တချို့လူတွေက ပန်ကာမဖွင့်ရင် မအိပ်တတ်ကြပါဘူး။ ပန်ကာလေအေးအေးလေးနဲ့ အိပ်တတ်တယ် ဆိုသူတွေအတွက် ပန်ကာရဲ့နောက်ဆက်တွဲ ဆိုးကျိူးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ပါးစပ်နှင့် နှာခေါင်းလမ်းကြောင်းကို ခြောက်သွေ့စေခြင်း

ပန်ကာလေက ခန္ဓါကိုယ်ရဲ့ ချွေးနဲ့အစိုဓါတ်ကို အငွေ့ပျံစေပြီး ရေဓါတ်ခန်းခြောက် စေပါတယ်။ ပန်ကာဖွင့် အိပ်တဲ့အခါ အာခေါင်ခြောက်လာတာကို သတိထားမိမှာပါ။ ပူပြင်းတဲ့ဒေသမှာ နေထိုင်သူ ဆိုရင်တော့ ဒီအချက်ကို သတိထားသင့်ပါတယ်။ ရေဓါတ်ကို ထိန်းသိမ်းထားဖို့အတွက် ရေတစ်ဖန်ခွက်က ပိုပြီးလုံလောက် စေမှာပါ။

၂။ ဓါတ်မတည့်တာကို ပိုဆိုးလာစေခြင်း

သင်က မကြာခဏ ဓါတ်မတည့်တာဖြစ်တတ်သူဆိုရင် ပန်ကာဖွင့် မအိပ်သင့်ပါဘူး။ ပန်ကာလေက ဓါတ်မတည့်စေတဲ့ အမှုန်တွေကို ပိုပြီးသယ်ဆောင်လာပေးနိုင်ပါတယ်။ 

၃။ ကြွက်တက်ခြင်း

အအေးဓါတ်ကလည်း ကြွက်တက်စေတဲ့ အကြောင်းရင်းထဲက တစ်ခုပါပဲ။ ပန်ကာလေကြောင့်လည်း ကြွက်တက်စေပါတယ်။ ဒါ့အပြင် ပန်ကာလေက နှလုံးလေဟပ်တာ၊ ခေါင်းကိုက်တာတွေအထိ ဖြစ်စေလို့ ညဘက်မှာ ပန်ကာဖွင့်မအိပ်သင့်ပါဘူး။

ပန်ကာလေအစား အေးမြအောင်ပြုလုပ်နည်း

၁။ ပြူတင်းပေါက်ဖွင့်အိပ်ခြင်း

ပန်ကာလေအစား သဘာဝလေရမယ့် နည်းကတော့ ပြူတင်းပေါက်ဖွင့် အိပ်တဲ့နည်းပါပဲ။ မနက်စောစောပိုင်းမှာ ဝင်လာတာလေက အလွန်လတ်ဆတ်ပါတယ်။ ခြင်ကိုကာကွယ်ဖို့အတွက်တော့ ခြင်ထောင်နဲ့အိပ်ဖို့၊ ခြင်လုံဇကာတပ်ဖို့ မမေ့ပါနဲ့နော်။

၂။ ရေစိုနေတဲ့ပုဝါ၊ သို့မဟုတ် ရေဖြည့်ရေပုံးတစ်ပုံးကို အိပ်ရာနားတွင်ထားခြင်း

သင့်ရဲ့အိပ်ခန်းကို အေးမြနေချင်တယ် ဆိုရင် ရေစိုနေတဲ့ပုဝါကို ခုတင်နားမှာ တင်ထားလို့ရပါတယ်။ ဒါမှမဟုတ် ရေဖြည့်ထားတဲ့ရေပုံးတစ်ပုံးကို အိပ်ခန်းထဲက ကြမ်းပြင်ပေါ်မှာ ချထားပါ။ အဲဒီအခါ အိပ်ခန်းထဲမှာ စိုထိုင်းစက မြင့်လာမှာပါ။

၃။ ပန်ကာကို အခြားဘက်လှည့်ထားခြင်း

ပန်ကာမရှိရင် မအိပ်တတ်ဘူးဆိုရင် ပန်ကာကို ကိုယ့်ဘက်လှည့်မဖွင့်ဘဲ အခြားတစ်ဖက်ကို လှည့်ပြီးဖွင့်ထားလိုက်ပါ။ ပန်ကာကို ပြူတင်းပေါက်ဘေးမှာ ထားလည်းရပါတယ်။ အဲဒီနည်း အပြင်က လေတွေ အခန်းထဲကို ပိုဝင်လာအောင် ကူညီပေးပါတယ်။

Zombie (Lovemedia)

Source - Brightside

For Zawgyi

ပန္ကာဖြင့္ၿပီး အိပ္ျခင္းရဲ႕ဆိုးက်ဳိးမ်ား

တခ်ိဳ႕လူေတြက ပန္ကာမဖြင့္ရင္ မအိပ္တတ္ၾကပါဘူး။ ပန္ကာေလေအးေအးေလးနဲ႔ အိပ္တတ္တယ္ ဆိုသူေတြအတြက္ ပန္ကာရဲ႕ေနာက္ဆက္တြဲ ဆိုးက်ိဴးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ ပါးစပ္ႏွင့္ ႏွာေခါင္းလမ္းေၾကာင္းကို ေျခာက္ေသြ႕ေစျခင္း

ပန္ကာေလက ခႏၶါကိုယ္ရဲ႕ ေခြၽးနဲ႔အစိုဓါတ္ကို အေငြ႕ပ်ံေစၿပီး ေရဓါတ္ခန္းေျခာက္ ေစပါတယ္။ ပန္ကာဖြင့္ အိပ္တဲ့အခါ အာေခါင္ေျခာက္လာတာကို သတိထားမိမွာပါ။ ပူျပင္းတဲ့ေဒသမွာ ေနထိုင္သူ ဆိုရင္ေတာ့ ဒီအခ်က္ကို သတိထားသင့္ပါတယ္။ ေရဓါတ္ကို ထိန္းသိမ္းထားဖို႔အတြက္ ေရတစ္ဖန္ခြက္က ပိုၿပီးလုံေလာက္ ေစမွာပါ။

၂။ ဓါတ္မတည့္တာကို ပိုဆိုးလာေစျခင္း

သင္က မၾကာခဏ ဓါတ္မတည့္တာျဖစ္တတ္သူဆိုရင္ ပန္ကာဖြင့္ မအိပ္သင့္ပါဘူး။ ပန္ကာေလက ဓါတ္မတည့္ေစတဲ့ အမႈန္ေတြကို ပိုၿပီးသယ္ေဆာင္လာေပးႏိုင္ပါတယ္။ 

၃။ ႂကြက္တက္ျခင္း

အေအးဓါတ္ကလည္း ႂကြက္တက္ေစတဲ့ အေၾကာင္းရင္းထဲက တစ္ခုပါပဲ။ ပန္ကာေလေၾကာင့္လည္း ႂကြက္တက္ေစပါတယ္။ ဒါ့အျပင္ ပန္ကာေလက ႏွလုံးေလဟပ္တာ၊ ေခါင္းကိုက္တာေတြအထိ ျဖစ္ေစလို႔ ညဘက္မွာ ပန္ကာဖြင့္မအိပ္သင့္ပါဘူး။

ပန္ကာေလအစား ေအးျမေအာင္ျပဳလုပ္နည္း

၁။ ျပဴတင္းေပါက္ဖြင့္အိတ္ျခင္း

ပန္ကာေလအစား သဘာဝေလရမယ့္ နည္းကေတာ့ ျပဴတင္းေပါက္ဖြင့္ အိပ္တဲ့နည္းပါပဲ။ မနက္ေစာေစာပိုင္းမွာ ဝင္လာတာေလက အလြန္လတ္ဆတ္ပါတယ္။ ျခင္ကိုကာကြယ္ဖို႔အတြက္ေတာ့ ျခင္ေထာင္နဲ႔အိပ္ဖို႔၊ ျခင္လုံဇကာတပ္ဖို႔ မေမ့ပါနဲ႔ေနာ္။

၂။ ေရစိုေနတဲ့ပုဝါ၊ သို႔မဟုတ္ ေရျဖည့္ေရပုံးတစ္ပုံးကို အိပ္ရာနားတြင္ထားျခင္း

သင့္ရဲ႕အိပ္ခန္းကို ေအးျမေနခ်င္တယ္ ဆိုရင္ ေရစိုေနတဲ့ပုဝါကို ခုတင္နားမွာ တင္ထားလို႔ရပါတယ္။ ဒါမွမဟုတ္ ေရျဖည့္ထားတဲ့ေရပုံးတစ္ပုံးကို အိပ္ခန္းထဲက ၾကမ္းျပင္ေပၚမွာ ခ်ထားပါ။ အဲဒီအခါ အိပ္ခန္းထဲမွာ စိုထိုင္းစက ျမင့္လာမွာပါ။

၃။ ပန္ကာကို အျခားဘက္လွည့္ထားျခင္း

ပန္ကာမရွိရင္ မအိပ္တတ္ဘူးဆိုရင္ ပန္ကာကို ကိုယ့္ဘက္လွည့္မဖြင့္ဘဲ အျခားတစ္ဖက္ကို လွည့္ၿပီးဖြင့္ထားလိုက္ပါ။ ပန္ကာကို ျပဴတင္းေပါက္ေဘးမွာ ထားလည္းရပါတယ္။ အဲဒီနည္း အျပင္က ေလေတြ အခန္းထဲကို ပိုဝင္လာေအာင္ ကူညီေပးပါတယ္။

Zombie (Lovemedia)

Source - Brightside