လူတစ်ယောက် နေမကောင်းဘူးဆိုရင် သူ့ရဲ့ရောဂါလက္ခဏာတွေက သိသာပါတယ်။ ဖျားနေလား ဆိုတာကို သာမိုမီတာနဲ့ တိုင်းလို့ရပါတယ်။ ဒါပေမယ့် ခွေးလေးတွေ နေမကောင်းတဲ့ အခါမှာတော့ သူတို့ကို သာမိုမီတာနဲ့တိုင်းလို့ အဆင်မပြေတော့ပါဘူး။ သင့်မှာခွေးလေးတစ်ကောင်ရှိရင် ခွေးတွေနေမကောင်းတဲ့အခါ ဖြစ်တတ်တဲ့ လက္ခဏာလေးတွေကို Lovemedia ကနေ ဖော်ပြပေးပါမယ်နော်။

၁။ မျက်လုံးနီခြင်း

credit photo

ကျန်းမာတဲ့ခွေးရဲ့မျက်လုံးက ကြည်ပြီးတောက်ပနေပါတယ်။ ခွေးလေးရဲ့မျက်လုံးက နီရဲပြီး ပင်ပန်းတဲ့ပုံစံဖြစ်နေရင် သူတို့ဖျားနေတာပါ။

၂။ အားကုန်ပင်ပန်းသည့်ပုံစံဖြစ်နေခြင်း

credit photo

အဖျားက ခန္ဓါကိုယ်ကို အားနည်းစေပါတယ်။ ခွေးလေးတွေက နေကောင်းနေချိန်ဆိုရင် တက်ကြွပြီး လျှောက်သွားနေကြတာပါ။ ဒါပေမယ့် အမြဲတက်ကြွနေတဲ့ ခွေးလေးတွေက မှိုင်ပြီး ပင်ပန်းနေတယ်ဆိုရင် သူတို့နေမကောင်းလို့ပါ။

၃။ အစားစားချင်စိတ် မရှိခြင်း

credit photo

ပင်ပန်းနွမ်းနယ်လာရင် အစား စားချင်စိတ်ကလည်း အလိုလိုနည်းသွားပါတယ်။ ခွေးလေးကို သူကြိုက်တဲ့အစာကျွေးပြီး သူနဲ့အတူ ဆော့ကြည့်ပါ။ အစာလည်း မစား၊ ဆော့လည်းမဆော့ရင် သူနေမကောင်းဖြစ်နေပါပြီ။

၄။ နားရွက်နှင့်နှာခေါင်း နွေးနေခြင်း

credit photo

ခွေးလေးရဲ့ခန္ဓါကိုယ်မှာ အပူဆုံးနေရာက နှာခေါင်းပါ။ နေကောင်းတဲ့ခွေးလေးရဲ့နှာခေါင်းက သန့်ရှင်းပြီး စိုစွတ်အေးနေတတ်ပါတယ်။ ခွေးလေးရဲ့နှာခေါင်းက ခြောက်သွေ့ပြီး ပူနေရင် နေမကောင်းတဲ့လက္ခဏာပါ။ နောက်ထပ် စမ်းသပ်လို့ရမယ့်နေရာက နားရွက်ပါ။ နားရွက်က ခန္ဓါကိုယ်ထက် ပိုပူနေရင်လည်း ခွေးလေးနေမကောင်းပါဘူး။

၅။ တုန်နေခြင်း

credit photo

ခွေးတွေက စိတ်အလိုမကျရင် တုန်ပါတယ်။ ဒါပေမယ့် နွမ်းနေတဲ့မျက်နှာနဲ့ တုန်နေရင်တော့ နေမကောင်းတဲ့ လက္ခဏာပါ။

၆။ ချောင်းဆိုးခြင်း

credit photo

ခွေးလေးတွေ ပြင်းပြင်းထန်ထန်ချောင်းဆိုးနေရင် သူတို့မှာ ရောဂါကူးလို့ ဒါမှမဟုတ် ကိုယ်တွင်းမှာ တစ်ခုခုရောင်နေလို့ပါ။ ခွေးလေးက ဆက်တိုက်ချောင်းဆိုးနေရင် ဆေးခန်းကို သွားပြသင့်ပါတယ်နော်။

၇။ အန်ခြင်း

credit photo

ခွေးတွေနေမကောင်းရင် အန်တာကို တွေ့ရများပါတယ်။ မတည့်တာကို စားမိတဲ့အခါ၊ ဗိုက်နာတဲ့အခါ အန်ပါတယ်။ ဒါပေမယ့် စိုးရိမ်စရာမရှိပါဘူး။ ဒါပေမယ့် ခဏခဏအန်နေရင်၊ တမှိုင်မှိုင်ဖြစ်နေရင် သူ ဖျားတော့မှာပါ။

ဆေးခန်းမသွားခင် သက်သာစေမယ့် နည်းများ

credit photo

- ခွေးလေးရဲ့ ခြေလက်၊ နှုတ်သီးနေရာတွေကို ရေပတ်တိုက်ပေးလို့ ရပါတယ်။

- အေးမြတဲ့နေရာမှာ ခွေးလေးကို ထားပေးပါ။

- ခွေးလေးကို ရေအေးတိုက်ပေးတာက ခန္ဓါကိုယ် အပူချိန်ကို ကျစေပါတယ်။

- ရေခဲအိတ်ကို ခွေးရဲ့ ဂုတ်ပေါ်၊ ခြေထောက်ပေါ် တင်ပေးလို့ရပါတယ်။

Zombie (Lovemedia)

For Zawgyi

ေခြးေလးေတြ ေနမေကာင္းျဖစ္ရင္ ျပတတ္တဲ့လကၡဏာ (၇) ခု

လူတစ္ေယာက္ ေနမေကာင္းဘူးဆိုရင္ သူ႔ရဲ႕ေရာဂါလကၡဏာေတြက သိသာပါတယ္။ ဖ်ားေနလား ဆိုတာကို သာမိုမီတာနဲ႔ တိုင္းလို႔ရပါတယ္။ ဒါေပမယ့္ ေခြးေလးေတြ ေနမေကာင္းတဲ့ အခါမွာေတာ့ သူတို႔ကို သာမိုမီတာနဲ႔တိုင္းလို႔ အဆင္မေျပေတာ့ပါဘူး။ သင့္မွာေခြးေလးတစ္ေကာင္ရွိရင္ ေခြးေတြေနမေကာင္းတဲ့အခါ ျဖစ္တတ္တဲ့ လကၡဏာေလးေတြကို Lovemedia ကေန ေဖာ္ျပေပးပါမယ္ေနာ္။

၁။ မ်က္လုံးနီျခင္း

က်န္းမာတဲ့ေခြးရဲ႕မ်က္လုံးက ၾကည္ၿပီးေတာက္ပေနပါတယ္။ ေခြးေလးရဲ႕မ်က္လုံးက နီရဲၿပီး ပင္ပန္းတဲ့ပုံစံျဖစ္ေနရင္ သူတို႔ဖ်ားေနတာပါ။

၂။ အားကုန္ပင္ပန္းသည့္ပုံစံျဖစ္ေနျခင္း

အဖ်ားက ခႏၶါကိုယ္ကို အားနည္းေစပါတယ္။ ေခြးေလးေတြက ေနေကာင္းေနခ်ိန္ဆိုရင္ တက္ႂကြၿပီး ေလွ်ာက္သြားေနၾကတာပါ။ ဒါေပမယ့္ အၿမဲတက္ႂကြေနတဲ့ ေခြးေလးေတြက မႈိင္ၿပီး ပင္ပန္းေနတယ္ဆိုရင္ သူတို႔ေနမေကာင္းလို႔ပါ။

၃။ အစားစားခ်င္စိတ္ မရွိျခင္း

ပင္ပန္းႏြမ္းနယ္လာရင္ အစား စားခ်င္စိတ္ကလည္း အလိုလိုနည္းသြားပါတယ္။ ေခြးေလးကို သူႀကိဳက္တဲ့အစာေကြၽးၿပီး သူနဲ႔အတူ ေဆာ့ၾကည့္ပါ။ အစာလည္း မစား၊ ေဆာ့လည္းမေဆာ့ရင္ သူေနမေကာင္းျဖစ္ေနပါၿပီ။

၄။ နား႐ြက္ႏွင့္ႏွာေခါင္း ေႏြးေနျခင္း

ေခြးေလးရဲ႕ခႏၶါကိုယ္မွာ အပူဆုံးေနရာက ႏွာေခါင္းပါ။ ေနေကာင္းတဲ့ေခြးေလးရဲ႕ႏွာေခါင္းက သန႔္ရွင္းၿပီး စိုစြတ္ေအးေနတတ္ပါတယ္။ ေခြးေလးရဲ႕ႏွာေခါင္းက ေျခာက္ေသြ႕ၿပီး ပူေနရင္ ေနမေကာင္းတဲ့လကၡဏာပါ။ ေနာက္ထပ္ စမ္းသပ္လို႔ရမယ့္ေနရာက နား႐ြက္ပါ။ နား႐ြက္က ခႏၶါကိုယ္ထက္ ပိုပူေနရင္လည္း ေခြးေလးေနမေကာင္းပါဘူး။

၅။ တုန္ေနျခင္း

ေခြးေတြက စိတ္အလိုမက်ရင္ တုန္ပါတယ္။ ဒါေပမယ့္ ႏြမ္းေနတဲ့မ်က္ႏွာနဲ႔ တုန္ေနရင္ေတာ့ ေနမေကာင္းတဲ့ လကၡဏာပါ။

၆။ ေခ်ာင္းဆိုးျခင္း

ေခြးေလးေတြ ျပင္းျပင္းထန္ထန္ေခ်ာင္းဆိုးေနရင္ သူတို႔မွာ ေရာဂါကူးလို႔ ဒါမွမဟုတ္ ကိုယ္တြင္းမွာ တစ္ခုခုေရာင္ေနလို႔ပါ။ ေခြးေလးက ဆက္တိုက္ေခ်ာင္းဆိုးေနရင္ ေဆးခန္းကို သြားျပသင့္ပါတယ္ေနာ္။

၇။ အန္ျခင္း

ေခြးေတြေနမေကာင္းရင္ အန္တာကို ေတြ႕ရမ်ားပါတယ္။ မတည့္တာကို စားမိတဲ့အခါ၊ ဗိုက္နာတဲ့အခါ အန္ပါတယ္။ ဒါေပမယ့္ စိုးရိမ္စရာမရွိပါဘူး။ ဒါေပမယ့္ ခဏခဏအန္ေနရင္၊ တမႈိင္မႈိင္ျဖစ္ေနရင္ သူ ဖ်ားေတာ့မွာပါ။

ေဆးခန္းမသြားခင္ သက္သာေစမယ့္ နည္းမ်ား

- ေခြးေလးရဲ႕ ေျခလက္၊ ႏႈတ္သီးေနရာေတြကို ေရပတ္တိုက္ေပးလို႔ ရပါတယ္။

- ေအးျမတဲ့ေနရာမွာ ေခြးေလးကို ထားေပးပါ။

- ေခြးေလးကို ေရေအးတိုက္ေပးတာက ခႏၶါကိုယ္ အပူခ်ိန္ကို က်ေစပါတယ္။

- ေရခဲအိတ္ကို ေခြးရဲ႕ ဂုတ္ေပၚ၊ ေျခေထာက္ေပၚ တင္ေပးလို႔ရပါတယ္။

Zombie (Lovemedia)