အခုနှစ်ပိုင်း အတွင်းမှာ ကွာရှင်းမှုတွေက များသထက် များလာပါတယ်။ တစ်ခါတလေ အကြောင်းပြချက် ကြီးကြီးမားမား မရှိဘဲနဲ့လည်း ကွာရှင်းတဲ့သူတွေလည်း ရှိပါသေးတယ်။ မလေးရှားနိုင်ငံမှာ ၂၀၁၇ ခုနှစ်တုန်းက ကွာရှင်းမှုပေါင်း ၄၉၉၆၅ ရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းကတော့ ကွာရှင်းမှုပေါင်း ၅၁၆၄၂ မှု ရှိခဲ့ပါတယ်တဲ့။

မလေးရှားနိုင်ငံက ဇနီးမောင်နှံနှစ်ဦးကတော့ သွားတိုက်ဆေးညှစ်ပုံမတူလို့ ကွာရှင်းခဲ့ကြပါတယ်။ ခင်ပွန်းဖြစ်သူက သွားတိုက်ဆေးကို ဘူးရဲ့အဆုံးကနေ ညှစ်တာကို ကြိုက်ပါတယ်။ ဇနီးဖြစ်သူကတော့ သွားတိုက်ဆေးကို ဘူးရဲ့အလယ်ကနေ ညှစ်တာကို သဘောကျပါတယ်။ သွားတိုက်ဆေးညှစ်ပုံမတူလို့ သူတို့နှစ်ဦးဟာ မကြာခဏ စကားများခဲ့ကြပါတယ်။ သည်းမခံနိုင်တော့တဲ့ အဆုံးမှာတော့ Syariah တရားရုံးကို ကွာရှင်းဖို့ သွားလိုက်ကြပါတော့တယ်။

သူတို့ရဲ့ အိမ်ထောင်ရေးကို တည်မြဲအောင် အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် အဆုံးမှာတော့ ကွာရှင်းခဲ့ကြပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတဲ့အတိုင်း တစ်ယောက်နဲ့တစ်ယောက် စိတ်အခြေအနေချင်းကလည်း မတူနိုင်ပါဘူး။ ဒါပေမယ့် တချို့အသေးအဖွဲကိစ္စလေးတွေက စုထားရင်းနဲ့ အစိုင်အခဲတွေ ဖြစ်လာကြပြီး နောက်ဆုံးမှာတော့ ပေါက်ကွဲထွက်သွားတတ်ကြပါတယ်။

Zombie(LoveMedia)

Ref - worldofbuzz

For Zawgyi

သြားတိုက္ေဆး ညႇစ္ပုံမတူလို႔ ကြာရွင္းလိုက္တဲ့ လင္မယား

အခုႏွစ္ပိုင္း အတြင္းမွာ ကြာရွင္းမႈေတြက မ်ားသထက္ မ်ားလာပါတယ္။ တစ္ခါတေလ အေၾကာင္းျပခ်က္ ႀကီးႀကီးမားမား မရွိဘဲနဲ႔လည္း ကြာရွင္းတဲ့သူေတြလည္း ရွိပါေသးတယ္။ မေလးရွားႏိုင္ငံမွာ ၂၀၁၇ ခုႏွစ္တုန္းက ကြာရွင္းမႈေပါင္း ၄၉၉၆၅ ရွိခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္တုန္းကေတာ့ ကြာရွင္းမႈေပါင္း ၅၁၆၄၂ မႈ ရွိခဲ့ပါတယ္တဲ့။

မေလးရွားႏိုင္ငံက ဇနီးေမာင္ႏွံႏွစ္ဦးကေတာ့ သြားတိုက္ေဆးညႇစ္ပုံမတူလို႔ ကြာရွင္းခဲ့ၾကပါတယ္။ ခင္ပြန္းျဖစ္သူက သြားတိုက္ေဆးကို ဘူးရဲ႕အဆုံးကေန ညႇစ္တာကို ႀကိဳက္ပါတယ္။ ဇနီးျဖစ္သူကေတာ့ သြားတိုက္ေဆးကို ဘူးရဲ႕အလယ္ကေန ညႇစ္တာကို သေဘာက်ပါတယ္။ သြားတိုက္ေဆးညႇစ္ပုံမတူလို႔ သူတို႔ႏွစ္ဦးဟာ မၾကာခဏ စကားမ်ားခဲ့ၾကပါတယ္။ သည္းမခံႏိုင္ေတာ့တဲ့ အဆုံးမွာေတာ့ Syariah တရား႐ုံးကို ကြာရွင္းဖို႔ သြားလိုက္ၾကပါေတာ့တယ္။

သူတို႔ရဲ႕ အိမ္ေထာင္ေရးကို တည္ၿမဲေအာင္ အႀကိမ္ႀကိမ္ ႀကိဳးစားခဲ့ေပမယ့္ အဆုံးမွာေတာ့ ကြာရွင္းခဲ့ၾကပါတယ္။ လူအမ်ိဳးမ်ိဳး စိတ္အေထြေထြ ဆိုတဲ့အတိုင္း တစ္ေယာက္နဲ႔တစ္ေယာက္ စိတ္အေျခအေနခ်င္းကလည္း မတူႏိုင္ပါဘူး။ ဒါေပမယ့္ တခ်ိဳ႕အေသးအဖြဲကိစၥေလးေတြက စုထားရင္းနဲ႔ အစိုင္အခဲေတြ ျဖစ္လာၾကၿပီး ေနာက္ဆုံးမွာေတာ့ ေပါက္ကြဲထြက္သြားတတ္ၾကပါတယ္။

Zombie(LoveMedia)

Ref - worldofbuzz