ရပါတယ္။ Game ဆက္ေဆာ့ခ်င္တာပဲျဖစ္ျဖစ္၊ နားခ်င္တာပဲျဖစ္ျဖစ္ ဒီထိုင္ခုံေပၚမွာ ခႏၶါကိုယ္ကို ေနာက္လွန္ၿပီး မွီလိုက္လို႔ ရပါတယ္။
အဲဒါေၾကာင့္ အခ်ိန္အၾကာႀကီး ေဆာ့တတ္တဲ့ gamer ေတြအတြက္ေတာ့ အႀကိဳက္ေတြ႕မွာပါ။ ဒီထိုင္ခုံမွာ ခႏၶါကိုယ္ကို ႏွိပ္နယ္ေပးတဲ့ စနစ္နဲ႔ အပူေပးစနစ္ကို ထည့္ထားတယ္လို႔ Cluvens ကုမၸဏီက ေျပာပါတယ္။ အဲဒါေၾကာင့္ ဒီထိုင္ခုံကို သုံးတဲ့ gamer ေတြက သက္ေတာင့္သက္သာျဖစ္ၿပီး ေျမာက္ျကြေနမွာ အေသအခ်ာပါပဲ။
ဒီထိုင္ခုံမွာ ၂၉ လက္မရွိတဲ့ ေမာ္နီတာသုံးလုံး တပ္လို႔သလို႔ ၄၉ လက္မရွိတဲ့ ultrawide curved monitor တစ္လုံးလည္း တပ္လို႔ရပါတယ္။ ကင္းၿမီးေကာက္ႀကီးရဲ႕လက္ေမာင္းမွာေတာ့ keyboard နဲ႔ mouseကို တင္လို႔ရပါတယ္။ CPU ကိုေတာ့ ကင္းၿမီးေကာက္ႀကီးရဲ႕ ညာဘက္မွာ ခ်ထားလို႔ ရပါတယ္။ ကင္းၿမီးေကာက္ရဲ႕ လက္ေမာင္းအဆုံးမွာရွိတဲ့ လက္မႀကီးကေတာ့ နည္းနည္းခြၽန္ေနပါတယ္။
သူ႔ရဲ႕ အဓိက လုပ္ေဆာင္မႈကေတာ့ keyboard နဲ႔ mouse တင္ဖို႔ပါ။ ကင္းၿမီးေကာက္လက္မႀကီးမွာ အကန႔္တစ္ခု ပါဝင္ပါတယ္။ အဲဒီအကန႔္ထဲမွာ ထိုင္ခုံအတြက္ remote control ကို ထည့္ထားလို႔ရပါတယ္။ ထိုင္ခုံကို ေ႐ႊ႕တဲ့အခါ ၾကမ္းျပင္ကို ကုပ္တြယ္ထားတဲ့ ကင္းၿမီးေကာက္ရဲ႕ေျခေထာက္ေတြနဲ႔ ပတ္သက္ၿပီး စိတ္ပူစရာေတာ့ မရွိပါဘူး။ ကင္းၿမီးေကာက္ရဲ႕ ေျခေထာက္ေတြက တကယ္ေတာ့ ၾကမ္းျပင္ကို မထိဘူးလို႔ Cluvens က ရွင္းျပထားပါတယ္။
ထိုင္ခုံကို အေနအထား ျပဳျပင္ညႇိေနတဲ့အခါ၊ စၿပီး install လုပ္တဲ့အခါ သူ႔ရဲ႕လႈပ္ရွားေနတဲ့ ဘယ္စက္အစိတ္အပိုင္းထဲကိုမဆို ခႏၶါကိုယ္နဲ႔ လုံးဝသြားမထိဖို႔ Cluvens က အႀကံျပဳထားပါတယ္။ သြားထိရင္ မေတာ္တဆ ထိခိုက္ဒဏ္ရာရတတ္လို႔ပါ။ အိမ္ေမြးတိရစာၦန္ေလးေတြကိုလည္း ထိုင္ခုံနား မသြားဖို႔အတြက္ သတိထားသင့္ပါတယ္ေနာ္။
ဒီဂိမ္းထိုင္ခုံရဲ႕ ေဈးႏႈန္းကေတာ့ Cluvens ရဲ႕ websiteမွာ ၃၂၉၉ ေဒၚလာလို႔ ေျပာထားပါတယ္။ တ႐ုတ္ e-commerce site ျဖစ္တဲ့ Alibaba မွာေတာ့ ၁၉၉၉ ေဒၚလာလို႔ ေဖာ္ျပထားပါတယ္။
Zombie (Lovemedia)
0 Comments