ကြက်ဥက ကျန်းမာရေးအတွက် အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ တချို့တွေက ကြက်ဥရဲ့ ဆိုးကျိုးတွေကို ပြောကြပေမယ့် ကြက်ဥရဲ့ ဂုဏ်သတ္တိကတော့ မနည်းပါဘူး။
၁။ ဦးနှောက်ဆဲလ်တွေကို အာဟာရ ဖြည့်ပေးတယ်။
© depositphotos
ဦးနှောက်အတွက် choline ဆိုတဲ့ ဗီတာမင်က အရေးကြီးဆုံးပါ။ တစ်နေ့ကို ကြက်ဥနှစ်လုံးစားရင် ဦးနှောက်အတွက် လိုအပ်တဲ့ အာဟာရကို ရရှိမှာပါ။ Choline ဓာတ် လျော့နည်းလာရင် ဦးနှောက်က မေ့တတ်လာပါတယ်။
၂။ အမြင်အာရုံကောင်းစေတယ်။
© depositphotos
ကြက်ဥက အမြင်အာရုံကို ကြည်လင်စေပါတယ်။ မျက်လုံးမှာ Lutein ဓာတ်ချို့တဲ့ရင် ပျက်စီးသွားတဲ့ မျက်လုံးတစ်ရှူးတွေ စုဝေးလာပါလိမ့်မယ်။ အမြင်အာရုံလည်း ချွတ်ယွင်းလာ ပါလိမ့်မယ်။
၃။ ကြက်ဥမှာပါဝင်တဲ့ ဗီတာမင် D က Calcium ဓာတ်ကို စုပ်ယူပေးတယ်။
ကြက်ဥပြုတ်ကို တစ်နေ့တစ်လုံးစားရင် ဒါမှမဟုတ် ငါးကြီးဆီကို တစ်နေ့တစ်ဇွန်းသောက်ရင် ဗီတာမင် D ဓာတ်ကိုရရှိမှာပါ။ ကြက်ဥမှာပါဝင်တဲ့ ဗီတာမင် D က အရိုးနဲ့သွားတွေကို ခိုင်မာစေတဲ့ calcium ထုံးဓာတ်ကို စုပ်ယူပေးပါတယ်။
၄။ ဗီတာမင် B က အသားအရေ၊ ဆံပင်နဲ့ အသည်းကို ကာကွယ်ပေးတယ်။
© depositphotos© depositphotos
ကြက်ဥမှာပါဝင်တဲ့ Vitam B12 နဲ့ အစာချေဖျက်ပေးတဲ့ အာဟာရ ပရိုတိန်းတွေက ဆံပင်နဲ့အသားအရေကို အကျိုးပြုပါတယ်။ ပြီးတော့ ကြက်ဥက အသည်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ထုတ်ပေးပါတယ်။
၅။ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ချေ လျော့နည်းစေတယ်။
© depositphotos
ကြက်ဥမှာပါဝင်တဲ့ ကိုလက်စထရောက ကျန်းမာရေးအတွက် အန္တရာယ် မရှိပါဘူး။ ကြက်ဥမှာ အိုမီဂါ 3 ပါဝင်တာကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ချေကို လျော့နည်းစေပါတယ်။
၆။ ကိုယ်အလေးချိန်ကျစေတယ်။
© depositphotos
ကိုယ်အလေးချိန်ကျဖို့ဆိုရင် ကယ်လိုရီနည်းတဲ့ ကြက်ဥကို စားပေးသင့် ပါတယ်။ ကြက်ဥကို မနက်စာအဖြစ်စားရင် ကိုယ်အလေးချိန်ကျတာ နှစ်ဆမြန်မှာပါ။ ဒါ့အပြင် မနက်တိုင်းစားသွားရင် တစ်နေ့တာအတွက်စားမိတဲ့ ကယ်လိုရီတွေကို ကျစေမှာပါ။
၇။ ကင်ဆာရောဂါဖြစ်နိုင်ချေကို လျော့နည်းစေတယ်။
© depositphotos© depositphotos
ဦးနှောက်အတွက် မရှိမဖြစ် လိုအပ်တဲ့ Choline လို့ ခေါ်တဲ့ ဗီတာမင်က ကင်ဆာဖြစ်နိုင်ချေကိုလည်း လျော့နည်းစေပါတယ်။ အရွယ်ရောက်ပြီးသား အမျိုးသမီး တစ်ယောက်ဟာ ကြက်ဥကို နေ့တိုင်းစားပေးရင် ရင်သားကင်ဆာဖြစ်နိုင်ချေ ၁၈% လျော့နည်းစေမှာပါ။
၈။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အားရှိစေတယ်။
ကြက်ဥမှာဗီတာမင် B9 ပါဝင်ပါတယ်။ ဗီတာမင် B9 က သွေးနီဥဆဲလ်တွေနဲ့ သန္ဓေသားလောင်းတွေက ဗီတာမင် B9 ရဲ့ အကူအညီနဲ့ဖြစ်ပေါ်ပြီး သန္ဓေသားဖွံ့ဖြိုးမှု နှောင့်နှေးခြင်းကို ဟန့်တားပေးပါတယ်။ အဲဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေ အတွက် ဗီတာမင် B9 လိုအပ်ပါတယ်။ ကြက်ဥတစ်လုံးမှာ ဗီတာမင် 7 မိုက်ခရိုဂရမ် ပါဝင်ပါတယ်။
၉။ အသက်အရွယ် အိုမင်းလာမှုကို နှေးစေတယ်။
© depositphotos
ကြက်ဥကို နေ့တိုင်းစားပေးမယ်ဆိုရင် ၃၅ နှစ်ကနေ ၄၀ အရွယ် ၈၇% အမျိုးသမီးတွေမှာ အသက်ကြီးလာလို့ဖြစ်တဲ့ အစက်အပြောက်တွေ ကင်းစေပါတယ်။ အမျိုးသားတွေမှာ ဆိုရင် မျက်လုံးနားက အရေးအကြောင်းတွေက သိသိသာသာ လျော့နည်းသွားမှာပါ။
Zombie(LoveMedia)
For Zawgyi
ကြက်ဥကို တနေ့ ၂ လုံး စားပေးရင် ခန္ဓာကိုယ်မှာ ဘာတွေပြောင်းလဲလာမလဲ ?
Zombie(LoveMedia)